Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts

Saturday, November 18, 2017

Blogger ဘ၀ နှင့် Hiker ဘဝ





တစ်ရံသောအခါက...
သပ်ရပ်စွာဝတ်စားဆင်ယင်
သပ်ရပ်စွာစကားပြော
သပ်ရပ်စွာစားသောက်
သပ်ရပ်စွာရယ်မောပျော်ရွှင်
သပ်ရပ်စွာ ကြင်နာတတ်သူများနှင့်တွေ့ဆုံဖို့အရေးအား
အကြောင်းမဲ့ မိတ်ပျက်ခံ ငြင်းဆန်ခဲ့ဖူးသောမိမိနှင့်


ယနေ့အခါ..
အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့်
ငါးရက်ခန့်(အနည်းဆုံး)ရေမချိုးဖူးသူ
နေ့စဉ်နေ့တိုင်း Happy Birthday ဆုတောင်းပေးလိုသူ
(တစ်စုံတစ်ဦးမှ အစားအသောက်အတွက် ဒကာခံမည်ဟုပြောလိုက်လျှင်
 Happy Birthday ထအော်တတ်သော အလေ့အကျင့်ကို ဆိုလိုပါသည်။ :D )
ပန်းကန်တစ်ချပ် ဇွန်းတစ်ချောင်းရှိရုံဖြင့် ဗိုက်ဝအောင်ဖန်တီးနိုင်သူ
လူသစ်တစ်ဦးမြင်လျှင်
မန္တလေးကျွဲဆည်ကန် ခရီးသည်ခေါ်သလို ကြင်နာတတ်သူ
အားနည်းချက်ကို အားသာချက်သဖွယ် ကွက်ကွက်ကွင်းကွင်း
မြင်အောင် ဖန်တီးတတ်သူ
တွေ့ဆုံ လေဖောရမည်ဆိုလျှင်
နှစ်ခါမခေါ်ရအောင် လိုက်လျောတတ်သူများနှင့်
ဓာတ်ကျနေသောမိမိကို မြုင်ရ သည်မှာ
အံ့သြတိုင်းသာ
အခွန်မဆောင်ရပါလျှင်
အကြိမ်ကြိမ်
အံ့သြချင်စရာကောင်းနေပါတော့သည်။

( ဓာတ်ပုံ )
 ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဆင်တောင်သို့ (အောက်တိုဘာလ) ခြေကျင်ခရီး အသွားလမ်းတစ်နေရာ


Friday, September 4, 2015

အနောက်ဖက်ကမ်းသို့..




လွန်ခဲ့တဲ့နှစ်လလောက်က အမေ့ သွားချင်တယ်ဆိုတာကြောင့် (တွံတေးဘက် မျက်စံနီ ကျေးရွာက အဖေ့ဇာတိဖြစ်ပေမယ့် မိသားစု မရောက်တာ ကိုယ့်တစ်သက်မက အတော် ကြာပါပြီ။)  စနည်းနာတဲ့အနေနဲ့ ဒလဘက်ကမ်းက ဓနုတ်ဘုရားကို တစ်ကိုယ်တော် ခြေဆန့်ဖြစ်ခဲ့တဲ့ မှတ်တမ်း တိုလေးပါ။“မြန်မြန်သွားချင် တစ်ယောက် တည်းသွား” ဆိုသလို ခရီးတိုဖြစ်ဖြစ်၊ခရီးရှည်ဖြစ်ဖြစ် စိတ်တူ၊ကိုယ်တူ သူငယ်ချင်း၊ မိတ်ဆွေမပါရင် တစ်ယောက်တည်းသွားတာ ပိုကောင်းတယ်လို့ မြင်မိပါတယ်။  ဒလဘက်ခြမ်းကို တစ်ချို့နေရာတွေမှာ အနောက်ဖက်ကမ်းလို့လည်း ခေါ်ကြပါတယ်။

** ဒီပို့စ်ကို စရေးခဲ့တာက အဲ့ဒီ့နေ့ ဓာတ်ပုံတွေရိုက်ခဲ့တဲ့(ည) ၂၀၁၃ နှစ်လယ်လောက်ကပါ။ အဲ့ဒီ့အချိန် အဲ့ဒီ့ကာလနဲ့ အခုလို ရာဇ၀တ်မှုတွေ ပေါများလှတဲ့ အခြေအနေမျိုးနဲ့ယှဉ်မိရင် တစ်ယောက်တည်း သွားခဲ့ တာကို နောင်တရလို့ မဆုံးပါဘူး။ တစ်စုံတစ်ခု အန္တရာယ်လို့ ကြုံတွေ့လာရရင် နဖူးတွေ့ ဒူးတွေ့ ခံစားရတာ က အရင်ပါ။ ဥပဒေက နောက်မှပါ။ ဒါကြောင့်မို့ ဘယ်ခရီးဘဲသွားသွား ခရီးတိုဘဲဖြစ်ဖြစ် ခရီးရှည်ဘဲဖြစ်ဖြစ် တစ်ကိုယ်တော် မစွန့်စားကြပါနဲ့လို့... **
(အခုဆို တော်ရုံတန်ရုံ အပြင်ထွက်ရမှာတောင် ကြောက်နေလို့.. :D )



ကဲ... စလိုက်ကြပါအုန်းစို့ရဲ့။  ကျွန်မနဲ့ အွန်လိုင်းပေါ်တင်ဘဲ တစ်ကိုယ်တော် ခရီးဆက်လိုက်ကြမယ်နော်.. :)

လွန်ခဲ့တဲ့ နှနှစ်က ရေးခဲ့တာကို နည်းနည်း Edit လုပ်ရုံပါ။ Old Version နဲ့ မြင်ရမှာဖြစ်ပါတယ်။ :P




ရန်ကုန်ရောက်တဲ့ ငါးနှစ်အတွင်းမှာ ဒလဆိပ်ကမ်းကိုခြေချမိတာ ပထမဦးဆုံးပါဘဲ။သဘောင်္စီးဖူးတာလည်း ထိုနည်းလည်းကောင်းပါဘဲ။သက်သက်သာသာဈေးနှုန်း တစ်ဦးငွေငါးဆယ်နှုန်းနဲ့ သက်သက်သာသာ ခရီးသွားနိုင်အောင် စီစဉ်ပေးထားပါတယ်။လက်ဆွဲခြင်းနဲ့ဈေးသည်လေးတွေလည်း အများကြီးပါဘဲ။ သဘောင်္ပေါ်မှာ သဘောကျမိတဲ့ဈေးသည်တစ်ဦးကို တွေ့ခဲ့ပါတယ်။သူ့အရှေ့မှာ အိပ်အကြီးကြီးတစ်လုံး ချထားပါတယ်။လက်ထဲမှာတော့ 5x9 ဆိုဒ်ထက် နည်းနည်းကြီးတဲ့ ပလတ်စတစ်အိပ်တစ်လုံး ကိုင်လျှက်ပါ။  သူက အိပ်အကြီးထဲကပစ္စည်းတွေကို တစ်မျိုးပြီးတစ်မျိုးထုတ်ပြီး အိပ်အသေးလေးထဲထည့်ရင်း ပါးစပ် ကလည်း မရပ်မနားပြောနေပါတယ်။သူပြောပုံက.. “ဟောသည့်မှာခင်ဗျ.. မိဘပြည်သူများအတွက် ပစ္စည်း လည်းမှန် ဈေးလည်းတန်တဲ့ အလှကုန်ပစ္စည်းတွေနဲ့မိတ်ဆက်ပေးချင်လို့ပါခင်ဗျ..” သူ့အိပ်ကြီးထဲက ကာနေးရှင်းဗူးတစ်ဗူးထွက်လာပါတယ်။“တစ်ဗူးကိုတစ်ထောင်ရောင်းပါတယ်ခင်ဗျ..” “တစ်ထောင်တောင် များတယ်..”(ဆက်ပြောပါတယ်) “မများပါဘူးခင်ဗျ မိဘပြည်သူများအတွက် နောက်ထပ် သွားတိုက် တံတစ်ချောင်း အပိုလက်ဆောင် ထည့်ပေးပါ့မယ်ခင်ဗျာ.. ၊ဒါတင်လား မဟုတ်သေး ပါဘူးခင်ဗျ နောက်ထပ် ဆပ်ပြာခဲတစ်ခဲပါထည့်ပေးထားပါတယ်” “ဒါတင်လား.. မဟုတ်သေးပါဘူး ခင်ဗျ..” နဲ့ သူ့လက် ထဲမှာ ခေါင်းလျှောက်ရည်ထုပ်တွေနဲ့ တိုလီမုတ်စ ပစ္စည်းလေးတွေ လေး၊ငါးမျိုးလောက်ပါလာပါတယ်။ ပလတ်စတစ်အိပ်ထဲ အကုန်စုထည့်ပြီးတော့ အားလုံးကိုမှ တစ်ထောင်ပါဘဲခင်ဗျနဲ့ အဆုံး သတ်ပါတယ်။ မြင်နေကျမြင်ကွင်းဖြစ်နေလို့လားတော့မသိ.. ခရီးသည်တွေကတော့ သူ့ကိုစိတ်မ၀င် စား ကြပေမယ့် ကိုင်တိုင်ကတော့ သူကြော်ငြာပုံကို ကြည့်ပြီး သဘောကျနေမိပါတယ်။
{ငါလည်းတစ်နေ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားရမယ်လို့ စိတ်ထဲမှာ ကြုံးဝါးလိုက်ပါတယ်။ (ပီကယ်တွေပါ..)

