Thursday, January 5, 2012

မွေးနေ့မင်္ဂလာ

သားသမီးများများနဲ့စည်းစည်းလုံးလုံးနေရတာကို..သဘောကျနှစ်ခြိုက်သူနဲ့အကြောင်းပါခဲ့ပြီး ခလေးမချစ်တတ်ပေမယ့်..တစ်ဒါဇင်ထိအောင်..မွေးပြီး.တညင်သူပီပီ“ရှင်မွေးလွန်း”ဘွဲ့ကို.အလိုလိုပိုင်ဆိုင်ခဲ့တဲ့  အမေ...း)
(အဖေ့ရဲ့)အစိုးရလစာ..မလောက်မငလေးနဲ့..စလယ်ဝင်အိုးကနေ..ရာဝင်အိုးထိအောင်.(ကြီးလာတဲ့ စားအိုး အတွက်).ခြိုးခြံချွေတာ..လောက်င အောင်နေပြီး.(မောင်တစ်ထမ်း၊ မယ်တစ်ရွက်နဲ့) အိမ်ရှင်မကောင်းပီသ ခဲ့တဲ့အမေ...
ကျောင်းဖွင့်ချိန်ဆို(တိတ်တိတ်လေး)သက်ပြင်းချနေရပေမယ့် ကျောင်းအပ်အတိုင်း(အမြဲတမ်း) တစ် ယောက် ခ.လျှော့လျှော့ယူတတ်တဲ့ကျောင်းအုပ်ဆရာမကြီးရဲ့ဂရုဏာကြောင့်(တစ်ယောက်ခသက်သာလဲမနည်းဘူးဖြေသိမ့်တွေးရင်း)အသက်ရှုချောင်တတ်ခဲ့တဲ့အမေ...
သားသမီးအလွန်ချစ်တဲ့..မိဘတွေဆီ..ကံကောင်းထောက်မစွာ.ရေစက်ဆုံ.ရောက်လာခဲ့ပေမယ့်.နှစ်ဆယ့် နှနှစ်အရွယ်နဲ့(တမလွန်ဘုံကို)ခွဲခွာသွားရှာတဲ့အစ်ကိုအကြီးဆုံးအတွက်နှလုံးရောဂါရတဲ့အထိ.ခံစားခဲ့ရရှာတဲ့အမေ...

(ဒီဓာတ်ပုံထဲမှာ..သမံစီးပါတယ်..ဘယ်နားမှာလဲ?သဲလွန်စက.သီလရှင်တွေထဲမှာပါး)
သားသမီးတွေ..အချိန်တန်..အရွယ်ရောက်တော့မှ..အလှူရေစက်..လက်နဲ့မကွာလှူရင်းတန်းရင် (အေးအေးဆေးဆေးနဲ့)ဘ၀နေ၀င်ချိန်..ရင်ဆိုင်တော့မယ်ဆိုမှ(သားကြီးလိုပဲ).ခွဲခွာသွားတဲ့  ခင်ပွန်းအတွက်.ထပ်ပြီး..၀မ်းနည်းခဲ့ရပြန်တဲ့..အမေ
သားသမီးတွေက.နာမည်ဘယ်လိုခေါ်လည်း..ဘယ်သူပြီးရင်..ဘယ်သူလဲ(သူများတွေက)မေးရင်..(ခုချိန်ထိ) ကိုယ်တိုင်ပေးခဲ့တဲ့နာမည်တွေကိုတောင်စဉ်းစားရင်းဖြေနေရအောင်..မေ့တတ်လာတဲ့..အမေး)


ဒီနေ့မှာ..(လွတ်လပ်ရေးနေ့နဲ့အတူ)..အမေ့ရဲ့မွေးနေ့“ခြောက်ဆယ့်လေးနှစ်”မြောက်ခဲ့ပါပြီ။
လောကဓံရဲ့..ကောင်းတစ်မျိုး၊ဆိုးတစ်မျိုးပေးချင်သလိုပေးနေတဲ့လက်ဆောင်တွေလည်း အမေရခဲ့ပြီးပြီနော်။


သားသမီးဆယ်ယောက်ကို..မိဘနှစ်ပါးက..“၀”အောင်လုပ်ကျွေးနိုင်ပေမယ့်..သားသမီးဆယ်ယောက်က မိဘတစ်ယောက်ကိုတောင်..“၀”အောင်လုပ်မကျွေးနိုင်ဘူးဆိုတဲ့အတိုင်း...
ဒီနှစ်မွေးနေ့ရောက်လာတဲ့တိုင်အောင်အမေဖြစ်ချင်တဲ့ဆန္ဒတွေကို..မဖြည့်ဆည်းပေးနိုင်ကြသေးပါဘူး။

