Wednesday, May 30, 2012

ကြောင်ခြစ်


ငယ်တုန်းက အမှားလုပ်ပြီးရင် အမေရိုက်မှာ အဖေရိုက်မှာ အစ်ကိုတွေ၊အစ်မတွေရိုက်မှာ စိုးရိမ်တတ်သော စိတ်သည် သူ့အလိုလိုတတ်လာသော စိတ်ဖြစ်သည်။ ကြောက် စိတ်တစ်ချို့ဖြင့် (အချို့လူများက) ဘ၀အစပြုသည်။
ဟိုလည်းမမြည်၊ဒီလည်းမရောက်အရွယ်ရောက်လာသော် မှားတော့မှားကြည့်လိုက်မယ်။ မှန်သွားတော့ လည်း အမြတ် မမှန်သွားတော့လည်း အရိုက်ခံရုံ/အဆူခံရုံဟု မြင်တတ်လာကာ လုပ်ချင်တာလုပ်ရရင် ပျော် မွေ့ နေတတ် သော စိတ်ဖြင့်နေရသည်ကိုအချို့လူများက ပျော်စရာဟုထင်လာသည်။
 
ရှိသေးသည်..
ကိုယ်ထင်ရင်ကုတင်ရွှေနန်း၊မှားသည်မှန်သည်တိုင်ပင်စရာမလို။လျှောက်သင့်တယ်ထင်ရင် ရဲရဲဝံ့ဝံ့ လျှောက် ရမည်ဟု (ခပ်တည်တည်)သဘောပိုက်ကာ … ခလုတ်ထိမှအမိတကြရင်းဖြင့် ကယ်ပါ၊ယူပါ တစ်စာ စာနေ သူများပင်...။
 
လူ့ဘ၀ဟူသည်… မွေးလာကတည်းက ငိုချင်းနှင့်“စ”ကာ သေသော်လည်း ငိုချင်းနှင့် ဆုံး တတ် သော(ထိုနှစ်ခုကြားတွင် ထားတတ်လျှင်အမှတ်တရပေါင်းများစွာကျန်ခဲ့တတ်သည်မှအပ) ထူးမခြား နား ဘ၀ တစ်ခုသာဖြစ်သည်။

တစ်ချို့တွေက ထိုဘ၀တွင် ပျော်ရွှင်ခြင်းဖြင့်ရှင်သန်သည်။တစ်ချို့တွေက ငိုကြွေးခြင်းဖြင့်ရှင်သန်သည်။ တစ်ချို့ တွေက အချစ်ဖြင့်ရှင်သန်သည်။တစ်ချို့တွေက အမုန်းဖြင့်ရှင်သန်သည်။ တစ်ချို့တွေက အရာ အား လုံးလျစ်လျူရှုခြင်းဖြင့် ရှင်သန်ကြသည်။အချို့အချို့တွေကပြောမပြတတ်အောင်များပြားသော နည်း မျိုးစုံ ဖြင့်ရှင်သန် ကြသည်။
 
အရေအတွက် တော်တော်များများသည်..“ငါဆိုတာ ဘာမှမရှိ အရာအားလုံးသည် အနိစ္စ၊ဒုက္ခ၊အနတ္တ” ဟုပြော နေ တတ် ကြ သော် လည်း အတွင်းစိတ်ထဲ တွင်ငါမှငါကာ “ငါမရှိ လျှင် ဘာမှမဖြစ်နိုင်၊ငါမရှိမှ ငါ့အကြောင်း ကောင်းကောင်း သိကြလိမ့်မယ်” ဟူကာ ငါဠီကာ ချဲ့ရင်းမပြီးနိုင်သောအတ္တများကို လောင်စာ အဖြစ်သုံးကာ စိတ် အ မှောင်ထုထဲတွင်မြုပ်မှန်းမသိ..မြုပ်နေသောဘ၀ကို အဟုတ်ထင်နေသည်။
 
