Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Thursday, December 8, 2011

ရှာတွေ့မိသမျှ..

မှတ်ထားဖို့ကောင်းတယ်နော်..i use your toothbrush တဲ့း)

ဟယ်တော်...အလှလေးပါလားးP
(ခုလို..ဆလွယ်လေး..ရတဲ့အတွက်..အတိုင်းမသိ.၀မ်းသာမိကြောင်းပါဗျာ..အဲလေ..ရှင်တဲ့..း)

မတနားတော့ဘူးနဲ့တူရဲ့............

အိုးးးးးးးးးးးးးးးးးးးးးးးးးး..သွားပါပီ...
(အေချမ်းမေတော့..ဖြစ်ပြီ..)

အားကိုးလိုက်စမ်းဘာနော်...ယုံယုံကြည်ကြည်နဲ့....း)

အားကျလောက်အောင်..၀ိုင်းဝိုင်းလည်နေပါသည်..ဆိုသူများအတွက်း)

ဆော့တတ်ရင်..နေရာမရှားဘူးဆိုတာ..ဒီပုံက..သက်သေပါ။

စွံဖို့ရာ..အကြံထုတ်နေကြကုန်သော..ဘလော့ဂါ..အစ်ကို၊မောင်လေးများအတွက်ပါ။း)
(အောင်သွယ်တော်..အေဂျင်စီမှ.ခလစ်စမတ်...လက်ဆောင်)

“၀ါသနာကို..အရင်းခံလို့..စီးပွားရှာ”  ..နေတာ..
(သူ့ကြည့်ရတာတော့.ဓားတွေကို.ထုတ်လိုက်.သွင်းလိုက်..လုပ်နေပုံရပါတယ်.အသည်းယားစရာနော်)

ဝါ၀ါမြင်တိုင်း..ရွှေမထင်ကြပါနဲ့လေ.........


ပေါ်တော့မယ်..ခဏလေး..ခဏလေး..း)

အဆင့်မြင့်တယ်နော်..သူများတွေများ..မွေးကတည်းက.ဂီတနဲ့မွေးလာတား)

ဘလော့ဂါတွေလည်း..အဲ့တိုင်းပဲလား..မတိဘူးနော် ..း))


“သူနဲ့.တွေ့တိုင်း.မျက်ရည်ဝိုင်း.ရက်စက်နိုင်တယ်.ကြက်သွန်နီရယ်..”း)

ကိုရီးယားကားတွေ.ဒလောက်တောင်..ခရီးပေါက်ကုန်ပြီနော်းD

တိုက်ဆိုင်မှုတွေရှိရင်..၀န်ခံလိုက်ပါ..ပိတ်သတ်ကြီးရှင်..အခွန်မဆောင်ရပါဘူး...

သိုင်းလောက..ဥသျှောင်နှစ်ဦးရဲ့..ရပ်လျှင်မှန်.သိုင်းကွက်နဲ့..ရှောင်လျှင်ထိ.သိုင်းကွက်

ခပ်မိုက်မိုက်ပဲနော်...“စိုက်ကြည့်ရင်..အလိုက်သိ..”..ဒါပဲ..(အာလူးမှုတ်ဘူး)

အကုန်အကျ..အလွန်နည်းတဲ့..ဆေးဆိုးနည်းပါ။ဝါသနာပါသူများ..လေ့လာနိုင်ပါကြောင်း...

ကြည့်ထားပါနော်..ထပ်မပြောတော့ဘူး..မောတယ်တဲ့..(ဆိုးသူပဲနော်..)

တော်တော်ဖောင်းနေပုံရတယ်နော်..ပိတ်သတ်ကြီး..
(ငြိမ်ငြိမ်လေးကြည့်ပေးပါ။း)


ကဲ့...ငါ့သား..မင်းဘာကိုရွေးမလဲ ?
(အရမ်းသွားရလွယ်တဲ့..တစ်လမ်းတော့တွေ့တယ်အဖေ..) 

ပညာရေးဆိုသည်မှာ...

