Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, November 30, 2012

ဇိမ်



ညယံအခါ ..... ။

မောင်ကခြောင်းပေး ၊ မေ၀င်ပြေးလှည့်

တုတ်ခနောင်းကိုင်ကာ ၊ နေရာကြည့်ရှာ

ရွှေလရောင်ဝါ ၊ထွန်းလင်းသာပ

ဝန်းကျင်တစ်ဝိုက် ၊ စွတ်စိုမြိုက်၍

ကြယ်မြတ်တ္ထိကာ ၊ ကြည်လဲ့ရွှန်းဖြာ

စိုပြေသာလ ၊ အခါသမယ၌

ကြာမျိုးငါးပါး ၊ ခြံရံဝန်းထား

တင့်တယ်သာလှ ၊ နတ်ရေကန်တမျှ

အေးမြချမ်းအေး ၊ စမ်းရေစီးသံ

နားကိုလျှံ၍ ၊၀န်းကျင်တစ်ခို

ရွှန်းရွှန်းစိုသည့် ၊ သာယာပေစွ

ရေကန်ဝ၌ ၊ စိတ်များညွှတ်နူး

ပွတ်အူးသည်းလှိုက် ၊ မူးမိုက်ခဏ ၊ ဤကာလ၌

ကြာရှည်လွယ်ထား ၊ ဒုက္ခ၀မ်းတွင်း

မီးသို့ပြင်း၍ ၊ ဆီကုန်ခမ်းခိုက်

ဤဘုံနန်း၌ ၊နက္ခတ်အစုံ ၊ဆတ်ဆတ်တုန်အောင်

ဥသြဆွဲသံ ၊ဆူဆူညံ၍ ၊ ဖြေရှင်းဒုက္ခ

ကိုယ်တွင်းပ၏ ၊ ပါလိုကောင်းသည့် `အင် အင်း ´ တကား ......... ။ ။ ။ ။

[ အင် အင်း သည်လည်း ပါတတ်လျင် ကဗျာ ဆန်ပါသည်။]

                                                                          “ည”


(ဒီကဗျာကိုမှ ဆားမချက်ရင် နိုဝင်ဘာလအတွက်..Label နေရာမှာ ကွက်လပ်ဖြစ်သွားတော့မယ်။း)) 

ပိုင်ရာဆိုင်ရာများကိုလည်း..ပို့စ်အသစ်ကို မှန်မှန်ဆက်ကြေးမပေးနိုင်တဲ့အတွက် တစ်ပါးတည်းတောင်းပန်ပါရစေ ..
ဖေ့ဘုတ်ပေါ်မှာ (တကယ်)အလုပ်များနေလို့ပါ :D

Thursday, February 16, 2012

မဆုံသောလမ်း..



အပြင်မှာနှင်းဖွေးနေပေမယ့်...

ရင်မှာမအေးတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ

အအေးဒဏ်ကိုအံတုရင်း..

အဖော်မပါဘဲ တစ်ကိုယ်တည်းလျှောက်သွားဖူးခဲ့တယ်။

မထီမဲ့မြင်အပြုခံလိုက်ရတဲ့  ချစ်သူရဲ့အရက်စက်ဆုံးစကားကြောင့်

နာကျည်းချက်တွေ...ရင်မှာပိုက်

ကြေကွဲစွာ...ရူးသွပ်ရင်းနဲ့ပေါ့...။

သူ့ဘ၀မှာ ကိုယ်အမြတ်နိုးဆုံးအရာက

"ရိုးသားမှုနဲ့သစ္စာတရား"

ပြန်ရလိုက်တာ...

" အရောင်ဆိုးထားတဲ့ဟန်ဆောင်မှု"

ရက်စက်တော့မယ်ဆိုတာသိရက်နဲ့ မိုက်မဲခဲ့မိတယ်။

ကိုယ့်အတွက် ပေးခဲ့တဲ့သူ့ရဲ့လက်ဆောင်က...

ဒဏ်ရာအပြည့်နဲ့ပါကင်ပိတ် နှလုံးသားတစ်စုံရယ်...

မျက်ဝန်းမှာခိုတွဲ.. တသွင်သွင်စီးကျနေတဲ့အဆွေးမျက်ရည်တွေရယ်ပေါ့..။

ရာသီတွေပြောင်း နှစ်တွေဟောင်းသွားပေမယ့်

မမေ့ရက်ဆုံးက  ချစ်သူရဲ့အပြုံးနဲ့ စကားသံတွေပါ....။

ပဲ့တင်သံပြန်ကြားရတဲ့နေရာဆိုတာ...