လူ့ဘ၀သည် တိုသာတို၏။အတ္တ၊မာန်၊မာနများကား မဆုံးနိုင်သော သံသရာထက်ပင် ရှည်နေသေးသည်။ အလှူတစ်ခုပြုလုပ်မိတိုင်း အတ္တ၊မာနများ ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သို့ လူ့ဘ၀တိုတိုဖြင့် ရလို၊ ရောက်လိုပါ စေကြောင်း ဆုတောင်းတတ်ကြသေးသည်။နိဗ္ဗာန်ရလို၍ လှူဒါန်းသည်ကလည်း ရယူလိုခြင်း အတ္တ ပင် မဟုတ်ပါလော..။“သွားမလားနိဗ္ဗာန် မနက်ဖြန်သေရမယ်”ဟု အပေးအယူပြုကြည့်ပါလျှင် မဖြတ်နိုင်သော သံယောဇဉ်များ အကြောင်းပြုသည်က တစ်မျိုး၊(မယုံသင်္ကာတတ်သူမှ)သေပြီးတာနဲ့ ချက်ချင်းရမယ် ဆိုတာ ကောဟုတ်ပမလားတစ်ဖုံ...အကြောင်းအမျိုးမျိုးပြရင်းငြင်းဆန်ကြမှာမြင်ယောင်မိသေးသည်။တစ်ကောင်ကြွက်၊တစ်မျက်နှာဟု  အများက သတ်မှတ်ထားသူ ရှေ့ကြည့်ကျောကုန်း နောက်ကြည့်ရင် ဘတ် သမား များပင် အကြောင်းပြချက်နှင့်ဖြစ်သည်။

သြော်…ဘာတွေများစိတ်ညစ်နေမည်လည်း၊“ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာကြီးပါ”။ ပျော်ပျော် နေ လိုက်ပါ။ ဘာမှမတွေးပါနဲ့။နေသာသလို နေပါ ပြောနေ တတ် သူများ ရှိနေပါသော်လည်း ထိုသူများ ကိုယ် တိုင် အားပေးခံရသူထက် ထက်ပိုသော အပူကိစ္စ များနှင့်ရှင်သန်နေသူများဖြစ် နေတတ်သေးသည်။ သို့သော် မိမိခံစား ချက်ကို ပစ် ပယ် ကာ တစ်ပါးသူအား အေးချမ်း စေလိုသောစိတ် “ထားနိုင်”နေသည်မှာ မြင့်မြတ် ကောင်း မွန်သော စိတ် ထား တစ် ခု ပင် မဟုတ် ပါလော…။ထိုထိုသောစိတ်ထားများ လူတိုင်း၊ လူ တိုင်းတွင် (အများကြီး မဟုတ်မိသော်လည်း) နည်း နည်းစီ မွေးမြူထားနိုင်ပါက (အလေးခံကာ) ထမ်း ထား ရ သော မြေကြီးသည်ပင် (ခံစားတတ်သူဖြစ်လျှင်) “ထမ်းရကျိုးနပ်သည်” သဘောပိုက်နိုင်မည်။ 

တစ်ခါတစ်ရံ..ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်ကာ ဆင်တစ်ကောင်လုံးနှင့်နေသူများရှိသည်။ သုံးကောင်း တိုင်းသာ သုံးနေကြသည်။တစ်နေ့နေ့ တစ် ချိန်ချိန် မိမိအသက်အန္တရာယ်ကိုပင် အနှောင့် အ ယှက်ပြု လာ နိုင်သောထို “အင်္ဂါနံ” အကြောင်း ကိုမူသူတို့မသိ..။


မည်သို့ပင်ဆိုစေကာမူ.. အရာအားလုံးသည် မဆုံးနိုင်သော ခရီးရှည်တစ်ခုတွင် ခေတ္တတွေ့ဆုံရသော မမြဲခြင်းဘူတာရုံတွေမျှသာဖြစ်သည်။(နားမလည်နိုင်ခြင်း၊သည်းမခံနိုင်ခြင်း၊ မစောင့်ဆည်းနိုင်ခြင်းတို့သည် ဘူတာ ရုံ အမှိုက်ပုံးထဲတွင်ရှိ၏။)

ကြောင်တောင်တောင်၊ပြားကိုးဆယ်ခြစ်ထားသောစာမျှသာ...။
☺☺☺☺☺☺☺☺☺

တစ်လလုံးလုံး ပျက်ရက်တွေများထားတော့ လစာလဲ မထုတ်ရဲတော့ပါဘူး ...း))


ချစ်ခင်လေးစားလျှက်
သမီးစံ



Thursday, May 24, 2012

Candle Case

(ဘာရယ်ဟုတ်ပါဘူး..။ဒီပုံလေး ကြိုက်တယ်ဆိုလို့ ထပ်တင်ပေးလိုက်တား)

ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် စာရေးမလို့ပါဘဲ..။ မရေးဖြစ်တဲ့အကြောင်းကို...ဟိုကြောင့်၊ဒီကြောင့် အကြောင်းပြချက်တွေ မပေးတော့ ပါဘူး။ကိုယ်တိုင် အားမထုတ်ဖြစ်တာလည်းပါပါတယ်။တောင်းရော ဇကောပါ ပန်ပါတယ်။လွှတ်ချင်ရာ လွှတ်ကြပါ :D။

ဒီကနေ့မှာ လူကြီးမင်းတစ်ယောက်က ကိုယ့်ဘ၀အစကို မှတ်မိစေပါတယ်။“သတင်းထောက်” တဲ့း)။ မှန်ပါတယ်။ သတင်းထောက်ရင်း ဒီလောကထဲ ရောက်လာတဲ့ ကိုယ့်ဘ၀ ကိုယ်မေ့နေတာအပြစ်ပါ။ ဘကြီးအောင် ကို ကျေးဇူးတင်ပါတယ်။သူပြောလို့ ခန်းမနားကို(သွားပြီး) စနည်းနာဖြစ်တာပါး)။ပထမနေ့ ကလည်း သွားပါတယ်။ကိုက်နှစ်ရာလောက်အကွာတင်.. ပြန်လှည့်လာခဲ့တာပါ။( သတ္တိမရှိဘူးလေ...း))

မြို့လယ်ခေါင်ရဲ့ တစ်ဖက်တစ်ခြမ်းမှာ ဈေးဝယ်သူ၊ အိမ်ပြန်သူ၊ဘတ်(စ်)ကားစောင့်သူတွေနဲ့ ပုံမှန် စည်ကား သွားလာနေကြသလို..နောက်တစ်ခြမ်းမှာတော့ ယုံကြည်ချက်ကြောင့် ဖယောင်းတိုင်မီးထွန်းရင်း အသံတိတ် ဆန္ဒဖော်ထုတ်နေသူတွေနဲ့ ပြည့်ကြပ်နေပါတယ်။မြင်ကွင်းတစ်ခုက နေ့စဉ်မြင်တွေ့နေကျ  မြင်ကွင်းဖြစ်နေတာ မို့သမရိုးကျမဟုတ်တဲ့ နောက်ထပ်မြင်ကွင်းတစ်ခုဆီကို စနည်းနာဖို့ (တောင်ကြည့်၊မြောက်ကြည့်ရင်း) သွားခဲ့ ပါတယ်။(ဘယ်သူ့မှ ဘာမှမလုပ်ဘူး အသံကြားလို့) လမ်းလျှောက်ရင်းပါ။

ဟိုရောက်တော့ ကိုယ်ကလည်း တဖျတ်ဖျတ် သူကလည်းတဖျတ်ဖျတ်နဲ့ ဖယောင်းတိုင်မထွန်းခင် လင်း ထိန် နေပါတယ်။ကိုယ့်ဆန္ဒကိုယ် ငြိမ်းချမ်းစွာ ဖော်ထုတ်ကြတယ်ဆိုတဲ့ပွဲကို သွားကြည့်ဖူးတာ ဒါပထမ ဆုံးပါ။ ဒါတောင် သွားကြည့်ရုံသက်သက်ပါဘဲး)။သွားကြည့်တဲ့ထဲ ဖယောင်းတိုင် ကိုင်သူတွေကနည်းနည်း (ကိုယ်အပါအ၀င်) ဘေးကရပ်ကြည့်နေသူတွေက များများပါ။

အတော်စည်ကားပါတယ်။

ရေးတာတော့ရေးပါ။သူများဆိုင် ပျက်စီးရအောင်တော့..


ဒီနေ့..ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ကြတယ်ဆိုတာ..ဒီလိုပါ။တစ်စုံတစ်ဦးက သူ့ရင်ထဲမှာရှိတဲ့၊ သူပြောချင်တဲ့ စကားကို သာမာန်ထက် နည်းနည်းခပ်ကျယ်ကျယ် ပြောလိုက်ရင် သူ့နားကို သတင်းထောက်တွေကော လူတွေအား လုံးပါ ရောက်လာကြပါတယ်။ပြောချင်တာပြောပြီးရင် သတင်းထောက်တွေက သူတို့သိချင်တာ နည်း နည်းပြန်မေးပေါ့။ ပြီးရင် အားလုံးက လက်ခုပ်ဝိုင်းတီးကြပါတယ် ။ဒါပါဘဲး)။

တစ်ယောက်ယောက်က “ဟိုနေရာမှာဟေ့”ဆို..အပြေးအလွှားသွားကြ၊ ဒီနေရာဟေ့ဆို အပြေး အလွှာ ပြန်လာလိုက်ကြနဲ့တတ်ကြွနေကြပုံများ...း)

“လုံထိန်း”တွေလား..? ရှိပါတယ်။ ကားလမ်းရှင်းပေးနေကြတာ။ သူတို့အချင်းချင်းတော့“ ကြားလား ကြားလား ကြားရင်အကြောင်းပြန်၊ ခြေနေဘယ်လိုရှိလဲ”... ဒါလောက်ပါဘဲ။(အဟမ်း..)

