Sunday, January 29, 2012

Evening News



ဖြစ်နိုင်ချေမရှိသေး(ဖြစ်နိုင်ချေမရှိသေး)ပါကြောင်း...တဲ့


“ရွှေပြည်တော်ရယ်...မျှော်နေလည်းဝေး”း)





ချစ်ခင်လေးစားလျှက်..


Tuesday, January 24, 2012

ဆုံဆည်းခွင့်


“အစကောင်းမှ..အနှောင်းသေချာ”ဆိုစကားလိုပဲ

ငါတို့ရဲ့တွေ့ဆုံမှုက..အစကတည်းကမကောင်းခဲ့တာပါ

မေ့ဖို့အတွက် ချစ်ခဲ့တာမဟုတ်ပေမယ့်...

အချစ်တစ်ခုရဲ့ပျော်ရွှင်ခြင်းအတွက်

အပြစ်တစ်ခုနဲ့ငါ့ရင်ကို အဆုံးသတ်စေခဲ့တာပါ။

အရာရာ ရင်ဆိုင်ချင်ခဲ့ပေမယ့်...

မကြာခင်ကျောခိုင်းရမှာ သိနှင့်သူမို့

လမ်းခွဲခဲ့ရတာကို နားလည်ပေးပါ..

အခြေအနေဆိုတာ အပိုင်တွက်လို့မရကောင်းသလို

အချိန်ဆိုတာလည်း ပြန်လှည့်လို့မရနိုင်တော့ဘူးလေ...

အရာရာအသစ်က ပြန်စခွင့်ရှိမယ်ဆို

ငါဆုတောင်းမိပါရဲ့....

ချစ်နှစ်သက်သောသူနဲ့သာ

ဘ၀ဆက်တိုင်း ဆုံဆည်းခွင့်ရပါစေလို့....

 
 
(ဓာတ်ပုံ - မိစံ)


ချစ်ခင်လေးစားလျှက်


တရုတ်နှစ်ကူး

 အရင်တစ်ခါ..ဆူးလေဘုရား(ရာပြည့်)ပွဲတော်တုန်းကဘုရားပုံမပါလို့ကပ်ကျော်ဘုရားမဟုတ်ဘူး
ကွက်ကျော်ဘုရားဖြစ်နေပြီ(အစ်ကိုနေ၀သန်က) ပြောလို့..တင်ပေးလိုက်ပါတယ်း)
(သမံစီးတစ်ယောက်.တစ်ခါတစ်လေ.အဲလိုပါပဲ..နမော်နမဲ့နဲ့ပါအစ်ကိုရေ..း)
ဒီပုံတောင်...ရိုက်ထားတာ.အတော်ကြာပါပြီး)။ပွဲဈေးတန်းခင်းထားတာက.
အခုမြင်နေရတဲ့.လမ်းမကြီးပေါ်မှာပါ။

  တရုတ်တန်းဘက်ရောက်တော့..လူတွေစုရုံး..စုရုံးဖြစ်နေတာနဲ့ ၀င်ပြီးစပ်စုကြည့်ပါတယ်း)

 အနားရောက်တော့..(ကိုယ်ထင်သလိုမဟုတ်ပဲ)ဂလိုဖြစ်သွားပါတယ်း)

နှစ်ဆယ့်ခုနှစ်ရက်နေ့အထိ..အကပြိုင်မယ့်.အချိန်နဲ့.ပြိုင်ပွဲဝင်မယ့်..အဖွဲ့တွေရဲ့နာမည်ပါ။

 ကျွန်တော်တို့အဖွဲ့နာမည်ကတော့..မနှစ်က ဒုတိယဆုရခဲ့တဲ့ “Lion King” ဖြစ်ပါတယ်ခင်ဗျာတဲ့
(အဖွဲ့သက်တမ်းက ငါးနှစ်ရှိပါပြီတဲ့) 

မကခင်..တစ်ပတ်ပတ်ပါတယ်။

  အဲ့ဒီ့အချိန်ကိုရောက်ဖို့..တော်တော်စောင့်ယူရပါတယ်း)
(ကိုယ်က ကြည့်ချင်တဲ့သူဆိုတော့လည်း သည်းခံရပါတယ်း)

 စပြီး..ခြေစွမ်းကော..လက်စွမ်းပါ..ပြပါတော့မယ်ရှင်။ တော်တော်လှတဲ့“ကဟန်”ပါပဲ။
ဘင်ခရာဆရာတို့..လင်းကွင်းဆရာတို့ကလည်း..တော်တော်လက်သံပြောင်ပါတယ်။
(ဆိုင်းသံ၊ဗုံသံ၊ဘင်ခရာသံကြားရင် သမီးစံတစ်ယောက်.မနေနိုင်ပါဘူး။
ဘီလူးဆိုင်းသံကြားရင်ပိုဆိုးပါတယ်း)

  မတ်တပ်ရပ်ပြတော့...သြဘာသံတွေသောသောညံလို့ပါ...
ကိုယ်တိုင်တော့ လက်မအားလို့.မတီးဖြစ်လိုက်ပါဘူးး)

 
 ဒီဘက်ပြီးတော့ ဟိုဘက်ကို..လှည့်ပြပါတယ် :)

  မနေ့ကပဲ..ဈေးတန်းတွေတွေ့ပါသေးတယ်။ခုဘယ်ရောက်ကုန်ကြပါလိမ့်း)
(မတွေ့တော့လဲ..မ၀ယ်စားတော့ဘူးပေါ့ကွယ်၊ထီပဲဝင်ထိုးလိုက်တော့မယ်)

 
 ဆီမီးထိန်ထိန်ညီးပါတဲ့.း)


ဒီမှာက..နောက်တစ်ပွဲပါ။ဝင်တိုးမလို့ပါပဲ...လူအုပ်ကြည့်ပြီး..လန့်သွားလို့း)
 ဒီပုံရိုက်ပြီးတော့..ကင်မရာဓာတ်ခဲ..အားကုန်သွားပါတယ်ရှင်။သည်းခံကြပါး)


ဒါကတော့..တရုတ်လူမျိုးတွေရဲ့..မွေးဖွားတဲ့ခုနှစ်အလိုက်..ယူဆလေ့ရှိတဲ့.အကောင်လေးတွေပါ။
ကြွက်၊နွား၊ကျား၊ယုန်၊နဂါး၊မြွေ၊မြင်း၊ဆိတ်၊မျောက်၊ကြက်၊ခွေး၊၀က်
နာမည်တွေလန်းရုံသာမက...တစ်ခုချင်းစီအတွက်
ပုဂ္ဂိုလ်ရေး၊ကျန်းမာရေး၊အလုပ်အကိုင်၊ဘယ်သူနဲ့မိတ်ဖက်၊ဘယ်သူနဲ့ရန်ဖက်ဆိုတာတွေလည်းရှိပါတယ်း)

