Wednesday, July 27, 2011

ရယ်မောခြင်းဖြင့်ဘ၀အမောလေးတွေဖြေနိုင်ကြပါစေ။


-------------------Forward Message-----------------------


နှလုံးသားရေးဦးတည်ချက် ( ၄ ) ရပ်.........
- ရင်ခွင်တော်တည်ငြိမ်ရေး၊ ရင်ခုန်သံအေးချမ်းသာယာရေးနှင့် အနမ်းဥပဒေစိုးမိုးရေး ။ - နှစ်ဦးသားပြေလည်စည်းလုံးညီညွတ်ရေး။ - ခိုင်မာသည့်အသဲပုံအကြင်နာအမြူတေသစ်ဖြစ်ပေါ်လာရေး။ - ဖြစ်ပေါ်လာသည့်အသဲပုံအကြင်နာအမြူတေသစ်နှင့်အညီ ခေတ်မီတိုးတက်လှပသော တူနှစ်ကိုတိုင်းပြည်တခုတည်ဆောက်ရေး
ချစ်သူ့သဘောထား ......................
............................. - အသပြာအားကိုး အန်ကယ်ဘိုးဘိုး အောက်ပိုင်းမြင်ဝါဒီများအားဆန့်ကျင်ကြ။ - ရင်ခွင်တော်တည်ငြိမ်ရေးနှင့်အကြင်နာ တိုးတက်ရေးကိုနှောင့်ယှက်ဖျက်ဆီးသူ ကြာကူလီများအား ဆန့်ကျင်ကြ။ - တူနှစ်ကိုယ်၏ အတွင်းရေးကိုဝင်ရောက်စွက်ဖက်သော မိဘဆွေမျိုးများအား ဆန့်ကျင်ကြ။ - ဆိုင်တွင်းဆိုင်ပ အရက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ရှောင်ရှားကြ။

ပုဒ်မအကောင်းစားများ
ပုဒ်မ (၁) ပိုးပန်းသူများသော အမျိုးသမီးများသည် မိမိနှစ်သက်ရာ တစ်ဦးတစ်ယောက်ကို ရွေးချယ်ပြီး ကျန်သောယောက်ျားလေးများအား လိုအပ်နေသောသူများထံသို့ လွှဲပြောင်းပေးရမည်။

ပုဒ်မ (၂) ပူအိုက်သောရာသီတွင် ရင်စေ့၊ လက်ရှည်၊ ထမီနှင့် လုံအောင်ဖုံးထားသော အမျိုးသမီးများအား "သဘာဝအလှတရားကို အံတုသူများ" အဖြစ် အရေးယူရမည်။

ပုဒ်မ (၃/က) ယောက်ျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား "ဒုက္ခရောက်နေသူကို လျစ်လျူရှုမှု" ဖြင့်လည်းကောင်း၊

ပုဒ်မ (၃/ခ) ချစ်စဖွယ်စကားဆိုပြီး ညာညာခိုင်းတတ်သော အမျိုးသမီးများအား "လုပ်အားခ မပေးဘဲ စေခိုင်းမှု" ဖြင့်လည်းကောင်း၊

ပုဒ်မ (၃/ဂ) ချစ်သူရှိသော အမျိုးသားတစ်ဦးကို အခြားအမျိုးသမီးတစ်ဦးမှ ချစ်စဖွယ်အမူအယာများဖြင့် ချဉ်းကပ်သိမ်းသွင်းခြင်းကို "နွားခိုးမှု" ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (၄/က) မိဘချင်း ရင်းနှီးမှုကို အသုံးချ၍ ချဉ်းကပ်လာသော အမျိုးသားများအား "ယုံကြည်မှုအား အလွဲသုံးစားပြုမှု" ဖြင့်လည်းကောင်း၊

ပုဒ်မ (၄/ခ) ရည်းစားထည်လဲတွဲတတ်သူများအား "ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုမှု" ဖြင့်လည်းကောင်း အရေးယူမည်။
ပုဒ်မ (၅/က) အိမ်ထောင်ရှိမိန်းမတို့ကို ပိုးပန်းသူယောက်ျားများအား "တားမြစ်နယ်မြေတွင် အမဲလိုက်မှု" ဖြင့် အရေးယူမည်။

ပုဒ်မ (၅/ခ) သူတစ်ပါး၏ယောက်ျားနှင့် ပေါင်းသင်းနေထိုင်သူ အမျိုးသမီးများအား "မီတာဘောက်စ် မထားဘဲ လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲမှု" ဖြင့် အရေးယူမည်။
ပုဒ်မ (၆) အသက် (၂၅) နှစ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်း အိမ်ထောင်မပြုရသေးလျှင် "မိဘကို ဒုက္ခပေးသူ" အဖြစ် အရေးယူမည်။

ဂလဲ့စား

ယောက်ျား - မင်းကိုငါရန်ရှာတိုင်း မင်းက ညည်းခံနှုတ်ဆိတ်နေတယ်နော်။
သိပ်တော်တဲ့ မိန်းမပဲ။ ဘယ်လိုများ ကျင့်ကြံထားလဲကွာ။

မိန်းမ - ကျွန်မ အိမ်သာကြွေအိုးကို ဖိတိုက်တယ်။

ယောက်ျား - ဘာဆိုင်လို့လဲကွ။

မိန်းမ - ရှင့်သွားပွတ်တံနဲ့ တိုက်တာလေ။

.......................:P :P................................@@@.....................:D :D............................






Thamee San

Tuesday, July 26, 2011

Cartoon



Thamee San

Women Army










ဒီလို စစ်တပ်မျိုးနဲ့သာဆို ယမမင်းကိုလဲ စစ်ကြေငြာရဲတယ်..ဆိုပဲ.း)





















AUSTRALIAN FEMALE SAILOR

FEMALE RAF PILOT

BRITISH FEMALE SOLDIER

CHINESE FEMALE POLICE

CHILEAN FEMALE MILITARY

POLISH FEMALE POLICE CADETS

RUSSIAN WOMEN ARMY


FEMALE HELENIC AIR FORCE PILOT

FEMALE BELGIAN F16 PILOT

AUSSIE P3C CREW MEMBER

ITALIAN FEMALE MILITARY

SPETSNAZ ARE RUSSIAN FEMALE SPECIAL FORCES

FEMALE RUSSIAN SAILOR


UKRANIAN MILITARY WOMAN

AUSSIE FEMALE CHOPPER CREW

INDONESIA POLICEWOMEN