ဘယ်တော့မှအဖော်မရှိတတ်ပါဘူး။

ပြန်လာခဲ့ပါချစ်သူ....

မေ့တတ်တဲ့လောကကြီးက

နင့်ကို...အသစ်တစ်ဖန် ဆီးကြိုနေပါလိမ့်မယ်

ငါလည်း... ပန်းသီးတစ်လုံးပြင်ထားတယ်။

*****************

Pyaung Gyi (P.G) +  မိစံ

(သူခြစ်၊ကိုယ်ခြစ်..နှစ်ယောက်ပေါင်းခြစ်ရင်း၊ရေးရင်းနဲ့ ကဗျာတစ်ပုဒ်ဖြစ်လာတာမို့
အမှတ်တရအနေနဲ့ သိမ်းထားလိုက်တာပါ။း)


ချစ်ခင်လေးစားလျှက်...




Tuesday, February 14, 2012

ချစ်သူ..............



ချစ်သူ..............

မြန်မာပြည်မှာ H5N1 ဖြစ်တုန်းက

ငါဟာမကြောက်ရွံ့ခဲ့ပါဘူး ။ ။

ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................



ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း

စိတ်မပျက်ခဲ့ပါဘူး ။ ။

တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး

နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............



gtalk banned ခံရလို့ လည်း

နောက်မဆုတ်ခဲ့ပါဘူး ။ ။

ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 

chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................



chatting အမျိုးမျိုးနဲ့ 

နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို

ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 

လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................



 onlineမှာ နင် ရှိနေမယ်ဆို

power တွေတက်ခါးတွေမျက်နေလည်း

အငတ်ငတ်အပြတ်ပြတ်နဲ့ 

ဆက် chat နေပါ့မယ် ချစ်သူ.....................



မ chat ရင် မနေနိုင်တာကလွဲလို့ 

မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို 

နင့်ရဲ့ဘ၀ထဲက ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ.............. 


 chatting thesis နဲ့  Internet course မှာ 

solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို 

account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို 

ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................ 



 နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 

 နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့

 ငါ့ရဲ့နှလုံးသားကို

 ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................ 


 မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့ 

 ငါ့ရဲ့နှလုံးသားကို 

အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ............... 


 ငါ့ဟာငါ register လုပ်ခဲ့ပြီး

ငါ့ဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို

 နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................


 ကျေးဇူးရှင် chat senior များရဲ့

 သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့

 နင့်ရဲ့နှလုံးသားကိုလည်း

ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ.............. 


 ချစ်သူ..............

 တကယ်တော့..............

 ငါဟာနင့်ရဲ့ဘ၀ထဲကို

 လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။



(ကဗျာပိုင်ရှင်ကိုခရက်ဒစ်ပေးပါတယ်။)


''I' ll do anything

I'll give you my world

I'll wait forever to be your boy

Just call out my name

And I'll be there.

Just to show you how much I care.

I was born to make you happy."

(ကြိုက်တယ်ဆို ကူးသွားလိုက်ပါ။ လက်ဆောင်ရထားတား)



ဒီနှစ် result ကပုံပါအတိုင်းဘဲမို့..အေးအေးဆေးဆေးဘဲနေပါမယ်။း)
(ပုံကို face book ကယူပါတယ်)

ညီမ၀မ်းကွဲတစ်ယောက်နဲ့..သူငယ်ချင်းတစ်ယောက်မွေးနေ့လဲဖြစ်တာမို့
အပီအပြင်စားဖို့ပြင်ထားကြောင်းပါ...။ :D


ချစ်သူများနေ့မှာ...ချစ်တတ်သူတိုင်း..ပျော်ရွှင်ချမ်းမြေ့ကြပါစေ... :)


(လက်ဆောင်များနဲ့လန်းနေသူး)


ချစ်ခင်လေးစားလျှက်..


Sunday, February 12, 2012

ဗိုလ်ချုပ်အတွက်ကဗျာများ





သက်ရှိထင်ရှား..ရှိနေသေးရင်အသက် (၉၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့...
လွတ်လပ်ရေးဖခင်ကြီး...ဗိုလ်ချုပ်အောင်ဆန်း..
"ကောင်းရာသုဂတိလားပါစေ"


ကဗျာစာအုပ်လေးကိုတော့ အစ်မမိုးခါး အိမ်ကယူလာပါတယ်။
(အစ်မမိုးခါး ကျေးဇူးပါ..။)


ချစ်ခင်လေးစားလျှက်..


