Posts

Showing posts from August, 2011

ရယ်စရာ....

Image
သနားချစ်လေလား
လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ ခေါ်လာခဲ့သည်။ သူငယ်မအား လူငယ်၏ ဖခင်က မြင်လိုက်သည့်အခါအလွန်တုန်လှုပ်သွား၏။စိတ်ရှုပ်သွား၏။ထို့ကြောင့်သူ့သားကို အခန်းထဲခေါ်သွားပြီး တီးတိုးပြော၏။``ဒီလောက် အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေ တစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာ အမွေး တွေနဲ့။ မျက်စိက စွေနေသေးတယ်။ သွားက ခေါခေါ၊ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့´´သည်တော့ သားက…``ဖေဖေ တိုးတိုးပြောစရာမလိုပါဘူး။ သူက နားလည်း ကန်းနေသေးတယ် ဖေဖေရဲ့၊ သနားစရာလေးပါဗျာ” တဲ့...။

သူ့အမေ ရင်ကျိုးအောင်
မိဘနှစ်ပါးက သမီးငယ်အား မြို့ကြီးသို့ သွား၍ အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင်မှာ မိခင်ကြီးက…``သမီးအခန်းထဲကို သမီးချစ်သူ ခေါ်မလာပါဘူး´´ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီးရယ်ဟု ပြောပြီး ``အေး…သမီးအခန်းထဲကို သမီးချစ်သူကို ခေါ်လာတဲ့ဆိုတဲ့ သတင်းသာ မေမေကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွယ်´´ ဟု လည်းစိုးရိမ်ပူပန်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။သမီးငယ် ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ သားအမိ ဖုန်းပြောဖြစ် ကြ၏။``သမီးချစ်သူကို သမီးအခန်းထဲ ခေါ်မလာဘူးနော်။ ဟုတ်တယ် မဟုတ်လား သမီးလေး´´``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာ…

ကဗျာ....

Image
ဇိမ် ....

ညယံအခါ ..... ။

မောင်ကခြောင်းပေး ၊ မေ၀င်ပြေးလှည့်

တုတ်ခနောင်းကိုင်ကာ ၊ နေရာကြည့်ရှာ

ရွှေလရောင်ဝါ ၊ထွန်းလင်းသာပ

ဝန်းကျင်တစ်ဝိုက် ၊ စွတ်စိုမြိုက်၍

ကြယ်မြတ်တ္ထိကာ ၊ ကြည်လဲ့ရွှန်းဖြာ

စိုပြေသာလ ၊ အခါသမယ၌

ကြာမျိုးငါးပါး ၊ ခြံရံဝန်းထား

တင့်တယ်သာလှ ၊ နတ်ရေကန်တမျှ

အေးမြချမ်းအေး ၊ စမ်းရေစီးသံ

နားကိုလျှံ၍ ၊၀န်းကျင်တစ်ခို

ရွှန်းရွှန်းစိုသည့် ၊ သာယာပေစွ

ရေကန်ဝ၌ ၊ စိတ်များညွှတ်နူး

ပွတ်အူးသည်းလှိုက် ၊ မူးမိုက်ခဏ ၊ ဤကာလ၌

ကြာရှည်လွယ်ထား ၊ ဒုက္ခ၀မ်းတွင်း

မီးသို့ပြင်း၍ ၊ ဆီကုန်ခမ်းခိုက်

ဤဘုံနန်း၌ ၊နက္ခတ်အစုံ ၊ဆတ်ဆတ်တုန်အောင်

ဥသြဆွဲသံ ၊ဆူဆူညံ၍ ၊ ဖြေရှင်းဒုက္ခ

ကိုယ်တွင်းပ၏ ၊ ပါလိုကောင်းသည့် `အင် အင်း ´ တကား ......... ။ ။ ။ ။

[ အင် အင်း သည်လည်း ပါတက်လျင် ကဗျာ ဆန်ပါသည်။]

ရေးသူ - “ည”

ပုံအား google မှယူသည်။

အဖေနဲ့အမေ့အကြောင်း..

Image

ရင်တွင်းခံစား..ပန်းစကား

Image
ကျွန်မလည်းညီမဂျက်စမင်တို့၊ကိုအိပ်ရာတို့ရေးထားတာလေးကြည့်ပြီးကဗျာလေးတင်ချင်လာပါတယ်။
ဒါ့ကြောင့်မို့..ဘယ်သူမှမသိခဲ့ကြတဲ့ကျွန်မနဲ့ဂူဂျွန်ဖြိုတို့ရဲ့ဇာတ်လမ်းလေးကို
ကဗျာလေးနဲ့ဖောက်သည်ချပြောပြပေးချင်ပါတယ်ရှင်။(ကျွန်မနဲ့တော့တန်ပါတယ်နော် :P )
ကဗျာလေးကတော့ဒီလိုပါတဲ့ရှင်...(အငြိမ့်တွေထဲမှာလိုပေါ့နော် :D)





