Thursday, September 6, 2012

ပန်းဖူးပန်ငုံစုံစုံလင်လင် ဤရဂုံတွင်

ခေါင်းဆောင်ကောင်းတို့ဖူးပွင့်မည်
တက်ကြွညီညာချီ 
အနာဂတ်ကောင်းတဲ့စာသင်ကျောင်း
ငါတို့အုတ်မြစ်လောင်း။

မဒမ်ကိုး

မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက်ခြေလှမ်းကို စတင်လိုက်ပြီးနောက် ရုပ်လုံးစဖော်ရာမှာ သာယာကုန်းဘုန်းတော်ကြီး ပညာရေးကျောင်းအတွက် လိုအပ်နေတဲ့ ထမင်းစားဆောင်ကို စတင်ဆောက်လုပ်ရန်အတွက် အုတ်မြစ်ချပန္နက်ရိုက်ပြီဖြစ်ပါတယ် ။ အလှုရှင်များရဲ့ ကောင်းမှုနဲ့ စတင်ရုပ်လုံးဖော်နိုင်ခဲ့တဲ့ ဒီအဆောက်အဦးအုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ၂၉ ရက် သြဂတ်စ်လ ၂၀၁၂နေ့မှာ သာယာကုန်း ဘုန်းတော်ကြီးကျောင်း သန်လျင်မြို့မှာ ကျောင်းထိုင်ဆရာတော်နှင့်အတူ ပန္နက်ချပွဲမင်္ဂလာကိုအကျဉ်းရုံးပြုလုပ်ခဲ့ကြပါတယ် ။ 

အလှုရှင်များ ကုသိုလ်ပွားများ နိုင်စေရန်အလို့ငှာ ပန္နက်ရိုက်မင်္ဂလာအခမ်းအနားမှပုံများနှင့်တကွ ဗီဒီယိုဖိုင်ကိုပါ ပူးတွဲ တင်ပေးလိုက်ပါတယ် ။ 

ပန္နက်တင်ဖို့ပြင်ဆင်နေကြပုံ



ပန်းကလေးများပွင့်တော့မည်ဖူးတံဝင့်လိုချီ နေချည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း












မြန်မာမုဒိတာလူငယ်များအဖွဲ့ကိုယ်စား
မဒမ်ကိုး

2 comments:

  1. သာဒု သာဒု သာဒု ကိုယ့်ဘလော့မှာ မတင်နိုင်လို့ နင့်ဘလော့မှာတင်ထားတာကို လာဖတ်ပီး သာဒု ခေါ်သွားတယ် .............

    အသင်၏ရန်ဖြစ်ဖော်

    မိုးဇက်

း)

    ReplyDelete
  2. ပုံလေးတွေကို ကြည့်ရင်း ပီတိဖြစ်မိပါတယ်
    အားပေးသွားတယ်နော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..