Thursday, December 29, 2011

နှစ်သက်ရာတစ်ခုရွေးပါ...




အချပ်ပိုသတင်းထူးကတော့...
မနေ့ညတစ်နာရီလောက်က.မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ.'အုံး'ခနဲ 'မြည်' ပါသတဲ့ရှင်။
(ဘာကြောင့်မြည်တယ်ဆိုတာတော့..ထင်ကြေးပေးကြတုန်းပါ)
ဗိုလ်တစ်ထောင်..ရဲဝန်းထဲက.ကလေးမက.'သူတို့အိမ်လှုပ်သွားတယ်'.ဆိုပါတယ်။
ဆင်အော်ရင်တောင်နိုးမယ်မထင်တဲ့.သမီးစံတော့..မသိလိုက်ပါဘူး။
(အိမ်ကအစ်မကတော့ပြောတယ်.နင်သာမနိုးတာ.ငါတော့ပြန်အိပ်လို့တောင်မရတော့ဘူးတဲ့..)
ကိုယ်နေတဲ့..နေရာထိအောင်..သိရတယ်ဆိုတော့..အခြေနေတော်တော်ဆိုးတယ်ပြောလို့ရပါတယ်။
တလောတုန်းကလည်း..မြို့တော်ခန်းမနားမှာ"အုံး..အုံး" မြည်ပါသေးတယ်။
(ပထမတော့..ကားဘီးပေါက်တယ်ထင်တာ..)
စင်ကာပူနဲ့.တူအောင်.ထားပါမယ်ဆိုတဲ့မြို့မှာမှ..လာ'မြည်'နေရတယ်လို့တော်..
ခုဆိုဘယ်သွားသွား..(လူက) ကျီးကန်းတောင်းမှောက်ကြည့်နေတတ်ပြီ
လူထူတဲ့နေရာဆို..မသိမသာရှောင်တယ်။
လမ်းသွားရင်း..တစ်နေရာရာက..တီ.တီ.တီမြည်ရင်.အသားကုန်ပြေးတော့တာပဲး))
မကောင်းပါဘူးလေ..ခုလို..တအုန်းအုန်းမြည်တာတော့..ဘယ်နည်းနဲ့မှကိုမကောင်းတာပါ
ဟိုကြောင်း.ဒီကြောင်းတွေ.ဘာမှ.ဂဃနန.မသိပေမယ့်
ဒီလိုအသံတွေတော့..ဆက်တိုက်မကြားချင်တာ.အမှန်ပါ။
“လူသားအားလုံး..နှစ်သစ်မှာ..ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ”..ဟုသာ
ချစ်ခင်လေးစားလျှက်..


Wednesday, December 28, 2011

Happy Birthday To You

ဒီနေ့..နှစ်ဆယ့်ရှစ်ရက်ကို..(သမီးစံ)လွန်ခဲ့တဲ့.ရက်တော်တော်ကြာကြာကတည်းက.မွေးနေ့တစ်နေ့မှန်း သိခဲ့ပါတယ်။ဒါကြောင့်..ဒီပို့စ်တင်ဖို့.အချိန်တော်တော်ရပါတယ်။အချိန်ရလွန်းလို့.ခုမှရေးဖြစ်ပါတော့တယ်း)။ (မအားဘူးဆိုတာလဲ..ကိုယ့်ဘာသာ.တစ်ယောက်တည်းလုပ်ပြီး.တစ်ယောက်တည်းရှုတ်နေတာပါ)။