Year of Birth: 1912, 1924, 1936, 1948, 1960, 1972, 1984, 1996, 2008, 2020

Year of Birth: 1913, 1925, 1937, 1949, 1961, 1973, 1985, 1997, 2009, 2021

Year of Birth: 1914, 1926, 1938, 1950, 1962, 1974, 1986, 1998, 2010, 2022

Year of Birth: 1915, 1927, 1939, 1951, 1963, 1975, 1987, 1999, 2011, 2023

Year of Birth: 1916, 1928, 1940, 1952, 1964, 1976, 1988, 2000, 2012, 2024

Year of Birth: 1917, 1929, 1941, 1953, 1965, 1977, 1989, 2001, 2013, 2025

Year of Birth: 1918, 1930, 1942, 1954, 1966, 1978, 1990, 2002, 2014, 2026 

Year of Birth: 1919, 1931, 1943, 1955, 1967, 1979, 1991, 2003, 2015, 2027

Year of Birth: 1920, 1932, 1944, 1956, 1968, 1980, 1992, 2004, 2016, 2028

Year of Birth: 1921, 1933, 1945, 1957, 1969, 1981, 1993, 2005, 2017, 2029

Year of Birth: 1922, 1934, 1946, 1958, 1970, 1982, 1994, 2006, 2018, 2030

Year of Birth: 1923, 1935, 1947, 1959, 1971, 1983, 1995, 2007, 2019, 2031

(ဗမာလိုရှာမရလို့..အင်္ဂလိပ်ဗားရှင်းတွေပဲ..တင်ပေးလိုက်ပါတယ် ;)


ချစ်ခင်လေးစားလျှက်



Saturday, January 21, 2012

ပွဲဈေးတန်း


ဆူးလေစေတီ နှစ်တစ်ရာပြည့်ပွဲတော်ပါ။ တစ်နေ့က“စ”တယ်လို့သိရပါတယ်။
သိသိချင်း သတင်းသွားယူခဲ့ပါတယ်း)


ပုဇွန်ကြော်ငါးရာ ဂဏန်းကြော် တစ်ထောင်ပါတဲ့
(ပိုက်ဆံကို စက္ကူများအောင်းမေ့လေရော့သလားမသိး)

ကိုယ်က အစားသမားဆိုတော့...း)

ဗူးသီးကြော်(တစ်ပွဲခုနှစ်ရာပါတဲ့)

စားစရာတွေချည်း ရွေးရိုက်ခဲ့ပါတယ်း)

သိကြပြီးသား “ထမနဲ”ပါ။မြည်းခဲ့ပါတယ်း)။(သိပ်)မကောင်းပါဘူး
(နှစ်ကျပ်ခွဲသားမရလို့ တစ်ဆယ်သားဝယ်ခဲ့ပါတယ်း)
 ကင်မရာလည်းချိန်လိုက်ရော “ရိုက်ပြီဟေ့..ရိုက်ဟ” တဲ့း)

“အစ်မလေးနော် စားကြည့်နော်၊တစ်အားကောင်းတယ်နော်၊ တစ်ပွဲသုံးရာတည်းနော်” တဲ့
(အာလူး၊ပဲ၊ဆမူဆာ ပူရီပါ ...ဈေးချိုတာ သူပဲရှိပါတယ်း)

သူကတော့...ပွဲဈေးတန်းတိုင်း မပါမဖြစ်ပေါ့..(မစားဖြစ်ခဲ့ပါဘူး)
(ထိုင်ပြီးရင် ပြန်မထချင်တော့လို့း)

“လေးစားတယ်၊မြတ်နိုးတယ်ဆို..၀ယ်ထားလိုက်ပါ”
“တောင်းရင်ပေးမယ်၊၀ယ်ရင်ရောင်းပါမယ်”တဲ့း)

 ကြိတ်ကြိတ်တိုးအောင် ရောင်းအားကောင်းပါတယ်။
(ဒီပုံတွေနေရာတိုင်းမှာတွေ့နေရပါပြီ ၀မ်းသာစရာပါ)

 ကဲ..တစ်ယောက်တစ်ရုပ် ယူစေဗျားး)

 သူ့မြင်တော့လည်း မစီးပဲမနေနိုင်ပြန်း)

 မင်းသားမိုးမင်း..လာ“က”ပါတယ်။
သူလည်းကြိတ်ကြိတ်တိုးပါပဲ..

(ဘာကြောင့်ရယ်တော့မသိ ဓာတ်ပုံရိုက်ရင် တယ် မကြိုက်ချင်ကြပါဘူး)

23 ရက်နေ့ တရုတ်နှစ်ကူးမို့ (သွားရင်းလာရင်းကားလမ်းပိတ်တာနဲ့ကြုံရင်) ရိုက်ပြီး တင်ပေးလိုက်ပါ့မယ်း)။
တရုတ်တန်းမှာတော့ တော်တော်စည်ပါတယ်။

တရုတ်လူမျိုးအကြောင်း..ဗဟုသုတပြောပြမယ်နော်..
မြန်မာပြည်မှာ..တရုတ်လူမျိုးနှစ်မျိုးရှိပါတယ်တဲ့။လက်တိုရယ်၊လက်ရှည်ရယ်ပါ။
(နောက်ထပ်တိုးလာရင်တော့..လက်ဇက ဖြစ်မယ်ထင်ပါတယ်း)

“စကားလက်ဆောင်”

လူ့ဘ၀ဆိုတာ ဆီးဆော့ပေါ် လမ်းလျှောက်နေတာနဲ့တူတယ်။
အမြဲပဲနိမ့်ရာကနေ မြင့်ရာကို စလျှောက်ရတယ်။
ခြေတစ်လှမ်း လှမ်းတိုင်း နောက်တစ်လှမ်းက အရင်တစ်လှမ်းထက်
ပိုခက်ခဲနေတယ်။
အမြင့်ကိုရောက်လေ တည်ငြိမ်ဖို့ ခက်လေဖြစ်တယ်။
သင့်ကိုသင် အမြင့်ကိုရောက်နေပြီလို့ ထင်တဲ့အချိန်ဟာ
ကုန်းဆင်းကို သင်စ ဆင်းနေပြီဖြစ်တယ်။
ဒါကြောင့် သင်ရောက်ချင်တဲ့အမြင့်မှာ ဘယ်တော့မှ
သင်အမြဲမရပ်နိုင်ဘူးဆိုတာကို သင်သတိပြုမိလိမ့်မယ်။
တည်ငြိမ်မှတ်ကို သင်ရှာမတွေ့မချင်း အမြင့်မှာ ရပ်နိုင်ဖို့ဆိုတာ
ဘယ်လောက်ခက်ခဲကြောင်း သင်အကြိမ်ကြိမ် တွေဝေပြီးမှ
သတိပြုမိလိမ့်မယ်။
ဘ၀ရဲ့ တည်ငြိမ်မှတ်ကို ရှာတွေ့မှ အဲဒီနေရာသာလျှင်
အမြင့်ဆုံးဆိုတာကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
သင်ခံစားမိလိမ့်မယ်။
အဲဒီ့လို အမြင့်ဆုံးမှာ ရပ်နိုင်ဖို့ သင့်မှာ တခြားနည်းတစ်ခု
ရှိသေးတယ်။အဲဒါကတော့ ဆီးတော့ရဲ့တစ်ဖက်မှာ
သင့်ကိုတောင့်ခံ(အားပေး)တဲ့လူရှိဖို့ပါပဲ..
အဲဒီ့လူတွေက သင့်မိသားစု၊သင့်ချစ်သူ ဒါမှမဟုတ်
သင့်ရဲပြိုင်ဖက်လဲဖြစ်နိုင်ပါတယ်။

( နိုင်းနိုင်းစနေ ဘာသာပြန်သည်။)

သမီးစံအတွက် ဟိုတစ်ဖက်မှာတော့ ...
လောလောဆယ် ...
ကွန်ကရစ်တုံးကြီးကြီးတစ်တုံးရှိနေပါတယ်း)



ချစ်ခင်လေးစားလျှက်..

