Showing posts with label ဒဿန. Show all posts
Showing posts with label ဒဿန. Show all posts

Friday, November 25, 2011

စိတ်



အရေးမလှ၊ တွေးသမျှ၊ ဆွေးရတာလည်း၊ ဒီစိတ်ပဲ။

တရားမ၀င်၊ အများပင်၊ မှားချင်တာလည်း၊ ဒီစိတ်ပဲ။

နှလုံးဘ၀င်၊ မပြုံးရွှင်၊ မုန်းချင်တာလည်း၊ ဒီစိတ်ပဲ။
 

အပြစ်မမြင်၊ အနှစ်ထင်ချစ်ခင်တာလည်း၊ ဒီစိတ်ပဲ။
 

ကာမဂုဏ်တွင်၊ အာရုံဝင်၊ ပျော်ရွှင်တာလည်း၊ ဒီစိတ်ပဲ။
 

အကန်းအသွင်၊ အရမ်းနှင်၊ ကြမ်းချင်တာလည်း၊ ဒီစိတ်ပဲ။
 

ချစ်စရာကောင်း၊ မုန်းဖို့ကောင်း၊ ပြောင်းချင်တာလည်း၊ ဒီစိတ်ပဲ။
 

အပြုအပြင်၊ လူ့တခွင်၊ နုချင်တာလည်း၊ ဒီစိတ်ပဲ။
 

သတိဥာဏ်ယှဉ်၊ သမ္ပဇဉ်၊ သိမြင်တာလည်း၊ ဒီစိတ်ပဲ။
 

ဒါန သီလ သမထ၊ ပြုကြတာလည်း၊ ဒီစိတ်ပဲ။
 

သာသနာကို၊ မကြည်ညို တွန့်တိုတာလည်း၊ ဒီစိတ်ပဲ။
 

အနေမကျ၊ အခြေမကျ၊ သေရတာလည်း၊ ဒီစိတ်ပဲ။
 

ဘာဝနာရုပ်နာမ်၊ အမြင်သန်၊ ကျင့်ကြံတာလည်း၊ ဒီစိတ်ပဲ။
 

တစ်မဂ်တစ်ဖိုလ်၊ ရက်တိုတို၊ ရောက်လိုတာလည်း၊ ဒီစိတ်ပဲ။
 

အရှင်မုနိန္ဒ (သာသနဓဇဓမ္မာစရိယ)
B.A (Eng),M.A(Buddhism)
Magadh University,Bodh Gaya India.

(အီးမေလ်းထဲမှ... share ပေးလိုက်ပါသည်။) 
အသစ်မတင်နိုင်သည်မှာ..သမီးစံ..မအား၍မဟုတ်..(ကိုရင်ပြောသလို)..အပျင်းထူနေ၍ဖြစ်ပါသည်။
ထို့အတွက်ကြောင့်..(ဂျင်ဆန်းမီအား) ခွေးလွှတ်ကြပါကုန်းP။


လေးစားလျှက် 

Thursday, October 20, 2011

ဖတ်ခဲ့ဖူးတဲ့..ဒဿနလေးများ


ရယ်ပါ...
ရယ်မောခြင်းဟာ အသက်ရှည်တာ အမှန်ပါ။
ခြွင်းချက်တော့ ရှိတယ်။
သင်ရယ်မောတဲ့အခါ လူအများနဲ့ အတူတူရယ်ပါ..။
ပျော်ရွှင်စရာကောင်းပါတယ်။
လူတစ်ယောက်ကို မရယ်ပါနဲ့။
စော်ကားရာရောက်ပါတယ်။
သူ့ကွယ်ရာမှာပဲဖြစ်ဖြစ်
သူ့ရှေ့မှောက်မှာပဲဖြစ်ဖြစ်ပေါ့။
ဒီနေ့တော့ အဲဒီအမူအကျင့်ကို
ရှောင်ဖြစ်အောင် ရှောင်လိုက်စမ်းပါ။

@@@@@@@@@@@@@@@@@@@

အတိုက်အခိုက်ခံရတယ်ဆိုတာ
လူတိုင်း ကြုံရတာပဲ...
ကိုယ့်ရဲ့ ရန်သူတွေ၊ယှဉ်ပြိုင်ဘက်တွေဟာ
သင့်ကို တိုက်ခိုက်ဖို့ အမြဲချောင်းမြောင်းနေတာ
သေချာတယ်။
လူ့ဘ၀မှာ ရန်သူမရှိတဲ့ဘ၀ကို တည်ဆောက်ဖို့
မလွယ်လှဘူး...
ဒီနေ့ သင် အတိုက်အခိုက် ခံရပြီလား။
ဒါဆိုရင် ဒီစကားလေးအတိုင်း ဖြေရှင်းပါ။
လက်ရှိအဖြစ်ကို
တုံ့ပြန်ဖို့ စဉ်းစားထားတာထက်
မနက်ဖြန်ကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့
စိတ်ကူးနေတာက ပိုကောင်းတယ်။
<><><><><><><><><><><><><><><><><><><>