ထူးထူးထွေထွေ.အနေနဲ့..ပေးစရာ.လက်ဆောင်မရှိလို့..ဒီပို့စ်လေးနဲ့.ကျေနပ်ပေးပါနော်မွေးနေ့ရှင်..း)။
ဟုတ်ကဲ့....
အခုဖော်ပြပေးမယ့်..ဒီဇင်ဘာ..နှစ်ဆယ့်ရှစ်ရက်(အသက်ကိုပြောတာမဟုတ်ပါး)ရဲ့.မွေးနေ့ရှင်ကတော့.. (သူမအား...)
jasmine ဟု..သော်လည်းကောင်း.၊
ကြောင်အတွင်းရေးမှူးဟုသော်လည်းကောင်း၊
မိဂျက်ဟုသော်လည်းကောင်း၊
ဂျက်ဂျက်ဟုသော်လည်းကောင်း၊
ကက်စမင်ဟုသော်လည်းကောင်း၊
အိပ်မက်လေးဟုသော်လည်းကောင်း၊
မဒမ်လွင်ပြင်ဟုသော်လည်းကောင်း၊ (မောလိုက်ထာ..ရေသောက်ဦးမှး)
(ဤနာမည်များနဲ့)....ဘလော့ဂါအသိုင်းဝိုင်းထဲမှာ..လူသိများ နေတဲ့...
ကဗျာရေးတဲ့ဖက်မှာ.(နှစ်ဦးစလုံး).ပါရမီ..တော်တော်“ပါ”တဲ့..ဘလော့ဂါကိုလွင်ပြင်လှိုင်းငယ်ရဲ့.ရှုမငီးတဲ့ ချစ်ဇနီးချော Jasmine Cho ဖြစ်ပါတယ်ရှင်။ (သူတို့နှစ်ဦးက စိတ်တူကိုယ်တူ..ဘလော့ဂါမောင်နှံပါ၊း)

ခင်မင်ခွင့်ရတဲ့သက်တမ်း..မကြာသေးပေမယ့်..အစ်မတစ်ယောက်လိုပဲ..ရင်းနှီးမိတဲ့သူတစ်ဦးပါ။
(ခုဆို..သမီးတောင်..တော်တော့မယ်..ဆိုပါတယ်။ မိစံတို့ကံကောင်းဂျက်း)
သများ.ဒကာ.တွေလို..ခမ်းခမ်းနားနား..ဆီဒိုးနားတို့ထရိတ်ဒါးတို့က..မှာမပေးနိုင်တော့.
မွေးနေ့ရှင်ကို.အားတော့နာသားရှင့်။စားစရာကလည်း..အရမ်းရှာရပါတယ်း)။
အရင်ဆုံး..Birthday Wish လုပ်ပါမယ်။






 




ဆုတောင်းပြီးပြီဆိုတော့...
အစာပြေ.စားထားအုံးနော်..မချက်ရသေးဘူး (နှစ်ယောက်တစ်ခုနော်း)

အစိမ်းတိုင်းစားရင်..ပိုကောင်းပါတယ်..ဘီတာမင်အပြည့်ပါတယ်လေး)

စောစောက..အရွက်တွေ..ချက်လိုက်တော့..ဒီလိုလေးရပါတယ်။
(မသိရင်တော့.ကိုယ်တိုင်ချက်တာပေါ့လေး)

ပထမတော့စဉ်းစားသေးတယ်..အစ်မချော.အိမ်က.ဂဏန်းတွေ.သွား“မ”မလားလို့
(နောက်တော့.ကြောက်လို့..မသွားရဲတော့ဘူး )

ဒါလည်းနှစ်ယောက်တစ်ပွဲပဲနော်း)

ဒါကြီးကုန်အောင်..တစ်လုတ်တည်းနဲ့စားနိုင်ရင်..မွေးနေ့ရှင်က
သမီးရင်းကို.ပေးပါမယ်တဲ့း))

စားပွဲပြီးတော့..အချိုပွဲလာပါမယ်....


တစ်ယောက်တခုပေါ့.(ပြီးရင်.ကိုယ့်ဘာသာရှင်းနော်း)


ဒီအိမ်ကတော့..ကျွေးစရာ.ဒလောက်ပါပဲရှင်..း)။
မ၀သေးဘူးဆိုရင်..မွေးနေ့ရှင်အိမ်..ထပ်သွားကြဖို့.လမ်းညွှန်ပါရစေး)။


သမံစီးရဲ့.ပလဲဆန့်ပါး))





“မွေးနေ့ရှင် မာမီဂျက်....(မိတ်ကပ်ပြင်တာဟုတ်ဘူးနော်.. ဟိဟိ)
ယနေ့မှစကာ..
နောင်နှစ်ပေါင်း.တစ်ရာ့နှစ်ဆယ်တိုင်အောင်
ချစ်သောမိသားစုနဲ့..
ပျော်ရွှင်ဖွယ်..နေ့ပေါင်းများစွာကို..အမြဲ.ပိုင်ဆိုင်နိုင်ပါစေရှင်”


ချစ်ခင်လေးစားလျှက်..