Tuesday, January 24, 2012

ဆုံဆည်းခွင့်


“အစကောင်းမှ..အနှောင်းသေချာ”ဆိုစကားလိုပဲ

ငါတို့ရဲ့တွေ့ဆုံမှုက..အစကတည်းကမကောင်းခဲ့တာပါ

မေ့ဖို့အတွက် ချစ်ခဲ့တာမဟုတ်ပေမယ့်...

အချစ်တစ်ခုရဲ့ပျော်ရွှင်ခြင်းအတွက်

အပြစ်တစ်ခုနဲ့ငါ့ရင်ကို အဆုံးသတ်စေခဲ့တာပါ။

အရာရာ ရင်ဆိုင်ချင်ခဲ့ပေမယ့်...

မကြာခင်ကျောခိုင်းရမှာ သိနှင့်သူမို့

လမ်းခွဲခဲ့ရတာကို နားလည်ပေးပါ..

အခြေအနေဆိုတာ အပိုင်တွက်လို့မရကောင်းသလို

အချိန်ဆိုတာလည်း ပြန်လှည့်လို့မရနိုင်တော့ဘူးလေ...

အရာရာအသစ်က ပြန်စခွင့်ရှိမယ်ဆို

ငါဆုတောင်းမိပါရဲ့....

ချစ်နှစ်သက်သောသူနဲ့သာ

ဘ၀ဆက်တိုင်း ဆုံဆည်းခွင့်ရပါစေလို့....

 
 
(ဓာတ်ပုံ - မိစံ)


ချစ်ခင်လေးစားလျှက်


Tuesday, January 17, 2012

ရာဇ၀င်တို့ရဲ့သူရဲကောင်းများသို့...

“ဒီမိုကရေစီ သူရဲကောင်းတွေ” 


“ဒီမိုကရေစီ”
သူတို့ လက်တွေကိုမြှောက်
ရင်ကော့လျှောက်ကာ
ကျည်ဆံအောက်မှာ ဒူးမထောက်ကြဘူး
.......
သမိုင်းကပေး
တာဝန်ကို ပွေ့ထွေးကာ
တိုင်းပြည်ရာဇ၀င် ၀င်ရေးကြတဲ့ အမည်မသိသူရဲကောင်းတွေ
ကမ္ဘာမြေက စောင့်ရှောက်ပါစေ...
........
ဒီနေ့တော့ 
တို့တွေ အောင်ကြပြီ
သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ
အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ
ကြယ်တွေ မစုံတော့တဲ့ညမှာ
(ဒါဟာ တကယ်ဝမ်းနည်းစရာပါ)
..........
တချို့က ငိုကြ၊ တချို့ကလည်း ရယ်ကြ
ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရသလဲ
ကျောင်းသားတွေက သင်လို့ပြ
သြော်....
အမျှ...အမျှ....အမျှ
မစားဘဲ စွန့်ခဲ့သူတွေအတွက်
မျက်ရည်တွေနဲ့ ရေစက်ချ
***********



(ဒီကဗျာကို သူရေးပြီးစ..တုန်းက..အစ်မ ငါတင်ရင်ကောင်းမလားတဲ့...း)

ချစ်ခင်လေးစားလျှက်...


Thursday, December 15, 2011

မာန်...


အပျိုကြီး ကျွန်မ
နှစ်ကိုယ် မနီးပေမဲ့
အို- ငိုလို့ ညည်းမနေပါဘူး
ဝေဒနာ ရင်မှာ သိမ်းပါလို့
ခပ်စိမ်းစိမ်းနေခဲ့တယ်။
ခင်မင်သူ လူအရင်းတွေက
အပျင်းပြေ လှောင်ပြောင်ရယ်ကြ
ယောင်လည်လည် အပျိုကြီး….ပါတဲ့
စပ်ဖြီး ပြီတီတီနဲ့
မထီတရီ သည်မျက်လုံးတွေက
ပြုံးလှောင်ကြကွယ်။
အပျိုကြီး ကျွန်မမှာတော့
တစ်ကိုယ်တည်း ဘ၀ပေမဲ့
အသည်းကတော့ မငယ် မငယ်
တကယ့် တကယ်တော့ အားမာန်ခဲ။
ဘ၀လမ်းမှာဖြင့်
ခရောင်းမြေတွင် လေသရမ်းပါလို့
လှိုင်းကြမ်းလေထန်ပေမင့်
ရေဆန်ကို ရွက်ကုန်ဖွင့်ကာ
အညာ အကြေ မကျန် တက်စုံလွင့်နိုင်ငဲ့
ရင့်ကျက်ကြည်ကြည်လင်နဲ့
ထီမထင် အပျိုကြီးပါဟဲ့
တစ်ကိုယ်တည်း ဖော်မလိုပါဘူး
ပျော်သလို ဘ၀ခရီးမပန်းကာ
(ကွယ်) လှမ်းခဲ့သည်ပဲ။ ။
ဘ၀တူအပျိုကြီးများသို့………..။