ဒီ့အတွက်လည်း..ခွင့်လွှတ်ပါ..မာမီမားသားမေမေ။သမံစီးဘွဲ့ရပြီးရင်..ဒီလိုမဖြစ်စေရတော့ပါဘူး :P
(ပြောတာပဲ..ပြောတာပဲး)


မနက်လေးနာရီထိုး.(အမေမွေးတဲ့အချိန်ပါပဲ) အစောကြီး..အဝေးကနေမွေးနေ့ဆုတောင်းပေးတဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ကို.. ဘယ်လောက်သိတတ်ကြောင်း.. လူလာတိုင်း.. ပြော ပြော နေ လို့ အမေ့ကြည့်ပြီး..ပြုံးရပါသေးတယ်း)


ဒီနှစ်အမေ့မွေးနေ့မှ.အစ်ကိုနှစ်ယောက်နဲ့..အစ်မနှစ်ယောက်..မလာနိုင်ကြပါဘူး။
(ခွင့်ပြုမချက်မရလို့..မွေးနေ့လာတဲ့အစ်ကို၊အစ်မပုံတွေ.မတင်တော့ဘူးနော်း)


အဒေါ်နဲ့တူမပေမယ့်..ညီအစ်မအတိုင်းပါပဲး)
(အဘွားက..ရှစ်ဆယ့်ငါးနှစ်ရှိပါပြီ)


ကြီးသူရိုသေ၊ရွယ်တူလေးစား၊ငယ်သူသနားရင်း..“ဂါရ၀”တရား..ရှေ့ထားလို့..


မွေးနေ့ပွဲကို..တက်ရောက်ချီးမြှင့်ပေးကြတဲ့သူတွေကိုလည်း
နောင်နှစ်တွေမှာလဲဒီ့ထက်မက..ကျွေးချင်ပါသေးတယ်..တဲ့
(ဒီလိုကျွေးမွေးနိုင်ဖို့ကလည်း...သားတို့သမီးတို့..လိမ္မာရေးခြားရှိတဲ့အပေါ်..မူတည်ပါသတဲ့ရှင်း)


အုန်းနို့မတည့်သူများအတွက်..ထမင်းနှင့်..တွဲဖက်စားသုံးနိုင်ရန်း)
(ကိုယ်က..တည့်လဲတည့်တယ်..မတည့်လဲမတည့်ဘူးဆိုတော့..နှစ်မျိုးစလုံးတွယ်ပါတယ်)

အမေ့ရဲ့..ဒီကနေ့ကျရောက်တဲ့မွေးနေ့မှသည်..
နောင်နှစ်ပေါင်းများစွာတိုင်
အသက်ရှည်ကာ..အနာမဲ့ပြီး
စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့
တရားဘာဝနာ..များများအားထုတ်နိုင်ပါစေ။
ဒီသား၊ဒီသမီးတွေနဲ့လည်း
ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာကို
အမြဲဖြတ်သန်း..ကုန်ဆုံးနိုင်ပါစေ။
သမီစံလေးကိုလည်း..တစ်နှစ်ထက်တစ်နှစ်
မုန့်ဖိုးများများပေးနိုင်ပါစေ လို့........း)
ဆုတောင်းပေးပါရစေ..မာတာမိခင်။ 

“မွေးနေ့မှစ..နှစ်တစ်ရာတိုင်ပါစေ”

လေးရက်နေ့ည..ဆယ့်နှစ်နာရီမှ..ရေးဖြစ်တာမို့..အမေ့မွေးနေ့..ငါးရက်နေ့ကိုကူးသွားပါတယ်။
(အာလူးကောက်ပြိုင်ရင်း၊ဇကောပါ..၀င်ရွက်ခဲ့တာမို့..ပို့စ်တင်ဖို့နောက်ကျသွားတာပါး)

ဆက်လက်ပြီး..အကျိုးမျှော်ကာ..နှိုးဆော်တိုက်တွန်းပါရစေရှင်..

ဟိုတစ်နေ့က..တင်ခဲ့ဖူးတဲ့..အုန်းခနဲမြည်  သတင်းတိုလေးရဲ့နောက်ဆက်တွဲပါ။
မင်္ဂလာတောင်ညွှန့်မြို့နယ်က..မီးဘေးကျရောက်သူတွေအတွက်..သဒ္ဒါဓာတ်အား၊နည်းများမဆို
တစ်တပ်၊တစ်အားပါဝင်လှူဒါန်းနိုင်ပါတယ်..ဆိုတဲ့အကြောင်းဖြစ်ပါတယ်။
ပါဝင်လှူဒါန်းလိုသူများ..ဒီနေရာမှာ..ဆက်သွယ်စုံစမ်း..မေးမြန်း၊လှူဒါန်းနိုင်ကြပါတယ်။




ချစ်ခင်လေးစားလျှက်...