Saturday, December 24, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)

အစ်မ ရို့စ်.နဲ့..ညီမကန်ဒီ ရှင့်.. သမီးစံ.နှစ်ရက်သုံး ရက်(အချိန်ပေး) ဂူအောင်းပြီး. .သေသေချာ .ရေးထားတဲ့. .ပို့စ်ရှည်ရှည်လေးက ကီးတစ်ခု မှားနှိပ်မိတာကြောင့်..တစ်လုံးမကျန်..အကုန်ပျောက်ကုန်ပါတယ်း( ။


ဒါကြောင့် မို့..အသစ်ထပ်ပြန်ရေးရင် ကြာနေမှာစိုးတာကြောင့်..မေးခွန်းတွေပဲ..ဖြေပေးပါရစေရှင်။
တစ်ခါတစ်လေ..ခဲလေသမျှ..သဲရည်ကျတဲ့အခါ...ကိုယ့်ကိုယ်ကိုယ်..


အဲလိုသာ..ဆုံးမလိုက်ချင်ပါတော့တယ်..(အရိုက်ခံတဲ့နေရာကို..ပြောတာပါနော်)
ပြန်ရေးထားတာဖြစ်ပေမယ့်..အတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်...ရေးပေးထားပါတယ်။
သတိတရတဂ်ပေးတဲ့အတွက်လည်း..အစ်မနဲ့.ညီမလေးကို...ကျေးဇူးတင်တဲ့အနေနဲ့..ရေအ၀တိုက်ချင်ပါ သေးတယ်။း)(စိတ်ပိန်နေပေမယ့်လည်း..ပျော်ပျော်ပါးပါးပဲပေါ့နော်)
ဟုတ်ကဲ့...တဂ်ပို့စ်ထဲက မေးခွန်းလေးတွေ..စဖြေပါ့မယ်နော်။

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ဟုတ်ကဲ့..အရင်နှစ်တွေတုန်းကတော့..ထွေထွေထူးထူး..မခံစားရပါဘူး။အဲ...ဒီနှစ်မှာတော့ ထူးထူးခြားခြား ပျော်ရွှင်မိပါတယ်။..(ဘာကြောင့်လဲဆိုတာ.မေးမထားတော့.မပြောတော့ပါဘူးနော်း)

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
မရှိပါဘူးရှင်။


♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
သမီးစံအကြိုက်ဆုံးရာသီက..ဆောင်းရာသီဖြစ်တာမို့..နှင်းတွေကိုလည်းချစ်ပါတယ်။ဒါကြောင့်.(အခွင့်ကြုံမယ်ဆိုရင်)လည်ပတ်ချင်ပါတယ်။ရွေးချယ်ခွင့်ရှိမယ်ဆိုရင်လည်း..နှင်းဖြူဖြူတွေကျနေတဲ့ ခရစ်စမတ်ကိုရွေးချယ်မှာပါ။

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ခရစ်စမတ်ပိတ်ရက်ကိုတော့..ပျော်ပျော်ပါးပါး(ဟိုဟာလေးကင်..ဒီဟာလေးစားရင်း) ဖြတ်သန်းချင်ပါတယ်။ ခရီးကတော့..ကုန်ကျခံမယ့်သူရှိရင်..ထွက်တတ်ပါတယ်။း)


♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
တန်ဖိုးနည်းပြီး..အံ့သြသွားစေမယ့်..လက်ဆောင်း)))

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။  
စာရွက်သေးသေးလေးတစ်စောင်.ရခဲ့ဖူးပါတယ်။သေချာမေးကြည့်တော့.“ငါက.နောက်တာပါဟ..”တဲ့ :P

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
အရင်တုန်းကတော့..(ငယ်ငယ်တည်းက.လည်ပင်းဖက်.ပေါင်းလာတဲ့)သူငယ်ချင်းတွေနဲ့ပေါ့။ခုတော့ အကြောင်းမျိုးမျိုးနဲ့..တကွဲစီ.ဖြစ်ကုန်ကြတာမို့..မိသားစုနဲ့ပဲ..တူတူရှိနေချင်ပါတယ်။


♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။  
အရင်နှစ်တွေကတော့.မရှိခဲ့ပါဘူးရှင်။ဒီနှစ်မှာတော့..လုပ်ဖြစ်ပါမယ်။ဘလော့ဂါတွေနဲ့တူတူပေါ့း)။ ဒါကြောင့် ကြုံတုန်း.တစ်ခုတောင်းဆိုပါရစေ..စီဘောက်ပိတ်ထားတဲ့ အစ်ကိုအစ်မများ. ခရစ်စမတ်နဲ့. နယူးရီး ယား ညေ ရာက်ရင်.. စီပုံးဖွင့်ထားပေးဖို့ပါ။တဂ်ပို့စ်ပိုင်ရှင်လည်းပါ.ပါတယ်း)။အမှတ်တရကတော့..မနှစ်က နယူးရီး ယားမှာ ပုလင်းခွံတွေရောင်းပြီး အမြတ်များများရဖူးပါတယ်။(သန်းခေါင်စာရင်းထဲက.ဦးရေကလည်း နည်း နည်းနောနောပဲကိုးးးးး)။ကိုယ်တိုင်တော့.မနွဲဖြစ်ခဲ့ပါဘူး..အသက်မပြည့်သေးလို့။ :P




♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော် ပြ ပေး ပါ။
အဲလို.သီးသန့်တော့.မရှိပါဘူး.ရွက်ကျရာ.အပင်ပေါက်လိုက်တာပါပဲ။အလည်အပတ်အစီအစဉ်ကတော့ မသေချာသေးပါဘူး။



♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော် တတ် ပါ သ လဲ။
ပစ္စုပ္ပုန်မှာ..တည့်တည့်နေတာမို့..(အဲလိုတော့)မရှိပါဘူးရှင့်။(လေလုံးက..ဂလိုထွားတား)



♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
အဲလိုလည်းမရှိပါဘူးရှင်။လွမ်းနေပြန်ရင်လည်း..စိတ်ပင်ပန်းရုံပဲ.ရှိမယ်ထင်လို့ပါ။



♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိ ပါ သ လား။ 
ဟုတ်ကဲ့..ရှိပါတယ်။အီးမေလ်းကနေ(တဆင့်) ပဲပေါ့။



♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
မိတ်ဆွေ၊သူငယ်ချင်းများအားလုံး..တစ်ရက်၊တစ်လ၊တစ်နှစ်မကတဲ့.ပျော်ရွှင်မှုတွေကို.ပိုင်ဆိုင်ကြပါစေ၊ ဆန္ဒနဲ့ဘ၀.တစ်ထပ်တည်းကျလို့.လိုအင်ဟူသမျှ.တစ်လုံးတစ်ဝ.ပြည့်ကြပါစေလို့..(ပြောသာပြောရတယ် ဆရာလေး.လေသံများ.ပေါက်နေလေရော့သလားနော်း)



ရေးပေးလိုက်ပါပြီ..အစ်မရို့စ်နဲ့..ညီမကန်ဒီရေ..
အဆင်မချောပေမယ့်..တစ်နေရာလေးပြုံးသွားရရင်ပဲ ကျေနပ်ပါပြီရှင်း)။