သဘောင်္ဆိုက်ချိန် စောင့်ရတာ ကြာပေမယ့်။ သင်္ဘောရောက်လာတော့ ခရီးသည်တွေက အဆင်သင့် ရှိနေနှင့်နေကြတာကြောင့် လူတင်ပြီးတာနဲ့ ချက်ခြင်း ထွက်ပါတယ်။မြစ်ထဲ ကိုဖြတ်တော့ မြစ်လေခေါ် မလား..  တိုက်လာတဲ့ လေအေးအေးက သန့်သန့် ရှင်းရှင်းနဲ့ လူကို တော်တော်လန်းဆန်းစေပါတယ်။


ကုန်ပစ္စည်းတွေ၊ လူတွေမနည်းမနောကို တစ်ဝကြီးတင်လာတဲ့သဘောင်္တွေကို ဘယ်သူတွေကများ ဘယ်လိုစိတ်ကူးမျိုးနဲ့ ဘယ်လိုတီထွင်လိုက်ပါလိမ့် တွေးမိပါသေးတယ်။ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူးနော်..း)


ရန်ကုန်ဘက်ခြမ်းနဲ့ ဒလဘက်ခြမ်း လှမ်းမြင်နေရပေမယ့် သဘောင်္ကတော့ ဆယ့်ငါးမိနစ်လောက်မောင်း ရပါတယ်။ တည့်တည့်ကြီး ဖြတ်တက်လို့မှ မရတာနော် :D


အမြန်သွားချင်တဲ့ ခရီးသည်တွေကိုတော့ မော်တော်ခေါ်မလား “ဇက်”ခေါ်မလား “လှေ”ခေါ်မလား၊ “သမာန်”ဘဲလား  တစ်ခုခု အမည်ရှိတဲ့ ဒီလိုရေယာဉ်တွေပေါ်မှာ တွေ့ရပါတယ်။ (ခေါ်မတတ်လို့ နာ မည်ပေးသွားပါအုန်း..း)


ဒလမြို့က ယခုလိုဘဲ ကြိုဆိုပါတယ်။တစ်ဦးတည်းအမြင်ပြောရရင်တော့ ဒလမြို့က လူနေတော်တော် ထူထပ်ပါတယ်။တွံတေး၊ကော့မှူးး အစရှိသဖြင့် ရွာတွေ၊ရပ်ကွက်တွေ အများကြီးရှိလို့ဖြစ်ပါလိမ့်မယ်။ တစ်နေရာနဲ့တစ်နေရာကလည်း တော်တော်လေးကို ဝေးပါတယ်။ ဘယ်သူ့မှမမေးဘဲ စပ်စပ်စုစု ကောက်ခဲ့ တဲ့လျှက်တစ်ပြတ် စစ်တမ်းအရ ပြောရရင် ကောင်းတဲ့အချက်မှာ နယ်သူ၊နယ်သားများက ခင်မင်၊ဖော်ရွေ ရိုးသားကြတာကိုတွေ့ခဲ့ပါတယ်။ မကောင်းတဲ့အချက်ကတော့ (တွေ့ခဲ့ရသလောက်) ဆဲတတ် ကြတာပါဘဲး)။အဲ့ဒီ့ ဆဲတတ်တဲ့လူတွေကဘဲ ကျွန်မ သွားချင်တဲ့ခရီးကို အခက်အခဲမရှိအောင် ကူညီပေး ကြသူများဘဲ ဖြစ်နေပြန်ပါတယ်။ ဘယ်လိုပြောရမလဲပေါ့နော်... :D။  ကျွန်မတို့သန်လျင် မြေက သီလ ၀ါ ဆိပ်ကမ်းနားမှာ “အောက်တော”ဆိုတဲ့ရွာရှိပါတယ်။ အဲ့ဒီ့ရွာက လူတွေကလည်း ဒလမှာကြုံ ရသလို ပါဘဲ ဆဲတတ်ကြပါတယ်။အမေပြောပြပုံအရဆို  တစ်ယောက်နဲ့တစ်ယောက် လမ်း မှာ တွေ့ လို့ နှုတ်ဆက် ကြရင်တောင်.. “ဟေ့ $#@ ဘယ်ကပြန်လာသလဲ”ပြောရင်းနှုတ်ဆက်ကြတာတဲ့။သူတို့ရန်ဖြစ်တဲ့အခါ ဘယ်လိုပြောရင် နာတတ်ကြသလဲ ကြံဖန် စဉ်းစားမိပါသေးတယ်။ဘာဘဲဖြစ်ဖြစ် ဆဲတတ်သူများဆိုတာ  စိတ်နောက် ပါးစပ်ပါမိတာကြောင့် အကျင့်ဖြစ်သွားရာကနေ ဓလေ့ဖြစ်သွားတယ် လို့ဘဲ သဘော ပိုက် မိ ပါတယ်။ဆို၊ဆုံးမတတ်တဲ့ ပတ်ဝန်းကျင်နဲ့ နီးစပ်သွားမယ် ဆိုရင်တော့ ဒီအ ကျင့်လေးတွေ ပျောက် သွားကြ မယ်ထင်ပါတယ်။


မန္တလေးမြို့က “သိပ်မဝေးပါဘူး တစ်ပြပါဘဲ”ကို ဒလမြို့က “သြော်..နီးသားဘဲ”နဲ့ ကိုယ်စားပြုတယ် လို့တောင်ပြော ချင်ပါရဲ့..း)။ဒလမြေပေါ် ခြေချမိတာနဲ့ ကားဝန်းကြီးနဲ့ တည့်တည့် တိုးပါတယ်။ လက် မှတ် ဖြတ်တွေကို စုံစမ်းကြည့်ရာမှာ ဓနုတ် ဘုရားကို သွားတဲ့ကားရယ်လို့ သပ်သပ် မရှိပါဘူးတဲ့။ သွား ချင်ရင် လမ်းကြုံသဘောမျိုးဘဲ လိုက် လို့ရမယ်ဆိုပါတယ်။ဒါနဲ့.. အထက်ကပြောခဲ့တဲ့ အစ်ကို၊ အစ်မများ ကဘဲ ထွက်ခါနီးကားတွေကိုလိုက်မေးရင်း ကူညီပေးလိုက်တာပါ။စီးမယ့်ကားပေါ်ရောက်တော့ အန်တီကြီး တစ်ယောက်က  “ကလေးမ ဘယ်ကိုသွားမှာလဲ”မေးပါတယ်။ ဓနုတ်ဘုရား ပါ ဖြေလိုက်တော့။ “သြော်.. နီးသားဘဲ”တဲ့။ [တစ်နာရီနဲ့ လေးဆယ့်ငါးမိနစ်ကျော်ကျော် စီးခဲ့ရပါတယ်း)။] ဒါတောင် ကားဆီထည့်တဲ့ချိန်ဘဲ လမ်းမှာ (တစ်ခါ)ရပ်ပြီး မနားတမ်းမောင်းသွားတာပါ။တစ်ယောက်တည်းသွားတာဆိုတော့ ခုနက အန်တီ ပြောသွားတဲ့ “သြော် နီးသားဘဲ”ကို ပြုံးမိရုံဘဲပြုံးခဲ့ရပါတယ်။




ဓနုတ်ဘုရားကိုသွားရာမှာ သပြေကုန်းရွာ၊ညောင်ငုတ္တိုကျေးရွာ၊ပျော်ဘွယ်ကြီး(စံပြ)ကျေးရွာ အစရှိသဖြင့် ရွာငါးရွာလောက်ဖြတ်ပြီးမှ ဓနုတ်ရွာကိုရောက်ပါတယ်။လယ်လုပ်တဲ့သူတွေချည်းဘဲ တွေ့ခဲ့ပါတယ်။ ပျိုးနှုတ် နေတဲ့အစ်မကြီးတွေကိုလည်း တွေ့ခဲ့ပါတယ်။ ကားက ညပ်ညပ်သပ်သပ်နဲ့ဆိုတော့ လှမ်းရိုက်ဖို့ အဆင်မပြေခဲ့ပါဘူး။ အပြန်ကျမှ အားပါးတရ ရိုက်တော့မယ်ပေါ့...




ဒီလိုနဲ့ဘဲ အကြောင်းမညီညွတ်လို့ (သူ့အလိုလိုဆိုလား) မြေခခဲ့ဖူးတဲ့ သမိုင်းဝင် ဆံတော်ရှင် တစ်ဆူဖြစ်တဲ့ ဓနုတ်စေတီတော်ကြီးကို ဖူးခဲ့ရပါတယ်။



အေးချမ်းခြင်းရဲ့ နမိတ် ဆည်းလည်းသံ တစ်ချွင်ချွင်ဖြင့် တစ်ဖြည်းဖြည်း နီးကပ်လို့လာပါပြီ။



ဘုရားအရိပ်၊ တရားအရိပ်ထက် အေးချမ်း ဆိတ်ငြိမ်သော နေရာ မရှိပြီ။


ကျိုက်နဲ့စသော စေတီပုထိုးများမှာ မွန်လူမျိုးအများစု တည်ထားကိုးကွယ်ခြင်း၏ အမှတ်သညာ ဖြစ်ကြောင်း မှတ်သားမိဖူးပါတယ်။ သန်လျင်၊ကျောက်တန်း မှာလည်း ကျိုက်ခေါက်စေတီတော်၊ ကျိုက်မှော်ဝန်းရေလယ် ဘုရား အစရှိသဖြင့် ရှိပါတယ်။ ပါဒကြီးဘုရားကိုလည်း မွန်လူမျိုးတွေကပဲ တည်ထားကိုးကွယ် ခဲ့တာလို့ မှတ်သားမိဖူးပါတယ်။




အရှေ့ဘက်စောင်းတန်း




မြေမခခင်က ပုံကိုတော့ မမြင်ခဲ့ရပါဘူး။ အမေ့ကိုပြကြည့်တော့ အရင်တုန်းက စေတီတော်ထက် အသွင် သဏ္ဍာန်ကော ထုထည်ပါ ကွာတယ်လို့ပြောပါတယ်။




ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မိန့်ကြားမှုဖြင့် ဇေကမ္ဘာမိသားစုမှ 
လမ်းခင်း ပြုပြင် မွန်းမံခြင်း




အမြင့်အားဖြင့်...


ခြောက်ပေခန့်ရှိသော....



ကမ္ပည်း မော်ကွန်း ကျောက်စာတော်...




စေတီအနောက်ဘက်မှ ဘုန်းတော်ကြီးကျောင်းနှင့် သက်တမ်းရင့် ခရေပင်ကြီး




ရင်ပြင်ပေါ်မှ ဘိုး၊ဘေး စဉ်ဆက် များ...


အရှေ့ဘက်မုခ်မှ ပင်မ ဓမ္မာရုံကြီး




ယိုယွင်းပျက်စီးစပြုနေတဲ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပါ။ 
အနီးအနားမှာတော့ လယ်ကွင်းတွေနဲ့ လယ်လုပ်တဲ့ အိမ်တွေ နောက်.. နွားစားကျက်တွေနဲ့ပါ။ ထူးခြား တာကတော့ လမ်းတစ်လျှောက် တွေ့ ခဲ့တဲ့ အိမ်တွေက နွားတွေကို အိမ်ဆောက်ပြီး ထားတာ ကိုပါ။ အိမ်ပေါ်မှာဘဲ အပေါ့အလေး သွားကြ တာ တွေ့ခဲ့ပါတယ်။ နွားတဲလို ဘေးပတ်ပတ်လည် အကာရံမဲ့မဟုတ်ဘဲ ပျဉ်တွေနဲ့ကာထားတော့ အိမ်လိုဖြစ်နေတာပေါ့နော်။




ဆူညံသံကင်းကင်း တိတ်တိတ်ဆိတ်ဆိတ် စိမ်းစိမ်းစိုစို နဲ့ လေအေးလေးကလည်း တဖြတ်ဖြတ် ....... အခုလိုမြင်ကွင်းမျိုးကတော့ ကိုယ်တိုင်ရောက်သွားသူရဲ့ စိတ်ကို လန်းဆန်းစေသလို တစ်ဆင့် ပြန်လည် ခံစားသူတွေအတွက်ပါ အေးချမ်း ရွှင်ပြစေမှာပါ။ သဏ္ဍာန်လုပ် သရုပ်တူသွားအောင် ပုံကို ကြည့်နေတုန်း ပန်ကာဖွင့်ထားလိုက်ပါ။  :P :P