29 comments:

  1. အမေ့မွေးနေ့မှသည် နှစ်ပေါင်း များစွာ မိသားစုနဲ့အတူတူ ကျန်းမာချမ်းသာစွာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    လွတ်လပ်ရေးနေ့မှာကို ကွက်တိကြီး မွေးဖွားလာပါရောလား။ ဒါကြောင့်မို့ လွတ်လွတ်လပ်လပ် ကလေး ၁၂ ယောက်တိတိ မွေးပေးနိုင်ခဲ့တာ ထင်ပါရဲ့။

    မံစိလဲ အမေ့ခြေရာ နင်းမဲ့ပုံဘဲ။ ဘာဖြစ်ဖြစ် အားပေးရမှာဘဲ။းဝ)

    ReplyDelete
  2. မေမေကြီးမွေးနေ့မှနောင်နှစ်ပေါင်များစွာ
    သားတစ်ရာမြေးတစ်ထောင်နဲ့ကျန်းမာပြီး ပျော်ရွှင်စွာနေရပါစေ

    ReplyDelete
  3. လိမ္မာလိုက်တဲ့ သမီးစံလေး။ ညီမမေမေ သားသမီးမြေးမြစ်များနဲ့အတူ အသက်ရှည် အနာကင်းစွာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ။ အဒေါ်ကို ကန်တော့နေတဲ့ပုံလေးကို အရမ်းသဘောကျတာပဲ။

    ReplyDelete
  4. အင်း.. ရှင်မွေးလွန်းရဲ့ မျိုးဆက်သစ်ကလေးက မိခင်ကြီးကို လုပ်ပေးတဲ့ မွေနေ့ပွဲပေါ့..သက်ရှည် ကျန်းမာပါစေဗျာ..နောက်ထပ် မြေးတစ်ရာ မြစ်ဆယ်ကျိပ် လောက်ထိ ရှင်သန် နေနိုင်ပါစေ..

    ReplyDelete
  5. အိုး မောင် နှမ ၁၁ ယောက် နဲ့ သမီးစံ ဘ၀ လေးပျော် စရာကောင်းလိုက်တာ ။
    သမီး စံ လေး ရဲ့ မေမေ နောင် နှစ်ပေါင်း များစွာ ကျန်းမာစွာ ပူပင်ကြောင့်ကြ သောက ကင်းစွာ ဖြင့် မမေ့ မလျော့ သတိလေး ကပ်ပြီး ၀ိပဿနာ ကို အားထုတ်နိုင်ပါစေ ။

    ReplyDelete
  6. တညင်သူ ရှင်မွေးလွန်း သမီးစံရဲ့မေမေ အသက်ရာကျော်ရှည်ပါစေ .
    သားသမီးတွေနဲ့အတူ ပျော်ရွှင်စွာနေရပါစေ .
    သမန်စီးလေးကလဲ ဒီနှစ်ကိုဘွဲ့ဝတ်စုံဝတ်ရအောင်ကြိုးစားပေးလိုက်နော် .
    ချစ်တဲ့

    အမ မဒိုးကန်

    ReplyDelete
  7. သမီးအမေရဲ့ မွေးနေ့ပွဲလာတက်ပါတယ် သမီးရေ....
    မိဘကိုပြုစုလုပ်ကျွေးနိုင်တဲ့ သမီးမြတ်ဖြစ်ပါစေဗျာာ

    အဘကြိုင်

    ReplyDelete
  8. မမသမီးစံအမေက လွတ်လပ်ရေးနေ့မှာ မွေးတာပေါ့နော်.. မွေးနေ့ပွဲကြည့်ရတာ ပျော်စရာကြီး.. ကန်ဒီတောင် အမေ့ကိုလွမ်းလာပြီ :(

    ReplyDelete
  9. ညီမရေ မွေးနေ့လေးအတွက်လာရောက်ဆုတောင်းပေး
    ခဲ့ပါတယ် ကျန်းမာပျော်ရွှင်စွာမိသားစုနဲ့ ဖြတ်သန်းနိုင်ပါစေနော်
    မေမေအတွက်နော် :)

    ReplyDelete
  10. ဟေ့ မိစံရေ

    ပျော်စရာကြီးပါလား ပျော်ပျော်ရွှင်ရွှင် စာရေးတတ်တဲ့ ညီမ ငယ် တယောက် ညီမ မေမေ ကို မွေးနေ့ တရာ ကျော်အောင် ပြုစုကျွေးမွေးနိုင်ပါစေဗျာ

    ရွှေစင်ဦး

    ReplyDelete
  11. သမီးစံ မေမေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ သာသနာ အကျိုးအသက်ထက်ဆုံး သယ်ပိုးထမ်းရွက်နိုင်ပါစေး)) ဟက်ပီးဘတ်ဒေးပါ အန်တီ .. အဖွားလည်း အသက်ရှည်တယ်နော် .. ကောင်းလိုက်တာ ..

    စကားမစပ် (ဗိုက်လည်းဆာသွားတယ် .. :D)

    ReplyDelete
  12. မိဘကျေးဇူးသိတတ်တဲ. ညီမလေးဖြစ်ပါစေလို.။ ညလေးရဲ.မိခင်လည်း သက်ဆုံးတိုင် စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ. ပြည်.စုံပါစေလို.ဆုတောင်းပေးပါတယ်ကွယ်

    မမကျားကျား

    ReplyDelete
  13. မွေးနေ့မှာပျော်ရွှင်ပါစေအန်တီရေ

    ReplyDelete
  14. အမေ သက်တော်ရာကျော်ရှည်ပြီး မြေးတစ်ရာ သားမက်10 နဲ့ ကပ်ကျော်နိုင်ပါစေ..ဥုံ တစ်ဂိုးတစ်ဂိုး သရေ သရေ..အမေ့ခြေရာနင်းမဲ့ အပျိုကြီးစံ ဖြစ်ပါစေ..


    ခင်မင်စွာဖြင့်..မောင်.......(စွယ်စုံကျမ်း) ..မေ့တော့မလို့ ..ငှဲငှဲငှဲ

    ReplyDelete
  15. ပျော်စရာကြီး မောင်နှမတွေအများကြီးနဲ့ဆိုတော့..
    နောင်နှစ်မှာသားသမီးစုံစုံညီညီနဲ့မွေးနေ့ပွဲလေးကျင်းပနိုင်ပါစေလို့ သမီးစံမေမေအတွက်ဆုတောင်းပေးပါတယ်။

    ReplyDelete
  16. သမီးစံက သီလရှင်တွေထဲမှာပါတယ်ဆိုတော့
    နှာခေါင်းကိုလက်ကိုင်ပဝါလေးနဲ့အုပ်နေတဲ့
    သီလရှင် သေးသေးလေးနေမှာ..
    ဟုတ်တယ်မှတ်လား CIA ကဂျယ်ရီ ပစ်ပစ်ဘဲလေ..ဟဲဟဲ

    ညီမလေးစံစံရဲ့ မေမေကို စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျန်းမာခြင်းနှစ်ဖြာသုခနဲ့ပြည့်စုံပါစေလို့
    အမကဆုတောင်းပေးတယ်လို့ပြောလိုက်နော်ညီမ

    ReplyDelete
  17. သမံစီးတို့  အိုမား ကျန်းမာပျော်ရွှင်စွာနဲ့  ချစ်တဲ့သူများနဲ့  မွှေးနေ့ ပွဲပေါင်းများစွာကို ဆင်နွှဲနိုင်ပါစေ..

    ReplyDelete
  18. သမီးစံ အမေ မွေးနေ့မှာပျော်ရွှင်ပါစေ..

    ဗိုက်တောင် ဆာသွားဒယ်...

    ReplyDelete
  19. သိတတ်လိုက်တဲ့ မိစံလေး၊ မိဘကို အမြန်ဆုံးကျေးဇူးဆပ်နိုင်ပါစေရှင်။ :)

    ReplyDelete
  20. ငါ့ညီမက သမီးအလိမ္မာလေးဘဲ...
    သာဓုပါကွယ် သာဓုပါ... အမေ အပေါ်သိတတ်တဲ့ သမီးစံတစ်ယောက် ဘဝမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ အစ်ကို ဆုတောင်းပေးလိုက်ပါတယ်...