ဒါကတော့..ခရစ်စမတ်ညလေးမှာ“က”ဖို့ အားလုံးတွက် သီချင်း လက်ဆောင် 

အားလုံးပဲ...ဟက်ပီးခရစ်စမတ်လေး..ပါနော်။ 






 <><><><><><><><><><><><><><><><><><><><><><><><><>

မတိချင်ယောင်ဆောင်..အဲလေ..မရေးရသေးတဲ့..အစ်ကိုအစ်မ..မောင်ညီမလေးတွေ.ရှိနေသေးတဲ့အတွက်ထပ်တဂ်ပေးပါရစေ။
(မအားလို့.မရေးတာလဲ.မရေးတာပေါ့နော်.ဒါပေမယ့်.မရေးတာပေါ့နော်း)
ဘာပဲဖြစ်ဖြစ်..အားလုံးပျော်ပျော်ပါးပါး..စိတ်ကူးလေးတွေဖလှယ်ရင်း..ရေးပေးကြစေချင်ပါတယ်။
အဆင်ပြေပါတယ်နော်...
ပထမဦးစွာ..ဘုန်းဘုန်းများး)))
ဒီတဂ်ပို့စ်ထဲမှာ.မေးခွန်းတစ်ချို့(ဒါမှမဟုတ်.အားလုံး)က..ဘုန်းဘုန်းတို့တွက်..အဆင်မပြေဖြစ်ချင်.ဖြစ်နေပေမယ့်..တခြားနည်းလေးနဲ့ပဲဖြစ်ဖြစ် ဒီဇင်ဘာခရစ်စမတ်လေးအတွက်.(အမှတ်တရဖြစ်သွားအောင်).ရေးပေးပါဘုရာ့.။း)
ထပ်ပြီး.တဂ်ချင်တာက..
ဒယ်ဒီ father ရဲ့.ကျန်းမာရေးကိစ္စတွေနဲ့..မနေ့တစ်နေ့ကမှ..အေးအေးဆေးဆေး.နားခွင့်ရတဲ့ အစ်မ ရွှေ စင် ဦးပါ။အားလည်းနာတယ်..ခင်လည်းခင်တာမို့..အဆင်ပြေမှ..ရေးပေးပါအစ်မရှင့်.။အဆင်မပြေရင်လည်း အရီးကို တာဝန်လွှဲပေးလိုက်ပါ။ :P
ပြီးတော့ကာ..း)
(သမီးလေးမွေးထားတာကြောင့်)မိစံရဲ့..မတော်လိုက်ရတဲ့ယောက္ခမလောင်း..အစ်မမယ်သံး)..(Tag ၏း)
နောက်ပြီး...
ဒီရက်တောအတွင်း..(ကတုံးပေါ်ထိပ်ကွက်သွားတဲ့)အမျိုးသမီးတစ်ဦးကြောင့်..သွေးတိုးတဲ့ထိ.စိတ်မကောင်းဖြစ်နေရတဲ့ကိုရင်ဒိုး စုံတွဲအား...ကိစ္စအားလုံးအဆင်ပြေ.. ချောမွေ့သွားစေဖို့.. သတင်းမေး. ဆုတောင်း ပေးရင်း. တဂ်ပါတယ်ရှင်။

ဆက်လက်ပြီး..
ဘလော့ဂါများဖြစ်ကြတဲ့..(အစ်မ)မိုးငွေ့၊(အစ်ကို)မိုးယံ၊(အစ်မ)မိုးခါး..ဤသုံးဦးသည်..ဘဇာကြောင့် နာမည်ချင်းဆင်တူနေရသနည်းဟု..(အကြောင်းအရာစုံစုံလင်လင်နဲ့)သိချင်နေပါသဖြင့်..စီအိုင်အေမှ Miss Jerry ပစ်ပစ်အား..(အထူး)တာဝန်ပေး.. ငှားရမ်းရင်း..သက်ဆိုင်သူအားလုံးအား..Tag လိုက်ပါသည်။း)
(မှတ်ချက်။  ။ Jerry.ပစ်ပစ်အား..တာဝန်ကျေလျှင်. Mrs အဖြစ်.ရာထူးတိုးပေးရန်.တာဝန်ယူသည်။း)

ထို့နောက်သော်...
တုံးဖလားရွာသား...ဆိုသော်လည်း..မြို့သားများကိုကျော်ကာ..“မယ်လိုဒီဝေါ”တွင်“နိုရာ”သီချင်းဖြင့် မြို့သူများကြားပေါ်ပြူလာဖြစ်ကာ..လူသိများရုံသာမက..(တစ်ရွာလုံးတွင်..တစ်ယောက်တည်းရှိသဖြင့် ) သူ ကြီးမင်းရာထူး..အလိုလိုရရှိထားသူ (အဲဒါ.ကိုရင်ပြောတာနော်း)တဂျီးမင်း..ကို..Tag..ပါတယ်။

