Showing posts with label မရမ်းချောင်းအလှူ. Show all posts
Showing posts with label မရမ်းချောင်းအလှူ. Show all posts

Sunday, April 15, 2012

မရမ်းချောင်းအလှု မှတ်တမ်းဓါတ်ပုံများ(၃)နှင့် အလှုစာရင်းရှင်းတမ်း

အားလုံးမင်္ဂလာပါခင်ဗျား။အလှုရှင်များရဲ့ စေတနာသဒ္ဒါတရားထက်သန်မှုကြောင့် MMYGရဲ့ ဒုတိယအလှုဖြစ်တဲ့ မရမ်းချောင်း အလှုဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပါပြီ။အလှုဓါတ်ပုံများကို ကြည့်ရှုရခြင်းအားဖြင့် အလှုရှင်များအနေနဲ့လည်း မိမိတို့ရဲ့အလှုနဲ့ MMYG လူငယ်များရဲ့ ဆောင်ရွက်ခဲ့ပုံကို အတိုင်းအတာတစ်ခုထိ ကျေနပ်နိုင်ကြလိမ့်မယ်၊ ပီတိဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျား။ မရမ်းချောင်းအလှုအတွက် အွန်လိုင်းကနေ အလှုခံကြော်ညာကိုတွေ့ပြီး ယုံကြည်စွာလက်တွဲ လှုဒါန်းပေးခဲ့တဲ့ အလှုရှင်များရဲ့ သဒ္ဒါတရားထက်သန်မှု ၊ MMYG လူငယ်များအပေါ် ယုံကြည်မှုကို ကျွန်တော်တို့အဖွဲ့က အမြဲ မှတ်တမ်းတင်ထားမှာပါ။ဒီနှစ်ထဲမှာမှ စပြီးလုပ်ဖြစ်ခဲ့ကြလို့ တစ်ချို့ နေရာလေးတွေမှာ နည်းနည်း ကို့ရို့ ကားယား နိုင်တာလေးတွေကိုလည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အလှုဟာ နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့အလှုပါ။ အဲတာကြောင့် မရမ်းချောင်းအလှုအတွက် နိုင်ငံအရပ်ရပ်မှ အလှုရှင်များအားလုံးအား ကျေးဇူးတင်ကြောင်း ဦးစွာ ပြောပါရစေ။မရမ်းချောင်းအလှုနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့မှာ ထပ်ဆင့်ပြောစရာတွေ အမှတ်တရတွေ တော်တော် များများကျန်ရစ်ခဲ့ပါတယ်။

Sunday, April 8, 2012

မရမ်းချောင်းအလှူပြီးစီးခြင်း မှတ်တမ်းတင်ဓာတ်ပုံများ(၂)

ဆက်ပါအုံးမယ်ခင်ဗျား။နှင်းဆီရင်ခွင်အဖွဲ့သားတွေ ပြောသလို ပြောရရင်တော့ မြန်မာပြည်က အလှုဓါတ်ပုံများ ကျွန်တော်တို့ဆီရောက်အောင် ပို့နိုင်ဖို့ “မီးးးးစက် လိုပါတယ်ခင်ဗျား”။တစ်ခုကောင်းရင် တစ်ခု ဆုတ်ယုတ်တဲ့ ဓမ္မတာအရ မီးလည်း လာရော လှည်းတန်းက ဂုံးကျော်တံတားတည်ဆောက် ရာမှာ ဒီနေ့ပဲ မြေတွေတူးတယ်လို့ သိရပြီး အင်တာနက်လိုင်း ထပ်မံပြတ်တောက်ပါတယ်။အကယ်၍ ကျွန်တော်မနက်ဖန်မှာ အလှုစာရင်းရှင်းတမ်း မတင်ပေးနိုင်သေးရင် သည်းခံပြီး ခဏစောင့်ပေးကြပါအုံးလို့ အလှုရှင်များအား မေတ္တာရပ်ပါတယ်။
မရမ်းချောင်း ဧည့်သည်မှတ်တမ်း
 မုဒိတာအလှုရှင်အားလုံးရဲ့ကိုယ်စား white board မှာ အမည်ရေးထိုးပါတယ်။
အလှုပစ္စည်းများနဲ့ အလှုခံအဖိုးအဖွားများ