ဓာတ်ပုံအား..အမတော်.တစ်ဦးမှ..ကူညီထားပါသည်။း)




ချစ်ခင်လေးစားလျှက်....



Friday, November 11, 2011

ဇာတ်



လိမ်တဲ့ဇာတ်
နှိမ်တဲ့ဇာတ်
သတ်တဲ့ဇာတ်
ငတ်တဲ့ဇာတ်
ဆဲတဲ့ဇာတ်
ကွဲတဲ့ဇာတ်တွေရပ်ပြီး
ပေါင်းတဲ့ဇာတ်
ကောင်းတဲ့ဇာတ်
လှတဲ့ဇာတ်
ကတဲ့ဇာတ်
ချစ်တဲ့ဇာတ်
သစ်တဲ့ဇာတ်တွေ
ကြည့်ပါရစေလားခင်ဗျာ။

အံ့မောင်
{မော်ဒန်သတင်းဂျာနယ်..အမှတ်စဉ် ၂၈၃ မှ....}

ချစ်ခင်လေးစားလျှက်

Image and video hosting by TinyPic

Sunday, October 23, 2011

မဲလုံးသို့တမ်းခြင်း...


သေမှာကြောက်ရင် မြေမှာမလျှောက်နဲ့
အိမ်သာအောက်ကို ကျွံနင်းမိမယ်
သစ်ရွက်တွေကြွေရင်တောင်ခိုစရာမြေပြင်ရှိတယ်
အချစ်ငတ်နေတဲ့ငါဟာ ငိုစရာရင်ခွင်မရှိဘူး
ပြောပြမိရင် ဒေါသရှိမယ်...
လောကကြီးရယ် ငါ့ကိုမှရက်စက်နိုင်လေခြင်း..
(ဒါက တစ်ချိန်တုန်းကပေါ့..)
ခုချိန်မှာတော့ ငါဟာ …
အားလုံးကိုလှောင်ပြောင်နေနိုင်ပြီလေ
ငါ့ကိုဒဏ်ရာတွေပေးခဲ့တဲ့နင့်ကို
ဘယ်တော့မှမမေ့ပါဘူး …
လမ်းထိပ်က မဲလုံးရယ်
ခုတော့လည်း..
နင်လည်းနင့်ဘ၀နဲ့နင်ဘယာကြော်ရောင်းလို့
ငါလည်းငါ့ဘ၀နဲ့ငါအခြေအနေကောင်းလို့…
အားလုံးအဆင်ပြေပြေနဲ့
ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီပဲ
ခုတော့ပြီးသွားပါပြီလေ...
ဒါပေမယ့်..နောက်ဆုံးအနေနဲ့
ပြောချင်တာလေးတစ်ခုတော့ရှိတယ်..
အဲဒါကတော့…
ခုထိ..ငါ..အပျိုကြီးလုပ်နေတုန်းပါပဲ။

(ကိုယ်ပိုင်ကဗျာ မဟုတ်ပါ။ပိုင်ရှင်ရှိလျှင်ပြောထားပေးခဲ့စေချင်ပါသည်။)

ချစ်ခင်လေးစားစွာဖြင့်


Image and video hosting by TinyPic

Sunday, October 16, 2011

ဒဏ်ရာ...