နောက်ထပ်နှစ်ဦးကတော့..
ဘလော့ဂါတာဝန်ရော..လူမှုရေး.တာဝန်တွေပါ..ပူးတွဲထမ်းဆောင်နေကြတဲ့..အစ်မ“၀ါ”၊(ဘီဒို.ဒါရိုက်တာ)အန် ကယ်ဇော်.တို့ကို.. Tag ပါရစေ။း))

ပြီးတော့...အစ်မခင်ဦးမေ @ kom   ကို Tag ပါရစေ။
 မောင်လှမျိုး(ချင်းချောင်းခြံ)ကို.အားကျသူ ..အန်ကယ်ဘကြိုင်(ချဉ်ပေါင်ခြံ) ကိုလည်း. Tag ပါတယ်ရှင်။
ပုသိမ်သူ..ဘာသာရေး.ဘလော့ဂါ.“အစ်မညခင်း”ကိုလည်း Tag ပါရစေ။း))

ဆက်လက်ပြီး..
“ဂျပန်ပြည်မှပါးသော..စာလွှာ”ပိုင်ရှင်..အစ်မကျော်နှင်းဆီလွင်၊အစ်မသက်နန္ဒာ(Thet Nandar Family)၊ အစ်မ ဗေဒါ(မဗေဒါရဲ့ဗေဒါလမ်း)..Tag ပါရစေရှင်။ :D

လာပါပြီရှင်..ကလေး..ဘလော့ဂါလေးတွေး)
နေရင်းထိုင်ရင်း..၀မ်းမနာ.သမီးတစ်ကောင်.မွေးစားမိရာမှ..ထားဝယ်ကြိမ်.စီးပွားဖြစ်..စိုက်ရသည်ထိ အလုပ်များနေရှာတဲ့တောင်ကြီးမှ..လျောင်ကီး...အဲလေ..(အမတော်)ကက်စမင်ရဲ့..မောင်တော်ဖလားအန် ကယ်လှိုင်း......
မောင်မောင်(ခ)ဗိုလ်မိုးသီး.အဲလေ..မြစ်ဆုံ(ခ)ရဲလေး(ဟိုရဲလေးကအဆိုတော်ပါ။.သူကတော့?)း)...
မနေ့တစ်နေ့ကမှ..(ချစ်သူသက်တမ်း) တစ်နှစ်ပြည့်သွားတဲ့.. “မောင်ဘုန်း”နဲ့ ညီမ. ကောင်းကင်ဖြူ.....
ဘာသာရေးဘလော့ဂါ..“ကိုဇင်မျိုး”.....
အဆိုတော်မဟုတ်တဲ့.ကဗျာဆရာ.“ကိုဘိုဖြူ”၊လွမ်းစရာမရှိရင်..မနေတတ်လို့..တမင်တကာ.နာမည်ပေးထားတယ်လို့ ယူဆရတဲ့.. “ကိုလွမ်းပိုင်ရှင်”၊း)
သူများတွေသာ..ကျူးပစ်.လုပ်ပေးနေတာ..ကိုယ်တိုင်တော့..မူးလို့တောင်.ရှုစရာမရှိရှာတဲ့..“မောင်ကျူးပစ်”
(မှတ်ချက်။       ။အပြောမခံချင်ပါက...ဓာတ်ပုံတင်ကာ.သက်သေပြနိုင်သည်။း)
ကဗျာရှည်တွေ..ရေးအားကောင်းတဲ့..ထာဝရသစ္စာပိုင်ရှင်“ကိုချမ်းမင်းကို @ ကိုပဥာဏ်........
“တော်ပြီ” ကဗျာထဲက.ဓာတ်ပုံမြင်ပြီး.သမီးစံ.ဖျားချင်သွားရတဲ့..    My Felling Blog ပိုင်ရှင် “ကိုတူး”....
ဟိုက.ကမ္ဘာကျော်.တေးရေးဆရာ..သူကဒီတောင်မကျော်..ကဗျာဆရာ.ဖြစ်တဲ့“ကိုမိုးဇက်”း)....
မနက်ကမှ..သူ့အိမ်ဖက်..သွားလည်ဖြစ်ပါတယ်။ဟိုရောက်တော့..နာမည်ပြောင်းထားတဲ့ 
“ကိုဆဲလ်မိုး-မိုးဆဲလ်”း)...
သမီးစံ..ဆိုဒ်မှာချိတ်ထားတဲ့..လင့်ခ်က.ဖွင့်မရဖြစ်နေတာမို့..လင့်ခ်အသစ်ထပ်ပေးဖို့အကူအညီတောင်းရင်း
“ကိုဒုတိယ”..တို့ကို.Tag  ပါတယ်။
နည်းပညာရှင်များ..ဖြစ်ကြတဲ့..
မောင်(စွယ်စုံကြံ)၊ကိုအောင်ခိုင်မိုး(လူကြမ်းမင်းသားအောင်ခိုင်မဟုတ်ပါတဲ့ရှင်း)၊ကိုသက်ဝေ (နာမည်စသိ တုန်းက..အံ့ သြရပါသေးတယ်။အစ်မသက်ဝေလည်းရှိတာကိုး)
တို့ကို...Tag ပါတယ်။

