Friday, October 7, 2011

မော်ဒန်ကဗျာ

"မောင်"


အလေးခိုးတဲ့ ဈေးသည်တွေကို
ငါ မုန်းတယ်...
သင်္ကြန်ပြီးမှ ပွင့်တဲ့ပိတောက်တွေကိုလည်း
ငါ မုန်းတယ်...
တကယ်တော့မောင်
နင်ဟာ ဘာလီအဖုံးလောက်တောင်မှ
ဇောက်မနက်ခဲ့ပါဘူး...
မရယ်နဲ့မောင်
ဒါဟာအလွတ်ကျက်ထားတဲ့
ဒိုင်ယာလော့ခ်တွေမဟုတ်ဘူး
နင့်ကိုလက်တန်းငိုပြနေတာပါ...
ဟိုတစ်ခါ
မိုးရေထဲမှာ နင်ငိုခဲ့တုန်းက
ငါ့ ရင်ဘတ်မှာတောင်
အသံတွေ အေးစက်နေခဲ့တယ်..
မောင်...
နင်ဟာ ငါအရမ်းမုန်းတဲ့
တီကောင်တစ်မျိုးပါပဲလေ...
                                                ရေးသူ - ည

မည်သူ့ကိုမှမရည်ရွယ်ပါ တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်စေချင်ပါသည်း))

ချစ်ခင်လေးစားစွာဖြင့်...

သမီးစံ

17 comments:

  1. သမန်းစီး.. နင်ဘာလို့ အဲ့လောက်အသားဖြူဖြူလေးတွေကိုမှ ရွေးကြိုက်ရတာတုန်း။

    ReplyDelete
  2. အပျိုကြီးရေ ... ကဗျာ က လိုကြီးလည်း ဟင် .... ရီး ရတော့မလိုနဲ့ 
    မရီ ချင်တော့ပဲဖြစ်သွားတယ် ....

    ReplyDelete
  3. အယ်တော့တီကောင်ကဒီလောက်ချစ်ဖို့ကောင်းတာ
    မြေကြီးကိုပဲစားနေသူပါ...သူ့မှာဘာလောဘမှလဲမရှိဘူး
    ဘာကြောင့်သူ့ကိုမုန်းရတာလဲ?????????????

    ReplyDelete
  4. ဟားဟား... ရီရတယ်.. ကဗျာက.... တီကောင်ဆိုရင်တော့ ကြောက်တယ်ဂျ... :P

    ReplyDelete
  5. ဘာ..ဒီမှာ တမီးစံ..တမောင်မောင် တနှောင်နှောင် နဲ့ 
    အကြောင်းထူးမှ ပေါင်းစုပီး
    မောင်းထုခေါ်တာမျိုးကတော့
    အသည်းယားတယ် နားခါးတယ်ဗျာ....
    ဟိဟိ ငါတော့ ပြဇာတ်ထဲက အလွတ်ကျက်ထားတယ်

    ReplyDelete
  6. ငါ့သမီးနဲ့ ဒီကောင်နဲ့ကို အဖေသဘောတူတယ်ဟေ့..
    နောက်တစ်ပတ် အိမ်ခေါ်လာခဲ့ တစ်ခါတည်း ထည့်ပေးလိုက်မယ်

    ReplyDelete
  7. တီကောင် မဟုတ်ပဲ တီမောင် ဖြစ်သွားတဲ့ ကဗျာပေါ့ :)

    ZaunG

    ReplyDelete
  8. ရင်တောင် နည်းနည်းခုန်သွားတယ် :):) အဲဒီကဗျာလေး ကူးသွားတယ် မောင့်ကို ဖတ်ပြမလို့လေ :P:P

    ReplyDelete
  9. ဟီး ခွီ ခွီ ရီစရာကောင်းသလို အဓိပ္ပါယ်လဲရှိပါတယ်

    ReplyDelete
  10. တီကောင်ကို ကြောက်တယ်...

    ReplyDelete
  11. သမီးစံရဲ့ မောင် ချောချက်က ကမ်းကုန်တာဘဲဟယ်
    ခုလိုဓာတ်ပုံနဲ့တကွ ဖော်ပြလိုက်တော့ သိပ်ကောင်း
    အားလုံးလည်း သိသွားတာပေါ့နော်။
    ထမင်းတောင် မစားချင်ဖြစ်သွားရတယ် ဟိဟိ

    ReplyDelete
  12. ရှာလည်း ရှာတတ်ပါ့ဗျာ

    ReplyDelete
  13. သမီးစံ
    အရီးစတို့တော့ သီတင်းတောင် မကျွတ်ချင်တော့ဘူးအေ့
    အမဇင် ပြောသလို ရှာလဲ ရှာတတ်ပါ့တော်
    တော်ချက်

    ReplyDelete
  14. ဇာတ်တော်ထဲက ပဒုမနဲ့ပေါင်တို၊ ပပ၀တီနဲ့ မင်းကုသတို့ထက်တောင် ဆိုးနေပါရော့လား သမီးစံရယ်..အဲဒီတီကောင်ကြီးကိုတော့ မုန်း မုန်း မုန်းပစ်လိုက်...(p)

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  15. လှသားပဲ။ သမံစီးကရှာတတ်လိုက်တာလွန်ရော။ မြန်မာပြည်မှာတော့ အဆင်မပြေဘူးထင်တယ် မီးမမှန်လို့... heee :P

    ReplyDelete
  16. သမီးစံရဲ့ ကဗျာလေး အားပေးသွားတယ်နော်။
    သူနဲ့မလိုက်ဘူး သဘောမတူဘူး အိမ်ခေါ်မလာနဲ့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  17. ညီမငှေးရယ် မင်းမို့ရို့ဆီလိုအတောင်ကိုကြိုက်ရတယ်လို့
    အားယိုးယိုး ကဗျာလေးခံစားနေရင်ကြက်သီးတောင်ထမိပါ့ရဲ့
    ဟိဟိ မြန်မြန်ဖြတ်နော် တူ့ကိုကျောတာ အာတားမဲလယ်တွားဖွေးလယ် ဟဲဟဲ

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..