ဝှီးချဲလ်ဆယ်စီးပါ..။
ခြေထောက်လေးများရဲ့ အလှုရှင်များ ဖြစ်ပါတယ်ခင်ဗျား..။

၁။ကိုငြိမ်းချမ်း (ဂျပန်နိုင်ငံ)၊ ၂။အရှင်ဇနက @ အင်္ဂါမောင် (ဗြိတိန်)

၃။မနိုင်းနိုင်းစနေ (အမေရိကန်နိုင်ငံ)၊ ၄။မချစ်စံအိမ် (မြန်မာနိုင်ငံ)

၅။ ဦးချစ်ထွန်း + ဒေါ်အိနန်း (သမီး) မစန်းစန်းခိုင် (စင်ကာပူ)၊၆။ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ(သား)မောင်ဇွဲလုလင်နိုင် (စင်ကာပူ)
၇။မဟေမာမြတ်ခိုင်၊ မနန္ဒာထွန်း (ဗြိတိန်)၊ ၈။မမီမီသန်းဌေး (ဂျပန်)
၉။ZYL & KPS (စင်ကာပူ)၊ ၁၀။နိုင်ချစ်စိန် + မိအုံးရီ (သမီး) မိမြစန္ဒာ (စင်ကာပူ)
ဝှီးချဲလ်အလှုရှင် ကိုငြိမ်းချမ်း (ဂျပန်နိုင်ငံ) နှင့် အရှင်ဇနက @ အင်္ဂါမောင် (ဗြိတိန်)တို့ ကိုယ်စား ကျော်စွာစိုးမြတ်မှ လှုဒါန်းပေးပါတယ်။
ဝှီးချဲလ်အလှုရှင် ဦးချစ်ထွန်း + ဒေါ်အိနန်း (သမီး) မစန်းစန်းခိုင် (စင်ကာပူ)နှင့် ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ (သား)မောင်ဇွဲလုလင်နိုင် (စင်ကာပူ)တို့ ကိုယ်စား ကိုကြည်လှိုင်ဝင်းမှ ပေးလှုခဲ့ပါတယ်။
ဝှီးချဲလ် အလှုရှင် မနိုင်းနိုင်းစနေ (အမေရိကန်နိုင်ငံ) နှင့် မချစ်စံအိမ် (မြန်မာနိုင်ငံ)တို့ကိုယ်စား သမီးစံမှ ပေးလှုခဲ့ပါတယ်။
ဝှီးချဲလ်အလှုရှင် ZYL & KPS (စင်ကာပူ) နှင့် နိုင်ချစ်စိန် + မိအုံးရီ (သမီး) မိမြစန္ဒာ (စင်ကာပူ)တို့ကိုယ်စား MMYG မှ ညီမငယ်တစ်ဦးမှ ပေးလှုခဲ့ ပါတယ်။
ဝှီးချဲလ်အလှုရှင် မဟေမာမြတ်ခိုင်၊ မနန္ဒာထွန်း (ဗြိတိန်) နှင့် မမီမီသန်းဌေး (ဂျပန်)တို့ကိုယ်စား ဖိုးတာမှ လှုဒါန်းပေးခဲ့ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် အလှုရှင်များအားလုံးကိုယ်စား MMYG လူငယ်များနှင့် FEEL Restaurant Group တာဝန်ရှိသူများမှ မတည်ငွေ ကျပ်၁၀သိန်းအား ဂေဟာမှုးကို ပေးလှုပါတယ်။
မရမ်းချောင်းဂေဟာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်ထဲသို့ အလှုရှင်များအားလုံး ကိုယ်စား MMYG လူငယ်များနှင့် FEEL Restaurant Groupမှ တာဝန်ရှိသူများက ကျပ် (၁၁)သိန်းအား ဂေဟာမှုးသို့ ထပ်မံလှုဒါန်းပါတယ်။