ကျန်ပါသေးတယ်.ကာလသမီးများ..အဲလေ..(သမီးစံရဲ့).ချစ်စရာ.သူငယ်ချင်းများဖြစ်တဲ့.
“ကျနော်သိသမျှ.မှတ်သမျှ.”ဘလော့ပိုင်ရှင်..ယောင်းမလေး Mishellး)
အခမဲ့(အွန်လိုင်း)ဗြူတီဆလွန်းပိုင်ရှင်“သနပ်ခါးမြတ်ကြည်”း)
Holiday ဆယ်ရက်ရလို့..တဂ်ပို့ရေးဖို့.အသင့်ဖြစ်နေတဲ့..(အစ်ကို) စန်းထွန်းးP
လွန်ခဲ့တဲ့လကမှ..စေ့စပ်ထားပြီး..မကြာခင် Mrs ရာထူးကိုပိုင်ဆိုင်တော့မယ့် ငယ်ချင်း“အိပ်မက်စေရာ”
ငယ်ငယ်က.တုတ်ကျိုးအောင်.အမေရိုက်တာခံရလို့စိတ်နာနာ..နဲ့ကလေးတွေကိုပြန်ရိုက်ဖို့ .ဆရာမလုပ်နေတယ်လို့..ထင်ရတဲ့ ..အီဂျစ်ပြည်က တီချယ်“အော်တန်” (ဒါလည်းယောင်းမလေးပါပဲး)
ဘလော့အိမ်ကို..ထူးထူးခြားခြား..ထိုင်းစာတွေနဲ့.အလှဆင်ထားတဲ့.ယိုးဒယားမယ်လေး..အစ်မ“ပိတောက်”း)
“စိတ်အပန်းဖြေရာ.နေရာလေးတစ်ခု”ပိုင်ရှင်..“ပူးပူး”
ပန်းနုရောင်.ဘလော့အိမ်ပိုင်ရှင်.. ညလေး....“အင်ကြင်းချစ်သူ” ...တို့ကို..
ချစ်ခင်စွာနဲ့.. Tag ပါတယ်ရှင်

ပျောက်နေတာ..တော်တော်ကြာပြီဖြစ်တဲ့..မောင်ငယ်.“ခင်မောင်ချင်း”နဲ့..
“ဘ၀နေ့သစ်”ဘလော့ပိုင်ရှင်အစ်မစိုး..စာပြန်ရေးတဲ့နေ့နဲ့ကြုံရင်..ရေးပေးပါနော်။

ကျန်နေသေးတဲ့နှစ်ဦးကတော့..
ကဗျာဆရာ “တက္ကသိုလ်မြတ်မင်း”နဲ့.(သမီးစံရဲ့).အငယ်ဆုံးနဲ့.အချစ်တုံးမောင်..သန်လျင်သားပါ။ :P
(ဒီပို့စ်ရေးနေရင်းနဲ့..ကိုအိပ်ရာက..ထပ်တဂ်လိုက်ပါသေးတယ်..ကျေးဇူးပါကိုအိပ်ရာရေ..း )
အားလုံးပဲ..ပျော်ပျော်ရွှင်ရွှင်..ချစ်ခင်တဲ့အထိန်းအမှတ်အနေနဲ့..ရေးပေးကြမယ်လို့ 100% ယုံကြည် ထား ပါ တယ်။
မောင်နှမအားလုံးပဲ...