ဒီနေ့ သင့်ဘ၀အခြေအနေကို
တညည်းညည်း တညူညူနဲ့ တခြားလူတစ်ယောက်ကို
ဖွင့်ပြောပြမိနေသလား...
ဒါဆိုရင်တော့ သင်ဟာ
လူညံ့တစ်ယောက်ဖြစ်နေသေးတယ်။
လူတော်တွေဟာ
ဘယ်လောက်ပဲ ဘ၀အခြေအနေဆိုးနေပါစေ...
ဆိုးလိုက်တာလို့ ညည်းညူနေသူမရှိဘူး။
ဒါကို ဘယ်လိုဖြေရှင်းမလဲလို့
အကြံညဏ်တောင်းသူတွေသာဖြစ်တယ်။
ဒါကို သင်သိရင် မနက်ဖြန် လူတော်ဖြစ်ပြီ။

*****************************************************
သင်ဟာ အားနာတတ်တဲ့လူလား။
ကိုယ်မနှစ်သက်၊မတတ်နိုင်တဲ့ ကိစ္စတွေကို
သူတစ်ပါးကို အားနာစိတ်ကြောင့်
လိုက်လုပ်ပေးနေမိသလား။
ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ...
အားနာတတ်တဲ့လူဟာ မအောင်မြင်နိုင်ဘူး။
ဒီနေ့
သင်မတတ်နိုင်တဲ့ ကိစ္စတွေကို ဟင့်အင်းလို့
ပြတ်ပြတ်သားသား ငြင်းပစ်လိုက်စမ်းပါ။
သင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့
ခံစားလာရလိမ့်မယ်။
ငြင်းဖြစ်အောင် ငြင်းလိုက်စမ်းပါ။

@@@@@@@@@@@@@@@@@@@@@@@@@

သင်ဘာဖြစ်ချင်တာလဲ။
အဲဒါ တော်တော်ခက်တယ် ။
ဟိုဟာလည်းဖြစ်ချင်၊
ဒီဟာလည်းဖြစ်ချင်
ဟိုလူနဲ့တူချင်၊ ဒီလူနဲ့တူချင်
အဲဒီလိုဆန္ဒတွေများနေရင်
ဘယ်ဆန္ဒကိုမှ အောင်မြင်အောင်
အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး။
တစ်ခုပဲစိတ်ကူးပါ။
အဲဒီစိတ်ကူးကို ညတိုင်း အိပ်မက်မက်ပါ။
နေ့တိုင်း အကောင်အထည်ဖော်ပါ။
ဒါဆို သင်ထင်မြင်သလောက်
ပန်းတိုင်ရောက်ဖို့မကြာတာကို
တအံ့တသြတွေ့ရပါမယ်.
ကဲ ဒီနေ့သင့်ရဲ့အနာဂတ်မှာ ဘာဖြစ်ချင်တာလဲ။

<><><><><>><><><><><><><><><><><><><><><>

လူတိုင်းမှာ ပန်းတိုင်ရှိတယ်။
ကိုယ်က သတ်မှတ်တဲ့ပန်းတိုင်နဲ့
ဘ၀ကသတ်မှတ်တဲ့ပန်းတိုင်
နှစ်မျိုးရှိတယ်။
လူတိုင်းဟာ
ပန်းတိုင်အမျိုးမျိုးကိုတာ့ ရောက်ကြတာပဲ။
ဒါပေမယ့် ဘ၀ကသတ်မှတ်တဲ့ ပန်းတိုင်ကို
ရောက်တဲ့သူက များတယ်။
ကိုယ်ကိုယ်တိုင်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို
ရောက်တဲ့သူက နည်းတယ်။
အဲဒီ့ လူနည်းစုထဲကို
သင် ၀င်ရောက်နိုင်ရင် ကောင်းတာပေါ့။
လောကမှာ လူနည်းလာလေလေ
အခွင့်အရေး ပိုပိုရလေပဲ...
အဲဒါကို မှတ်ထားပါ...........။