လမ်းခွဲ

ခုဆို......
သူ့ရဲ့မိုးတိမ်ရောင်ပါးပြင်မှာ
ဆည်းဆာခလို့....
အပင်ကလေးရဲ့
အရှေ့ဖက်တစ်ခွင်ဟာလည်း
မှိုင်းညို့အုပ်ဆိုင်းကာ..
သစ်ရွက်တို့ကျီစယ်မှုကိုတောင်
မခံနိုင်လောက်အောင်
ကျွန်မတို့နှစ်ယောက်နာကျင်ခဲ့ရပြီ
ဝေးရပြီ....
စကားလုံးတွေကစိမ်းစိမ်းမြမြ
အကြည့်တွေကပန်းနုရောင်ပြေးနေဆဲပဲ
သွားတော့..ဂူဂူ..ရယ်
ထပ်တူမကျခြင်းတွေရဲ့ရလဒ်ဆိုးပေါ့
ဂူဂူကတစ်လမ်း...
သမီးစံကတစ်လမ်း...
သွားသူကတော့တစ်ယောက်တည်း
ဒဏ်ရာနဲ့ကျန်ခဲ့သူကတော့
သစ်ပင်ကလေးရယ်
ခုံတန်းပြာပြာကလေးရယ်
သမီးစံရယ်
နေလုံးနီနီကြီးနဲ့
မသိမ်းနိုင်ခဲ့တဲ့မျက်ရည်တစ်ချို့ရယ်.....။


ဒီကဗျာလေးကတော့..ကျွန်မအရမ်းခံစားနေရတာကိုမကြည့်ရက်တဲ့ကျွန်မမောင်အငယ်ဆုံးလေးကရေးပေးထားတာပါရှင်။သမီးစံရဲ့မောင်ဆိုတော့..သားစိုးပေါ့နော်။ :Pဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျကြပါစေရှင်။

မှတ်ချက်။ ။ ဒီဇာတ်လမ်းကတကယ…

အံ့မခန်းဓာတ်ပုံပညာ...

Image
ကျွန်မအထင်တော့..ဓာတ်ပုံပညာဟာလည်း..လူတစ်ယောက်ရဲ့စိတ်ကိုအများကြီးကုစားပေးနိုင်ပါတယ်။ကျွန်မလည်းဓာတ်ပုံအရိုက်ခံရတာကိုဝါသနာမပါပေမယ့်၊ကိုယ်တိုင်ရိုက်ရတာတော့... ၀ါသနာပါပါတယ်။(လောလောဆယ်တော့ကင်မရာလက်ဆောင်ပေးမယ့်သူမရှိသေးလို့လက်စွမ်းမပြနိုင်သေးဘူးပေါ့နော်းP)ဒီပုံလေးတွေကတော့ကျွန်မလက်ဆော့ရင်းနဲ့ရှာလို့တွေ့ထားတာလေးတွေပါ။မိတ်ဆွေအစ်ကိုအစ်မ၊များကိုကြည့်စေချင်တဲ့အတွက်ဝေမျှပေးလိုက်တာပါ။ပုံကြည့်မပျင်းရအောင်လို့..ကျွန်မတတ်သလောက်ပေါက်တတ်ကရလေးတွေနဲ့ဖျော်ဖြေထားပါတယ်းPပျော်ရွှင်ကြပါစေ။းD

ချစ်စရာလေးတွေနော်း))

ပျော်စရာမိသားစုလေးပါပဲ...

ဒါကတော့..မချော(အစိမ်းရောင်လွင်ပြင်)ရဲ့
ငါးယပ်တောင်ဟင်းချက်တဲ့ငါးကြီးပေါ့..ခုတော့..ငှက်ကြီးချီသွားပြီ.
းP

ဘလော့ဂါပေါက်စလေးတွေလေး))

KMC ချင်းကလေးဆိုတာ..ဒီကောင်လေးပါ့းP

ဒီငှက်လေးရဲ့ခြေထောက်က..တစ်ချောင်းတည်းပါတာလား၊ဒါမှမဟုတ်ညောင်းလို့ပဲသိမ်းထားတာလား....

ဒါကဘဲလား...ငှက်လားမသိဘူးနော်

သြော်...မိဘမေတ္တာ..မိဘမေတ္တာ..

အရမ်းလှတဲ့ဓာတ်ပုံလေးပါပဲ

တိုက်ဆိုင်ပြီးသူ့ဘာသူဖြစ်သွားတာထင်တယ်နော်

ဒါကဓာတ်ပုံပညာလား၊ဒါမှမဟုတ် ဆော့ဖ်ဝဲပညာလားတော့မသိ
ိလှတာတော့..တော်တော်လေးကှိုလှပါတယ်။

အေးအေးဆေးဆေးလေးပဲကောင်းပါတယ်နော် …

ဘလော့ဒေး

Image