ဖြစ်ပါစေရှင်...

ချစ်ခင်လေးစားလျှက်...


သမီးစံ



Monday, December 19, 2011

ခေါက်ကြမယ်ဟေ့.ကောင်းကောင်း

ခေါက်ကြမယ်ဆိုလို့..လန့်မသွားပါနဲ့အုံးနော်..။စက္ကူခေါက်မှာကို.ပြောတာပါရှန့်:P
(ကောင်မလေးတွေအတွက်)စာပေးစာယူ.မေဂျာယူထားတဲ့သူတွေနဲ့ဆို.အင်မတန်အသုံးဝင်ပါတယ်း)
စာအိပ်လေးမြင်တာနဲ့..ဖတ်ချင်လာအောင်.ဆွဲဆောင်တဲ့နည်းလေးဆိုပါတော့..
ကဲ...စလိုက်ကြစို့နော်..ရောင်းရင်းတို့း))


ပထမဆုံး.ကိုယ်ခေါက်မယ့်.စက္ကူအရောင်ကိုရွေးပါ။
(ရိုးရိုးစာရွက်ဆိုလည်းရပါတယ်။.ရောင်စုံလေးသုံးတော့.ပိုလှမလားလို့ပါး)
ပြီးရင်.အလယ်ကနေ..(နည်းနည်းညီညီလေး)ခေါက်လိုက်ပါ။

ပြီးတော့..ပုံထဲကအတိုင်း..ထပ်ခေါက်လိုက်ပါ။

အရောင်လေးပါရင်.ပိုလှလာမလားလို့..အစိမ်းရောင်စာရွက်လေး ကွက်တိလှီးပြီး
ကော်နဲ့(အပေါ်က)ထပ်ကပ်လိုက်ပါတယ်။အ၀ါနဲ့.အနီလေးဆို..ပိုတောင်လှမလားပဲနော်။

ပြီးတော့..ငယ်ငယ်တုန်းက..ယပ်တောင်ခေါက်သလို.အောက်ခြေကနေ.စ.ခေါက်ပါ။


ခေါက်ပြီးသွားတဲ့အခါ..ဟိုဘက်ဒီဘက်..အလယ်ကျအောင်ညှိပြီး.အပြင်ဖက်ကို.ချိုးလိုက်ပါ။

ပြီးရင်..တစ်ဖက်ကိုပြန်လှည့်ပြီး..ခုလိုလေး..ဘေးကနေ.ခေါက်လိုက်ပါ။

ပြီးရင်..ဘယ်ဘက်က.အနားလေးကို.နည်းနည်းလုံးလိုက်ပါဦးနော်း)

ပြီးသွားရင်..အောက်ခြေကနေ..ပြန်ခေါက်လိုက်ပါ.။

အောက်ခြေက.ခေါက်ပြီးရင်..အပေါ်က.ပြန်ခေါက်..
အားလုံးပြီးရင်တော့..ခုလို.စာအိပ်ခွံလေးရလာပါလိမ့်မယ်။

စာထည့်ဖို့.အပေါက်လေးက..ဘေးမှာပါ..
စာထည့်..ပြီးရင်.(ပိတ်ချင်တာနဲ့ပိတ်ပြီး)ပို့လို့ရပါပြီ ။


ခုချိန်ဆိုရင်တော့..ခရစ်စမတ်ကဒ်လေးတွေထည့်.သုံးလို့ရတာပေါ့။

 ဒီနည်းလေးကို..သိပြီးသူတွေများ.ရှိမလားမသိဘူးနော်..

သမီးစံကတော့...အိမ်က..တူမ.ဆီက.ပြန်သင်ထားတာပါး)။
အားလုံးပဲ..ပျော်ရွှင်ဖွယ်.ဒီဇင်ဘာလေး..ဖြစ်ကြပါစေနော်။


ချစ်ခင်လေးစားလျှက်...