@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ့်ဘ၀ရဲ့
ကိုယ်မလိုအပ်တော့တဲ့ အစိတ်အပိုင်းတွေကို
ဖြူတ်ချလိုက်ပါ။
ပန်းပုဆရာတစ်ယောက်လိုပေါ့...။
လှပအသက်ဝင်တဲ့ ပန်းပုရုပ်ထုတစ်ခုရဖို့
မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို
ထွင်းထုပစ်ရတာပဲ။
နှမြော၊တမ်းတ၊ ဖက်တွယ်ထားရင် မဖြစ်ဘူး။
ကိုယ့်ဘ၀လှပဖို့အတွက်
ကိုယ့်ဘ၀ရဲ့မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို
ဖယ်ပစ်ပါ၊ထွင်းထုပစ်လိုက်ပါ။
နှမြောတသ ဖြစ်မနေပါနဲ့။

<><><><><><><><><><><><><><><><><><><><><>

စာရေးဆရာကောင်းသန့်ရဲ့သား..
စာရေးဆရာ သဲအောင်ရဲ့ "ဒီနေ့ကို သင်ဘယ်လိုဖြတ်သန်းမည်လဲ" စာအုပ်မှ.
စာစု အနည်းငယ်ကို သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်တာပါ။ 
နေ့ရက်တွေတိုင်းကို အကောင်းဆုံး ဖြတ်သန်းနိုင်သူများ ဖြစ်ကြပါစေ

ချစ်ခင်စွာဖြင့်


Image and video hosting by TinyPic

Thursday, September 1, 2011

သင့်အတွက်တိုက်ဆိုင်တဲ့တစ်ကြောင်းတော့ရှိလိမ့်မယ်...




၁။ မင်းငါ့ရင်ထဲကို ၀င်ကြည့်လို့ရမယ် ဆိုရင် မင်းငိုမယ် ဘာလို့လဲဆိုတော့ ငါရင်ထဲမှာ မင်းနဲ့ ပြည့်ကြပ်နေလို့။ ငါမင်းရင်ထဲကို ၀င်ကြည့်လို့ရမယ် ဆိုရင် ငါငိုမယ် ဘာလို့လဲဆို မင်းရင်ထဲမှာ ငါမရှိလို့။

၂။ တစ်ရက် ငါတို့တွေ မထင်မှတ်ပဲ ဆုံကြရင် ငါ့ခြေလှမ်းတွေကို ရပ်လိုက်မယ်။
တဖြေးဖြေး ဝေးသွားတဲ့ ကျောပြင်ကိုကြည့်ပြီး ငါကိုယ့်ကို ပြောမယ် “အဲဒီလူကို ငါချစ်ခဲ့ဖူးတယ်” လို့။

၃။ ဘာလို့ ဒီလောက် အေးစက်ရတာလဲလို့ ငါခံစားနေရတယ်။ ငါနွေးထွေးဖူးတော့

ဒီအအေးဓါတ်ကို မခံနိုင်တာ။

၎။ မင်းငါ့ကို ခွဲခွါမယ်ဆိုရင်လဲ ငါမတားပါဘူး
မင်းမှာမင်းရဲ့အကြောင်းတွေရှိလို့နေမှာပေါ့။
မင်းငါကိုချစ်နေသေးတယ်လို့ပြောရင် ငါမင်းကိုပြောမယ် ငါအခုထိစောင့်နေသေးတယ်။

၅။ မပြောရင် ပြောင်းလဲသွားမှာမဟုတ်လို့ ထာဝရမပြောရင် ထာဝရပြောင်းလဲမှာမဟုတ်ဘူး။

၆။ မင်းဒီလောကကိုရောက်လာတုန်းက ငိုတယ် မင်းငိုတာကိုကြည့်ပြီး
အားလုံးပြုံးကြတယ်။ မင်းဒီလောကကနေထွက်သွားတော့ မင်းပြုံးတယ်
အားလုံးငိုကြတယ်။

၇။ မင်းကို ငိုစေတဲ့ အကြောင်း တစ်သောင်းလောက်ရှိမယ်ဆိုရင် မင်းကို
ရီစေတဲ့ အကြောင်း တစ်သောင်းနဲ့ တစ်ခု ရှိမယ်။


၈။ ကြံ့ခိုင်အောင်လုပ်တယ်ဆိုတာက ကိုယ့်ကို လိမ်နေတာမဟုတ်ပါဘူး။
လိမ်ခံရတာကို ခံနိုင်ရည်ရှိအောင်လုပ်တာပါ။