ဒါကတော့ အပေါ်ကပုံရဲ့ ဘယ်ဘက်အခြမ်းပါ။ မွန်းကျပ်နဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကနေ ခနလောက် ဖယ်ခွာ ပြေးထွက်လိုက်စမ်းပါ။ (အလဲ့.... :P )



ငယ်ငယ်ကလိုသာဆို သစ်ပင်ကိုင်းပေါ် ပုခက်ဆင်ပြီး လွှဲကြပြီလေ... :D




Taxi ကားတွေက တစ်နေ့နှစ်ကြောင်းဘဲဆွဲတာကြောင့် အပြန်လမ်းကတော့ တော်တော်ခက်ခဲခဲ့ပါတယ်။ အဲ့လို ဆွဲတာကိုလည်း ကားငှားမရတဲ့အဆုံး ဘုရားရှေ့ ဆိုင်ကယ်ဂိတ်က ဆိုင်ကယ် ငှားစီးတော့မှ ဆိုင်ကယ် သမားပြောပြလို့သိရတာပါ။  [ခရီးတစ်ခုသွားရင် Plan မဆွဲတတ် မစုံစမ်း မမေးမြန်းတတ်တဲ့ အကျိုးပါ။] မြင်ရတဲ့အတိုင်း အိမ်ပြန်လမ်းမှာ မိုးကသည်းတာကြောင့် မိုးကာတစ်ခုသာ ယူသွားမိတဲ့ အကျိုးကို ထပ်ပြီး ခံစားရပါတော့တယ်။ စီးလာတဲ့ ဆိုင်ကယ် နောက်မြှီးကလည်းမြင့် လမ်းကလည်းကြမ်း မိုးကလည်းသည်းနဲ့ ငါလာမိတာ မှားကုန်ပြီတွေပါ တွေး ဖြစ်ကုန်ပါတော့တယ်။ ဒီမိုး ဒီလမ်း ဒီခရီးနဲ့ မဖြစ်စလောက် အခကြေးငွေနဲ့ သင်္ဘောဆိပ်အရောက် ကူညီပေးခဲ့တဲ့ ကယ်ရီဆရာကိုလည်း ကျေးဇူးတွေ အထပ်ထပ်တင်မိပါရဲ့..။





ရေခြား၊ မြေခြားဆိုတော့ ဒါ နိုင်ငံခြားဘဲပေါ့နော်.. :) ဒလဘက်ခြမ်းမှ ရန်ကုန်ဘက်ခြမ်းသို့..




အထင်ကရ ဆိတ်ကမ်းမြို့တော်ကြီး 
ဘာဖြစ်လို့ မြန်မာပြည်ရဲ့ မြို့တော်ဘ၀ကနေ နန်းကျသွားတာပါလိမ့်.... 




နောက်ဆုံးတော့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။ နောင်ဘယ်တော့မှ ထပ်မသွားတော့ဘူးရယ်လို့...။ 
ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ အိမ်က အစ်မအကြီးဆုံးဟာ သူ့အငယ်ဆုံးသမီးကို (အမျိုးတွေညွှန်လို့) ကွမ်းခြံကုန်းက ကိုယ်ပိုင်ကျောင်း ဘော်ဒါ ထားချင်တယ်ဆိုတာကြောင့် ကိုယ်တိုင် လိုက်စုံစမ်းပေး လိုက်အပ်ပေး  ငါးပိပို့ ငါးခြောက်ပို့နဲ့ ရန်ကုန်နဲ့ဒလ အတော်လေး အကျွမ်းဝင် လည်လည်ဝယ်ဝယ်ဖြစ်ပြီး မသွားချင်လည်းသွား သွားချင်လည်း သွားရပါတော့တယ်။ ဆောင်းနဲ့ မိုးတွင်းဘဲ သွားလို့ကောင်းသလို လိုရှိပါတယ်  နွေရာ သီ ကတော့ ဖုံတလူးလူးနဲ့ ပြန်လာရင် ဆံပင်တွေက အချောင်းလိုက် တောင့်နေပါတယ်။

အတွေ့အကြုံဆိုတာ လွယ်လွယ်နဲ့မရဘူးဆိုတာလည်း ကိုယ်တိုင်လက်တွေ့ ခံစားမိလာပါရဲ့...


အားလုံးပဲ ကျန်းမာသုခ ရှိကြပါစေနော်...

Sunday, January 13, 2013

Doubt






ယနေ့မနက် ကိုးနာရီခွဲခန့်အချိန်တွင် သူမသည် အကြောင်းကိစ္စ တစ်ခုကြောင့် ခရီးသွားရန် ပြည်သူပိုင် ဘတ်(စ်)ကားဂိတ်တွင်မတ်တပ်ရပ်ကာ စောင့်နေစဉ်ဖြစ်သည်။ ထိုအခိုက် ဘေးနား သို့ လူတစ်ယောက် လာရပ်လေသည်။ ပုံဆင်းသဏ္ဍာန်အား အတိအကျပြရသော် ထိုသူသည် အသက်လေး ဆယ်ခန့်ရှိမည်။ အသားညိုညို၊ အရပ်အမောင်းမှာ ငါးပေဆယ့်တစ်ခန့်၊ နဖူးတွင် ဆံပင်အတန်ငယ်ရှင်းသော ဥပဓိ ရုပ်နှင့် ဖြစ်သည်။အရပ်မြင့်သည်ကတစ်ကြောင်း၊ ထိုသူ၏ မှတ်မိလွယ်သော ဥပဓိ ကြောင့်လည်းကောင်း  ခဏမြင်ရုံနှင့် မှတ်မိသွားလေသည်။ ထို့နောက်.. တိုက်ဆိုင်လေသည်လား မပြောတတ်ပေ။ စီးရမည့် ဘက်(စ်)ကား ဆိုက်လာသည်တွင် ထိုသူစိမ်းနှင့် သူမသည် နှစ်ယောက်ထိုင် ခုံတန်းတွင် ဘေးချင်းယှဉ် လျှက်ဖြစ်နေပြန်သည်။သူမနေရာက ကားပြတင်းပေါက်နားမှာ..။ ကားခုံ ၏ နောက်မှီသည် သာမာန်ထက် အနည်း ငယ်လျှောနေ သည်ဖြစ် ၍ ကျောကို ပုံမှန်ထက်ပိုကာ မှီထား လိုက်ရသည်။ ထိုစဉ်တွင် သူမအနွေးထည်ဘေးအိပ်ထဲတွင် အကြမ်းခံ ဖုန်း(စုတ်)လေးတစ်လုံးလည်း ရှိနေသည်။(ထိုဖုန်းသည် ယခုပို့စ်အတွက် အဓိက ဇာတ်ကောင်ပင်ဖြစ်သည်။)

မကြာမီ.. သူမဆင်းမည့်မှတ်တိုင်သို့ ရောက်လာလေသည်။ အမြဲလိုလို ပြာယိပြာယာနှင့် အမှုမဲ့၊အမှတ်မဲ့ ရှိနေတတ်သောသူမသည် ဘေးအိပ်ထဲမှဖုန်းလေး အမှတ်မထင် လျှောကျ ကျန်နေခဲ့သည်ကို မသိချေ။ ထွက်သွားသော ဘတ်(စ်)ကား ခပ်ဝေးဝေးသို့ရောက်သွားချိန်မှ သူမအိပ်ထဲမှ ဖုန်းကို သတိရမိလေသည်။ မကြာခဏ ကြားမိနေသော ဇာတ်လမ်းတစ်ခုကို ကိုယ်တိုင်ခံစားမိလိုက်သောအခါ  “အိုးထိန်းစက်ပမာ” ချာချာလည်သွားလေတော့သည်။ ရုတ်တရက်ဆိုသလိုပင် သူမဘေးနားက သူစိမ်းကို မျက်စိ ထဲ မြင်ယောင်မိလေ သည်။ ထိုသူစိမ်းသည် လူကောင်းလော၊လူဆိုးလော ခပ်မြန်မြန်စဉ်းစားလိုက်စဉ် သူမစိတ်ထဲတွင် အနှုတ်လက္ခဏာသာ ဆောင်နေသည်။ နံပါတ်အသစ်ဖြစ်နေ၍ ထိုဖုန်းနံပါတ်ကို သူမလည်း အလွတ်မရပေ။ အိမ်ကိုလှမ်းမေးလိုက်လျှင်လည်း လူကြီးတွေသိကာ စိတ်ပူကြကုန်လိမ့်မည်။ ထို့ကြောင့်.. သူမအနေနှင့် စိတ်ချရသူတစ်ယောက်ကို သတိရသွားကာ (ဆသရ ဖုန်းဖြင့်)နံပါတ်လှမ်းမေးလိုက်သည်။

ထိုဖုန်းနံပါတ်ဆီ သူမခေါ်လိုက်သောအခါ တစ်ခေါက်မှ နှစ်ခေါက်သို့တိုင် ချက်ချင်းခေါ်မရပေ။ သုံးကြိမ်မြောက်တွင်မှ ဖုန်းဝင်သွားလေသည်။(MPT သည် ထိုအခြေနေထိတိုင်အောင် အကျီစားသန် လွန်းပါ၏။)သူမထင်သည့်အတိုင်းပင် ထိုသူစိမ်း ဖုန်းကိုင်လာသည်။တိုက်ဆိုင်လေသည်လားမသိ.။ ကြားဖူးနေသော အကြောင်းအရာများအတိုင်းပင် သူသည် သူမဆင်းသောမှတ်တိုင်ထက်လွန်၍ ခပ်ဝေးဝေးသို့ ရောက်နေပြီဖြစ်၍ အဆင်ပြေသောအချိန်မှ(ညနေဖြစ်ဖြစ်) ဖုန်းကိုလာယူရန်၊ သူလည်းအလုပ်ကိစ္စ အဆောလျှင်၍ ပြန်လှည့်မလာနိုင်တော့ကြောင်း ပြောလေသည်။ ဒီပုံစံအတိုင်းဆို သူမအနေနှင့် အိမ်ပြန်ရန် ခက်နေလိမ့်မည်။ မဖြစ်နိုင်သောကြောင့်. .. ရောက်ရာမှတ်တိုင် မှပြန်ဆင်းခဲ့ပေးပါရန်၊ အငှားကား စီးလာပါက သူမအနေနှင့် အလွယ်တကူ ထုတ်ရှင်းပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ထိုအခါမှ သူ့ကိုယုံစေချင်ကြောင်း၊ သူမဖုန်းအား တစ်စုံတစ်ခုဖြစ်စေမည် မဟုတ်ကြောင်း၊ ရောက်နေသည့်မှတ်တိုင်တွင် ဆက်စောင့်နေရန်၊ မကြာခင်သူ ပြန်လှည့် လာခဲ့မည်ဖြစ်ကြောင်း ကတိပေးလေသည်။ ထိုအခါမှ သူမလည်း စိတ်ချ သွားနိုင်လေသည်။ သို့သော်... ထိုသူ့ထံ ဖုန်းဆက်ပြီးချိန်မှစ၍ နောက်ထပ်ငါးမိနစ် ကြာသည်အထိ အရိပ်အယောင် မျှ ပေါ်မလာလေသောအခါ သူမစိတ်ပူရပြန်သည်။ ဒုတိယအကြိမ်မြောက် ဖုန်းပြန်ဆက်လိုက်သည့်အခါ သူမရပ်နေသော မှတ်တိုင်တစ်ခုအလိုတွင် ရောက်နေပြီဖြစ်ကြောင်း စီးလာသောကား ဘီးပေါက်နေသောကြောင့် ထိုနေရာသို့ပင် ကိုယ်တိုင်လာယူစေ လိုကြောင်း ပြန်ပြောလေ သည်။