တစ်ချက်တည်းပါပဲ
ဆွဲအားပြင်းပြင်းနဲ့
ငါ့ရင်ကိုခွင်းတဲ့မြှားတစ်စင်း...
စိုက်သွားမှန်းမသိလောက်အောင်
ညင်သာလွန်းတော့
ရင်ဘတ်ဟောင်းလောင်း
သွေးစက်တွေ ဗရပွနဲ့
အသက်မဲ့ပြုံးနေမိခဲ့တယ်...။
သေဆုံးသွားပါပြီ...
တိတ်တိတ်လေးပဲ ၀ိညာဉ်ချုပ်
တစ်စက္ကန့်အတွင်းမှာ
နှလုံးသားဟာ ဆတ်ဆတ်ခါ"နာ"လျှက်ပေါ့...။
အဲဒီလိုလေး...
မပီဝိုးတ၀ါး ကျရှုံးခန်းမှာ
ကောင်းချီးထောပနာသံတွေရဲ့ကြား
ပုံပန်းမကျ အကြည့်နာနဲ့နှုတ်ဆက်
အဲဒီ့အချိန်ဟာ...
ငါ့အတွက်တော့...
သေခြင်းတရားနဲ့လိုက်ကာချတဲ့..နေ့..ပေါ့...။

                မိုးနင်း 


ချစ်ခင်လေးစားစွာဖြင့်...


Image and video hosting by TinyPic

Friday, October 7, 2011

မော်ဒန်ကဗျာ

"မောင်"


အလေးခိုးတဲ့ ဈေးသည်တွေကို
ငါ မုန်းတယ်...
သင်္ကြန်ပြီးမှ ပွင့်တဲ့ပိတောက်တွေကိုလည်း
ငါ မုန်းတယ်...
တကယ်တော့မောင်
နင်ဟာ ဘာလီအဖုံးလောက်တောင်မှ
ဇောက်မနက်ခဲ့ပါဘူး...
မရယ်နဲ့မောင်
ဒါဟာအလွတ်ကျက်ထားတဲ့
ဒိုင်ယာလော့ခ်တွေမဟုတ်ဘူး
နင့်ကိုလက်တန်းငိုပြနေတာပါ...
ဟိုတစ်ခါ
မိုးရေထဲမှာ နင်ငိုခဲ့တုန်းက
ငါ့ ရင်ဘတ်မှာတောင်
အသံတွေ အေးစက်နေခဲ့တယ်..
မောင်...
နင်ဟာ ငါအရမ်းမုန်းတဲ့
တီကောင်တစ်မျိုးပါပဲလေ...
                                                ရေးသူ - ည

မည်သူ့ကိုမှမရည်ရွယ်ပါ တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်စေချင်ပါသည်း))

ချစ်ခင်လေးစားစွာဖြင့်...

သမီးစံ

Tuesday, September 27, 2011

ကဗျာ

အရွယ်ရောက်ခဲ့ပြီ

အချစ်ဆိုတာ မီးခြစ်ဆံတစ်လုံးဆို

မီးဆံကုန်ပေမဲ့ ကိုယ်ဟာ မီးမတောက်ခဲ့သူ

တစ်ယောက်ပါ ...

သူတစ်ယောက်တည်းအတွက်

ကိုယ်မြင်း ကိုယ်စိုင်းပြီးတော့လည်း

ဒုန်စိုင်း ထွက်ခဲ့ရသူပါ ..

အချစ်ရဲ့ သူရဲကောင်းရွေးပွဲမှာ

ပိရိသေသပ်စွာ လှည့်ဖြား

အသတ်ခံခဲ့ ရသူ ...တစ်ယောက်

စောင်းအိုတစ်လက် ပိုက်ကာ

တိုးတိတ်ငြိမ်သက်စွာ ဒူးထောက်ခဲ့ရပြီ

အခုတော့ လည်း

ဘာမှမရှိတဲ့ ကောင်းကင်အောက်မှာ

ဘာနဲ့မှ မငြိတွယ်အောင် ကိုယ် နေထိုင်တက်ပါပြီလေ ..။

ရေးသူ - ည

မှတ်ချက်။   ။ ကဗျာလေးနဲ့မဆီမဆိုင်..ခုတလော အပျိုကြီး အိမ်ကလူတွေကို ပေါက်ကွဲနေပါသည်။

Tuesday, August 30, 2011

ကဗျာ....




ဇိမ် ....