သြော်.....ဂလောက်တောင်ပဲလားကွယ်...း)

အ၀တ်လှမ်းတာမှုတ်ဘူးနော်...မီးဖိုချောင်ကိုလှမ်းတာ..
စိတ်ဝင်စားရင်.လက်တွေ့လုပ်ကြည့်လို့ရပါတယ်း)

face book ကြီးသာ..မရှိတော့ရင်..

မအေတူသမီးမဟုတ်..သမီးတူမအေဖြစ်ပါတယ်ရှန်း)


ဒီလိုပုံညှပ်ချင်ရင်..အပြေးသာလှမ်းခဲ့ပါနော်။(သမီးစံတို့က.ဆံပင်သာကုန်သွားမယ်..ပညာမကုန်ဘူး...း)

ဟေ့....ဟေ့...ဒီမှာ..း) 

ထိန်းနိုင်သေးဘူးဟေ့..အဲ့တိုင်းခဏနေအုံးး)

ဟိဟိ..

 face book ထဲက တွေ့တာလေးနဲ့..ဟိုဟိုဒီဒီရှာထားတာလေး.
နှစ်ခုပေါင်းပြီး..ရောသမ.မွှေပေးလိုက်ပါတယ်။
ရယ်မောခြင်းဖြင့်..ဘ၀အမောတွေ..ပြေကြပါစေရှင်..

ချစ်ခင်လေးစားလျှက်



Sunday, October 2, 2011

ရယ်သောသူသည်အတက်ရှည်ဧ။်


ရည်းစားဟောင်းနဲ့တွေ့ရင်...

ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။

 အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။

 ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး
အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။

ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု
သနားသောလေသံဖြင့်ပြောပါ။

 ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု
ညည်းတွားပါ။

ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင်
ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။

 ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက
ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။

ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍
သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ
ဆုတောင်းပါ။

ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်….
တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။

 ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်..
တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ
အကောင်းဆုံးဖြစ်ပါသည်။

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " 

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "
အမှားကောင်း...

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာ တစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကိုလှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။ ဒါပေမယ့် သူအီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင် တောင် မသိလိုက်ဘူး။ အဲဒီအီးမေးကိုပို့လိုက်မိ ပြီလေ။ အဲဒီအချိန် …. ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမ တစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီးသူ့ကွန်ပျူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကိုစစ်လိုက်တယ်။ ခဏအကြာမှာ “အောင်မလေး” လို့အော်တဲ့အသံကြားရလို့ သူ့သားကအပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။ ဒါနဲ့ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက.............


သို့ …

ချစ်ဇနီး (အမီနာ)
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၁ ရက် အောက်တိုဘာလ ၂၀၀၁၁
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။
သူတို့ဆီမှာလည်း ကွန်ပျူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့
ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင်
အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင်
မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။

မင်းကိုချစ်တဲ့

မောင်….(စွယ်စုံကျမ်း)း)))

“နံပြားအားလုံးတစ်ချက်ငါးဆယ်၊ လူသားအားလုံးကိုလေးစားပါတယ်” :))

ချစ်ခင်စွာဖြင့်...

Image and video hosting by TinyPic

Monday, September 26, 2011

မောင်နဲ့ကျမ...

ဟုတ်ကဲ့..ခေါင်းစဉ်မြင်ပြီး “ဖျား”သွားကြပြီမှုတ်လား?

ဆက်လက်ရှုစားအားပေးတော်မူကြဖို့ မေတ္တာရပ်ခံပါရစေ။ :D




မောင်..

အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချစ်တွေကို

ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ

ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....။

အဲဒီနေ့က သူအကျီင်္အဖြူလေးကို

ဝတ်ထားတာလေးကနိုင်းနိုင်းတို့သန့်သလို ချောသလိုသူက

သန့်သန့်ချော ချောလေးနဲ့မို့ကျမရင်ထဲ“ဟတ်ထိ”သွားရတာပေါ့။

ကျမနဲ့ကမေဂျာပါတူတာဆိုတော့တက်ရတဲ့အခန်းချင်း လည်းတူတယ်။

ကျမလေဆရာတွေစာသင်ချိန်မှာတောင်သူ့ကိုငေးကြည့်ရင်းရင်ထဲတိုးတိုးချစ်လာရသူပါ....။ သူကတော့ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ကျမကိုမှမဟုတ်ပါဘူး။ဘယ်မိန်းကလေးကိုမှရှိတယ်လို့ မထင်တာ။ ကျမ လည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...

တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေး တယ်။ မြွေမြွေချင်း ဆိုတော့ ခြေမြင် တာပေါ့။ သူတို့က လည်း ကျမရင်ထဲက မောင်ရဲ့အချစ်ကို လိုချင်နေ ကြတာ လေ...ကျမ မသိဘူးများ ထင်နေကြလား။ ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမ ဘယ်လိုလုပ် ရမလဲ။ အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့သူ့ကိုရေလာမြောင်း ပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အရှေ့ စား ပွဲ ၀ိုင်းမှာထိုင် သူ့မျက်နှာ လေးကို ငေးကြည့်။ ဒါကျမနေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။

ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။

မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

@@@@@@@@@@@@@@@@@@@@@@@@@@

ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့ကျောင်းတက် ရမှာ နောက် ဆုံး နေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆို တော့ မောင့် မျက်နှာလေးကိုတွေ့နိုင်ဖို့ အတွက် မောင့်အ ချစ်ကို ကျမရမှဖြစ် တော့မယ်။ မောင်ဖွင့်မ ပြောရင် ကျမ မောင့် ကို ချစ်ပါ တယ်လို့မိန်းကလေးတန်မယ့်လာပြောတော့မယ်။

မောင်ရေ......

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်ကို ကျမ စောင့်နေ လိုက် တယ်...ဒီနေ့ မှမောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့...

ဟာ...ဟိုမှာ..

မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တစ်ယောက်ပါနေကြ။ အခု ကံကြမ္မာက ကိုယ့် ဘက် ကို လိုက်နေ လို့လားမသိ။ မောင်တယောက်တည်း။မောင်ရေ....မောင်ကို ချစ်တယ်...ကျမ ဘယ် လို ဖွင့်ပြော ရမှာလဲ၊ ကျမတခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။

"ဟိတ်...တို့ကို တစ်ခုကူညီပါလား"

မောင်..လှည့်ကြည့်တယ်။ကျမနှလုံးသားတွေအရည်တွေပျော်ကုန်ပါပြီ..မောင်ရယ်...ဒါပေမယ့် မောင်က ဒီအတိုင်းပဲလှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊ဘာပဲဖြစ်ဖြစ် မောင့် ကို ကျ မ ချစ်နေကြောင်း မောင် သိအောင် ဖွင့်ပြောရမယ်။

"မှောင်" (မခို့တရို့နဲ့ … :P)

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကိုအပြုံး တစ်ခု လက် ဆောင် ပေး လိုက်တယ်။ မောင်...ကျမ ကို ရက်ရက်စက်စက်စကားတခွန်းပြောပြီး လှည့် ထွက်သွား တယ် ။မောင်ရယ် ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။မှောင်....မှောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတစ်မျိုး"

.........တဲ့

ဟင့်..ခုတော့မေ့အချစ်မြှားစူးပြီပေါ့ရှင်။

ကျမကြေကွဲစွာနဲ့အော်ဟစ်သီဆိုလိုက်ပါတယ်။

“ မလွမ်းရဲသေးဘူးမှောင်ရယ်…ကုလားနဲ့မထားခဲ့ပါနဲ့….” ရယ်လို့...။

:-)..... :-).....:-).....:-).....:-)



ရယ်မောခြင်းဖြင့်၊ဘ၀အမောတွေ...ဖြေနိုင်ကြပါစေရှင် :P

E-mail ပို့ပေးတဲ့သူငယ်ချင်းကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်း..။

ချစ်ခင်စွာဖြင့်...

Image and video hosting by TinyPic

Wednesday, August 31, 2011

ရယ်စရာ....