Tuesday, January 17, 2012

ရာဇ၀င်တို့ရဲ့သူရဲကောင်းများသို့...

ဒီမိုကရေစီ သူရဲကောင်းတွေ” 


ဒီမိုကရေစီ
သူတို့ လက်တွေကိုမြှောက်
ရင်ကော့လျှောက်ကာ
ကျည်ဆံအောက်မှာ ဒူးမထောက်ကြဘူး
.......
သမိုင်းကပေး
တာဝန်ကို ပွေ့ထွေးကာ
တိုင်းပြည်ရာဇ၀င် ၀င်ရေးကြတဲ့ အမည်မသိသူရဲကောင်းတွေ
ကမ္ဘာမြေက စောင့်ရှောက်ပါစေ...
........
ဒီနေ့တော့ 
တို့တွေ အောင်ကြပြီ
သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ
အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ
ကြယ်တွေ မစုံတော့တဲ့ညမှာ
(ဒါဟာ တကယ်ဝမ်းနည်းစရာပါ)
..........
တချို့က ငိုကြ၊ တချို့ကလည်း ရယ်ကြ
ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရသလဲ
ကျောင်းသားတွေက သင်လို့ပြ
သြော်....
အမျှ...အမျှ....အမျှ
မစားဘဲ စွန့်ခဲ့သူတွေအတွက်
မျက်ရည်တွေနဲ့ ရေစက်ချ
***********



(ဒီကဗျာကို သူရေးပြီးစ..တုန်းက..အစ်မ ငါတင်ရင်ကောင်းမလားတဲ့...း)

ချစ်ခင်လေးစားလျှက်...


Sunday, January 15, 2012

ကြုံရဆုံရ

(ကဲ...တစ်နေ့တာတက်ပို့ထဲက မင်းသမီးပုံလည်း ကြည့်လို့ဝသွားလောက်ပြီယူဆပါတယ်း) 


တစ်လောတုန်းကသမီးစံတစ်ယောက်အတော်မူးသွားပါတယ်။အကြောင်းကတော့..ဆယ်တန်းအောင်လက်မှတ် ပျောက်သွားလို့ပါ။(အံ့သြစရာနော်)ဘွဲ့လက်မှတ်တောင်မကိုင်ရသေးဘူး။အောင်လက်မှတ်ကပျောက်ပြီ။အဲဒါတောင် သင်တန်းတစ်ခုတက်ဖို့.အောင်လက်မှတ်လိုတယ်ဆိုလို့..ပြန်ရှာမှသိတာ။ဆိုးချက်က..တာတေကိုလန်ရောနော်။(ဘယ် သူမှမပြောခင်.အရင်ပြောထားရတား)။ပျောက်တယ်ဆိုတော့..အသည်းအသည်ပြန်ရှာရတာပေါ့။ဒေါင်းတောက်အောင် ရှာလည်းမတွေ့၊ဘယ်မှာထားမိတယ်..စဉ်းစားပြန်တော့လည်း အဖြေကထွက်မလာပါဘူး။ဒီတော့ အသစ် လျှောက်ရုံပဲရှိတော့တာပေါ့။(ကိုယ်က.အမြန်လိုနေပြီကိုး)အဲ့ဒီ့မှာ..စတွေ့တော့တာပဲး)

လက်မှတ်ပျောက်ပြီဆိုတော့ ထုံးစံအတိုင်း လသာစာစစ်ဌာနကို သွားရတာပေါ့။ဟိုရောက်တော့ ငွေ နှစ်  ရာ့ ငါးဆယ်နဲ့(လက်မှတ်ပျောက်လျှောက်ဖို့)ဖောင်တစ်စောင်ဝယ်ရပါတယ်။ပျောက်သွားတာကိုပြန်လျှောက် ရ တာဆိုတော့ သူများလို ဖောင်ဖြည့်ပြီး ပြန်တင်ခဲ့လို့မရပါဘူးတဲ့။ လိုအပ်တဲ့စာရွက်၊စာတမ်း တွေကို ဖြည့် ရ မယ့်ဖောင်ထဲမှာထည့်ပေးထားပါတယ်ဆိုလို့ဖတ်ကြည့်လိုက်တော့.(အောင်လက်မှတ်) အမှန်တကယ် ပျော က်ဆုံးကြောင်းကျမ်းကျိန်လွှာ၊ပြီးတော့(သက်ဆိုင်ရာ)ပညာရေးမှူးထောက်ခံစာ၊(အောင်လက်မှတ်)ပျောက်ဆုံးကြောင်းတိုင်ချက်ဖွင့်ထားတဲ့(ရဲစခန်းက)စာတဲ့။ဘယ်ကစလို့.ဘာလုပ်ရမှန်းတောင်မသိတော့အောင်ရှည်လျှား၊ ထွေပြားနေတော့(လူပျက်တွေပြောသလိုပါပဲ “ဟေး. . လို့တောင်.မအော်နိုင်တဲ့အဖြစ်”း)။

ဒီတော့..ကိစ္စမြန်မြန်ပြီးအောင်ရွာပြန်ရုံပေါ့။သန်လျင်ရောက်တော့ပညာရေးမှူးဆီအရင်ဝင်ပါတယ်။စာရေးမလေးနဲ့ပဲတွေ့ပါတယ်။ဘယ်နှခုနှစ်ကအောင်တာမို့ပျောက်ရတာလဲတဲ့ (မေးလည်းမေးချင်စရာပါ)။ကိုယ်လည်းထောက်ခံစာလေးရအောင်ရှဥ့်လည်းလျှောက်သာပျားလဲစွဲသာဖြေရတာပေါ့း)။ဒီတော့မှ(နည်းနည်း)ကြည်သွားပြီးတော့ကျမ်းကျိန်လွှာနဲ့ရဲစခန်းကစာပါရင်ထောက်ခံစာပေးမယ်ဆိုပါတယ်။