ညယံအခါ ..... ။

မောင်ကခြောင်းပေး ၊ မေ၀င်ပြေးလှည့်

တုတ်ခနောင်းကိုင်ကာ ၊ နေရာကြည့်ရှာ

ရွှေလရောင်ဝါ ၊ထွန်းလင်းသာပ

ဝန်းကျင်တစ်ဝိုက် ၊ စွတ်စိုမြိုက်၍

ကြယ်မြတ်တ္ထိကာ ၊ ကြည်လဲ့ရွှန်းဖြာ

စိုပြေသာလ ၊ အခါသမယ၌

ကြာမျိုးငါးပါး ၊ ခြံရံဝန်းထား

တင့်တယ်သာလှ ၊ နတ်ရေကန်တမျှ

အေးမြချမ်းအေး ၊ စမ်းရေစီးသံ

နားကိုလျှံ၍ ၊၀န်းကျင်တစ်ခို

ရွှန်းရွှန်းစိုသည့် ၊ သာယာပေစွ

ရေကန်ဝ၌ ၊ စိတ်များညွှတ်နူး

ပွတ်အူးသည်းလှိုက် ၊ မူးမိုက်ခဏ ၊ ဤကာလ၌

ကြာရှည်လွယ်ထား ၊ ဒုက္ခ၀မ်းတွင်း

မီးသို့ပြင်း၍ ၊ ဆီကုန်ခမ်းခိုက်

ဤဘုံနန်း၌ ၊နက္ခတ်အစုံ ၊ဆတ်ဆတ်တုန်အောင်

ဥသြဆွဲသံ ၊ဆူဆူညံ၍ ၊ ဖြေရှင်းဒုက္ခ

ကိုယ်တွင်းပ၏ ၊ ပါလိုကောင်းသည့် `အင် အင်း ´ တကား ......... ။ ။ ။ ။

[ အင် အင်း သည်လည်း ပါတက်လျင် ကဗျာ ဆန်ပါသည်။]

ရေးသူ - “ည”

ပုံအား google မှယူသည်။

Saturday, August 27, 2011

ရင်တွင်းခံစား..ပန်းစကား

ကျွန်မလည်းညီမဂျက်စမင်တို့၊ကိုအိပ်ရာတို့ရေးထားတာလေးကြည့်ပြီးကဗျာလေးတင်ချင်လာပါတယ်။
ဒါ့ကြောင့်မို့..ဘယ်သူမှမသိခဲ့ကြတဲ့ကျွန်မနဲ့ဂူဂျွန်ဖြိုတို့ရဲ့ဇာတ်လမ်းလေးကို
ကဗျာလေးနဲ့ဖောက်သည်ချပြောပြပေးချင်ပါတယ်ရှင်။(ကျွန်မနဲ့တော့တန်ပါတယ်နော် :P )
ကဗျာလေးကတော့ဒီလိုပါတဲ့ရှင်...(အငြိမ့်တွေထဲမှာလိုပေါ့နော် :D)





လမ်းခွဲ

ခုဆို......
သူ့ရဲ့မိုးတိမ်ရောင်ပါးပြင်မှာ
ဆည်းဆာခလို့....
အပင်ကလေးရဲ့
အရှေ့ဖက်တစ်ခွင်ဟာလည်း
မှိုင်းညို့အုပ်ဆိုင်းကာ..
သစ်ရွက်တို့ကျီစယ်မှုကိုတောင်
မခံနိုင်လောက်အောင်
ကျွန်မတို့နှစ်ယောက်နာကျင်ခဲ့ရပြီ
ဝေးရပြီ....
စကားလုံးတွေကစိမ်းစိမ်းမြမြ
အကြည့်တွေကပန်းနုရောင်ပြေးနေဆဲပဲ
သွားတော့..ဂူဂူ..ရယ်
ထပ်တူမကျခြင်းတွေရဲ့ရလဒ်ဆိုးပေါ့
ဂူဂူကတစ်လမ်း...
သမီးစံကတစ်လမ်း...
သွားသူကတော့တစ်ယောက်တည်း
ဒဏ်ရာနဲ့ကျန်ခဲ့သူကတော့
သစ်ပင်ကလေးရယ်
ခုံတန်းပြာပြာကလေးရယ်
သမီးစံရယ်
နေလုံးနီနီကြီးနဲ့
မသိမ်းနိုင်ခဲ့တဲ့မျက်ရည်တစ်ချို့ရယ်.....။


ဒီကဗျာလေးကတော့..ကျွန်မအရမ်းခံစားနေရတာကိုမကြည့်ရက်တဲ့ ကျွန်မမောင်အငယ်ဆုံးလေးကရေးပေးထားတာပါရှင်။ သမီးစံရဲ့မောင်ဆိုတော့..သားစိုးပေါ့နော်။ :P ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျကြပါစေရှင်။

မှတ်ချက်။ ။ ဒီဇာတ်လမ်းကတကယ်ရှိခဲ့တာနော်၊မယုံမရှိကြပါနဲ့းP