    ReplyDelete
  21. ညီမလေးမေမေ မွေးနေ့မှသည် ကျန်းမာချမ်းသာစွာ မွေးနေ့ရက်များစွာကို မိသားစုဝင်များနဲ့အတူ ကျော်ဖြတ်နိုင်ပါစေ..။

    ReplyDelete
  22. ဟန်ကြည်January 6, 2012 at 6:41 PM

    သမီးစံရဲ့ ပို့စ်ကိုဖတ်ပြီး အမေ့ကို လွမ်းလိုက်တာကွယ်...ကိုယ်ပြန်ပြီး ပြုစုစောင့်ရှောက်နိုင်တဲ့ အရွယ်မှာ အမေက မစားနိုင် မ၀တ်နိုင်တော့မှာကို အစိုးရိမ်ဆုံးပါပဲ...နောင်နှစ်ပေါင်းများစွာအထိ သမီးစံရဲ့အမေ့မွေးနေ့ကို သိုက်သိုက်ဝန်းဝန်းကျင်းပနိုင်ပါစေကြောင်း လှိုက်လှိုက်လှဲလှဲနဲ့ ဆုတောင်းပေးလိုက်ပါရဲ့...

    ReplyDelete
  23. မန်စိမေမေ သက်တော်ရာကျော်ရှည်ပါစေ...
    မန်စိဆုတောင်းတာတွေလဲ ပြည့်ပါစေ....
    သမီစံလေးကိုလည်း..တစ်နှစ်ထက်တစ်နှစ်
    မုန့်ဖိုးများများပေးနိုင်ပါစေ လို့....မန်စိ တနှစ်က ကြာတယ်နော တလထက် တလ ပိုပိုပေးနိုင်ပါစေ အမေ...လို့ပြောရင် ပိုကောင်းမယ်။။။း)
    မောင်နှမတွေ တတွေကြီးနဲ့ပျော်စရာကြီးပါလား မန်စိရေ...
    မန်စိမေမေ သက်တော်ရာကျော်ရှည်ပြီး မန်စိလုပ်စာတွေ တ၀ကြီးသုံးဆောင်နိုင်ပါစေ

    ခင်မင်တဲ့
    အရီး

    ReplyDelete
  24. မွေးနေ့ရှင် မေမေကြီး
    မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ သားသမီး မြေးများနဲ့
    ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေခင်ဗျာ

    ReplyDelete
  25. ချစ်ဖို့ကောင်းတဲ့ သမိးစံလေးပဲ..... :):) သမီးစံ မေမေနဲ့ အိန်ဂျယ်မေမေ အသက်အတူတူပဲ ..မောင်နှမတွေ များချက်က အိန်ဂျယ်နဲ့ သမီးစံ မိသားစုပေါင်းပြီး ဘောလုံးတစ်သင်း ထောင်လို့ရပြီ အားမငယ်နဲ့ နော်သိလား...:P:P:P
    မွေးနေ့မှသည် ဘေးရန်ကင်းစွာ စိတ်ချမ်းသာဖြင့် သမိးစံမေမေ သက်တော် ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးရင်း...

    ReplyDelete
  26. လိမ္မာလိုက်တဲ့ သမီးစံလေး
    ချစ်ဖို့ကောင်းတယ်
    မိဘကို အဲဒီလို သိတတ်တာ သိပ်တော်တာပေါ့ကွယ်
    သမီးစံရဲ့ မေမေ အသက်ရာကျော်ရှည်ပြီး မွေးနေ့ပေါင်းများစွာကို သားသမီးမြေးမြစ်တွေနဲ့ ပျော်ရွှင်နိုင်ပါစေ
    တရားထူးများလည်း ရရှိပါစေလို့ ဆုတောင်းပါတယ်နော်။.

    ReplyDelete
  27. သမီးစံတို့က မောင်နှမတွေအများကြီးပဲကိုး ပျော်စရာကြီးပေါ့... သမီးစံဖြစ်ချင်တဲ့ မိဘဖြစ်စေချင်တဲ့ သမီးမျိုးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်... သမီးစံမေမေလဲ ကျန်းကျန်းမာမာ စိတ်ချမ်းချမ်းသာသာနဲ့ သမီစံပြန်လည်လုပ်ကျွေးပြုစုတာကို ခံရပါစေ...

    ReplyDelete
  28. သမီးစံကမောင်နှမအများကြီးနဲ့ပျော်စရာဘ၀လေးဘဲ
    သမီးစံမေမေကလည်းရိုးရိုးရှင်းရှင်းနဲ့မြင်ရတဲ့သူတွေအတွက်ရင်ထဲအေးမြစရာပါ
    သမီးစံလိုဆိုးတဲ့သမီးလေးနဲ့အတူသားသမီးမြေးမြစ်များနဲ့ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့သမီးစံမေမေကိုဆုတောင်းပေးပါတယ်

    ခင်တဲ့အကို
    ဆဲလ်မိုး

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..