Thursday, August 26, 2021

ညှော်လိုက်ကြစို့ ..

ဟိုးအရင် ပဝေသနီက ငရုတ်သီးနှမ်းကပ်ကြော်ပါ။ 
ဘလော့လည်းမဖွင့်တာကြာလို့ ပြန်တင်ဖြစ်တာ..
(အခုအခြေအနေမှာတော့ တစ်ခါတစ်လေ စိတ်နဲ့လူတောင် ကပ်ချင်မှ ကပ်တော့တာ )
ငရုတ်သီးကြော်နံ့ကို တစ်အိမ်လုံးအညှော်ခံကြရင်း
နောက်ဆုံး အချောသတ်မှာ ကောင်းကောင်းမွန်မွန်ဖြစ်လာတော့ အညှော်ခံရကြိုး နပ်သည်ပေါ့..။
အဲ့ဒီ့တစ်ကြိမ်ပါပဲ။
နောက်တော့ ကြော်မစားဖြစ်တော့ဘူး။
နည်းက ဖေ့ဘုတ်က ရှာတာ
အညှော်ခံရင်း  ရှုစားကြပါကုန် .. 😄


ပထမဆုံး ငရုတ်သီး လှလှတွေကို ထပ်ခြမ်းခွဲ အစေ့ထုတ်လိုက်ပါတယ်။ (ပူလည်းပူ မွှန်လည်းမွှန်နဲ့ပဲ )
နောက်တော့ ဆားရယ် ၊ ရေရယ်နဲ့ တစ်ရေပြုတ် - သွန်
ငရုတ်သီးတွေကို အဝတ်ခြောက်နဲ့သုတ်ပြီး နေခဏပြပါတယ်။
ဇလုံတစ်ခုထဲကို အကြော်မှုန့်တစ်ထုပ် (250 g) ၊ နှမ်း၊ 
ရေနည်းနည်း၊ ဆား၊ ငရုတ်သီးထပ်ခြမ်းခွဲတွေထည့်နယ်
မီးအသင့်အတင့်နဲ့ နှစ်ခါပြန်ကြော်လိုက်ပါတယ်။
မြေပဲကတော့ ပွင့်ဖြူ မြေပဲဆားလှော် ဖောက်ထည့်လိုက်တယ်။

အကြော်ဆိုမှ 
တိုင်းရင်းဆေးဆရာကြီးဦးရန်အောင်ရဲ့ အမေးအဖြေကဏ္ဍတွေမှာ 
မှာလေ့ရှိတာ တစ်ခု မှတ်သားဖူးပါတယ်။
ဝမ်းတစ်လုံးကောင်း ခေါင်းမခဲချင်ရင်
ဆီကြော်တွေေ၊ အကင်တွေေ၊ မာလာရှမ်းကော အပါအဝင်  
ပူတာ၊စပ်တာတွေကို အမြဲမစားပဲ လျှော့ပါတဲ့။
ထမင်းစားရင် ညပ်ညပ်ဝါး ကြာကြာဝါး 
ဝမ်းကိုချောင်ချောင်ထားပါတဲ့။


ချစ်ခင်လျှက်
သမီးစံ
၂၆၈၂၀၂၁