တစ်ယောက်ယောက်က ပြောလိုက်ရင် အဲသလို ၀ိုင်းအုံးသွားကြတာ..

ဒါက..နောက်တစ်ဦး..အနားရောက်တော့ အံ့သြရပါတယ်။ဘယ်သူတွေလို့ထင်ပါသလဲ?

စိတ်ဝင်စားနေတဲ့လူအုပ်ကြီး..


မီးမလာ.၊ရေမရလို့ မြို့ပေါ်တက်လာတဲ့ တောင်သူဦးကြီးများပါ။“တစ်ချို့တွေက ကိုယ်တိုင်ခက်ခဲနေလည်း မပြောရဲကြဘူး။ကျုပ်တို့ကတော့ ကိုယ့်အခက်ခဲကိုယ်ပွင့်ပွင့်လင်းလင်းပြောရမှာဘဲ ခင်ဗျားတို့ရိုက်ချင်လည်း ရိုက်သွားကြ..မျက်နှာပါ ပါအောင်ရိုက်ကြ”တဲ့..။


ပုံတွေထပ်ကုန်ရင် ဆောတီးပါ။မထပ်ဘူးလို့တော့ ထင်တာပါဘဲး)

မျက်နှာကြီးပေါ်လာလို့ ဖမ်းအုပ်ရပါသေးတယ်။
(တစ်ခါ မန္တလေးမစိုးရိမ်ကျောင်းတိုက်ကြီး ရေကြီးတော့ အဲလိုလေးတွေ အုပ်ထားတာတွေ့မိလို့ သဘောကျသွားတာ။ကျေးဇူးပါအစ်မ...း)

လူများပြီး ပွဲစည်တား)

အသွားတုန်းက ရိုက်တာပါ။ တင်လိုက်တော့ အောက်ဆုံးရောက်သွားတယ်


“အစ်မ ... ပါလား”
“ဟင့်အင်း..မပါဘူးညီမ..အစ်မတို့က..ကြည့်ရုံဘဲလာတာ”း)






တစ်ဖက်ကလည်း ရှိတုန်းကတော့ ပိုလျှံနေတယ်ပြောပြီး..မရှိတော့မှ ပြည်သူပေးတဲ့ပြစ်ဒဏ် ခံယူ မယ်ပြောပါ တယ်။ရှိခဲ့တုန်းကရော (အခု) မရှိလာတဲ့ အခြေနေထိအောင်...အကျိုးဆက်ချင်း၊ခံစားရတာချင်း တူနေပေမယ့် အပြစ်မ ဆိုသာ ...း)

တစ်ဖက်ကလည်း နှစ်ပေါင်းဆယ်စုနှစ်ကျော်(မတတ်သာလို့) မသိချင်ယောင်ဆောင်၊ ဘာသိ ဘာသာ နေခဲ့ ရသမျှ ခံစားချက်တွေ ထုတ်ဖော်ကြတာ..။သူတို့ လိုချင်တာလေးတွေ (တကယ်)လိုအပ်နေတာတွေကိုပါ။ ဒါကြောင့်မို့ အပြစ်မတင်ရက်..း)


တစ်ယောက်နဲ့တစ်ယောက်  (ပြည်သူ ထဲက ပြည်သူ ချင်း ချင်းတွေဘဲမို့) ကူညီနားလည် ဖေးမမှုတွေနဲ့ တစ်ဦး လိုအပ်ချက်ကို တစ်ဦး (တတ်နိုင် သလောက်)ဖြည့် ဆည်းပေးစေချင်ပါတယ်။ညှိညှိနှိုင်းနှိုင်းလေး လုပ်ကြပါ။ ဓာတ်ဆီ၊ဒီဇယ်ဖိုး မတတ်နိုင်တော့လို့ပါ။း)



ချစ်ခင်လေးစားလျှက်

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes