Tuesday, December 6, 2011
ရက်အနည်းငယ်..ကြာပြီးနောက်..
ခုတလော..အသစ်မတင်.အကြောင်းမကြား.ငြိမ်ချက်သားကောင်းနေတဲ့သမီးစံတစ်ယောက်.ဘာတွေများ.လုပ်နေပါလိမ့်နော်။ကျန်းမာရေးကောကောင်းရဲ့လား.နေသာထိုင်သာကောရှိရဲ့လား.မစားနိုင်.မသောက်နိုင်နဲ့ ၀ါးခြမ်းပြား အ၀တ်ပတ်ထားသလိုများဖြစ်နေပြီလား.ထင်နေကြမှာပဲနော်။ (ထင်ရင်လည်း. ထင်တယ်ပေါ့ နော်ဝန်ခံ လိုက်ပါး)။ တကယ်တော့.. သမီးစံတစ်ယောက်.. စာမေးပွဲသာ.မအောင်တာပါ. အရင်လိုပဲ. စားနိုင်.သွားနိုင်.(ငါးကြီးခြောက်.ကျပ်တိုက်ပုံနဲ့)အလတ်ကြီးရှိပါသေးတယ်။“ဟဲ့..စာမေးပွဲ.မအောင်တာကော.ဟုတ်ပါရဲ့လား”လို့တောင် မေးယူရတဲ့အထိ.ဖလန်းဖလန်း..နေတာပါ။ ဒီလိုဖြစ်နေတာကလည်း.. နည်းလမ်း အဖုံဖုံနဲ့. သမီးစံ အပေါ်.အားပေးခဲ့ကြတဲ့ဘလော့ဂါ.မောင်နှမတွေရဲ့ ကျေးဇူးကြောင့်ပါ။ (သမီးစံအတွက်) ကျနေတဲ့.. စိတ် ဓာတ်တွေကို.တစ်ခုစီ.ပြန်ကောက်ပေးခဲ့ကြတဲ့အတွက်လည်း.အတိုင်းမသိ.၀မ်းသာမိပါတယ်။ (ကျကွဲသွားတဲ့အိပ်မက်)ပို့စ်တင်ပြီးတော့. တစ်ယောက်တစ်မျိုး. မရိုးနိုင်အောင်.ပြောသွားတဲ့. အားပေး စကားတွေ.ဖတ်ပြီးတော့.. ငါ. စာမေးပွဲကျတာ. ခပ် ကောင်းကောင်းလို့တောင်တွေးမိသွားတဲ့အထိပါ။ ၀မ်းမ နည်းဘူးလား ဆို တော့ လည်း.မဟုတ်ပါဘူး. ၀မ်းနည်းပါတယ်. မျက်ရည်တစ်လုံး. ဗူးသီးလုံး လောက် ကျ အောင်ပေါ့။ (ဒီလို ရေးလို့. သမီးစံတော့. အာလူးလုပ်နေပြီ ထင်ကုန် တော့မယ်နော်း)။ မိတ်ဆွေကောင်း တစ်ယောက်က.. သူငယ်ချင်း အယောက် တစ် ရာနဲ့.ညီမျှတယ်ဆိုရင်. သမီးစံဆီမှာ..မရေတွက်နိုင် အောင် မိတ်ဆွေကောင်းတွေ.များပြားနေပါပြီ။ဒါကြောင့်တခုတောင်စဉ်းစားမိသေးတယ်..နောက်ဆို.ဘာလုပ်လုပ်.. ဒီမိတ်ဆွေနဲ့ပဲ. တိုင်ပင်ရင် ကောင်း မလား လို့ ပါ.(အဖော်ညှိကြည့်တာပေါ့း)။
အိမ်မလည်ပဲ.ငြိမ်ချက်သားကောင်းနေတယ်ဆိုတာကလည်း..ကိုယ်က.အပြစ်လုပ်ထားတဲ့သူ၊အပြစ်ရှိထားတဲ့သူဆိုတော့..ဘာပဲလုပ်လုပ်.အခြေနေကြည့်ပြီး.ရာသီဥတုကောင်းမှ.လှုပ်ရှားရတာကိုး။(မသိတော့ဖြင့်.ဘာလိုလို...း)တစ်အိမ်တက်တစ်အိမ်ဆင်း..လျှောက်လည်..လျှောက်အော်ပြန်ရင်လည်း..ဒလောက်ဖြစ်နေတာတောင်..ဖလန်း.ဖလန်းနိုင်သေးတယ်.ထင်ကုန်ကြမှာစိုး၍ပါ။ဒါကြောင့်.အိမ်တွေကို.လည်ပါတယ်.ပြီးတော့ပြန်ပါတယ်။ရောက်.ပြန်ပေါ့။ ဒီ.ဘလော့ရေးခြင်း/လည်ခြင်း..ဆိုတာကလည်း..ကိုယ့်အတွက်.ပဒိုင်းသီးလုံးလုံး..ဖြစ်နေပါပြီ။
တစ်ချို့.သူငယ်ချင်းတွေကတော့..ခုထွက်သွားတဲ့.စာမေးပွဲ result အတွက်.၀န်ကြီးဆီ. စာတင်ကြမယ် ပြောပါ တယ်။ပြန်လည်စီစစ်ပေးပါရန်ပေါ့။ သူတို့တင်တာ..ထိရောက်ရင် ကောင်းရဲ့..အဲ့လိုမဟုတ်ပဲ. မိတ္တူ အကြမ်းဆွဲတဲ့ထဲ..ပါသွားရင်.မခက်လားနော်။အောင်ချက်ကလည်း..ရာဇ၀င်တွင်မယ့်.အောင်ချက်ကိုး။ကဲ..ကဲ..ရှိစေတော့.နောက်မဖြစ်အောင်..ကြိုးစားကြရုံပေါ့လေ.။
မိတ်ဆွေအားလုံးရဲ့..အားပေးစကားတွေနဲ့.အိမ်ရဲ့စောင်မမှုတွေကြောင့်.သမီးစံ.ကျောင်းပြန်တက်ဖြစ်ပါတယ်။(ကျောင်းအပ်ဖို့)ကျောင်းကိုရောက်တော့..ဌာနကိုသွားတယ်။ဆရာမတွေနဲ့.တွေ့ပါတယ်(လူစုံတက်စုံပါပဲ)။သွားနှုတ်ဆက်တော့.“ဟယ်..သမီး..ဘာလို့မအောင်တာလဲ.ကျောင်းပြန်တက်ပါ.ဘာ.ညာပေါ့”(စိတ်ထဲကတော့.ပြောနေမှာပဲ.ငါ့အချိန်မှ.မတက်တာ..မအောင်တာတောင်နည်းသေးလို့း).ဆရာမကလည်း..ပြော..ကိုယ်ကလည်း.ပြန်ဖြီး..အဲလေ.ပြန်ပြောနဲ့ အမှတ်စာရင်းထုတ်ဖို့ကိစ္စတောင်. မေးဖို့.မေ့သွားပါတယ်။ ကဲ..ကဲ..ရှိစေတော့.. (နောက်မှပဲ...)
ကျောင်းအပ်ခတွေကလည်း..အိပ်မက်တောင်..မမက်ဘူးလောက်အောင်..တက်ပါတယ်။(နှစ်ဆနီးပါးပါပဲ)ဘာမှမဟုတ်ပဲ..ကျောင်းအပ်ခ.တင်..နှစ်သောင်းနှစ်ထောင့်.ငါးရာပါတဲ့။အားလုံးစုစုပေါင်းလိုက်တော့.ချလံစာရွက်မှာနှစ်သောင်းခြောက်ထောင်ကို..နည်းနည်းစွန်းသွားပါတယ်။(အသိတွေထဲမှာ..အပ်မယ့်ကလေးရှိလိုရှိငြား.တင်.ပြရတာပါရှင်း)။ဒါနဲ့.ပြီးပြီလားဆိုတော့..မဟုတ်သေးပါဘူး။ကျောင်းသားတိုင်း.မဖြစ်မနေ.ဖတ်စာအုပ်ဝယ်ရပါမယ်တဲ့။တစ်ချို့တွေကတော့.ဖတ်စာအုပ်ရှိပြီးသား(သမီးစံတို့လိုပေါ့).တစ်ချို့တွေကျတော့လည်း..အကြီးတန်းတွေက.စွန့်ကျဲထားခဲ့ကြတာတွေကြောင့်စာအုပ်အစုံရှိကြပါတယ်။အဲ့ဒါကြောင့်.မ၀ယ်လို့.မရဘူးလားဆိုတော့.မ၀ယ်ရင်မရပါဘူးတဲ့။မ၀ယ်ရင်.ကျောင်းသားကဒ်.ထုတ်မပေးဘူးဆိုပဲ။(ဒီကိစ္စကို.သေသေချာချာထပ်မေးကြည့်ရပါအုံးမယ်)။မဖြစ်မနေ.၀ယ်ရမယ်.ဆိုလို့..ဈေးသက်သာမယ်..မထင်ပါနဲ့နော်။အားလုံးက..သောင်းဂဏန်း.အထက်ချည်းပါပဲ။ခုမှ.တက်မယ့်.ပထမနှစ်တွေဆို..တော်တော်.အကုန်အကျများပါတယ်။ဘာလို့..ဒီလောက်.တောင်းရတာလဲဆိုတာ စဉ်းစားလို့..မတတ်တော့ပါဘူး။
ရန်ပုံငွေတွေပဲ..လျော့နေလို့လား.. ဒါမှမဟုတ်. ပညာရေးဖြင့်.. ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော.. နိုင်ငံတော်ကြီး. တည်ဆောက်.တော့မလို့ပဲလေလား။ဘာပဲဖြစ်ဖြစ်..မပြောတော့ပါဘူးလေ။(ဘယ်သူ့ကိုမှလဲ..အပြစ်မတင်ရက်တော့ပါ။)အိမ်ကိုရောက်လို့..အမေ့ကို.ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့“ဘုရား..ဘုရား”တဲ့..နှစ်ခါကြီးများတောင်“တ”ရှာပါတယ်။
ကွယ်..ဘာလိုလိုနဲ့..မနှစ်ကတစ်နှစ်လုံးကျောင်းတက်ဖို့..စပွန်ဆာပေးထားတဲ့ 
(အမေနဲ့)မောင်နှမတွေကို..အားနာပေမယ့်လည်း..သမီးစံတော့..(သီအိုရီပိုင်အောင်)
ကျောင်းထပ်..တက်ရအုံးမှာပါလားနော်...။
ဆက်လက်ပြီး..ဘလာဂေါ်တာဝန်များကိုလည်း..ကျန်းမာစွာ..ထမ်းဆောင်လျှက်ရှိပါကြောင်း....
(ရှေ့တန်း..စစ်မျက်နှာကနေ..သတင်းပို့ပါတယ်။း)
 ချစ်ခင်လေးစားလျှက်
23 comments:
  1. မန်စီးတို့များ စာမေးပွဲကျုပြီးကာမှ ပိုပြီးပြည့်ဖြိုးလာသလိုဘဲ
    မျက်ရည်တစ်လုံး ဗူးသီးလုံးလောက်ဆိုလို့သဘောကျသွားပါတယ်
    ခင်တဲ့
    ReplyDelete
  2. အဲ့လိုလုပ်ပါ ... အပျိုကြီးရယ် ...
    ဒီရက်ပိုင်း မှာ အပျိုးကြီး ကို လိုင်းပေါ်မှာ မတွေရတာ
    တော် ကို ပျင်း စရာကြီး ဗျာ ....
    ReplyDelete
  3. မိစံ ကျောင်းပြန်တက်မယ်တဲ့ ထင်သားပဲ
    ရုပ်ကိုက..ဟွင်းဟွင်း..ဆန်မရှိလည်းငါ
    ဆီမရှိလည်းငါ..တက်တက်..တိန်..
    ကြောကြော လာဖဲ့တွားတယ်
    ဘာချစ်ချင်လဲ ကြော
    တေတွားမယ်.....
    ကျောင်းပြန်တက်ဆိုတက်...
    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)December 6, 2011 at 10:27 PM
    ဖလန်း ဖလန်း ထနိုင်ပြန်ပြီပေါ့။ ကောင်းတယ် ကောင်းတယ်။ လဲပြီးရင် ပြန်ထ၊ ဒါမှ သူရဲကောင်းစိတ်ဓါတ်လေ။
    အားပေးစကားပြောကြတဲ့ မိတ်ဆွေကောင်းတွေများတိုင်း အားကျပြီး ထပ်ကျဖို့တော့ မကြိုးစားနဲ့တော့နော်။း)
    ဒီတစ်ခါ ထပ်ကျရင်တော့ မံစိဆီ ဘယ်တော့မှ အလည်မလာတော့ဘူး။
    တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။ ကြားလား။ (အကိုကြီးလေသံဖြင့်)။း)
    ခင်မင်လျှက်
    တဂျင်းမီးးးးးးးးးးးး
    ReplyDelete
  5. မီးမီးလေးကျောင်းဆက်တက်တာ ၀မ်းသာပါတယ်
    ဒီနှစ်တော့ သေချာအောင်မှာပါ
    မီးမီးရဲ့ ပါပါး
    လွင်ပြင်လှိုင်းငယ်
    ReplyDelete
  6. လုပ်ထားဟေးးးးးးးးး
    ကြိုးစားထား အားပေးနေတယ်နော်
    ReplyDelete
  7. happy to hear that :) keep it up!!!
    ReplyDelete
  8. စံစံရေ
    ကျောင်းသာပြန်တက်ပါ နေင်နှစ် အောင်ပြီးပြီလို့သာမှတ်လိုက်
    စောင့်နေတယ် အကြာခင်လာမည်...ဒါဗြဲ
    ပုံကြည့်ရတာပိုဝလာသလိုပါပဲ
    ReplyDelete
  9. ခေတ်ကိုက ပညာကိုဝယ်ယူရတဲ့ခေတ် ဖြစ်နေပြီလေ သမီးစံရယ်
    ပိုက်ဆံများ မရှိလို့ကတော့ တက္ကသိုလ်တက်ဖို့ တကယ်မလွယ်ဘဲနော်..
    မျက်ရည်တွေ ဘူးသီးလုံးလောက်ကျပြီးရင်လည်း ခုတော့ အနည်ထိုင်သွားပြီမဟုတ်လား..
    စာတွေ ပြန်ရေးလာတာ ဝမ်းသာပါတယ်
    သမီးစံက စိတ်ဓာတ်ခိုင်ပြီးသားပါ
    ဟုတ်တယ်ဟုတ်
    ReplyDelete
  10. ဒါမှ မမညီမကွ :)
    ကြိုးစားထားနော်
    ReplyDelete
  11. ရဲဘော်..ဆက်လုပ်..
    ကြားလား..ကြားရင်အကြောင်းပြန်..
    ReplyDelete
  12. ဒီနှစ်တော့ ဂန်ဒူး..အဲလေ ဂုဏ်ထူးပါ ထွက်မှာ..
    ReplyDelete
  13. I'm so glad to know that you will continue your education. Good luck for everything, sis! Fighting!! :D
    ReplyDelete
  14. မန်စိ
    ညက်ရေတွေ ဘူးဒီးလောက်ကျလို့ ရမ်းကုံးမှာ ရေလျှံကုန်အုံးမယ် အတော်လုပ် ရမ်းကုံးလာမလို့ပါဆို ဘတ်စ် မစီးရဘဲနဲ့ လှေစီးနေရအုံးမယ်
    ကျောင်းလိုက်ပြီး ဖလန်းဖလန်းထအုံးမယ် မန်စိရေ အရီးစတို့တုန်းကတော့ ကျောင်းပျော်လွန်းလို့ အောင်မှာကြောက်တာ အခုလဲမန်စိ ကျောင်းအရမ်းပျော်နေပြီမို့လား
    ReplyDelete
  15. အမှန်တော့ ပထမနှစ်ကောင်လေးတစ်ယောက်ကြောင့်ပေါ့ ဟိဟိ
    ခိုးရာလိုက်မှာကလွဲရင်ကျန်တာတိုင်ပင်နိုင်ပါသည်း)
    ReplyDelete
  16. အဲ...အခုပဲ ဟိုပို့စ်မှာ ကွန်မန့် ရေးခဲ့သေးတယ်။ အခု ဒီပို့စ်မှာ သတင်းကောင်းနဲ့ တွေ့လိုက်ရတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတွက် ၀မ်းသာတယ် သမီးစံရေ..။ ငွေရှာရခက်တဲ့ ခေတ်ကြီးဆိုတော့ ကျောင်းအပ်ခတွေ ဈေးကြီးကုန်တာကိုတော့ စိတ်မကောင်းဘူး။
    ReplyDelete
  17. ဟားဟားဟားဟား ကျိတ်ထားဟ အားပေးတာနော်။ တော်ကြာ အိမ်မှာချက်ထားတာတွေ သွားကျိတ်လို့ ကြိမ်လုံးနဲ့တွေ့နေအုံးမယ်။ ဟိဟိ... ဆရာမကိုပြောလိုက် သမီးတို့အောင်သွားရင် ဆရာမတစ်ယောက်ထဲ အတန်းထဲမှာ ကျန်ခဲ့မှာစိုးလို့ တစ်နှစ်ပိုနေပေးတာလို့။ :P
    ReplyDelete
  18. ဒါမှ တမီးချံ ကွ..( ကျောင်းပြန်တက်လို့လေ )
    အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ယုံကြည်တယ်နော်..( ဆရာကြီးလေသံဖြင့် ..)
    ဝမ်းသာပါတယ် သမီးစံ ရေ..
    ချစ်တဲ့
    အိမ်မက်စေရာ
    ReplyDelete
  19. ဒီနှစ်တော့ အောင်အောင်ဖြေလိုက်ပေါ့ ညီမရယ်...
    ဒါမှ မိဘတွေလဲ စိတ်ချမ်းသာရမှာပေါ့...
    ငါ့ညီမလေးက လိမ္မာပါတယ် ဒီနှစ်တော့ နဲနဲ ကြိုးစားလိုက်ရင် အောင်မှာပါ။ အစ်ကိုလဲ ဆုတောင်းပေးနေမယ် သိလား။ ကျောင်းတစ်နှစ်ပိုတက်လိုက်တော့ ပိုပျော်ဖို့ ကောင်းတာပေါ့။ အစ်ကိုတို့ ဆိုရင် ကျောင်းတက်ချင်လို့ တောင် တက်လို့ မရတော့ဘူး။ ကြိုးစားထား ညီမရေ...
    ReplyDelete
  20. တမီးချံရေ ကိုယ်တိုင်လာလည်ပါတယ်..
    အိုကေသွားပြီဆိုလို.၀မ်းသာပါတယ်
    ချမ်းမြေ.ပါစေ...
    ReplyDelete
  21. i am very glad to hear that. Light up the light of your future with education. keep on your study. Tha Mi San......
    Chan May Par Ce
    Cherry Myay
    ReplyDelete
  22. ကောင်းတယ်မမ....
    ~~မင်းရဲ့အရှေ့မှာ အလှပဆုံးမိုးကောင်းကင် ပျံသန်းဖို့အားနဲ့ ခေါင်းမော့ကြည့်လိုက်ပါ.. ~~~
    မမအတွက်သီချင်း... အားတင်းထားနော် :D
    ReplyDelete
  23. သန်လျင်က ကျောင်းလား...
    anyway, never say die!!!
    ReplyDelete
တံခါးဖွင့်ထားပါတယ် ..