ပြောသာပြောရတယ်ရဲစခန်းဆိုတာလဲသွားလို့ကောင်းတဲ့နေရာတော့မဟုတ်တဲ့ထဲမှာပါတယ်။ဟိုလည်း ရောက်ရောစခန်းမှူးကြီးကအော်ပါလေရောကွယ်။ကျုပ်တို့များကိုးဆယ်ခုနှစ်ကတည်းကဆယ်တန်းအောင်တာ အောင်လက်မှတ်ကခုထိရှိသေးတယ်တဲ့။ကြည့်လည်းလုပ်ဦးလက်မှတ်ပျောက်ရာကနေကြာရင်လူပါပျောက်ဦးမယ်တဲ့ ကောင်းချီးထောပနာပြုပါတယ်။မှားတဲ့သူဆိုတော့လည်း (ဘာပြောပြော) ငြိမ်ခံ နေရ တာ ပေါ့။ကိစ္စပြီးလို့ ကိုယ်လက်ထဲစာရွက်ရောက်တော့“ဆရာ..လက်ဘက်ရည်ဖိုးပါ”(ဆိုပြီး)ပေးတော့“ရတယ်.သွား. .သွား” တဲ့။ မယူဘူးတော်.(ဒါလည်းအံ့သြစရာ) အလကားလုပ်ပေးလိုက်ပါတယ်။

ရဲစခန်းကထွက်တော့ ကျမ်းကျိန်လွှာလုပ်ဖို့ တရားရုံးဘက်သွားရပါတယ်။(သူလည်းသွားလို့ကောင်းတဲ့ နေ ရာထဲမှာမပါပါဘူး)တရားရုံးမှာအစ်မသူငယ်ချင်းရှိတာဆိုတော့သူ့ဆီပဲတန်းသွားလိုက်ပါတယ်။ဘာကိစ္စလည်းညီမလေး မေးတော့ လာရင်းကိစ္စပြောပြလိုက်ပါတယ်။ ကျမ်းကျိန်လွှာကလုပ်ထုံးလုပ်နည်းအ တိုင်း ဆိုတစ် ရက် တည်း နဲ့မရဘူးညီမတဲ့။ပြီးတော့တရားသူကြီးကိုလည်းပေးရသလိုလက်နှိပ်စက်စာရေးကိုလည်းပေးရပါသတဲ့။ပိုကုန်မှာဆိုတော့ ရန်ကုန်က(ဘားလမ်းမှာ)ပဲလုပ်လိုက်ပါတဲ့။

တစ်နေ့တည်းနဲ့ကိစ္စမြန်မြန်ပြီးသွားချင်တာမို့ ရန်ကုန်ကိုပြန်သွားပါတယ်။ရန်ကုန်ရောက်တော့ အဆင် ပြေ သွားပါတယ်။ဒါပေမယ့် ကျမ်းကျိန်လွှာက ညနေမှ ရမယ်ဆိုတော့ နောက်တစ်နေ့မကူးချင်ပေမယ့်လည်း ကူး ရတာပေါ့။(အတော်ဆိုးပါတယ်)

နောက်တစ်နေ့ ကျမ်းကျိန်လွှာကော၊တိုင်စာပါ လက်ထဲရောက်တော့ ပညာရေးမှူးဆီ ပြန် သွား ရပါ တယ်။ ဟိုလည်းရောက်ရောပညာရေးမှူးနဲ့တိုးတော့(ရှယ်)ရစ်ပါတယ်။(စာရေးမဘက်စစ်ကူတောင်းတော့လည်းမသိသလိုနေပါတယ်) အောင်လက်မှတ်ဆိုတာပျောက်သွားရင်တစ်နှစ်နေမှရတာနားမလည်ဘူးလား၊ဘယ်သူကညည်းကိုထောက်ခံစာယူခိုင်းလိုက်တာလဲတဲ့။(သူ့စာရေးမကို)လသာကိုဖုန်းဆက်လိုက်စမ်း ဘာညာနဲ့ရစ်သကွယ်။ပထမတော့ကိုယ်လည်းရိုရိုသေသေပါပဲ။သူကပြောတော့ကိုယ်လည်းပြောတာပေါ့။သမီးစံတို့ စိတ်ကြီးတယ်နော်း)။(ပညာရေးမှူးဆိုတာတော့ဆယ်တန်းထိပဲသူပြောချင်သလိုပြောလို့ရတာလေ)ကိုယ်လည်းအေးဆေးပဲ တက္ကသိုလ်ကကျောင်းသားကဒ်ထုတ်ပြလိုက်တယ်။ကျောင်းကတောင်းတာမို့အမြန်လိုလို့တစ်နှစ်မစောင့်နိုင်ဘူးဆိုတဲ့အကြောင်း ပြောပြလိုက်ပါ တယ်။ (ခပ်တည်တည်ပါပဲး)

အဲ့တော့မှ..နည်းနည်းလျှော့သွားတယ်။(အစကတည်းက ရေးပေးလိုက်ရင်ပြီးတဲ့ဥစ္စာ) ပျောက်သွား တယ် ဆို တဲ့ အကြောင်းစာရေးပြီးလက်မှတ်ထိုးလာခဲ့တဲ့(ထပ်ရစ်ပါသေးတယ်။)လက်ရေးနဲ့မရဘူးကွန်ပျူတာစာစီမှတဲ့ တော်တော်ရစ်တဲ့ပညာရေးမှူးပါ။ကွန်ပျူတာဆိုင်ရောက်တော့မီးကလာပေမယ့်လူကမလာသေးပါတဲ့ရှင်။ကိုယ်တိုင်ဝင်ရိုက်မယ် ပြောလိုက်ရင် တော်တော်မယဉ် ကျေးရာရောက်မှာမို့ (နာရီဝက်လောက်)စောင့်လိုက်ရပါတယ်။စာစီ ပြီးလို့ ရုံးပြန်ရောက်တော့ဘိုးတော်ဘုရားကအပြင်ပြန်ထွက်သွားပါသတဲ့။(စိတ်မရှည်တော့ဘူးအဲလိုပဲခေါ်လိုက်တော့မယ်း)ထပ်ပြီးစောင့်ရပြန်ပါတယ်။(တော်တော်ကြာစောင့် ပြီးလို့)ပြန်ရောက်လာတော့(ကြည်ကြည်ဖြူဖြူပါပဲ)ပျောက်သွားတယ်ဆိုတဲ့အကြောင်းထောက်ခံစာမှာလက်မှတ်ထိုးပေးပါတယ်။ကိစ္စပြီးတော့ ကိုယ်လည်းအကျင့်ပါနေတာမို့(စာရေးမလေးကို)လက်ဖက်ရည်သောက်ဖို့ဆိုပြီးပေးတော့မကြားသလိုနေပါတယ်။ (အဲ့လိုမျိုးတွေများများမြင်လာရတော့စိတ်ချမ်းသာပါတယ်။)ဒီတော့ဒီထောက်ခံစာလည်းဖရီးရခဲ့တယ်ဆိုပါတော့..း)။(ပညာရေးမှူးရုံးတော့ နော က် ဆုံးအကြိမ်ရောက်ခဲ့ခြင်းပါ။သူ့လည်း မသွားသင့်တဲ့နေရာထဲ စာရင်းထည့်ထားလိုက်ပါတယ်။

