ဒီနေ့အတွက်
ဝါလကင်းလွတ်တဲ့ မြန်မာတို့ရဲ့ သတင်းကျွတ်လ အခါသမကိုရောက်ခဲ့ပြန်ပြီဖြစ်ပါတယ်။ထုံးစံအတိုင်းပါဘဲ အပျံသင်ဖို့ ငှက်မောင်နှံတွေ အားယူနေကြတဲ့အချိန်ဆိုပါတော့..။ သူတို့ဘာသာ အပျံသင်ကြ ရင်း နောက် ကလိုက်ရတဲ့ အရင်းအနှီးကလည်း တယ်..မသေးလှပါဘူး။ဒီနှစ်အတွက်တော့ အမျိုးထဲက စုံတွဲ သုံးတွဲ ကံစမ်းမဲပေါက်ပါတယ်။ကိုယ့်အတွက်တော့“ညည်း..မင်္ဂလာဆောင်ရင် ရေခဲသေတ္တာတင်မဟုတ်ဘူး တီဗွီ တစ်စုံပါ အဆစ်ထည့်ပေးမယ်..” ဆိုပြီး အားပေး အားမြှောက် ပြုနေသူများ ရှိလာတာကြောင့် ကိုယ် တိုင် ပရိုမိုးရှင်း လုပ်ဖို့ ကြိုးစားကြည့်ပါမယ်း)။
သတိထားမိသလောက်တော့ မင်္ဂလာဆောင်ကြမယ့် စုံတွဲလေးတွေက တစ်နှစ်ထက်တစ်နှစ် အသက် ကလေးတွေ ငယ်..ငယ် လာကြသလားလို့ပါ။ဖြစ်ချင်တာ၊လုပ်ချင်တာလေးတွေ လုပ်နိုင်သေးတဲ့ အရွယ် အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်နေနိုင်သေးတဲ့အရွယ်မှာ ဖြတ်လတ် တတ်ကြွနေ ရမယ့် အစား အချစ်ကိုဦးစားပေးနေကြတာ စိတ်မကောင်းတော့ဖြစ်မိပါတယ်။ အိပ်ကပ်ထဲက ဘားချက်ကိုပါ ထိခိုက်လာတဲ့အတွက် ပိုပြီးဝမ်းနည်းရပါတယ်း)။သူတို့လေးတွေကဘဲ ခေတ်ရှေ့ပြေးနေကြတာလား၊ ကိုယ်တိုင်ကဘဲ ခေတ်နောက်ကျနေတာလား သမီးစံ တွေးမတတ်တော့ပါဘူး။ တွေးမတတ်တတ်တော့လို့ မတွေးဘဲထားရင် ခေတ်နောက်ကျရုံတင်မ…