ထိုအခါ.. သူမလည်း မဆိုင်းမတွပင် အပြေးသွားလိုက်ရာ ခပ်လှမ်းလှမ်းအရောက်တွင် ထိုသူစိမ်းကို မြင်လိုက်ရ၍ ၀မ်းသာသွားမိသည်။ ထို့နောက် ထိုသူစိမ်းက သူမဖုန်းလေးကို ပြန်ပေးသည်။ (သူပြောသည့် ဘီးပေါက်နေသောကားကိုလည်း ထိုနေရာတွင် မတွေ့မိပေ ) သူမကလည်း ကျေးဇူးတင်စကားဆိုလိုက်ကာ သွားလိုသောခရီး နှောင့်နှေးနေမည်စိုး၍ နီးစပ်ရာ ဘတ်(စ်)ကားပေါ် ခပ်သွက်သွက် လှမ်းတက်လိုက်လေသည်။ ခပ်လှမ်းလှမ်း ထပ်ရောက်ပြန်မှ သူမဖုန်းလေးကို ပြန်ကြည့်မိလေသောအခါ....

'' No Sim Card ..... ''

--------------------------

သည်နေရာမှာ ပို့စ်ကိုအဆုံးသတ်လိုက်လျှင် မမြင်ဖူးသော ထိုသူစိမ်းအပေါ်တွင်  သူမ မိတ်ဆွေ (စာရှုသူများ) အမုန်းပွားကြမိမှာ အသေအချာပင်ဖြစ်သည်။

တကယ်တော့.....
ထိုဖုန်းထဲမှ MPT Sim Card လေးမှာ.. ပျောက်သွားသည်မဟုတ်။
ဖုန်းမှာ ဆင်း(မ်)ကဒ် နှစ်ခုဆန့်သည်ကိုမေ့နေကာ သူမအနေဖြင့် အလျှင်လို ကြည့်မိပြီး မျက်စိလျှမ်း သွားခြင်း သာ ဖြစ်လေ သည်။

ထို့ကြောင့်... သူမ၏ ပေါ့ဆမှုအသီးသီးကြောင့်သာ ဖြစ်ခဲ့ရသော ယခုဖြစ်စဉ်တွင် နေရင်းထိုင်ရင်းပင် အထင်လွဲခံရရှာသော (အမည်ပင်မမေးလိုက်မိပေ) ထိုသူစိမ်းလူအား လွန်စွာ အားနာမိပါသည်။

ထို သူစိမ်းလူကဲ့သို့ သူတစ်ပါးအား ကူညီဖူးသူများ ဤပို့စ်ကို ဖတ်မိပါက သူမကို စိတ်ဆိုးကြမည် သာ ဖြစ် သည်။သူမ၏ မပြုလုပ်သင့်သောအမှားနှင့် မထားအပ်သော သံသယကြောင့် အမည်မသိ သူစိမ်း လူတစ်ယောက်၏ စေတနာမှာ ဝေဒနာ ဖြစ်သွားခဲ့သည်ကို  အတွေးရောက်တိုင်း စိတ်မကောင်းဖြစ် ရပါသည်။

လူ့ဘ၀တွင် တစ်ခါတစ်ရံသာ ကြုံတွေ့ရသော သင်ခန်းစာများသည် ငွေနှင့် လဲ၍ မရနိုင်လောက်အောင် အဖိုးထိုက်တန်လှကြောင်း နောက်ကျမှ သိခွင့်ရခဲ့ခြင်းပင်..။



 ဝေဇယန္တာမှတ်တိုင်နှင့် ၄၉ကိုးမှတ်တိုင်သို့  အမှတ်တရ -







ချစ်ခင်လေးစားလျှက်
သမီးစံ





Friday, October 26, 2012

ဒီနေ့အတွက်

ဝါလကင်းလွတ်တဲ့ မြန်မာတို့ရဲ့ သတင်းကျွတ်လ အခါသမကိုရောက်ခဲ့ပြန်ပြီဖြစ်ပါတယ်။ထုံးစံအတိုင်းပါဘဲ အပျံသင်ဖို့ ငှက်မောင်နှံတွေ အားယူနေကြတဲ့အချိန်ဆိုပါတော့..။ သူတို့ဘာသာ အပျံသင်ကြ ရင်း နောက် ကလိုက်ရတဲ့ အရင်းအနှီးကလည်း တယ်..မသေးလှပါဘူး။ဒီနှစ်အတွက်တော့ အမျိုးထဲက စုံတွဲ သုံးတွဲ ကံစမ်းမဲပေါက်ပါတယ်။ကိုယ့်အတွက်တော့“ညည်း..မင်္ဂလာဆောင်ရင် ရေခဲသေတ္တာတင်မဟုတ်ဘူး တီဗွီ တစ်စုံပါ အဆစ်ထည့်ပေးမယ်..” ဆိုပြီး အားပေး အားမြှောက် ပြုနေသူများ ရှိလာတာကြောင့် ကိုယ် တိုင် ပရိုမိုးရှင်း လုပ်ဖို့ ကြိုးစားကြည့်ပါမယ်း)။

သတိထားမိသလောက်တော့ မင်္ဂလာဆောင်ကြမယ့် စုံတွဲလေးတွေက တစ်နှစ်ထက်တစ်နှစ် အသက် ကလေးတွေ ငယ်..ငယ် လာကြသလားလို့ပါ။ဖြစ်ချင်တာ၊လုပ်ချင်တာလေးတွေ လုပ်နိုင်သေးတဲ့ အရွယ် အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်နေနိုင်သေးတဲ့အရွယ်မှာ ဖြတ်လတ် တတ်ကြွနေ ရမယ့် အစား အချစ်ကိုဦးစားပေးနေကြတာ စိတ်မကောင်းတော့ဖြစ်မိပါတယ်။ အိပ်ကပ်ထဲက ဘားချက်ကိုပါ ထိခိုက်လာတဲ့အတွက် ပိုပြီးဝမ်းနည်းရပါတယ်း)။သူတို့လေးတွေကဘဲ ခေတ်ရှေ့ပြေးနေကြတာလား၊ ကိုယ်တိုင်ကဘဲ ခေတ်နောက်ကျနေတာလား သမီးစံ တွေးမတတ်တော့ပါဘူး။ တွေးမတတ်တတ်တော့လို့ မတွေးဘဲထားရင် ခေတ်နောက်ကျရုံတင်မဟုတ်ဘူး။ပြတ်ပါ ကျန်ခဲ့မယ့်အနေအထားပါး)။ တစ်ချို့ ကျတော့လည်း ငယ်တုန်းမှာ မစဉ်းစားဘဲဥစ္စာပစ္စည်းအသင့်အတင့်နဲ့ ပညာစုံပြီ၊ ကြင်ယာ လည်း တွေ့ ထားပြီဆိုမှ ဂဟေဆက်ကြမယ်ဆိုတော့.. ပြောကြပြန်ပါတယ်။ မိုးလွန်မှ ထွန်ချ သတဲ့..။ တစ်ခါ တစ်လေ ပတ်ဝန်းကျင်ကဘဲ လူတွေရဲ့စိတ်ကိုပြုပြင်ပေးသလို ဒီပတ်ဝန်းကျင်ကဘဲ လူတွေ ကို ပျက် စီးစေ ပါတယ်။ ဒိတ်ဒိတ်ကျဲချမ်းသာနေတဲ့ သဌေးကြီးကအစ...ဟိုးလမ်းဘေးမှာ တောင်းစားနေတဲ့ သူ တစ်ယောက် အဆုံးပေါ့..။တရားရပြီး သီလရှင်ဝတ်ချင်ပါတယ်ဆိုတာတောင် ဇရပ်လုတဲ့အဖြစ်နဲ့ ကြုံနေကြတာ အများ ကြီးပါ။ တစ်ချို့လူတွေပြောကြပါတယ်။ တရားကျပြီး ဘုန်းကြီးဝတ်တော့မယ်၊ သီလရှင်လုပ်တော့ မယ်နဲ့..။ တကယ်တမ်းကျတော့ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ သာသနာ ၀န်ထမ်း ရတာ တော်တော် မလွယ် လှပါဘူး။မယုံဘူးဆို ကြုံဖူးမှ သိကြပါလိမ့်မယ်း)။

သာသနာ့ဝန် ဆိုလို့ ကြုံတုန်းလေး လွှတ်တော်ကိုတစ်ခုတင်ပြချင်ပါတယ်။(မခံစားနိုင်တော့လို့ပါ) သာသနာကိုညှိုးနွမ်းအောင် ဖျက်စီးနေကြတဲ့အတုအယောင်ဆောင်တွေအကြောင်းပါ။ တွေ့နေရပါတယ်။ ဘုရားပုံအကြီးကြီးတွေလည်ပင်းမှာဆွဲပြီးတော့ ကိုယ့်ရှေ့လာရပ်တဲ့အဖြစ်မျိုးတွေ၊ (ကားပေါ်မှာ ) ဘယ်ကျောင်း၊ဘယ်တိုက်ကပါ၊မယုံလျှင်စုံစမ်းမေးမြန်းနိုင်ပါသည် ဆိုတာမျိုးတွေ..။ ဖိနပ်ပြတ်သွားလို့ အလှူ ခံပါတယ်။ တစ်ခါတစ်လေ နေရင်းထိုင်ရင်းနဲ့ကို(ပါးစပ်လှုပ်ရုံအသံဖြေးဖြေးထွက်ပြီး) ဆဲသွား တာမျိုးတွေ ကိုယ်တိုင်ကြုံရတာများလာတော့ သာသနာတော်အတွက် အရမ်းဝမ်းနည်းမိပါတယ်။ကိုယ်အပါအ၀င် လူတွေကလည်း မပြောကြပါဘူး။ ကိုယ်ချင်းလည်းစာပါတယ်။ လူတစ်ယောက်ကိုတိုင်ပြီ၊တောပြီဟေ့ဆို နားလည်ရသလောက်ကတော့ ခိုင်မာတဲ့သက်သေရှိမှရပါတယ်။အဲ့ဒီ့အတွက် ကိုယ့်အလုပ်လည်း ပျက်ပါတယ်။အသွားမတော်ရင် ကိုယ့်စီးပွားရေးပါ ထိခိုက်လာနိုင်တာဆိုတော့ ဘယ်သူမှလည်း အရေးတစ် ယူမရှိလှဘူးလို့ယူဆပါတယ်။ ဒါတွေကို လွှတ်တော်လူကြီးမင်းများ နဲ့ဆိုင်ရာလူကြီးမင်း များ က ဖြေရှင်းဆောင်ရွက်ပေးသင့်တယ်လို့ (စကားကြုံတုန်းလေး) ရင်ဖွင့်ပါတယ်။စာရေးပြီးတိုင်ဖို့ မဖြစ်နိုင် တာမို့ ကိုယ်ပိုင်တဲ့ ကိုယ့်စာမျက်နှာမှာဘဲ အကူအညီတောင်းပါတယ်။ဒီစာဖတ်နေတဲ့အထဲမှာ အမတ်လောင်းတွေ ပါနေတယ်ဆိုရင်လည်း မှတ်ထားပေးဖို့တောင်းဆိုပါတယ်း)။

ဒီစာရေးနေရင်းနဲ့ အမေကလှမ်းပြောပါတယ်။“ဟဲ့..ကလေးမလေး လူကြီးတွေကိစ္စ၀င်မပါနဲ့ ကိုယ့်ဘာ ကိုယ်နေစမ်း.. နှမ်းတစ်လုံးထဲနဲ့ဆီမဖြစ်ဘူးဟဲ့...”ပြောတော့... ဒီကိစ္စ ဒီမှာ တင်ရပ်ပါမယ်။ (ဒီ နှမ်းတစ်လုံး ထဲနဲ့ ဆီမဖြစ်ဘူးဆိုတဲ့ စကားပုံကလည်း ဘယ်တုန်းက တည်းက ပေါ်လာခဲ့သလဲမသိပါဘူး။)

ဒီနှစ်သတင်းကျွတ်ကိုတော့ခရီးတစ်ခုထွက်ဖြစ်မယ်ထင်ပါတယ်။ ဒီခရီးစဉ်က သေချာသွားရင်တော့ သွားမယ့်ရက်ထဲမှာ ကိုယ့်မွေးနေ့ပါ ပါသွားပါတယ်။ဒါကြောင့် အဆိုပါအရပ်မှာ ရှိနေကြတဲ့ ဘလော့ဂါတွေ အတွက်ကတော့ ကံကောင်းတာလား၊ကံမကောင်းတာလား...း)။မွေးနေ့ရှင်မို့ ကျွေးရတယ်လို့လည်း ဘယ်သူကမှ ပြောမထားခဲ့ပါဘူးနော်။

စာလည်းမရေးတာကြာလို့ မရေးတတ်တော့ပါဘူး။ ဖေ့ဘုတ်ကြီးကိုဘဲ တမ်းတမ်းစွဲနေတော့ ခက်တော့ လည်းခက်ပါတယ်။ ဘလော့ဂါတွေဖေ့ဘုတ်ပေါ်ဘဲနေကြတော့မလား? ဘလော့မရေးတော့ ဘူးလားနဲ့ သို့လော..သို့လော....။ ဖေ့ဘုတ်ကလည်း ဖေ့ဘုတ်ပါဘဲ status တစ်ခုတက် ရင် နောက်ကလိုက်လာတဲ့ comment တွေကလည်း မြန်မှမြန်ဆိုတော့.. စည်စည် ကား ကား၊ ပျော်ပျော် ပါးပါးနဲ့ အပြန် အလှန် ချက်ချင်းသိရတဲ့အနေအထားလေးဆိုတော့ လူတွေစွဲလမ်းကြတာ မ လွန်ဘူး လို့ယူဆမိပါတယ်။ဒါပေမယ့်.. ကိုယ့်အိမ်ကိုတော့ အချိန်မှန်မှန် ပြန်လာဖို့လိုပါတယ်။(သူ့ကျ တစ်လလုံးနေမှ တစ်ပုဒ်လောက်ရေးပြီး သူ များလိုက်ပြောတယ်မပြောကြေးနော်း)

နောက်ဆုံးပြောချင်တာလေးက ဘလော့ဂါတွေထဲမှာ စုံတွဲပြီးသူတွေကော၊မတွဲရသေးတဲ့သူတွေရဲ့ သီတင်းကျွတ်အစီစဉ်လေးကိုလည်း သိချင်ပါတယ်။အောက်က comment box မှာရေးထားပေးခဲ့ပါ။ ကံစမ်းမဲ..“မဖောက်ပါဘူး” ။Lucky Draw အစီစဉ်လည်း... “မရှိပါဘူး”း)။တိုက်ဆိုင်၊ တူညီ တာလေးတွေ ရှိရင် ပျော်ပျော် ပါးပါး ဖြစ်သွားစေ ချင်တဲ့သဘောပါ။ အကျွေးအမွေးရှိတယ် ဆိုရင်တော့ အချိန်၊လိပ်စာ အတိအကျနဲ့ message ပေးခဲ့နိုင် ပါတယ်။(ရေးပြီးမှသတိရတယ် ကိုယ့်ဘက်က အရမ်းများ နစ်နာ သွား သ လားလို့..း)

ချစ်ခင်လေးစားလျှက်

Sunday, July 29, 2012

တစ်နှစ်



သိပ်နောက်မကျသေးပါဘူးနော်..။ ဒီနေ့နဲ့ပါဆိုမှ တစ်ပတ်ဘဲရှိပါသေးတယ်း))

အဆိုပါနေ့က ရင်နှင့်သည်းချာလေး တစ်နှစ်ပြည့်ခဲ့ပါတယ်။အမျိုးမျိုးအကြောင်းတွေ၊ဆင်ခြေ၊ဆင်လက်၊ ဆင်တစ်ကိုယ်လုံးတွေနဲ့ အချိန်မှီမတင်ဖြစ်ခဲ့ပါဘူး။

ဒီနေ့၊ဒီချိန်ထိ ဒီဘလော့မှာ ကောင်းရာ၊ကောင်နိုးလေးတွေ တင်လာခဲ့ပြီးပါပြီ။ သို့သော် (အလှူကိစ္စတွေက လွဲလို့)ပေါက်တတ်ကရတွေများပါတယ်။စစချင်းတုန်းကတော့ ခပ်စိပ်စိပ်လေး အားသွန်ခွန်စိုက်လာလိုက်တာ နောက်တော့ တဖြည်းဖြည်းနဲ့အရှိန်မြှင့်လာရမယ့်အစား တစ်လတစ်ပုဒ်ဖြစ်သွားရပါတယ်။ဒီတော့လည်း အစ်ကို၊အစ်မတွေကို မချိသွားဖြဲပြရင်း“ဟဲဟဲ”လုပ်ရတာပေါ့နော်း)။

ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်ခဲ့ပါပြီ။တူရာတူရာစုစုလာတဲ့ အန်တီ၊အန်ကယ်၊အစ်ကို၊အစ်မ၊မောင်၊ ညီမလေးတွေကလည်း ချစ်ဖို့ကောင်းလိုက်တာ..။ချစ်ဖို့ကောင်းနေတော့လည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပြောပြော အပြစ်မမြင်ကြပါဘူး။

ခုချိန်ထိအောင် သမီးစံအနေနဲ့ကော မိစံအနေနဲ့ပါ စိတ်အနှောင့်ယှက်ဖြစ်အောင် ပြုခဲ့မိတာရှိရင် ခွင့်လွှတ်ပါ။မှားတာရှိရင် (Nick Name တွေအစား) တောင်းပန်ပါတယ်း)။ဒီနေ့၊ဒီရက်ကစပြီး ရင်နှင့် သည်းချာလေး ၀ဲစွဲခြင်းရန်မှ ကင်းဝေးပါစေ..။ ပြန်ပေးဆွဲခြင်း ရန်မှကင်းဝေးပါစေ..။ အနာ၊ ရောဂါ ကင်းရှင်းပါစေ..း)


ဒါက.. ရေးဘဲရေးတော့မလိုလို၊ပြီးဘဲပြီးတော့မလိုလို၊ခုဘဲတင်တော့မလိုလိုနဲ့
ဟိုလိုလို..သည်လိုလိုနဲ့... အပြီးမသတ်နိုင်သေးတဲ့ အမှိုက်ပုံထဲက ရှိစုမဲ့စုလေးတွေပါ..
(တော်တော်တော့ကြာနေပါပြီ..) 

ပြောင်းသင့်တာလေးတွေပြောင်းပြီး ဖြည်းဖြည်းချင်း အကြွေးဆပ်သွားပါရစေ..။
(မဆပ်နိုင်ခဲ့တော့လည်း မဆပ်နိုင်ခဲ့ဘူး သဘောထားပေးပေါ့နော်..း)


အမာခံပရိတ်သတ်ကြီးနဲ့ကာစတမ်ဘာကြီးများ..



ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၊ချမ်းမြေ့ကြပါစေကြောင်း..



ချစ်ခင်လေးစားလျှက်..

Wednesday, May 30, 2012

ကြောင်ခြစ်


ငယ်တုန်းက အမှားလုပ်ပြီးရင် အမေရိုက်မှာ အဖေရိုက်မှာ အစ်ကိုတွေ၊အစ်မတွေရိုက်မှာ စိုးရိမ်တတ်သော စိတ်သည် သူ့အလိုလိုတတ်လာသော စိတ်ဖြစ်သည်။ ကြောက် စိတ်တစ်ချို့ဖြင့် (အချို့လူများက) ဘ၀အစပြုသည်။
ဟိုလည်းမမြည်၊ဒီလည်းမရောက်အရွယ်ရောက်လာသော် မှားတော့မှားကြည့်လိုက်မယ်။ မှန်သွားတော့ လည်း အမြတ် မမှန်သွားတော့လည်း အရိုက်ခံရုံ/အဆူခံရုံဟု မြင်တတ်လာကာ လုပ်ချင်တာလုပ်ရရင် ပျော် မွေ့ နေတတ် သော စိတ်ဖြင့်နေရသည်ကိုအချို့လူများက ပျော်စရာဟုထင်လာသည်။
 
ရှိသေးသည်..
ကိုယ်ထင်ရင်ကုတင်ရွှေနန်း၊မှားသည်မှန်သည်တိုင်ပင်စရာမလို။လျှောက်သင့်တယ်ထင်ရင် ရဲရဲဝံ့ဝံ့ လျှောက် ရမည်ဟု (ခပ်တည်တည်)သဘောပိုက်ကာ … ခလုတ်ထိမှအမိတကြရင်းဖြင့် ကယ်ပါ၊ယူပါ တစ်စာ စာနေ သူများပင်...။
 
လူ့ဘ၀ဟူသည်… မွေးလာကတည်းက ငိုချင်းနှင့်“စ”ကာ သေသော်လည်း ငိုချင်းနှင့် ဆုံး တတ် သော(ထိုနှစ်ခုကြားတွင် ထားတတ်လျှင်အမှတ်တရပေါင်းများစွာကျန်ခဲ့တတ်သည်မှအပ) ထူးမခြား နား ဘ၀ တစ်ခုသာဖြစ်သည်။

တစ်ချို့တွေက ထိုဘ၀တွင် ပျော်ရွှင်ခြင်းဖြင့်ရှင်သန်သည်။တစ်ချို့တွေက ငိုကြွေးခြင်းဖြင့်ရှင်သန်သည်။ တစ်ချို့ တွေက အချစ်ဖြင့်ရှင်သန်သည်။တစ်ချို့တွေက အမုန်းဖြင့်ရှင်သန်သည်။ တစ်ချို့တွေက အရာ အား လုံးလျစ်လျူရှုခြင်းဖြင့် ရှင်သန်ကြသည်။အချို့အချို့တွေကပြောမပြတတ်အောင်များပြားသော နည်း မျိုးစုံ ဖြင့်ရှင်သန် ကြသည်။
 
အရေအတွက် တော်တော်များများသည်..“ငါဆိုတာ ဘာမှမရှိ အရာအားလုံးသည် အနိစ္စ၊ဒုက္ခ၊အနတ္တ” ဟုပြော နေ တတ် ကြ သော် လည်း အတွင်းစိတ်ထဲ တွင်ငါမှငါကာ “ငါမရှိ လျှင် ဘာမှမဖြစ်နိုင်၊ငါမရှိမှ ငါ့အကြောင်း ကောင်းကောင်း သိကြလိမ့်မယ်” ဟူကာ ငါဠီကာ ချဲ့ရင်းမပြီးနိုင်သောအတ္တများကို လောင်စာ အဖြစ်သုံးကာ စိတ် အ မှောင်ထုထဲတွင်မြုပ်မှန်းမသိ..မြုပ်နေသောဘ၀ကို အဟုတ်ထင်နေသည်။
 
လူ့ဘ၀သည် တိုသာတို၏။အတ္တ၊မာန်၊မာနများကား မဆုံးနိုင်သော သံသရာထက်ပင် ရှည်နေသေးသည်။ အလှူတစ်ခုပြုလုပ်မိတိုင်း အတ္တ၊မာနများ ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သို့ လူ့ဘ၀တိုတိုဖြင့် ရလို၊ ရောက်လိုပါ စေကြောင်း ဆုတောင်းတတ်ကြသေးသည်။နိဗ္ဗာန်ရလို၍ လှူဒါန်းသည်ကလည်း ရယူလိုခြင်း အတ္တ ပင် မဟုတ်ပါလော..။“သွားမလားနိဗ္ဗာန် မနက်ဖြန်သေရမယ်”ဟု အပေးအယူပြုကြည့်ပါလျှင် မဖြတ်နိုင်သော သံယောဇဉ်များ အကြောင်းပြုသည်က တစ်မျိုး၊(မယုံသင်္ကာတတ်သူမှ)သေပြီးတာနဲ့ ချက်ချင်းရမယ် ဆိုတာ ကောဟုတ်ပမလားတစ်ဖုံ...အကြောင်းအမျိုးမျိုးပြရင်းငြင်းဆန်ကြမှာမြင်ယောင်မိသေးသည်။တစ်ကောင်ကြွက်၊တစ်မျက်နှာဟု  အများက သတ်မှတ်ထားသူ ရှေ့ကြည့်ကျောကုန်း နောက်ကြည့်ရင် ဘတ် သမား များပင် အကြောင်းပြချက်နှင့်ဖြစ်သည်။

သြော်…ဘာတွေများစိတ်ညစ်နေမည်လည်း၊“ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာကြီးပါ”။ ပျော်ပျော် နေ လိုက်ပါ။ ဘာမှမတွေးပါနဲ့။နေသာသလို နေပါ ပြောနေ တတ် သူများ ရှိနေပါသော်လည်း ထိုသူများ ကိုယ် တိုင် အားပေးခံရသူထက် ထက်ပိုသော အပူကိစ္စ များနှင့်ရှင်သန်နေသူများဖြစ် နေတတ်သေးသည်။ သို့သော် မိမိခံစား ချက်ကို ပစ် ပယ် ကာ တစ်ပါးသူအား အေးချမ်း စေလိုသောစိတ် “ထားနိုင်”နေသည်မှာ မြင့်မြတ် ကောင်း မွန်သော စိတ် ထား တစ် ခု ပင် မဟုတ် ပါလော…။ထိုထိုသောစိတ်ထားများ လူတိုင်း၊ လူ တိုင်းတွင် (အများကြီး မဟုတ်မိသော်လည်း) နည်း နည်းစီ မွေးမြူထားနိုင်ပါက (အလေးခံကာ) ထမ်း ထား ရ သော မြေကြီးသည်ပင် (ခံစားတတ်သူဖြစ်လျှင်) “ထမ်းရကျိုးနပ်သည်” သဘောပိုက်နိုင်မည်။ 

တစ်ခါတစ်ရံ..ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်ကာ ဆင်တစ်ကောင်လုံးနှင့်နေသူများရှိသည်။ သုံးကောင်း တိုင်းသာ သုံးနေကြသည်။တစ်နေ့နေ့ တစ် ချိန်ချိန် မိမိအသက်အန္တရာယ်ကိုပင် အနှောင့် အ ယှက်ပြု လာ နိုင်သောထို “အင်္ဂါနံ” အကြောင်း ကိုမူသူတို့မသိ..။


မည်သို့ပင်ဆိုစေကာမူ.. အရာအားလုံးသည် မဆုံးနိုင်သော ခရီးရှည်တစ်ခုတွင် ခေတ္တတွေ့ဆုံရသော မမြဲခြင်းဘူတာရုံတွေမျှသာဖြစ်သည်။(နားမလည်နိုင်ခြင်း၊သည်းမခံနိုင်ခြင်း၊ မစောင့်ဆည်းနိုင်ခြင်းတို့သည် ဘူတာ ရုံ အမှိုက်ပုံးထဲတွင်ရှိ၏။)

ကြောင်တောင်တောင်၊ပြားကိုးဆယ်ခြစ်ထားသောစာမျှသာ...။
☺☺☺☺☺☺☺☺☺

တစ်လလုံးလုံး ပျက်ရက်တွေများထားတော့ လစာလဲ မထုတ်ရဲတော့ပါဘူး ...း))


ချစ်ခင်လေးစားလျှက်
သမီးစံ



Friday, April 6, 2012

ထွေရာ(၄)ပါး


(၁)ပါး

 မြေကွက်လေးတစ်ကွက် အလကားရတုန်းလေး ယူထားပြီး အိမ်တစ်လုံးဆောက်ထားပေမယ့် ကိုယ့်အိမ်ကိုယ် မကပ်ဖြစ်တာကြာတော့ ဖုန်တွေတောင်တက်နေပါပြီး)။အိမ်နီးချင်းတွေကို ကျေးဇူးတင်ပါတယ်။ရှိတာလေးတွေ ယူစားပြီး အိမ်ကိုလာကြည့်ပေးရှာတယ်း)။တစ်ခြားအိမ်တွေလည်း ဘယ်လိုအခြေနေရှိကြတယ်မသိ။(သိမ်းတဲ့ ထဲများ ပါသွားးပြီလားး)မြင်ရသလောက်ကတော့ အေးအေးနဲ့ ဆေးဆေးပါဘဲ :P။ဘလော့တွေနဲ့ ဝေးသွားတာ ဘာမှမဟုတ်ဘူးထင်ရပေမယ့် တော်တော် ကြာ သွား ပါ တယ်။(ဆောတီးပါ)ကိုရင် တင်ခိုင်ထားတဲ့ (မရမ်းချောင်း) အလှူ ပို့စ် လည်း မတင်ရသေးပါဘူး။ မီးပျက် တာကတစ်ကြောင်း၊ လိုင်းမကောင်းတာက တစ်ကြောင်း၊ မအားတာ က တစ် ကြောင်း ပေါင်း သုံး ကြောင်းနဲ့ ဆိုပါတော့….း)။အရင်ပို့စ် တင်တာ အဆင်မ ပြေလို့ ကိုရင့် ဆီက ကုဒ်တောင်းပြီး တင်ဖို့ လုပ် တာတောင် အလှူရှင်စာရင်းက ထိုင်ဝမ်နိုင်ငံ မှာတင် ရပ်နေပါတယ်။ အရင် တစ်ခေါက်တုန်းက မသိ ချင် ယောင်ဆောင်..တင်ပေးလိုက်ပေမယ့် ဒီတစ်ခေါက်ဆိုရင်တော့ သမီးစံ တုတ်စာ မိမယ့်ကိန်းပါ။ဒါကြောင့် အိမ်ကိုလာလည်တဲ့ အလှူရှင် များကို ပန်ကြားပါရစေ။တစ်ကူးတစ်က မဖြစ်စေချင် ပေမယ့် ကိုရင်နဲ့ အစ်မ ဒိုးကန်တို့ရဲ့ အိမ်လေးမှာ အလှူရှင် စာရင်းအပြည့်အစုံနဲ့နိုင်ငံအသီးသီးက ရရှိပြီး အလှူ ငွေစာ ရင်း ကိုရှု့ စား အားပေးပြီးသကာလ စိတ်အားထက်သန်စွာ သာဓုခေါ်နိုင်ကြစေဖို့ နှိုးဆော် ပေး ပါရစေ..။
(၂)ပါး 


လွန်ခဲ့တဲ့ဧပြီ(၁)ရက်နေ့တုန်းက အားလုံးနည်းတူ သမီးစံလည်း ပျော်ခဲ့ရပါတယ်။ပျော်ချင်လွန်းလို့ တစ်နေကုန် ဖေ့ဘုတ်ပေါ်တက်ပါတယ်။အခါကြီး၊ရက်ကြီးဆိုပေမယ့် လိုင်းကတော့ ကောင်းပါတယ်။မက်ဆေ့တစ်ခု တက် လာလိုက်(ဘယ်သူကတော့ဘယ်နှမဲနဲ့၊ဘယ်လောက်အပြတ်အသတ်နိုင်တယ်)၊ဖတ်လိုက်၊မနေနိုင်ရင် ၀င်မန်း လိုက်၊သူများမန်းထားတာလေးကြိုက်ရင် Like လိုက်နဲ့ တော်တော့်ကိုအဆင်ပြေနေပါတယ်။ အဲ့ဒီ့နေ့က သူငယ် ချင်းအသစ်တွေလည်း ထပ်ရပါတယ်။(အမြင်ချင်းတူကြလို့ထင်ပါရဲ့) ဘလော့ဂါ တွေလည်း များကြီးပါဘဲး)။ အိမ်ကလူတွေက အရင်ကဆို လိုင်းပေါ်တက်တာ၊နက်သုံးတာ တယ်.. မကြိုက်ချင်ကြပါဘူး။အဲ့ဒီ့နေ့တုန်းက များဆို ကိုယ့်နားမှာ လူတွေဝိုင်းလို့ပါဘဲ။ (ဘ၀င် တောင်မြင့် ချင် ချင်…)ဘယ်သူက ဘယ်နှမဲနဲ့ ဘယ်လိုအခြေနေ ကောင်းနေပြီ(ရသမျှ) သတင်းလေးတွေ အော်အော် ပေးရပါတယ်။မဲအခြေနေက တော်တော့်ကို ကွာနေပြီဆိုရင် အားလုံးဝိုင်းလာကြပါတယ်း)။ နောက်တီး နောက်တဲ့နဲ့”ဟယ်..NLDကပခုက္ကူမှာ ရှုံးသွားပြီတော့်..” ဆိုလိုက်ရင် ထပ်ပြီး ၀ိုင်းလာ ကြပေါ့..။ ဒီလို..ဒီလိုခပ်နောက်နောက်..အတည်လေးတွေနဲ့ ဇာတ်ရှိန် တက်လာပြန်ပြီဆို မြန်မာပြည်ရဲ့ မရှိမဖြစ် ၀ဘ်ဆိုဒ်တွေက တက်လာပြန်ပါတယ်။Problem Loading Page,Server Not Found,Network Error (Access Has Been Deniedတောင် မတွေ့ရတာတော်တော်ကြာနေပါပြီ)ဘသားချော တွေက တက် တက် လာပါတယ်။ သူတို့ တက်လာ တော့လည်း ထမင်းစားနားပေါ့း)။ ဧပြီ(၁)ရက်နေ့ကို အရူးတွေက သတ်မှတ်ကြပါတယ်း)။ ဧပရယ်ဖူးးတဲ့။ အဲ့ဒီ့နေ့မှာဘဲ မြန်မာပြည်မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့ အားလုံး ရင်ခုန် သွားကြတာပေါ့။ခုတော့ ဧပရယ်ဖူးးကို လက်ခံလိုက်ပါပြီး)။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ဧပြီ(၁)ရက်နေ့က အိမ်က အစ်မ တစ်ယောက် ရဲ့မွေးနေ့ပါ။အဝေးရောက်နေလို့ ဘက်ဒေးwish လှမ်း လုပ်ရင်း သာမီးက ဘယ်နှယောက်မြောက်လဲ မေးကြည့်တော့”ပထမဦးဆုံးပဲ”တဲ့။သိတော့ သိလိုက် ပါတယ်”ဒီနှစ်လည်း ကိုယ့်မ မစွံပြန်ဘူး”လို့း)။ အားလုံးနည်းတူ ပျော်ခဲ့ရတဲ့ နေ့တစ်နေ့ပါ။
(၃)ပါး


ဒီနေ့ပါနဲ့ဆို အလှည့်ကျစနစ်နဲ့ ရှင်သန်နေရတာ နည်းနည်းကြာနေပါပြီ။”ဟယ်..နက်ဖြန် တို့အလှည့် ဘယ်တော့လဲ၊ ဘယ်နှနာရီလဲ၊ဘယ်ချိန်ထိရမှာလဲ၊အချိန်စာရင်းစာရွက်လေး မိတ္တူကူးပြီး ကပ်ထား ကြပါအုံး” …ရယ်နဲ့ အလှည့် ကျစနစ်လေး အသက်ဝင်(လှပ)နေပါတယ်။ဘယ်ရပ်ကွက်ကဘယ်အုပ်စုနဲ့ ABCD ခွဲပြီး ဂိုဏ်ကွဲ ကုန်ပါတယ်။ အရင်နှစ်တွေကလည်း ဒီလိုချိန်ဆို ဒီတိုင်းကြုံနေကြပေမယ့် တစ်နှစ်နဲ့တစ်နှစ် ဒုံရင်းက ဒုံရင်းဖြစ်နေ တာကို စိတ်မချမ်းသာချင်တော့ပါဘူး။တစ်ရက်ခြားတစ်ခါ မနက်မိုးလင်းရင် မှောင်မှောင် မည်းမည်းနဲ့ စမ်းတစ်ဝါးဝါး သွားရတာလည်း သိပ်မ ကောင်း လှပါဘူး။တစ်ခါတစ်လေ EPC ရုံးတောင် မှောင်ချင် မှောင်နေ တတ် တာ။နေ့ခင်း၊နေ့လည် ရုံးချိန်တွေမှာ မီးမလာ ရင် မီးစက်ကြီး၊မီးစက်ငယ်၊တစ်နိုင်တစ်ပိုင်နဲ့ အုံးအုံးကြွက် ကြွက် ညံလို့ပါ။(ဒါလည်း မြို့ကျက် သရေ ထင်ရဲ့း)ဒီဇယ်၊ဓာတ်ဆီသည်တွေ ဦးမော့ လာ ကုန် ပြီပေါ့…။ လေထုတွေ လည်းမလိုအပ်ဘဲ ညစ်ညမ်းကုန်ပါပြီ။အရင်နှစ်တွေကမှ တော်ပါသေးတယ်။ဒီနှစ် အလှည့်ကျမီးပေးစနစ်က လေးလ တောင် တဲ့…။လူရွှင်တော်တွေ ပြောနည်းတိုင်းဆို.. ”ကိုမိုးဒီ…သွားပြီ”ပေါ့။ မဖြစ်မနေအလှည့်ကျ စနစ်နဲ့ မီးဖြတ် တယ် ဆိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မျှမျှတတ ဖြတ်ပါ။ တစ် ချို့..တစ်ချို့ နေရာတွေအတွက် ကွက်ကြားမိုးမရွာသင့်ဘူးထင်ပါတယ်... :P
(၄)ပါး


သင်္ကြန်နားလည်း တစ်ဖြည်းဖြည်းနဲ့ နီးလာပါပြီ။ဗုဒ္ဓဘာသာဝင် သူတော်စင်၊သူတော်ကောင်းအပေါင်းတို့ ဘာ လုပ်ကြမှာတုန်းး)။သင်္ကြန်ဖို့ သင်္ကြန်ဖို့နဲ့ စုစုထားတဲ့ စိတ်ကူးလေးတွေများ မရှိကြဘူးလားနော်း)။ အင်မတန် ပျော်ဖို့ကောင်းတဲ့ မြန်မာ့ရိုးရာပွဲတော်လေးတစ်ခုပါ။မြန်မာပြည်မှာ ဆယ့်နှစ်လရာသီအလျောက် ရိုးရာပွဲတွေ ဆယ့်နှစ်ပွဲတောင်ရှိပါတယ်။ဒါကြောင့် မြန်မာဖြစ်ရတာ ဂုဏ်ယူပါတယ်း)။ သင်္ကြန် နဲ့ပတ်သက် လို့ ဆရာတော် တစ်ပါး မိန့်တာ မှတ်သားဖူးပါတယ်။”သင်္ကြန်ပွဲကြောင့် ရေချိုတွေ ဆုံးရှုံးတယ်”တဲ့။ ဆရာတော်ပြော တာလည်း ဟုတ်ပါတယ်။ရိုးရာသင်္ကြန်ပွဲကြောင့် နှစ်စဉ် ရေဂါလံပေါင်း များစွာ ဆုံးရှုံး ရပါတယ်။ဟုတ်ဘူးလားနော် တွေး ကြည့်ကြည့်ပါး)။ပြုခဲ့သမျှ အကုသိုလ်(ပိစိ) သေးသေး လေးတွေကို အတာရေနဲ့ဆေးတယ်ဆိုပေမယ့် တစ် ချို့ တွေ သင်္ကြန်ရောက်မှအကုသိုလ်ပိဿချိန် တိုး သွားတာ လဲရှိ ပါတယ်။ဒီကြားထဲ မနှစ်ကသင်္ကြန် ဗုံးပေါက် လိုက် သေးတယ်နော် ။တစ်နှစ်လုံးနေမှတစ်ခါ ရက်ရှည် အားလပ်ရက်လဲဖြစ်တာမို့ ပျော်ပျော်ပါးပါးလေးနဲ့ ကုသိုလ် ရေးလေးတွေ လုပ်လိုက်ကြရင် ဘယ်လောက် ကောင်းမလဲနော်း)။(အဟမ်းးး) သမီးစံဆို ကြည့်ပါ ဘယ်လောက်လိမ်မာလိုက်သလဲနော် သင်္ကြန်တွင်း ဥပုဒ်၊သီလ စောင့်မတဲ့း)။လျှောက်လည် ကြဖို့ တစ်ကူးတစ်က လာခေါ်တာတောင် မလိုက်ပါဘူးတဲ့..။ ကုသိုလ်လေးတွေ ရသမျှ စုပါမယ်တဲ့။(နှစ်ဆန်း တစ်ရက်နေ့ ပရိတ်ရွတ်ရင် သူအရင်ဆုံး ရွာပြင်ရောက်မှား)သူများတွေက ပြောကြပါတယ်။သင်္ကြန်တွင်း ဘယ်နှစ်ရက်ကို၊ ဘယ်လောက်ပေးပြီး၊ ဘယ်လို လျှောက် လည်ပစ်လိုက်မှာ…နဲ့ ပြီးရင် ဘယ်လိုဆံပင်ပုံစံလေး ကို ဘယ်လိုလန်းလန်းလေးလုပ်ပြီး ဘယ်လိုဖက်ရှင် ထွင်ပစ်လိုက်မှာ..နဲ့..။ ကိုယ့်မှာ တော့ သူတို့လေး တွေကို ကြည့်ပြီးခေါင်း ညိမ့်မိပါတယ်။ (အမှန်ကတော့ ကိုယ်တိုင် ရေခမ်းနေလို့ပါး) ဒါကြောင့် ဒီနှစ်သင်္ကြန်ကို ခါတိုင်းနှစ်များလိုဘဲ ဥပုဒ်ယူရင် ယူ၊မယူရင် အိမ် တွင်းအောင်း၊မအောင်းရင် သီလရှင်ဝတ်၊ မ၀တ်ရင် စာကျက်ရင်း အချိန်ကုန် ပါမည်ဆိုတဲ့ အ ကြောင်း ပြောကြားရင်း..သူများဥပုဒ်ကျိုးလောက်အောင် အစီစဉ်ကောင်းကောင်းရှိထား သူများ ကိုမုဒိတာပွားရင်း ကျန်းမာကြပါ စေကြောင်း.. မေတ္တာ ပို့ပါတယ်။း))

(ဓာတ်ပုံတော်တော်များများကို ဖေ့ဘုတ်နဲ့googleကခဏ ငှားသုံးထားပါတယ်။)


နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့သော နေ့ပေါင်းများစွာ ပိုင်ဆိုင်ကြပါစေ...။
ချစ်ခင်လေးစားလျှက်
သမီးစံ