အားလုံးအဆင်ပြေသွားတော့လသာကိုဖောင်သွားပြင်အဲလေတင်ရပါတယ်း)။တစ်ပတ်နဲ့အမြန်လိုချင်ရင်စာရေးပြီးတင်ပါတဲ့။သူကျတော့ လက်ရေးနဲ့ပဲတင်ပါတဲ့။အဆင်ပြေပါတယ်ကိုယ့်ဘာသာသင့်သလိုရေးပြီးလက်မှတ်မြန်မြန်လိုချင်ပါတယ်ဆိုတဲ့အကြောင်း ရေးပြီး တင်ခဲ့လိုက်ပါတယ်။
တစ်ပတ်ပြည့်လို့လက်မှတ် (မိတ္တူ)ထုတ်ပြီး တော့ အစ်ကိုတော်က မေးတယ် “နင် ကဘာ လို့အောင် လက် မှတ်နှစ်ခုဖြစ်တာလဲ”တဲ့။ပျောက်သွားလို့ပါဆိုတော့“နင့်အောင်လက်မှတ်ငါ့ဆီမှာလေ”တဲ့။ဟောတော်..ကလေးတုန်းကလိုပဲ မြေကြီးပေါ်အားရပါးရထိုင်ပြီးဗြဲဗြဲလို့သာအော်ငိုပလိုက်ချင်ပါတော့တယ်(မငိုတတ်လို့သာ.း)ကိုယ်ပဲပေးထားပြီး ကိုယ်ပဲမေ့နေတာလေ။တစ်ယောက်မကျန်လိုက်မေးမိရင်ကောင်းသား။ခုတော့..အချိန်လည်းကုန်လူလည်းပန်း၊အောင်လက်မှတ်နှစ်ခုနဲ့အရူးစံဖြစ်နေပြီ:P။ဒီကြားထဲမ ကိုင်လိုက်ရတဲ့ကျမ်းကြီးစူးသွားရင်တော့..(ဖလား..ဖလား)မတွေးရဲစရာနော်။(ငွေနဲ့ပေးဝယ်လိုက်ရတဲ့အတွေ့အကြုံဆိုပါတော့)

ဒါကကြုံရတဲ့တစ်ခုပါ။ဆုံရတဲ့နောက်တစ်ခုက..

လွန်ခဲ့တဲ့ရက်အနည်းငယ်က(အတိအကျပြောရရင်ဗုဒ္ဓဟူးနေ့ကပါ)သမီးစံရဲ့(ရှစ်တန်းထိခင်ခဲ့ဖူးတဲ့)သူငယ်ချင်းတစ်ယောက် ကားမတော်တဆဖြစ်ပြီးရုတ်တရက်ကွယ်လွန်သွားပါတယ်။အရင်တုန်းကတည်းကဒီလိုမျိုးအဖြစ်တွေခဏခဏကြားနေရပေမယ့်ကိုယ်မသိတဲ့အသိုင်းဝိုင်းကဆိုတော့ဘာသိဘာသာပါပဲ။ခုတော့အနေနီးရုံမက သက်တူရွယ်တူသူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားရင်းကြားလိုက်ရတဲ့သတင်းဆိုတော့(သိသိသာသာကို)တုန်လှုပ်သွားပါတယ်။စာရေးလို့ညာညောင်းရင်ဘယ်နဲ့ရေး ဘယ်ညောင်းရင်ညာနဲ့ပြန်ရေး၊တစ်ခါတစ်လေဘယ်ရော၊ညာပါပြိုင်ရေးနိုင်အောင်ထူးခြားတဲ့သူငယ်ချင်းမ.လေးပါ။ပြောရင်းနဲ့တောင်သူ့မျက်နှာလေး မြင်ယောင်လာပြီကွယ်း(။သုံးမိနစ်ပဲခြားတဲ့အမွှာမောင်လေးတစ်ယောက်နဲ့စုစုပေါင်းနှစ်ယောက်တည်းရှိတဲ့တစ်ဦးတည်းသောသမီးပါ။ကိုယ်တောင် စိတ်မကောင်းတော်တော်ဖြစ်နေတာသူ့မိဘတွေဆိုရင်တော့ဆိုဖွယ်ရာမရှိတော့ပါဘူး။သူငယ်ချင်းသတင်းကြားပြီးမှ သမီးစံလည်းအပြင်သွားတိုင်းကိုယ့်ကိုယ်ကိုယ်သရဏဂုံမတင်ဖြစ်တာတော်တော်ကြာပြီမှန်းသတိထားမိပါတယ်။ အချိန်မရွေး၊နေရာမရွေး(မထင်ရင်မထင်သလို)ခေါ်တတ်တဲ့“သေမင်း”ကိုမမြင်ဖူးပေမယ့်ကြောက်သလိုလိုရှိလာပါပြီ။ဒီတော့ ဘုရားပုံမှန်မရှိခိုးနိုင်၊တရားဘာဝနာများများအားမထုတ်နိုင်ပေမယ့်(ကြုံရင်ကြုံသလို)ဒါန၊သီလ၊ဘာဝနာရိက္ခာလေးများများစုဖြစ်ပါတယ်။အလှူခံလာရင်လည်းခေါင်းမခါပါဘူး:P။တရားပြပေးသွားတဲ့သူငယ်ချင်း ကိုလည်း ကျေးဇူးတင်ပါတယ်။သူငယ်ချင်းကောင်းရာသုဂတိ လာပါစေ။

တစ်ခါတစ်လေစဉ်းစားမိပါတယ်။ကိုယ်သေသွားလို့ဘယ်ဘ၀ရောက်မလဲကြိုသိရရင်သိပ်ကောင်းမှာပဲလို့။ အမေတို့ပြောတာတော့အသက်ထွက်ခါနီးရင်မြင်တယ်တဲ့။ဘုန်းဘုန်းတို့ကိုမေးကြည့်ရပါအုံးမယ်။
စဉ်းစားမိရင်းတမလွန်လောကနဲ့ပတ်သက်တဲ့ပုံပြင်လေးတစ်ပုဒ် သတိရသွားပါပြီး)။

တစ်ခါတုန်းကရွာတစ်ရွာမှာအလွန်ချစ်ခင်ကြတဲ့လယ်သမားကြီးတို့ဇနီးမောင်နှံနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့ လယ်သမားကြီးကလယ်ထဲသွားရင်းပိုးထိပြီးကွယ်လွန်သွားပါတယ်။ဒီတော့သူ့ကိုအင်မတန်ချစ်တဲ့သူ့ဇနီးခများ ပူဆွေးဝမ်းနည်းရတာပေါ့။ပြီးတော့သူအင်မတန်ချစ်တဲ့တမလွန်ဘ၀ကလယ်သမားကြီးကိုဘယ်ဘ၀၊ဘယ်အခြေနေရောက်နေလဲဆိုတာ အရမ်းသိချင်နေရှာပါတယ်။ဒီလိုနဲ့နေလာတာတစ်နှစ်လောက်နေတော့သူ့ဆန္ဒလေးပြည့်သွားပါတယ်။သူတို့ရွာကို ရောက်လာတဲ့နတ်ဆရာကြီးတစ်ယောက်ကြောင့်ပါ။ဒီနတ်ဆရာကြီးက တမလွန်ဘ၀ကို ကူးပြောင်း သွားတဲ့ သူမှန်သမျှခေါ်ပေးနိုင်တဲ့အစွမ်းရှိလို့ပါတဲ့။လယ်သမားကြီးရဲ့ဇနီးလည်းအားကိုးတကြီးသွားမေးတာပေါ့ကွယ်။

ဟိုလည်းရောက်ရောနတ်ဆရာကြီးကလယ်သမားကြီးဇနီးမေးတာကိုအာရုံခံပြီးကြည့်ပါတယ်ခဏနေတော့ခေါင်းကို(တွင်တွင်)ရမ်းပါတယ်(သူမပြောဘူးပေါ့ကွယ်)ပြီးတော့ လယ် သမားကြီးရဲ့ဇနီးကို လယ် သမားကြီး ဘယ်ဘ၀၊ ဘယ်အခြေနေ ရောက်နေတယ် ဆိုတာ “မသိချင် ပါနဲ့တော့”လို့ဆိုသတဲ့။ဒီလိုပြောတော့ဇနီးသည်ခမျာလယ်သမားကြီးအခြေအနေတော်တော်ဆိုးတယ်ထင်ပြီး ၀မ်းနည်းသွားပါတယ်။ပြီးတော့နတ်ဆရာကြီးကိုလည်းတောင်းပန်တယ်။ဘယ်လိုအခြေနေမျိုးပဲရှိရှိသူစိတ်ခိုင်ပါတယ်။ ပြောသာပြောပါပေါ့။နတ်ဆရာကြီးကလည်းအကြိမ်ကြိမ်ငြင်းပါတယ်။မပြောပါရစေနဲ့ပေါ့။လယ်သမားကြီးရဲ့ဇနီး ကလည်းအကြိမ်ကြိမ်တောင်းဆိုပါတယ်(ဟိုသူနဲ့ဟိုသူတို့လိုပေါ့း)။နောက်ဆုံးတော့နတ်ဆရာကြီးလည်းလက်လျှော့သွားပြီး လယ်သမားကြီးရဲ့ဇနီးသည်သိချင်တဲ့လယ်သမားကြီးရဲ့ဘ၀ကိုပြောပြလိုက်ပါတယ်။
“ညည်းယောင်္ကျားကဟိုဘ၀မှာကလေးနှစ်ယောက်တောင်ရနေပြီ၊ညည်းကိုလည်းမသိဘူးပြောနေတယ်”တဲ့း)။ပုံပြင်လေးကတော့ဒါပါပဲရှင်။အင်မတန်ချစ်တဲ့သူကိုတောင်ဟိုဘ၀ရောက်ရင်..မေ့သွားတတ်တဲ့သဘောပါ။
ပုံပြင်အရဆိုရင်တော့အပျိုကြီးဘ၀နဲ့ဟိုဘက်ရောက်သွားရင်ပိုပြီးစန်းပွင့်မယ့်သဘောမှာရှိပါတယ်။း))

ခုတလော..ပို့စ်အသစ်မတင်နိုင်အောင် ဘီးဇီးနေတဲ့အတွက်လည်း..အားလုံးကို.တောင်ပံပါတယ်ရှင်။


အင်မတန် မအားမလပ်ဖြစ်နေတယ်ဆိုတာ ဒီပုံက သက်သေပါး)


မနေ့က(ဆယ့်သုံးရက်နေ့သောကြာနေ့)နိုင်ငံရေးအကျဉ်းသားတွေအများကြီးလွှတ်ပေးတယ်လို့သိရပါ တယ်။သမီးစံလည်း အားလုံးနည်းတူ ၀မ်သာပျော်ရွှင်ရပါတယ်။ဘလော့ဂါ ကိုနေဘုန်းလတ်လည်း ပါတယ် လို့သိရတဲ့အတွက် ထပ်ပြီးပျော်ရပါတယ်။လူကိုတော့ မနေ့ကမှ မြင်ဖူးတာပါ။ ကိုယ်နေတဲ့လမ်းထဲက ဓမ္မာ ရုံ နားမှာနေတယ် ကြားရတော့ တစ်နေ့လောက်သွားဗျူးရင်ကောင်းမလားလို့း)


အစ်မခရစ်စတယ်..အိမ်မှာတွေ့ပြီး..အရမ်းကြိုက်(လွန်း)လို့.“မ”လာပါတယ်။း)
ကိုယ်တိုင်လည်း..ခလေးစီးဖြစ်တဲ့..အမျိုးသမီး rocker တွေပါ။
“ပထမခြေလှမ်း”အမည်ရပါတယ်။
တူတူနားထောင်ရအောင်နော်။

(ပို့စ်ကလည်း ဘယ်လိုမှ justify လုပ်လို့မရပါဘူး။ဒါကြောင့် တစ်စစီကျိုးပဲ့နေတဲ့ 
စာပိုဒ်တွေအတွက် သည်းခံပြီး ဖတ်ပေးစေချင်ပါတယ်ရှင်။)

ချစ်ခင်လေးစားလျှက်..


Saturday, January 7, 2012

တစ်နေ့တာ (Tag)

ဟိုနေ့က..သမီးစံဆီကိုစာတစ်စောင်ရောက်လာပါတယ်။ရေးထားတဲ့စာအရတော့“ရာထူးတိုး.ပရိုမိုးရှင်း” ထင်ပါတယ်။း) 
ဘယ်သူ့ဆီကလည်းကြည့်လိုက်တော့..“စီအိုင်အေ”ကတဲ့။ကြားတော့ကြားဖူးနေပါတယ်။(ဒီနာမည်း)
တလောတုန်းက..ဗိုလ်တစ်ထောင်ဘုရားပွဲမှာ..တာဝန်ယူလုံခြုံရေးသွားတယ်ဆိုလားးး
အခုတလော..ကိုယ့်ရာထူးကလည်း.လှုတ်တုတ်တုတ်ဆိုတော့..အခြေနေကြည့်ဖြေရမယ့်သဘောမှာရှိပါတယ်။
ပို့လိုက်တာက..မေးခွန်းတွေပါ။
ဒီတော့..မေးထားတဲ့မေးခွန်းလေးတွေဖြေကြည့်ပါ့မယ်။

အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
နာရီကို.လှမ်းကြည့်တယ်။ပြီးတော့...တွေးမိတယ်..ဒီနေ့လည်းကျောင်းနောက်ကျပြန်ပြီလို့း)

မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ
မြိန်ရာဟင်းကောင်း၊ခင်ရာဆွေမျိုးဆိုသလိုပါပဲ။မကြိုက်တတ်တာခပ်ရှားရှားဆိုတော့.ကြုံတာနဲ့ပဲစားတတ်ပါတယ်။

လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
(စားတော်)ပဲပြုပ်နဲ့ထမင်းကြော်..(အဆင်ပြေတဲ့နေ့ဆို..ကြက်ဥအုပ်ပါတယ်း)

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ 
ကျောင်းသွားတော့..ကန်တင်းမှာပဲပေါ့၊ကျောင်းပိတ်ရင်တော့..အိမ်မှာပဲစားပါတယ်။ဘယ်နေရာစားစား    အဓိက..ထမင်းဝင်ဖို့ပဲ..မဟုတ်ပါလားရှင် :P

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
ငါးသလောက်ပေါင်း၊ ငြုပ်သီးစိမ်းချက်(ငါးသေတ္တာနဲ့)၊ချဉ်ပေါင်ကြော်၊၀က်စွပ်ပြုတ်း))

အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ 
ကော်ဖီသောက်လေ့မရှိပါ။

ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အိမ်မှာပဲစားပါတယ်။(တစ်ခါတစ်လေ.ဒကာခံမယ့်သူရှိရင်အပြင်မှာပေါ့)

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ
ဒီတစ်ပန်းကန်ကုန်ရင်၊နောက်တစ်ပန်းကန်..ထပ်ယူမယ် :P


အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
ခံစားချက်ကတော့..မျိုးစုံပါပဲ..ခြုံပြောရရင်တော့ပျော်ပါတယ်။ 

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
ထမင်းဝိုင်းဆီ..အရင်သွားပါတယ်။
 

ဒုတိယလုပ်မိတာလေး..
ပြီးရင်..စက်ရှေ့ထိုင်တော့တာပဲ(အနည်းဆုံး.တစ်နာရီး)။ပြီးမှ တခြားအလုပ်လုပ်တယ်။


ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
မသောက်တတ်ပါ။
  ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
(မနေ့ကကျန်တဲ့)ဖတ်လက်စ.စာအုပ်ကိုယူပါတယ်။


အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ
စဉ်းစားတယ် :P
  တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ
အေးချမ်းတိတ်ဆိတ်တဲ့နေရာကိုသွားနေပါတယ်။ (တစ်ခါတစ်လေလည်းဘုရားရိပ်တရားရိပ်ဖြစ်သလိုတစ်ခါတစ်လေလည်းရေကန်ဘေးတို့တံတားပေါ်တို့ဖြစ်နေတတ်ပါတယ်ဝမ်းနည်းမှုအကြီးအသေးပေါ်မူတည်တာပေါ့း)





အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
ကင်မရာ၊ပိုက်ဆံအိတ်၊ပြီးတော့..လွယ်နေကျအိတ်(အပြင်သွားတိုင်းတခုခုမလွယ်ရရင်မနေတတ်လို့း)
  မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ
ချစ်တာတော့..အားလုံးကိုချစ်ပါတယ်။ပိုချစ်ရတဲ့သူဆိုရင်တော့.ကိုယ်ပဲဖြစ်မှာ :P


သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ
မရှိ(သေး)။ :D


အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
အခင်ဆုံးသူရယ်လို့မဟုတ်ပါဘူးမျှမျှ တတပါပဲ။(ရန်ဖြစ်ကုန်မှာစိုးလို့)


ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
နည်းနည်းများတယ်။(တစ်ခုမှကိုမရှိတာ)း))


လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
ကိုယ့်ကို..ချစ်လို့၊ခင်လို့ပေးတာဆိုတော့..အကြိုက်ဆုံးရယ်လို့မရွေးဖြစ်ပါဘူး။(ရွေးပေးလိုက်ရင် ကျန်တဲ့သူတွေငိုကုန်လိမ့်မယ်။ :P)
  ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
ကြုံခဲ့ဖူးတဲ့သူအားလုံးက..တစ်မျိုးစီ..နားလည်ပေးတတ်ကြတဲ့သူတွေချည်းပါပဲ။

 ♠ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ကုက္ကိုင်းမှာရေကူးသင်တန်းတက်ချင်တယ်(မဲနေတဲ့အသား..ပြာသွားမှာလဲစိုးပါတယ်း)


အစ်မပစ်ရေ..ဖြေပေးလိုက်ပါပြီနော်အစ်မ။အေးဂျင့်ရာထူး..တိုးပေးတော့နော်။


တစ်ခါတစ်လေအပေါ်ကနေ..စီးကြည့်ကြည့်တား))


ကိုယ်တိုင်တက်စာ..စားပြီးတော့.. အိမ်နီးနားချင်းတွေကိုလည်း..ကျွေးချင်သေးပါတယ်။(ဟဲဟဲ)
ပျော်ပျော်ပါးပါးလေးမို့ရေးပေးစေချင်ပါတယ်ရှင်။မြိုင်မြိုင်ဆိုင်ဆိုင်၊ချစ်ချစ်ခင်ခင်လေးဆိုတော့ တက်ပို့စ် ပိုင်ရှင်လည်း..ပျော်သွားတာပေါ့။.း)) 
အစ်မမယ်သံ၊အစ်မဗေဒါ  အစ်မရို့စ် (ကျမဘ၀၏အမှတ်တရနေရာလေးတစ်ခု)
 တဂ်၏။
ကျွဲရောင်းလာသူ..မိတ်သဟာအပေါင်း..စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေရှင်။




ချစ်ခင်လေးစားလျှက်...




Thursday, January 5, 2012

မွေးနေ့မင်္ဂလာ

သားသမီးများများနဲ့စည်းစည်းလုံးလုံးနေရတာကို..သဘောကျနှစ်ခြိုက်သူနဲ့အကြောင်းပါခဲ့ပြီး ခလေးမချစ်တတ်ပေမယ့်..တစ်ဒါဇင်ထိအောင်..မွေးပြီး.တညင်သူပီပီ“ရှင်မွေးလွန်း”ဘွဲ့ကို.အလိုလိုပိုင်ဆိုင်ခဲ့တဲ့  အမေ...း)
(အဖေ့ရဲ့)အစိုးရလစာ..မလောက်မငလေးနဲ့..စလယ်ဝင်အိုးကနေ..ရာဝင်အိုးထိအောင်.(ကြီးလာတဲ့ စားအိုး အတွက်).ခြိုးခြံချွေတာ..လောက်င အောင်နေပြီး.(မောင်တစ်ထမ်း၊ မယ်တစ်ရွက်နဲ့) အိမ်ရှင်မကောင်းပီသ ခဲ့တဲ့အမေ...
ကျောင်းဖွင့်ချိန်ဆို(တိတ်တိတ်လေး)သက်ပြင်းချနေရပေမယ့် ကျောင်းအပ်အတိုင်း(အမြဲတမ်း) တစ် ယောက် ခ.လျှော့လျှော့ယူတတ်တဲ့ကျောင်းအုပ်ဆရာမကြီးရဲ့ဂရုဏာကြောင့်(တစ်ယောက်ခသက်သာလဲမနည်းဘူးဖြေသိမ့်တွေးရင်း)အသက်ရှုချောင်တတ်ခဲ့တဲ့အမေ...
သားသမီးအလွန်ချစ်တဲ့..မိဘတွေဆီ..ကံကောင်းထောက်မစွာ.ရေစက်ဆုံ.ရောက်လာခဲ့ပေမယ့်.နှစ်ဆယ့် နှနှစ်အရွယ်နဲ့(တမလွန်ဘုံကို)ခွဲခွာသွားရှာတဲ့အစ်ကိုအကြီးဆုံးအတွက်နှလုံးရောဂါရတဲ့အထိ.ခံစားခဲ့ရရှာတဲ့အမေ...

(ဒီဓာတ်ပုံထဲမှာ..သမံစီးပါတယ်..ဘယ်နားမှာလဲ?သဲလွန်စက.သီလရှင်တွေထဲမှာပါး)
သားသမီးတွေ..အချိန်တန်..အရွယ်ရောက်တော့မှ..အလှူရေစက်..လက်နဲ့မကွာလှူရင်းတန်းရင် (အေးအေးဆေးဆေးနဲ့)ဘ၀နေ၀င်ချိန်..ရင်ဆိုင်တော့မယ်ဆိုမှ(သားကြီးလိုပဲ).ခွဲခွာသွားတဲ့  ခင်ပွန်းအတွက်.ထပ်ပြီး..၀မ်းနည်းခဲ့ရပြန်တဲ့..အမေ
သားသမီးတွေက.နာမည်ဘယ်လိုခေါ်လည်း..ဘယ်သူပြီးရင်..ဘယ်သူလဲ(သူများတွေက)မေးရင်..(ခုချိန်ထိ) ကိုယ်တိုင်ပေးခဲ့တဲ့နာမည်တွေကိုတောင်စဉ်းစားရင်းဖြေနေရအောင်..မေ့တတ်လာတဲ့..အမေး)


ဒီနေ့မှာ..(လွတ်လပ်ရေးနေ့နဲ့အတူ)..အမေ့ရဲ့မွေးနေ့“ခြောက်ဆယ့်လေးနှစ်”မြောက်ခဲ့ပါပြီ။
လောကဓံရဲ့..ကောင်းတစ်မျိုး၊ဆိုးတစ်မျိုးပေးချင်သလိုပေးနေတဲ့လက်ဆောင်တွေလည်း အမေရခဲ့ပြီးပြီနော်။


သားသမီးဆယ်ယောက်ကို..မိဘနှစ်ပါးက..“၀”အောင်လုပ်ကျွေးနိုင်ပေမယ့်..သားသမီးဆယ်ယောက်က မိဘတစ်ယောက်ကိုတောင်..“၀”အောင်လုပ်မကျွေးနိုင်ဘူးဆိုတဲ့အတိုင်း...
ဒီနှစ်မွေးနေ့ရောက်လာတဲ့တိုင်အောင်အမေဖြစ်ချင်တဲ့ဆန္ဒတွေကို..မဖြည့်ဆည်းပေးနိုင်ကြသေးပါဘူး။

ဒီ့အတွက်လည်း..ခွင့်လွှတ်ပါ..မာမီမားသားမေမေ။သမံစီးဘွဲ့ရပြီးရင်..ဒီလိုမဖြစ်စေရတော့ပါဘူး :P
(ပြောတာပဲ..ပြောတာပဲး)


မနက်လေးနာရီထိုး.(အမေမွေးတဲ့အချိန်ပါပဲ) အစောကြီး..အဝေးကနေမွေးနေ့ဆုတောင်းပေးတဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ကို.. ဘယ်လောက်သိတတ်ကြောင်း.. လူလာတိုင်း.. ပြော ပြော နေ လို့ အမေ့ကြည့်ပြီး..ပြုံးရပါသေးတယ်း)


ဒီနှစ်အမေ့မွေးနေ့မှ.အစ်ကိုနှစ်ယောက်နဲ့..အစ်မနှစ်ယောက်..မလာနိုင်ကြပါဘူး။
(ခွင့်ပြုမချက်မရလို့..မွေးနေ့လာတဲ့အစ်ကို၊အစ်မပုံတွေ.မတင်တော့ဘူးနော်း)


အဒေါ်နဲ့တူမပေမယ့်..ညီအစ်မအတိုင်းပါပဲး)
(အဘွားက..ရှစ်ဆယ့်ငါးနှစ်ရှိပါပြီ)


ကြီးသူရိုသေ၊ရွယ်တူလေးစား၊ငယ်သူသနားရင်း..“ဂါရ၀”တရား..ရှေ့ထားလို့..


မွေးနေ့ပွဲကို..တက်ရောက်ချီးမြှင့်ပေးကြတဲ့သူတွေကိုလည်း
နောင်နှစ်တွေမှာလဲဒီ့ထက်မက..ကျွေးချင်ပါသေးတယ်..တဲ့
(ဒီလိုကျွေးမွေးနိုင်ဖို့ကလည်း...သားတို့သမီးတို့..လိမ္မာရေးခြားရှိတဲ့အပေါ်..မူတည်ပါသတဲ့ရှင်း)


အုန်းနို့မတည့်သူများအတွက်..ထမင်းနှင့်..တွဲဖက်စားသုံးနိုင်ရန်း)
(ကိုယ်က..တည့်လဲတည့်တယ်..မတည့်လဲမတည့်ဘူးဆိုတော့..နှစ်မျိုးစလုံးတွယ်ပါတယ်)

အမေ့ရဲ့..ဒီကနေ့ကျရောက်တဲ့မွေးနေ့မှသည်..
နောင်နှစ်ပေါင်းများစွာတိုင်
အသက်ရှည်ကာ..အနာမဲ့ပြီး
စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့
တရားဘာဝနာ..များများအားထုတ်နိုင်ပါစေ။
ဒီသား၊ဒီသမီးတွေနဲ့လည်း
ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာကို
အမြဲဖြတ်သန်း..ကုန်ဆုံးနိုင်ပါစေ။
သမီစံလေးကိုလည်း..တစ်နှစ်ထက်တစ်နှစ်
မုန့်ဖိုးများများပေးနိုင်ပါစေ လို့........း)
ဆုတောင်းပေးပါရစေ..မာတာမိခင်။ 

“မွေးနေ့မှစ..နှစ်တစ်ရာတိုင်ပါစေ”

လေးရက်နေ့ည..ဆယ့်နှစ်နာရီမှ..ရေးဖြစ်တာမို့..အမေ့မွေးနေ့..ငါးရက်နေ့ကိုကူးသွားပါတယ်။
(အာလူးကောက်ပြိုင်ရင်း၊ဇကောပါ..၀င်ရွက်ခဲ့တာမို့..ပို့စ်တင်ဖို့နောက်ကျသွားတာပါး)

ဆက်လက်ပြီး..အကျိုးမျှော်ကာ..နှိုးဆော်တိုက်တွန်းပါရစေရှင်..

ဟိုတစ်နေ့က..တင်ခဲ့ဖူးတဲ့..အုန်းခနဲမြည်  သတင်းတိုလေးရဲ့နောက်ဆက်တွဲပါ။
မင်္ဂလာတောင်ညွှန့်မြို့နယ်က..မီးဘေးကျရောက်သူတွေအတွက်..သဒ္ဒါဓာတ်အား၊နည်းများမဆို
တစ်တပ်၊တစ်အားပါဝင်လှူဒါန်းနိုင်ပါတယ်..ဆိုတဲ့အကြောင်းဖြစ်ပါတယ်။
ပါဝင်လှူဒါန်းလိုသူများ..ဒီနေရာမှာ..ဆက်သွယ်စုံစမ်း..မေးမြန်း၊လှူဒါန်းနိုင်ကြပါတယ်။




ချစ်ခင်လေးစားလျှက်...