Sunday, February 26, 2012

လေးဆူဓာတ်ပုံ..

မနက်တစ်ပိုင်း၊ညနေတစ်ပိုင်း ဖြစ်ပါတယ်။မနက်ပိုင်းပုံတွေက ရိုက်ခဲ့တာကြာပါပြီ။
ညပိုင်းပုံတွေကတော့..
“ဘုရားမသွားဘူးလား” စီဘောက်မှာ လာအော်သွားလို့ မနေ့ညက လက်စွမ်းပြခဲ့တာပါ။
သတိပေးတဲ့ နိဗ္ဗာန်ဆော်..ဘလော့ဂါ မောင်အောင် ကျေးဇူးပါ။း)














 



For Sale
 50% Donate  
at မြောက်ဘက်မုဒ်း)




ပို့စ်အသစ်တွေ အတင်ကျဲသွားတဲ့တွက်လည်း တောင်းပန်ပါတယ်။
မလိမ်မိုး၊မလိမ္မာလေးမို့ အမိုက်အမဲလေးများရှိရင် ခွင့်လွှတ်ကြပါ။


သာမီးဆွဲတာဟုတ်ပါဘူး။




ချစ်ခင်လေးစားလျှက်......


Thursday, February 16, 2012

မဆုံသောလမ်း..



အပြင်မှာနှင်းဖွေးနေပေမယ့်...

ရင်မှာမအေးတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ

အအေးဒဏ်ကိုအံတုရင်း..

အဖော်မပါဘဲ တစ်ကိုယ်တည်းလျှောက်သွားဖူးခဲ့တယ်။

မထီမဲ့မြင်အပြုခံလိုက်ရတဲ့  ချစ်သူရဲ့အရက်စက်ဆုံးစကားကြောင့်

နာကျည်းချက်တွေ...ရင်မှာပိုက်

ကြေကွဲစွာ...ရူးသွပ်ရင်းနဲ့ပေါ့...။

သူ့ဘ၀မှာ ကိုယ်အမြတ်နိုးဆုံးအရာက

"ရိုးသားမှုနဲ့သစ္စာတရား"

ပြန်ရလိုက်တာ...

" အရောင်ဆိုးထားတဲ့ဟန်ဆောင်မှု"

ရက်စက်တော့မယ်ဆိုတာသိရက်နဲ့ မိုက်မဲခဲ့မိတယ်။

ကိုယ့်အတွက် ပေးခဲ့တဲ့သူ့ရဲ့လက်ဆောင်က...

ဒဏ်ရာအပြည့်နဲ့ပါကင်ပိတ် နှလုံးသားတစ်စုံရယ်...

မျက်ဝန်းမှာခိုတွဲ.. တသွင်သွင်စီးကျနေတဲ့အဆွေးမျက်ရည်တွေရယ်ပေါ့..။

ရာသီတွေပြောင်း နှစ်တွေဟောင်းသွားပေမယ့်

မမေ့ရက်ဆုံးက  ချစ်သူရဲ့အပြုံးနဲ့ စကားသံတွေပါ....။

ပဲ့တင်သံပြန်ကြားရတဲ့နေရာဆိုတာ...

ဘယ်တော့မှအဖော်မရှိတတ်ပါဘူး။

ပြန်လာခဲ့ပါချစ်သူ....

မေ့တတ်တဲ့လောကကြီးက

နင့်ကို...အသစ်တစ်ဖန် ဆီးကြိုနေပါလိမ့်မယ်

ငါလည်း... ပန်းသီးတစ်လုံးပြင်ထားတယ်။

*****************

Pyaung Gyi (P.G) မိစံ

(သူခြစ်၊ကိုယ်ခြစ်..နှစ်ယောက်ပေါင်းခြစ်ရင်း၊ရေးရင်းနဲ့ ကဗျာတစ်ပုဒ်ဖြစ်လာတာမို့
အမှတ်တရအနေနဲ့ သိမ်းထားလိုက်တာပါ။း)


ချစ်ခင်လေးစားလျှက်...




Tuesday, February 14, 2012

ချစ်သူ..............



ချစ်သူ..............

မြန်မာပြည်မှာ H5N1 ဖြစ်တုန်းက

ငါဟာမကြောက်ရွံ့ခဲ့ပါဘူး ။ ။

ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................



ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း

စိတ်မပျက်ခဲ့ပါဘူး ။ ။

တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး

နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............



gtalk banned ခံရလို့ လည်း

နောက်မဆုတ်ခဲ့ပါဘူး ။ ။

ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 

chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................



chatting အမျိုးမျိုးနဲ့ 

နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို

ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 

လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................



 onlineမှာ နင် ရှိနေမယ်ဆို

power တွေတက်ခါးတွေမျက်နေလည်း

အငတ်ငတ်အပြတ်ပြတ်နဲ့ 

ဆက် chat နေပါ့မယ် ချစ်သူ.....................



မ chat ရင် မနေနိုင်တာကလွဲလို့ 

မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို 

နင့်ရဲ့ဘ၀ထဲက ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ.............. 


 chatting thesis နဲ့  Internet course မှာ 

solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို 

account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို 

ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................ 



 နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 

 နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့

 ငါ့ရဲ့နှလုံးသားကို

 ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................ 


 မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့ 

 ငါ့ရဲ့နှလုံးသားကို 

အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ............... 


 ငါ့ဟာငါ register လုပ်ခဲ့ပြီး

ငါ့ဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို

 နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................


 ကျေးဇူးရှင် chat senior များရဲ့

 သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့

 နင့်ရဲ့နှလုံးသားကိုလည်း

ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ.............. 


 ချစ်သူ..............

 တကယ်တော့..............

 ငါဟာနင့်ရဲ့ဘ၀ထဲကို

 လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။



(ကဗျာပိုင်ရှင်ကိုခရက်ဒစ်ပေးပါတယ်။)


''I' ll do anything

I'll give you my world

I'll wait forever to be your boy

Just call out my name

And I'll be there.

Just to show you how much I care.

I was born to make you happy."

(ကြိုက်တယ်ဆို ကူးသွားလိုက်ပါ။ လက်ဆောင်ရထားတား)



ဒီနှစ် result ကပုံပါအတိုင်းဘဲမို့..အေးအေးဆေးဆေးဘဲနေပါမယ်။း)
(ပုံကို face book ကယူပါတယ်)

ညီမ၀မ်းကွဲတစ်ယောက်နဲ့..သူငယ်ချင်းတစ်ယောက်မွေးနေ့လဲဖြစ်တာမို့
အပီအပြင်စားဖို့ပြင်ထားကြောင်းပါ...။ :D


ချစ်သူများနေ့မှာ...ချစ်တတ်သူတိုင်း..ပျော်ရွှင်ချမ်းမြေ့ကြပါစေ... :)


(လက်ဆောင်များနဲ့လန်းနေသူး)


ချစ်ခင်လေးစားလျှက်..


Sunday, February 12, 2012

ဗိုလ်ချုပ်အတွက်ကဗျာများ





သက်ရှိထင်ရှား..ရှိနေသေးရင်အသက် (၉၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့...
လွတ်လပ်ရေးဖခင်ကြီး...ဗိုလ်ချုပ်အောင်ဆန်း..
"ကောင်းရာသုဂတိလားပါစေ"


ကဗျာစာအုပ်လေးကိုတော့ အစ်မမိုးခါး အိမ်ကယူလာပါတယ်။
(အစ်မမိုးခါး ကျေးဇူးပါ..။)


ချစ်ခင်လေးစားလျှက်..


Wednesday, February 8, 2012

ဘုရားပွဲနဲ့သမီးစံ

ဒီနေ့ကတော့ သမံစီးတို့ တရားဝင် ကျောင်းပြေးတဲ့နေ့ဖြစ်ပါတယ်။း)
ရန်ကုန်တောင်ပိုင်းခရိုင်ရဲ့ အထင်ကရ ဖြစ်တဲ့ 
"ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး"ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို
ပါဝင်ဆင်နွှဲဖို့အတွက်ပါး)

နှစ်စဉ်နှစ်တိုင်းလက်လှမ်းမှီသမျှ.အနယ်နယ်အရပ်ရပ်က ရဟန်းရှင်လူမိဘပြည်သူများနဲ့
စည်စည်ကားကားကျင်းပတဲ့ပွဲပါ။

အရှေ့ဘက်မုခ်ကနေ လှေကားတက်ရင်း ကုသိုလ်ယူပါတယ်။
လိုအပ်သမျှပစ္စည်းမျိုးစုံကိုလည်း ဈေးနှုန်းချိုချိုသာသာနဲ့ရနိုင်ပါတယ်။
(ရွှေတစ်ကျပ်သားမှ နှစ်ရာတည်းရယ်း)