၉။ ဘာလို့ ငါ့အချစ်တွေကို ပေးနေတဲ့အချိန်မှာ ငါချစ်တာမှားသွားပြီး။
သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့သူနဲ့ မတွေ့တာဘာကြောင့်လဲ။


၁၀။ လေတံခွန်လွတ်တာ ချစ်နေရတဲ့ခံစားချက်ပါပဲ။ ဘယ်လိုဝေးကွာနေပါစေ
လွယ်လွယ်နဲ့ မပြောင်းလဲဘူး။ ဘာလို့လဲဆိုတော့ မင်းလက်ထဲက
ကြိုးကိုမင်းကိုင်ထားလို့ မင်းတို့ရဲ့ သံယောဇဉ်ကြိုးလေးပါ။


၁၁။ လူတွေအကြားမှာ ငါကဘယ်သူလဲ။ ငါဘယ်ဘက်ကိုသွားလိုက်
ညာဘက်ကိုသွားလိုက်နဲ့။ ငါမျက်စိတွေလည်နေတယ်။ မိုးရွာတယ်။
ကောင်းကင်ကြီးငိုနေပြီ လို့ ငါပြောတယ်။


၁၂။ Believe ဆိုတဲ့ စကားလုံးမှာတောင် lie လေးကပါနေတယ်။ lie နေရင်တောင် ငါယုံပါ့မယ်။


၁၃။ မင်းငါ့ကို ထွက်သွားတော့လို့ပြောတယ်။ ငါထွက်သွားခဲ့ပါတယ်။
ငါထွက်သွားပြီးတော့ မင်းက ငါ့ကို ပြန်လာဖို့ တောင်းပန်တယ်။ sorry ပါ
ငါထွက်သွားတာ အဝေးတနေရာကိုရောက်နေပြီ။


၁၄။ ချစ်တဲ့သူနဲ့ ရန်ဖြစ်ပြီး သူစိမ်းလူတယောက်ကို ငါရင်ဖွင့်နေရတယ်။


၁၅။ မင်းရဲ့ ဂရုစိုက်တာတွေကို ငါမျှော်ရင်း ငါကိုယ့်ကိုဂရုစိုက်တတ်လာပြီ။


၁၆။ မင်းထွက်သွားတဲ့ နေ့က ငါမျက်ရည်မကျဘူး ငါမျက်တောင်မခက်မိအောင်ငါကြိုးစားခဲ့တယ်။


၁၇။ အချစ်ဆိုတာ နာကျင်စေပါတယ်။ ရက်စက်တဲ့သူတွေကတော့ သူ့ချစ်သူကို
နာကျင်စေတယ်။ သဘောထားပြည့်ပြီးမြတ်နိုးတဲ့သူတွေကတော့ သူတို့ကိုသူတို့
နာကျင်စေတယ်။


၁၈။ နှမျောဖို့ကောင်းတာကတော့ လက်မလွတ်ရမှာကို လွယ်လွယ်နဲ့ လက်လွတ်ပြီး
ခေါင်းမမာသင့်တဲ့ နေရာမှာ ခေါင်းမာနေကြတယ်။


၁၉။ လူတစ်ယောက်ကိုလွမ်းတာ ရေအေးတစ်ခွက်သောက်ရသလိုပဲ ကြာရင် မျက်ရည်ဖြစ်သွားတယ်။


၂၀။ မသိလိုက်တဲ့အချိန်မှာ စတင်ခဲ့တယ်။ တားဆီးလို့မရတဲ့အချိန်မှာ ပြီးဆုံးသွားတယ်။


၂၁။ စောင့်မျှော်တယ်….မလွယ်ကူပါဘူး။
နာကျင်စေတယ်…..မသိလိုက်တဲ့အချိန်မှာတောင်နာကျင်စေခဲ့ပါတယ်။


ပုံအားဂူဂဲလ်မှယူပါသည်။(ပုံနဲ့စာဆိုင်ဆိုင်မဆိုင်ဆိုင်ပေါ့နော်တွဲသာကြည့်ကြပါ :P)

ဒါနဲ့စကားမစပ်..ပြောရအုန်းမယ်..ခုတစ်လောလေ....
အပျိုကြီးအလုပ်များနေလို့ဘော်ဘော်တို့ဆီ
လာမအော်နိုင်၊မမန့်နိုင်ရင်..စိတ်ဆိုးနဲ့နော်..း))
ဆယ့်နှစ်ရက်နေ့စာမေးပွဲရှိလို့ပါ။ :P

ခင်မင်လေးစားလျှက်..

Image and video hosting by TinyPic