ဂေဟာမှုးမှ  ဂုဏ်ပြုမှတ်တမ်းလွှာကို အလှုရှင်များကိုယ်စား MMYG သို့  ပြန်လည်ပေးအပ်ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် မတည်ငွေ ကျပ်ဆယ်သိန်း လှုဒါန်းနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်ထဲသို့ ကျပ် ဆယ့်တစ်သိန်း နှစ်ခုပေါင်း ငွေသား ကျပ် နှစ်ဆယ့်တစ်သိန်းတိတိ လှုဒါန်းနိုင်ခဲ့ပါတယ်ခင်ဗျား။အစောပိုင်းက သူတို့ဈေးဝယ်ရင် ဆိုင်ကယ်ရီခ မတန်တဆ ပေးရတယ်ဆိုတာကြောင့် ၀ယ်လှုဖို့ စီစဉ်ခဲ့သော်လည်း ဂေဟာမှာ ရှိပြီးသား ဖြစ်နေပြီ ဖြစ်တာကြောင့် အလှုငွေချည်းပဲ လှုဒါန်းပေးခဲ့ဖြင်း ဖြစ်ပါတယ်။
အလှုရှင်များခင်ဗျား..မရမ်းချောင်းဂေဟာက ယနေ့အချိန်ထိ မီးမရရှိသေးပါဘူး။ဒါပေမဲ့ ယနေ့မှာ မရမ်းချောင်းဂေဟာအနီးထိ လမ်းမီးများ ရရှိနေပြီး မိမိတို့ အစီအစဉ်နဲ့ မီးရယူမယ်ဆိုရင် ရယူနိုင်နေပါပြီ။အဲ့ဒီအတွက် စုစုပေါင်း ကုန်ကျစရိတ် ၂၅ သိန်းဝန်းကျင်ခန့် ကုန်ကျနိုင်ပါသည်။အကယ်၍ လှုဒါန်းလိုသူများ ရှိပါက မိမိတို့ရဲ့ အစီအစဉ်နဲ့ မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် သွားရောက်လှုဒါန်းနိုင် ပါသည်ခင်ဗျား...။
ဂေဟာမှ အလှုခံပုဂ္ဂိုလ် အဖိုး၊အဖွားများရဲ့ ဆုပေးကြပုံနဲ့ ဂေဟာရဲ့ လည်ပတ်စောင့်ရှောက်ပုံ၊အလှုအကြောင်းကိုသူတို့ရဲ့ ဆန္ဒအရ ကိုကျော်စွာစိုးမြတ်မှ ရှင်းလင်းပြခဲ့တာတွေကို အောက်က မူဗီဖိုင်ထဲမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျား..
“မီးလေးများရရင် ကျုပ်တို့က ပန်ကာလေးနဲ့ အေးအေးလေးနေရတော့ တော်ယုံနဲ့ မသေနိုင်တော့ဘူးပေါ့ဗျာ..။ခင်ဗျားတို့ လှုဒါန်းတာလေးတွေကို စားပြီး တရားဘာဝ နာကို အေးအေးဆေးဆေး အားထုတ်ချင်သေးတယ်”ဆိုတဲ့ အဖိုးတစ်ယောက်ရဲ့ စကား “နိုင်ငံတော် အစိုးရ က ဂေဟာမှ လူတစ်ယောက်အတွက် တစ်နေ့ကို ကျပ် ၅၀ ထောက်ပံ့ပေးပါတယ်” ဆိုတဲ့ ဂေဟာမှုးရဲ့ ပြောစကားတွေက အလှုရှင်တွေရဲ့ရင်ဘတ်ကို တိုက်ရိုက် ထိစေ ပါလိမ့်မယ် ..ကြည့် လိုက်ပါအုံးဗျာ..။
မနက်ဖန်ကျရင်လည်း မီးစက်နှိုးပြီးပို့အုံးမှာ ဖြစ်လို့ ထပ်ပြီးဆက်ပါအုံးမယ်ခင်ဗျား..>>>>
လေးစားစွာဖြင့်
MMYGလူငယ်များ အားလုံးကိုယ်စား
ကိုရင်
18:02 (GMT) 





