Tuesday, August 30, 2011

ကဗျာ....




ဇိမ် ....

ညယံအခါ ..... ။

မောင်ကခြောင်းပေး ၊ မေ၀င်ပြေးလှည့်

တုတ်ခနောင်းကိုင်ကာ ၊ နေရာကြည့်ရှာ

ရွှေလရောင်ဝါ ၊ထွန်းလင်းသာပ

ဝန်းကျင်တစ်ဝိုက် ၊ စွတ်စိုမြိုက်၍

ကြယ်မြတ်တ္ထိကာ ၊ ကြည်လဲ့ရွှန်းဖြာ

စိုပြေသာလ ၊ အခါသမယ၌

ကြာမျိုးငါးပါး ၊ ခြံရံဝန်းထား

တင့်တယ်သာလှ ၊ နတ်ရေကန်တမျှ

အေးမြချမ်းအေး ၊ စမ်းရေစီးသံ

နားကိုလျှံ၍ ၊၀န်းကျင်တစ်ခို

ရွှန်းရွှန်းစိုသည့် ၊ သာယာပေစွ

ရေကန်ဝ၌ ၊ စိတ်များညွှတ်နူး

ပွတ်အူးသည်းလှိုက် ၊ မူးမိုက်ခဏ ၊ ဤကာလ၌

ကြာရှည်လွယ်ထား ၊ ဒုက္ခ၀မ်းတွင်း

မီးသို့ပြင်း၍ ၊ ဆီကုန်ခမ်းခိုက်

ဤဘုံနန်း၌ ၊နက္ခတ်အစုံ ၊ဆတ်ဆတ်တုန်အောင်

ဥသြဆွဲသံ ၊ဆူဆူညံ၍ ၊ ဖြေရှင်းဒုက္ခ

ကိုယ်တွင်းပ၏ ၊ ပါလိုကောင်းသည့် `အင် အင်း ´ တကား ......... ။ ။ ။ ။

[ အင် အင်း သည်လည်း ပါတက်လျင် ကဗျာ ဆန်ပါသည်။]

ရေးသူ - “ည”

ပုံအား google မှယူသည်။

2 comments:

  1. ဟားဟား ကောင်းလိုက်တဲ့လေးလုံးစပ်ကဗျာလေး ဖတ်လို့ကောင်းတယ် အင် အင်း ပါတာကို ကဗျာဖြစ်အောင် ရေးတက်တာ အရမ်းတော်တာပဲ..ဖတ်ရင်းနဲ့တောင် အင် အင်း ချင်သလိုလို ပြေးလိုက်ဦးမယ်ဗျို့.................

    ReplyDelete
  2. သူ့ကဗျာကဟုတ်လို့ပဲ
    အစပ်အဟပ်နဲ့
    ရေးတတ်လိုက်တာ....
    အင်း တော်တော်ကောင်းတာပဲ..
    ဖတ်တဲ့သူတောင် အင်းပါသွားပြီနော်.

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..