Tuesday, March 27, 2012

သို့



ကိုသစ္စာ…
သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။
ရှင် ရောက်နေတဲ့အရပ်မှာ အဆင်ကော ပြေပါရဲ့လား ?
လူကြီး၊လူငယ်၊လူလတ်၊တန်းတူ၊ရွယ်တူမရွေး အဆင်ပြေအောင် တည့်အောင်ပေါင်းပါ ကိုသစ္စာ။ကျမတို့ ဆီမှတော့ လူကြီးတွေနဲ့တည့်ရင်တင်ဘဲ အဆင်တော်တော်ပြေပါတယ်။ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ အခု တလော ရောဂါတွေကလည်း အမျိုးမျိုး တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်ကြဘူးလေ။ ခေတ်စားနေတဲ့ရောဂါ ကတော့ “ငြိမ်းချမ်းရေး”တဲ့။(အဆန်းသားနော်း)ဒီရောဂါကို ကုမယ့်ဆရာဝန်တွေကလည်း အများသားလား။ အားလုံး ကလည်း ကိုယ်စီအရည်ချင်းတွေနဲ့ကိုး(ကောင်းတာရော မကောင်းတာရောပေါ့)။ကျမ အနေနဲ့ကတော့ ကုကြည့် ရမှာဘဲလေ…။ကုတာချင်း၊ဆေးချင်းတူပေမယ့် ဆေးလိုက်တဲ့ဆရာဝန်ရယ်ဆိုပြီး သက်သက်ရှိ သေးတယ် မဟုတ်လား။တစ်ချို့ဆရာဝန်တွေရှိတတ်တယ်လေ.. အပြောလေးနဲ့တင် ရောဂါတစ်ဝက်လောက် သက် သာ သွားတာမျိုးပေါ့…။
“ငြိမ်းချမ်းရေး”ဆိုလို့(ဆိုင်၊မဆိုင်တော့မသိ)အခုတလော သီချင်းလေးတစ်ပုဒ် နားထောင်ဖြစ် နေတယ်။ သီချင်းနာမည်က“ဇာတိမာန်”တဲ့။ရှင့်အတွက် စာသားတစ်ချို့ ရွေးပေးထားတယ်။
“ရိုးရာအခြေ မငြိုးပါသလေ မျိုးသာကီနွယ်ဆင်းသက်ပေ။ ဒါတို့ရွှေထီး၊ဒါတို့မြေကြီး စည်ထီး ခရိုင် ကိုယ်ပိုင်မြန်မာပြည်….”၊“တက်လူတွေ တက်လူတွေ၊ လုံးလ ၀ီရိယ ရှိကြစေ… အမျိုးဂုဏ်တက်အောင် ရွက်ဆောင်လေတို့တာဝန်အမှန်ပေ…”၊“မြန်မာချင်း ရိုင်းပင်းစေ၊ ဘုန်းတန်ခိုး တက်ကြဖို့ ခေတ်ကောင်း ရောက်ပေါ့လေ..”၊“တိုင်း..ပြည်လုံးဘဲ နယ်လုံးဘဲ ညီညွှတ်ကြစေ..”တဲ့။ကဲ….ရှင်ကော..ဘာလုပ်နေလဲ ကိုသစ္စာ..။
စကားမစပ်…

တလောတုန်းက ရှင်ပို့ပေးလိုက်တဲ့ လက်ဆောင်ကိုလည်းရပါတယ်။ပန်းတွေ ကြည့်လိုက်တာနဲ့တင် တော် တော်နောက်ကျမှ ရောက်လာတာသိနေပေမယ့်…ကြံဖန်ပြီး ဖြေသိမ့်လိုက်ပါတယ်။ရှင့်ကိုလည်း အပြစ်မ တင်ပါဘူး။အမြန် ချောပို့တာတောင် တစ်ပတ်နီးပါးကြာတတ်တာကိုး။မမေ့မလျော့နဲ့ တာဝန်သိ၊စိတ်ဓာတ်လေး ရှိလို့ ကျေးဇူးတင်ရပါတယ်။ပို့သော မေတ္တာ ရပါစေ….  ကိုသစ္စာ…။


သိပ်မကြာခင်တုန်းက ပွဲလေးတစ်ပွဲ ကိုယ်တိုင်တက်ခဲ့ရတယ်။ အလှူရေစက်ချတဲ့ပွဲလေးပါ။ “ဘက ကျောင်းတစ်ဖြစ်လည်းယဉ်ကျေးလိမ္မာ ကျောင်းလေးတစ်ကျောင်း”ကိုလေ..။မဝေးလွန်း၊မနီးလွန်းတဲ့ ခရီးလေး တစ်ခုပေါ့။လူအားစိုက်ရတဲ့ ကိုယ်တိုင် တောင်အတိုင်းမသိ ပျော်နေမိရင်.. ငွေအားကော၊လူအားပါ ကိုယ်တိုင်စိုက်ထုတ် အားပြုထားတဲ့ အလှူရှင် တွေဆို ရင်တော့ ဆိုဖွယ်ရာမရှိတော့ဘူးပေါ့..။ခရီးကအပြန် နေပူ၊မိုးရွာလိုက် ဖြစ်သွားတာမို့ ကျမ နှာတွေစီး၊ ချောင်းတွေဆိုးလိုက်ပါသေးတယ်။ကျမတောင် ဒီလောက်ဖြစ် နေရင်အဖွဲ့ဦးဆောင် ဆရာတော်အပါအ၀င် အတူတူ လိုက်လာတဲ့ အစ် ကို၊ အစ်မ တွေဆို ဘယ်လောက်တောင် ပင်ပန်းကြမ လဲနော်..။ (ကိုယ်ချင်း စာမိ ပါရဲ့) ဒါပေမယ့် (ဦးဆောင် ဆရာတော် အပါ အ၀င်)သူတို့ ကိုယ် တိုင် ကော၊ ကျမပါဘာမှမဖြစ်သလိုနဲ့ ပျော်ပျော်ပါးပါးပါဘဲ။ကိုယ့် အိမ်ကိုယ် ပြန် ရောက် ကြတော့ အားလုံး ဘုန်းဘုန်းလဲဘဲပေါ့ J။ကျမရဲ့ပထမဦးဆုံးနဲ့ အပျော်ဆုံး အလှူ တစ်ခုဖြစ်တာမို့ ဦးဦးဖျားဖျား(အားလုံးပြီးတော့)ရှင့်ကိုအမျှပေးပါတယ်း)။သာဓုခေါ်ပါ..ကိုသစ္စာ။
ကျမကပွဲဆက်များတတ်တဲ့လာဘ်ရှိတယ်နဲ့တူရဲ့း)။တစ်ခုပြီးပြီဆို နောက်တစ်ခု ရောက်လာတော့တာဘဲ :D။
သေးသေးကွေးကွေးပွဲလေးတွေအကြောင်းလဲ ရှင့်ကိုပြောရအုံးမယ်။မလိုအပ်ဘဲစာတော့ရှည်မယ်။သည်းခံပေးပါ ကိုသစ္စာ။ရှင်က ချောပါတယ်..း)။



အ၀ါပေါ်မှာ အပြာရိုက်ထားတော့ ဘာမှမမြင်ရဘူးပေါ့။ဒီကြားထဲ အပြာက နုနေပြန်တော့ သာလို့ ဆိုးပြန် သွား တာပေါ့။အဆင်ပြေသလိုသာ ကြည့်လိုက်တော့ ကိုသစ္စာရေ…။“မြန်မာ့ရိုးရာယဉ်ကျေးမှု၊၀တ်စား ဆင်ယင်မှု ပြပွဲ”တဲ့..။(လူနည်းတယ်မထင်နဲ့နော် ပွဲက စတောင်မစသေးဘူး)

ဒီလူကြီးက ကွယ်ဘဲကွယ်နိုင်လွန်းလို့ ပြောလိုက်တာ ကြားသွားသလားတော့မသိ လှည့်ကြည့်ရှာပါတယ်။ တတ်နိုင်ဘူးလေ..။ကျမအကြောင်းလဲ ရှင်သိသားနဲ့။အဲ့ဒီ့ပွဲက ဆုပေးပါတယ်။ဒီတစ်ယောက်က မှန်းထားတဲ့ထဲက..တစ်ယောက်ပါ။ဒါပေမယ့် သူမရသွားဘူး။နှစ်သိမ့်ဆုတဲ့။ထင်ထားတဲ့အတိုင်းလဲ ဖြစ်မလာတတ်ဘူး နော်။

အကဲဖြတ်ဒိုင်တောင် ဓာတ်ပုံလှမ်းရိုက်တယ်ဆိုတော့ တော်တော်လှလို့ပေါ့။ဒိုင်စိမ်းဘေးနားက ဒိုင်နီက အန်တီ ဒေါ်နွဲ့နွဲ့စန်းပါ။ပထမဆု(ငွေသားရှစ်သောင်းနဲ့ဆုတံဆိပ်)ကို ဒီကလေးမလေးက ရသွားတယ်လေ။မြန်မာအဆန် ဆုံးပါဘဲ။နာမည်လေးကလည်း လှမှလှ “ခင်မြန်မာကျော်ဇော”တဲ့။ကျမတို့ မေဂျာပထမနှစ်ကပေါ့း)။ရှင် လူရွေး တော် တယ်ပြောရမယ်…။





လူ့စိတ်ဆိုတာလည်း ပြောရခက်သား ကိုသစ္စာရဲ့ တစ်ခါတစ်လေ တောင်တွေးရင်း မြောက်ကို ရောက်ရောက် သွားတတ်တယ်လေ..။အဲ့ဒီ့အတွေးတွေ အဆုံးသတ်ရင် တွေ့ကရာ မှတ်တမ်းတင်တတ်တဲ့အကျင့် ကျမ မှာရှိတယ်။ရှင်မသိသေးတဲ့ အကျင့်တွေထဲက တစ်ခုပေါ့။မှတ်ထားပေးပါ။း)

ကဲ… ပြောချင်တာလည်း..ကုန်သွားပြီမို့ အဆုံးသတ်လိုက်ပါရစေ…။
ဒီစာက ရှင့်အတွက် ပထမဦးဆုံးလည်းဖြစ်နိုင်သလို နောက်ဆုံးလည်းဖြစ်သွားနိုင်ပါတယ်။
  “တိမ်ပြာပြာ ဆန်းဒေးတစ်ရက်မှာ ပြန်ဆုံကြပါစို့ ကိုသစ္စာ”


ရှင့်ရဲ့….
ထွေးညို

တောင်စဉ်ရေမရ အတွေးတွေအတွက် ကိုသစ္စာနဲ့ ထွေးညိုကို ထည့်သုံးလိုက်ရပါတယ်။
နာမည်တူ ရှိသူများ ၀မ်းသာ အဲလေ သည်းခံကြပါကုန်…း)။
ဝေဖန်၊အကြံပြုစာများကို (ဆန့်သလောက်) လက်ခံပါသည်။

ချစ်ခင်လေးစားလျှက်..