အလှူရှင်အားလုံးနဲ့ မြန်မာမုဒိတာ အဖွဲ့သားအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်..။
ချစ်ခင်လေးစားလျှက်
သမီးစံ

မရမ်းချောင်းအလှူပြီးစီးခြင်း မှတ်တမ်းတင်ဓာတ်ပုံများ(၁)

မရမ်းချောင်းဂေဟာအတွက်အလှုလေး လုပ်ကြမယ်လို့ စပြီးတိုင်ပင်တဲ့အချိန်က ကျွန်တော်တို့ရဲ့ ရရှိလာနိုင်တဲ့ အလှုငွေကို ခန့်မှန်းခဲ့ကြရာမှာ ၇သိန်းဝန်းကျင်လောက်ပဲ ဖြစ်ဖို့များတယ်ဆိုပြီး ကျွန်တော်တို့ ကောက်ချက်ချခဲ့ ကြတယ်။အဲ့တာလေးနဲ့ ဆန်အိတ် လေး ငါးအိတ်လောက်ရယ်၊ ၀ှီးချဲလ်လေး နှစ်စီးလောက်ရယ်နဲ့ ပိုတာလေးကို ပဒေသာပင်ထဲထည့်မယ်ဆိုပြီး ဒီအလှုလေးကို အုတ်မြစ်စချတယ်။ တကယ်လည်း အလှုခံလို့ပြီးရော ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ပမာဏက ကနဦး ကျွန်တော်တို့ ခန့်မှန်းထားခဲ့တာထက် ခြောက်ဆကျော်လောက် ရရှိခဲ့တယ်။ မရမ်းချောင်းက ဝေဒနာ-ရှင်တွေရဲ့ ကံတရားကောင်းမှုကြောင့်ရယ် နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့ တိုင်းတာမရနိုင်တဲ့ သဒ္ဒါတ ရားတွေကြောင့် ကျွန်တော်တို့ဟာ ဒီအလှုငွေတွေနဲ့ မရမ်းချောင်းဂေဟာရဲ့ လက်ရှိလိုအပ်နေတဲ့ အရာလေးတွေ (ဂေဟာက တောင်းဆိုလာသလောက်အကုန်)ကို ဖြည့်ဆည်းနိုင်ခဲ့ တဲ့အပြင် ပိုလျှံနေတဲ့ အလှုငွေတွေကိုပါ ရာသက်ပန် ပဒေသာပင်ထဲ ထည့်ပေးနိုင်ခဲ့ပါပြီ။စိတ်ကြည်နူးမိတယ်၊ ပီတိဖြစ်မိတယ်ဆိုတာထက် အဆပေါင်းများစွာ ရင်ထဲမှာဖြစ်နေတာကို စာစီပြလို့ မရနိုင်ပါဘူး။မနက်ကလည်း အစောကြီး အလုပ်ထဲကထွက်ပြီး ဒီနေ့မှာ သွားပြီးလှုပေးမဲ့ အဖွဲ့တွေကို မေတ္တာပို့ပြီး ဖုံးဆက်တယ်။သူတို့ တက်ကြွနေတဲ့ အသံတွေကို ကြားမိတော့ ကြက်သီးတွေတောင် ထမိတယ်။