သနားချစ်လေလား
လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ ခေါ်လာခဲ့သည်။ သူငယ်မအား လူငယ်၏ ဖခင်က မြင်လိုက်သည့်အခါအလွန်တုန်လှုပ်သွား၏။စိတ်ရှုပ်သွား၏။ထို့ကြောင့်သူ့သားကို အခန်းထဲခေါ်သွားပြီး တီးတိုးပြော၏။ ``ဒီလောက် အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေ တစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာ အမွေး တွေနဲ့။ မျက်စိက စွေနေသေးတယ်။ သွားက ခေါခေါ၊ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့´´ သည်တော့ သားက… ``ဖေဖေ တိုးတိုးပြောစရာမလိုပါဘူး။ သူက နားလည်း ကန်းနေသေးတယ် ဖေဖေရဲ့၊ သနားစရာလေးပါဗျာ” တဲ့...။

သူ့အမေ ရင်ကျိုးအောင်
မိဘနှစ်ပါးက သမီးငယ်အား မြို့ကြီးသို့ သွား၍ အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင်မှာ မိခင်ကြီးက… ``သမီးအခန်းထဲကို သမီးချစ်သူ ခေါ်မလာပါဘူး´´ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီးရယ်ဟု ပြောပြီး ``အေး…သမီးအခန်းထဲကို သမီးချစ်သူကို ခေါ်လာတဲ့ဆိုတဲ့ သတင်းသာ မေမေကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွယ်´´ ဟု လည်း စိုးရိမ်ပူပန်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။ သမီးငယ် ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ သားအမိ ဖုန်းပြောဖြစ် ကြ၏။ ``သမီးချစ်သူကို သမီးအခန်းထဲ ခေါ်မလာဘူးနော်။ ဟုတ်တယ် မဟုတ်လား သမီးလေး´´ ``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာထားတဲ့ကိစ္စပဲ၊ သမီး သူ့အခန်းကိုပဲ သွားပါတယ်။ သူ့အမေ ရင်ကျိုးပါစေနော် မေမေရယ်´´

မောင်လည်းမင်းလိုပါပဲကွာ

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့ အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲကျကြတာ။ ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့နောက်ကကောင်လေးက စာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ် ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့။ “အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်” “ ဟေ့…..နံပါတ်(၅) ပြောပြကြည့်““အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်” “ မောင်လို့ခေါ်ရင်ပြောမယ် ” ”ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်” “အဒါနဲ့သူ့ရှေ့ကကောင်မလေးကိုမေးတော့မရဘူးပြောတယ် ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာ နာရီကြည့်တော့ မိနစ် ၃၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး” “ ဟေ့ …ပြောပြလေဟာ နင်ကလဲ နော် ””ကောင်လေးကလည်းပြန်ပြောရှာပါတယ်” “ မောင်လို့ခေါ်ရင်ပြောမယ် ” ”ကောင်မလေးတောက်တစ်ချက်တိုးတိုးလေးခေါက်လိုက်တယ်မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး” နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့ နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီးနောက်လှည့် ပြီး” “ မောင်………….”“လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်” “ သိပ်မကြားရဘူး ” “ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲ”ကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့အသံကိုမနဲချိုပြီး “ မောင်…..ပြောပြပါနော် ……မောင်နော် ” အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
“ ဟဲဟဲ …..မောင်လည်းမင်းလိုပါပဲကွာတစ်ပုဒ်မှကို..မရဘူး ”” တဲ့...... :P

..............E-mail ထဲကရတာပါ..............

Wednesday, August 17, 2011

City lights from around the world..

မူရင်းပုံတွေကအကြီးကြီးတွေပါ။ဘလော့template ကြောင့်သေးသွားရတာပါ
သည်းခံပြီးကြည့်ပေးပါနော်။ဘယ်လိုပြင်ရတယ်မသိလို့ပါ။
Vienna

Cleveland

Oakland

Brazil

Los Angeles

Denver
Toronto

Moscow

Singapore

London

Washington

Las Vegas

Niagara Falls

Cologne Cathedral

Chicago

Paris

Copenhagen
UNION OF "MYANMAR"

Oops sorry.......power cut.... hahaaa...
Believe it Not, that is Gospel truth.