Showing posts with label Share. Show all posts
Showing posts with label Share. Show all posts

Thursday, March 8, 2012

အားပေးပါ...



ကလေးနှစ်ကောင် ဆီးသီးထုတ်မလို့တဲ့...။အားပေးလိုက်ပါအုံးနော်း)

 mp3  ပါ။


ချစ်ခင်လေးစားလျှက်..


Monday, January 2, 2012

နှစ်သက်သလိုခေါင်းစဉ်ပေးပါ

















Source

အာဖရိက နိုင်ငံတစ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်း စီမံချက် ဆွေးနွေးပဲကျင်းပသည်။ ဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်သူများအနက်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ ရှေ့နေတစ်ဦး၊ ကထိကတစ်ဦး၊ ဆရာဝန်တစ်ဦးနှင့် အုပ်ချုပ်ရေးအရာရှိတစ်ဦးတို့က အောက်ပါအတိုင်း ၀င်ရောက်ဆွေးနွေးကြသည်။
လုပ်ငန်းရှင်။   ။ ဆင်းရဲတာမရှိလို့ပါ။ နွမ်ပါးတာက ချို့တဲ့လို့ပါ။ စီမံချက်တွေအောင်မြင်ရေး ဘယ် လို ပါ ၀င် လှုပ်ရှားရမယ်ဆိုတာ ကျွန်တော်မစဉ်းစားတတ်ပါဘူး။
ရှေ့နေ။      ။ ချမ်းသာတဲ့သူတွေက အမှုပိုများတဲ့အတွက် စီမံချက်အောင်မြင်လာရင် အမှု တွေ ပို များ လာ မ လားလို့ တွေးမိပါတယ်။
ကထိက။     ။ အတွေးအခေါ်တွေတောင် ဆင်းရဲနေလို့ လောလောဆယ် ဘာမှအကြံမပေးနိုင်တာ စိတ် မ ကောင်းပါဘူး။
ဆရာဝန်။    ။ ပညာသင်ယူခဲ့ရတဲ့စရိတ်တွေ ပြန်ကြေပြီ ဆိုရင်တော့ စီမံချက်အောင်မြင်ရေးမှာ တက် တက် ကြွကြွ ပါဝင်ပါ့မယ်။
အရာရှိ။     ။ လုပ်ငန်းလမ်းညွှန်တွေချပေးပါ။ အဲဒါတွေမရှိရင် အလုပ်မလုပ်တတ်လို့ပါ။
(မှတ်ချက်။  ။ စေတနာဆင်းရဲခြင်းက အရင်းခံအုပ်မြစ်တစ်ခုဖြစ်၏)


အတော်ဆုံးလူ

လေယာဉ်ငယ်တစ်စင်းပေါ်တွင် လူလေးယောက်လိုက်ပါလာသည်။လေယာဉ်မှုး၊ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၊ ကမ္ဘာတွင် အတော်ဆုံး အတတ်ဆုံးလူသားနှင့် ပန့်လူငယ်တစ်ယောက်တို့ဖြစ်သည်။
(လေယာဉ်)ပျံသန်းနေရင်း မကြာခင်ပြဿနာပေါ်လာသောအခါလေယာဉ်ပျက်ကျတော့မည်ဖြစ်ကြောင်း သို့သော် လေယာဉ်ပေါ်တွင် လေထီးသုံးခုသာပါလာကြောင်း လေယာဉ်မှုးကပြောသည်။
ကမ္ဘာ့အချမ်းသာဆုံးလူသားက သူသာအသက်မရှင်လျှင် သူ၏ရှေ့နေများက ကျန်လူများအား တရား စွဲ ဆို လို့ ဆုံးမှာမဟုတ်တော့ဟု ဆိုကာ လေထီးတစ်ခုကိုယူပြီး ခုန်းဆင်းသွားသည်။
ကမ္ဘာ့အတော်ဆုံး အတတ်ဆုံးဆိုသူကလည်း သူမရှိလျှင် ကမ္ဘာသားများ ဒုက္ခရောက်ရချည်ရဲ့ဟု ပြောဆိုပြီး လေထီးတစ်ခုကိုယူ၍ လေယာဉ်ပေါ်မှ ခုန်ဆင်းသွားသည်။
ဤတွင်လေယာဉ်မှုးကပန့်လူငယ်အား“ကဲဒါဆိုမင်းနဲ့ငါနဲ့ပဲကျန်တဲ့လေထီးတစ်ခုကိုအသေအကျေလုရေ တာ့မပေါ့”ဟုဆိုလိုက်ရာလူငယ်က“အဲလိုမလုပ်ဖို့မလိုပါဘူး။လေယာဉ်မှုးကြီးရယ်။ကမ္ဘာ့အတော်ဆုံးဆိုတဲ့လူက ကျွန်တော့ကျောပိုးအိတ် ကိုယူပြီး ခုန်ချသွားတာ“ဟု..ဆိုပါတော့သည်။း)

ဖြေပါ

-လွပ်လပ်စွာပြောဆိုခွင့်ကို အလေးထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဘာဖြစ်လို့ ဖုန်းခေါ်ခတွေ ဈေးကြီးရတာလဲ။
-အလင်းနှစ်တစ်နှစ်မှာ ရက်သတ္တပတ်ပေါင်း မည်မျှရှိသလဲ။
-လေယာဉ်ထိုင်ခုံမှာ လေထီးတွေအစား ဘာဖြစ်လို့ ရေပေါ်ပေါ်နိုင်တဲ့ပစ္စည်းတွေ ထည့်ထားတာလဲ။
-တစ်နှစ်မှာ 365 ရက် 24 နာရီဖွင့်တယ်ဆိုတဲ့ ဆိုင်တွေမှာ ဘာဖြစ်လို့ သော့ဂလောက်တွေ ရှိနေရတာလဲ။
-အရက်သောက်ပြီးကားမောင်းလို့မရပေမယ့် ဘာဖြစ်လို့အရက်ဝယ်ဖို့ကားလိုင်စင်ပြရတာလဲ။

--------------------------------------



အမှိုက်ပုံထဲ..ခေါင်းနှစ်နေရတာမို့..မိတ်ဆွေများနဲ့အနေဝေးသလိုဖြစ်နေတာကို
သည်းခံပေးကြပါရှင်။
(အမှိုက်ပုံ=ကျောင်းစာ/တစ်ခြားကိစ္စအထွေထွေ)

ချစ်ခင်လေးစားလျှက်..

Thursday, December 29, 2011

နှစ်သက်ရာတစ်ခုရွေးပါ...




အချပ်ပိုသတင်းထူးကတော့...
မနေ့ညတစ်နာရီလောက်က.မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ.'အုံး'ခနဲ 'မြည်' ပါသတဲ့ရှင်။
(ဘာကြောင့်မြည်တယ်ဆိုတာတော့..ထင်ကြေးပေးကြတုန်းပါ)
ဗိုလ်တစ်ထောင်..ရဲဝန်းထဲက.ကလေးမက.'သူတို့အိမ်လှုပ်သွားတယ်'.ဆိုပါတယ်။
ဆင်အော်ရင်တောင်နိုးမယ်မထင်တဲ့.သမီးစံတော့..မသိလိုက်ပါဘူး။
(အိမ်ကအစ်မကတော့ပြောတယ်.နင်သာမနိုးတာ.ငါတော့ပြန်အိပ်လို့တောင်မရတော့ဘူးတဲ့..)
ကိုယ်နေတဲ့..နေရာထိအောင်..သိရတယ်ဆိုတော့..အခြေနေတော်တော်ဆိုးတယ်ပြောလို့ရပါတယ်။
တလောတုန်းကလည်း..မြို့တော်ခန်းမနားမှာ"အုံး..အုံး" မြည်ပါသေးတယ်။
(ပထမတော့..ကားဘီးပေါက်တယ်ထင်တာ..)
စင်ကာပူနဲ့.တူအောင်.ထားပါမယ်ဆိုတဲ့မြို့မှာမှ..လာ'မြည်'နေရတယ်လို့တော်..
ခုဆိုဘယ်သွားသွား..(လူက) ကျီးကန်းတောင်းမှောက်ကြည့်နေတတ်ပြီ
လူထူတဲ့နေရာဆို..မသိမသာရှောင်တယ်။
လမ်းသွားရင်း..တစ်နေရာရာက..တီ.တီ.တီမြည်ရင်.အသားကုန်ပြေးတော့တာပဲး))
မကောင်းပါဘူးလေ..ခုလို..တအုန်းအုန်းမြည်တာတော့..ဘယ်နည်းနဲ့မှကိုမကောင်းတာပါ
ဟိုကြောင်း.ဒီကြောင်းတွေ.ဘာမှ.ဂဃနန.မသိပေမယ့်
ဒီလိုအသံတွေတော့..ဆက်တိုက်မကြားချင်တာ.အမှန်ပါ။
“လူသားအားလုံး..နှစ်သစ်မှာ..ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ”..ဟုသာ
ချစ်ခင်လေးစားလျှက်..


Monday, December 19, 2011

ခေါက်ကြမယ်ဟေ့.ကောင်းကောင်း

ခေါက်ကြမယ်ဆိုလို့..လန့်မသွားပါနဲ့အုံးနော်..။စက္ကူခေါက်မှာကို.ပြောတာပါရှန့်:P
(ကောင်မလေးတွေအတွက်)စာပေးစာယူ.မေဂျာယူထားတဲ့သူတွေနဲ့ဆို.အင်မတန်အသုံးဝင်ပါတယ်း)
စာအိပ်လေးမြင်တာနဲ့..ဖတ်ချင်လာအောင်.ဆွဲဆောင်တဲ့နည်းလေးဆိုပါတော့..
ကဲ...စလိုက်ကြစို့နော်..ရောင်းရင်းတို့း))


ပထမဆုံး.ကိုယ်ခေါက်မယ့်.စက္ကူအရောင်ကိုရွေးပါ။
(ရိုးရိုးစာရွက်ဆိုလည်းရပါတယ်။.ရောင်စုံလေးသုံးတော့.ပိုလှမလားလို့ပါး)
ပြီးရင်.အလယ်ကနေ..(နည်းနည်းညီညီလေး)ခေါက်လိုက်ပါ။

ပြီးတော့..ပုံထဲကအတိုင်း..ထပ်ခေါက်လိုက်ပါ။

အရောင်လေးပါရင်.ပိုလှလာမလားလို့..အစိမ်းရောင်စာရွက်လေး ကွက်တိလှီးပြီး
ကော်နဲ့(အပေါ်က)ထပ်ကပ်လိုက်ပါတယ်။အ၀ါနဲ့.အနီလေးဆို..ပိုတောင်လှမလားပဲနော်။

ပြီးတော့..ငယ်ငယ်တုန်းက..ယပ်တောင်ခေါက်သလို.အောက်ခြေကနေ.စ.ခေါက်ပါ။


ခေါက်ပြီးသွားတဲ့အခါ..ဟိုဘက်ဒီဘက်..အလယ်ကျအောင်ညှိပြီး.အပြင်ဖက်ကို.ချိုးလိုက်ပါ။

ပြီးရင်..တစ်ဖက်ကိုပြန်လှည့်ပြီး..ခုလိုလေး..ဘေးကနေ.ခေါက်လိုက်ပါ။

ပြီးရင်..ဘယ်ဘက်က.အနားလေးကို.နည်းနည်းလုံးလိုက်ပါဦးနော်း)

ပြီးသွားရင်..အောက်ခြေကနေ..ပြန်ခေါက်လိုက်ပါ.။

အောက်ခြေက.ခေါက်ပြီးရင်..အပေါ်က.ပြန်ခေါက်..
အားလုံးပြီးရင်တော့..ခုလို.စာအိပ်ခွံလေးရလာပါလိမ့်မယ်။

စာထည့်ဖို့.အပေါက်လေးက..ဘေးမှာပါ..
စာထည့်..ပြီးရင်.(ပိတ်ချင်တာနဲ့ပိတ်ပြီး)ပို့လို့ရပါပြီ ။


ခုချိန်ဆိုရင်တော့..ခရစ်စမတ်ကဒ်လေးတွေထည့်.သုံးလို့ရတာပေါ့။

 ဒီနည်းလေးကို..သိပြီးသူတွေများ.ရှိမလားမသိဘူးနော်..

သမီးစံကတော့...အိမ်က..တူမ.ဆီက.ပြန်သင်ထားတာပါး)။
အားလုံးပဲ..ပျော်ရွှင်ဖွယ်.ဒီဇင်ဘာလေး..ဖြစ်ကြပါစေနော်။


ချစ်ခင်လေးစားလျှက်...

Saturday, December 17, 2011

ကျောင်းအပ်လက်ခံပြီ









ကိုယ်တိုင်အရမ်းကြိုက်လို့..မိတ်ဆွေတွေကိုပါ.ရှယ်ပေးလိုက်ပါတယ်။
အားရပါးရ..ရယ်ပါ..အခွန်မဆောင်ရပါဘူး..း)။ဒုတိယပိုင်းက..နောက်ဆုံးနည်းနည်း.ထစ်သွားတယ်...
သည်းခံပါနော်း)။


ချစ်ခင်လေးစားလျှက်...

Saturday, October 15, 2011

စီဗုံးထဲက messages



တစ်လောတုန်းကသွားခဲ့တဲ့....."ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း"ရဲ့ကိုးနှစ်ပြည့်နှစ်ပတ်မှဆရာမ ချောအိမာန်(မန္တလေး)ပြောသွားတဲ့ စီဗုံးအကြောင်းလေး စဉ်းစားမိလို့ ဒီပို့စ်လေးတင်ဖြစ်တာပါ။ ဆရာမပြောတာကတော့ စီဗုံးထဲမှာ ပေါက်တတ်ကရတွေ ရေး"ရေး"သွားလို့ သူ့ဘလော့ရဲ့ စီဘောက် လေးကို ဖြုတ်ထားရပါတယ်တဲ့။ဒီလိုသိရတော့ သမီးစံလည်း စိတ်မကောင်းဘူးပေါ့ရှင်။ စီဘောက်ဆိုတာ ဘလော့ဂါတစ်ယောက်အတွက် အားဆေးတစ်မျိုးပဲကိုး၊ ဘလော့အပေါ် ကိုယ့်အမြင်လေးတွေကို အကောင့်မရှိရင်ပဲဖြစ်ဖြစ်၊လိုင်းမကောင်းလို့မန့်မရရင်ပဲဖြစ်ဖြစ် စီဘောက်က မရှိမဖြစ်လိုအပ်ပါတယ်။ ခုတင်ပေးမှာလေးကတော့ စီဗုံးထဲက(မလိုအပ်တဲ့)message တွေကို ဖျက်ပစ်လို့ရတဲ့နည်းလေးပါ။ (လိုင်းမကောင်းတဲ့အခါ)ခဏခဏတင်လို့messageတွေတစ်ခုမကဖြစ်သွားရင်လည်း ပိုနေတာတွေကို ဖျက်ပစ်လို့ရတာပေါ့။
နည်းလေးကတော့ လွယ်ပါတယ်ရှင်..။ ဒီလိုလေးပါပဲ.....း))



စီဘောက်ထဲ (မိမိအကောင့်နဲ့)၀င်ပြီး မြင်ရတဲ့အတိုင်း Messages ဆိုတာလေးကိုနှိပ်လိုက်ရင်........



ဒီလို ပေါ်လာတဲ့အခါ ကိုယ်ဖျက်ချင်တဲ့ စာရှေ့က တုံးလေးကို click တပ် ရွေးချယ်ပြီး delete လုပ်ပြီးဖျက်ပစ်နိုင်နိုင်ကြောင်းပါ.........



ဒါလေးကတော့"အပိုဆု"လေးပါရှင်း)) ကိုယ့်စီဘောက်ကို ကိုယ့်ဘာသာ color ချိန်ပြီး 
"ဖလန်းဖလန်း"နိုင်ကြပါတယ်ရှင်းP



ဒါကတော့ စီဘောက်ရဲ့ width & height ကိုချိန်တာပါ
(သိကြပြီးသားဖြစ်ပေမယ့် ပို့စ်ရှည်အောင်ထည့်ပေးလိုက်တာပါ :P )

နောက်ပြီး ............
စီဘောက်နဲ့ပတ်သက်လို့အရုပ်ကလေးတွေနဲ့ထည့်နည်းအစုံတင်ပေးထားတဲ့

ကိုရင်နဲ့အစ်မဒိုးကန်   တို့ရဲ့အိမ်မှာသော်လည်းကောင်း.....
မောင်(စွယ်စုံကျမ်း)     ရဲ့အိမ်မှာသော်လည်းကောင်း......

လည်ရင်းပတ်ရင်းနဲ့ (လိုအပ်သည်များကို )ခပ်တည်တည်နဲ့ သွား"မ"နိုင်ပါတယ်
(သာမီးစံ လွှတ်လိုက်တယ် မပြောကြနဲ့နော် :P)

"အလန်းတက..အလန်းဆုံး" စီဘောက်ပိုင်ရှင်များ ဖြစ်ကြပါစေရှင်

ချစ်ခင်စွာဖြင့်.... 


စာကြွင်း။        ။ မနေ့ကလည်း ပုဂံနက်လား၊ဇလုံနက်လားမသိ...း)) error တက်သွားလို့တဲ့ (ADSLတွေ) တစ်နေကုန်ငုတ်တုတ်..၊ဒီနေ့လည်းဝိုင်းမက်စ်ကနည်းနည်းကြောင်တောင်တောင်မို့ပို့စ်အသစ်ကို (အားနေတာနဲ့)လိုင်းကောင်းတုန်းလေး တင်ပေးလိုက်တာပါး))