Friday, August 5, 2011

မြင်းစီးတိုင်းလဲ ကောင်းဘွိုင်မဟုတ်ရပါဘူးနော်...


မြင်းစီးတိုင်းလည်း ကောင်းဘွိုင် မဟုတ်ရပါဘူးနော်။

စတန့်ထွင်နေတဲ့ ရဟန်းသံဃာလည်း မဟုတ်ရပါဘူး။

ဖြစ်ပုံက ဒီရဟန်းသံဃာတွေ သီတင်းသုံးနေကြတဲ့ ကျောင်းက တောကြိုတောင်ကြားက
တောရကျောင်း၊ မြို့ရွာနဲ့ အလှမ်းဝေးတဲ့ ကျောင်းဖြစ်နေလို့ပါ။

ဆွမ်းချိန်အမှီ ဆွမ်းခံထွက်နိုင်ဖို့ အခုလို မြင်းစီးပြီး ဆွမ်းခံထွက်ရခြင်းပါ။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်ထဲကပါ။

ဓါတ်ပုံတွေကို သဘောကျလွန်းလို့ ကော်ပီကူးပြီးမျှဝေပေးလိုက်ပါ

တယ်။


















Forwarded message

Thamee San

ဆရာဝန်များသိစေအပ်ပါသည်။ :D


မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့်ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ
သူ့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး…
သူ့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်
စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”

ချင်းတွင်းဂျာနယ်မှ ရှယ်လိုက်ပါသည်။

Thamee San

Tuesday, August 2, 2011

အသက်ရှည်ရာအနာမဲ့ကြောင်း၊တွဲဖက်မစားသင့်သောအစာများ..



၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိတ်နှင့်  ပုရွက်ဆိတ်
၇။ ၀က်မြီးနှင့် လက်နှီး
၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ
၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား
၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား

၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်
၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်
...........................Forward Message....................

အလွဲများ..



ခုတစ်လောလူကဘယ်လိုဖြစ်နေလဲမသိရေပဲသောက်ချင်သလိုလို ထမင်းပဲစားချင်နေသလိုလိုအဆိုးဆုံးကတော့
ကိုယ့်နောက်စိကိုယ်မမြင်ရခြင်းပါပဲ :P
အမေကတော့ပြောရှာပါတယ်ငါ့သမီးတော့“နီး”နေပြီတဲ့။
အမေဘာ“နီး”တာလဲလို့မမေးတော့ပါဘူး။ကိုယ့်ကိုယ်ကိုယ်သနားလို့ပါ။းD
အဲဒါနဲ့ပဲ အိမ်ကအစ်မတရုတ်မ(အသားဖြူဖြူမျက်လုံးပိတ်ပိတ်မို့လို့)ကငါ့ညီမလေးခါးတွင်းပျက်နေတယ်ဆိုပြီး
ချဉ်ပေါင်ရွက်ကြော်ကျွေးတယ်။
စားချင်စရာလေးဟဲ့ဆိုပြီးစားချလိုက်တာ မန်းကျည်းသီးဖတ်ကြီးဝါးမိပါလေရော
မေးကြည့်လိုက်တော့ငါမန်းကျည်းသီးနဲ့ငပိစိမ်းသားနဲ့မှားထည့်လိုက်တယ်“ထင်တယ်”တဲ့။
သွားပါလေရောလားဒါနဲ့ပဲအမေက “ငါ့သမီးလေးဘာစားချင်လဲတဲ့”အမေ့ကိုတော့ယုံပါတယ်။:)အမေဂဏန်းစားချင်တယ်လို့ပြောလိုက်တယ်။
ဂဏန်းကအရှင်တွေသမီးရယ်တဲ့။အမေကမသတ်ချင်ဘူးလေ။ဒါနဲ့ပဲ“ဖိုးသူတော်ဂဏန်းသတ်နည်း”အမေ့ကို
ပေးလိုက်တယ်။ဖိုးသူတော်ကဂဏန်းသတ်ချင်တော့ကုသိုလ်လည်းရ၀မ်းလည်းဝအောင်လုပ်တယ်လေ
ဂဏန်းတွေကိုဖမ်းတယ်၊ပြီးတော့ရေနွေးအိုးတည်လိုက်တယ်၊ရေနွေးအိုးလဲကျိုက်ကျိုက်ဆူကော
ရေနွေးအိုးပေါ်တုတ်တစ်ချောင်းတင်လိုက်တယ်၊ပြီးတော့ဂဏန်းကိုလမ်းလျှောက်ခိုင်းလိုက်တယ်လေ
မဖြတ်နိုင်တဲ့ဂဏန်းကကျပေါ့ရေနွေးအိုးထဲ:P ဖြတ်နိုင်တဲ့ဂဏန်းကျတော့ထပ်လျှောက်ခိုင်းတယ်လေ။
အမေ့ကိုအဲဒီနည်းလေးပေးလိုက်တာ၊ဂဏန်းဟင်းစားရတယ်။
ဒါနဲ့စကားမစပ်ဒီနေ့ကျောင်းကိုသွားတော့ ဆရာကပြောတယ်။“တပည့်တို့မနေ့ကဘာလို့အတန်းမတက်ကြတာလ”ဲတဲ့
တက်တော့တက်ကြပါတယ်ဆယ့်နှစ်ယောက်“ခြောက်တွဲ”တဲ့။
ဒါနဲ့ပဲဆရာ့မှာRoll Call ခေါ်ပြီးပြန်ရတယ်တဲ့။
:D နောက်မတက်ရင်ဆရာ့ကိုကြိုပြောကြပါလို့တောင်ပြောယူရတယ်။ဆရာကပြန်ရှက်ရတယ်လေ။
ကျောင်းသားတွေကအဲဒီလိုဆိုးကြတာ။
(ကိုယ်အပါအ၀င်ပေါ့ :P) အဲဒီလိုနဲ့ကျောင်းကပြန်လာရော။
ကျောင်းကားပေါ်ကဆင်းတော့ လမ်းထိပ်မှာအကြော်ဝယ်စားတယ်ခပ်တည်တည်ပဲ အကြော်ဖိုးလဲရှင်းရော
အိပ်ထဲမှာတစ်ကျပ်မှမရှိတော့ဘူး။ ရှက်လိုက်တဲ့ဖြစ်ခြင်း။သူငယ်ချင်းကနောက်လိုက်တာလေ။
သူများကိုနောက်ထားတော့၊ကိုယ့်အလှည့်ကျတော့“နင်”ခနဲပဲး( (၀ဠ်လည်တာလေ)
လောလောဆယ်တော့ဒီလောက်ပါပဲ။သည်းခံပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။
(မှားတာရှိရင်တောင်းပန်တယ်နော် :D )