ဒါက ဓာတ်လှေကားရှိတဲ့ဘက်ပါ။ဖွင့်ပွဲအခမ်းအနားက ဒီနေ့မှဆိုပေမယ့်
ဘုရားပွဲကျင်းပတဲ့နောက်ဆုံးရက်က မနက်ဖြန်ပါ။ဇာတ်ပွဲတွေလည်းနက်ဖြန်နောက်ဆုံးပါ။
ဈေးသည်တွေနဲ့သနပ်ခါးသည်တွေတော့တစ်ပတ်လောက်ထပ်ရှိပါအုံးမယ်။


ဘုရားပေါ်ရောက်တော့ တစ်ပတ်ပြည့်အောင် ပတ်ပါတယ်။


ဘုရားရွှေချဖို့ ရွှေသင်္ကန်းတွေ ပို့ပေးတဲ့နေရာပါ။

အာရုံခံ တန်ဆောင်းတစ်ခုထဲမှ ရုပ်ပွားတော်များ...

ကကုသန္ဓမြတ်စွာဘုရား(အရှေ့ဘက်မုဒ်)

ကောဏာဂမနမြတ်စွာဘုရား (မြောက်ဘက်မုခ်)

ကဿဖမြတ်စွာဘုရား(အနောက်ဖက်မုခ်)

ဂေါတမမြတ်စွာဘုရား (တောင်ဘက်မုခ်)

စတုဒီသာအကျွေးအမွေးက ဘုရားရင်ပြင်ပေါ်မှာပါ။

ကျိတ်ကျိတ်တိုးပါပဲ။တက္ကသိုလ်ကျောင်းသားတွေများပါတယ်း)
(သန်လျင်မှာက တက္ကသိုလ်လေးခုတောင်ရှိတာကိုး)

ဘယ်ဘက်ကြည့်ကြည့် အကျွေးအမွေးတွေချည်းပါပဲး)
(တက္ကသိုလ်အသီးသီးက ကျောင်းသားတွေရဲ့အလှူပါ)

တို့များတောရွာလေးပါ ။လှမ်းမြင်နေရတာနဲ့ရိုက်တင်ပေးလိုက်တား)
ရှေ့တည့်တည့်ရေစင်ကြီးနောက်က သစ်ပင်တွေအုတ်ဆိုင်းဆိုင်းနဲ့နေရာလေးပါ။
သူ့နောက်မှာ လယ်ကွင်းတွေရှိပါတယ်။မိုးတွင်းဆိုရေတွေဖွေးဖွေးလှုပ်ပေါ့။
အားကြီးပျော်ဖို့ကောင်းတား)

သူငယ်ချင်းတစ်ယောက်က တွေ့တာနဲ့အတင်းလိုက်ဆွဲလို့
ရေဆာပြေ၊ရေငတ်ပြေ၊ဒါနမြောက်အောင် တစ်ဗူး.မ လာခဲ့ပါတယ်း)

ဘုရားဖူးရင်းတစ်ပတ်ပြည့်သွားတော့ စတုဒီသာကျွေးတဲ့စောင်းတန်းတစ်ခုထဲကိုဝင်ပါတယ်။

အထဲရောက်တော့ စောနေပါသေးတယ်။ဘုန်းကြီးဆွမ်းတောင်မကပ်ရသေးပါဘူး။း)
ဒီနေ့ကျွေးမယ့်စတုဒီသာက ငါးသလောက်ပေါင်းနဲ့သရက်ချဉ်သုတ်တဲ့း))

ဆွမ်းစားကြွရင်း..တရားချီးမြှင့်ပေးတဲ့ဆရာတော်က
သန်လျင်မြို့လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ဥက္ကဌဆရာတော်တစ်ပါးပါ။
"ဒီအချိန်က တရားတိုတိုဟောရမယ့်အချိန်ဆိုတာ ဘုန်းကြီးတို့သိပါတယ်"မိန့်ပြီး
ချီးမြှင့်ပေးသွားတဲ့တရားက တိုပေမယ့် အနှစ်သာရရှိတဲ့တရားလေးပါ။

နက်ဖြန်အာရုဏ်တက်မှာ ဘုရားကိုဆွမ်းတော်ကြီးတင်ဖို့အတွက် ပြင်ဆင်ထားတာတွေပါ။
အားလုံးတရားနာပြီးတော့ ထမင်းစကျွေးပါတယ်။
(ဗိုက်ဆာနေတာနဲ့အတော်ပဲပေါ့း)

စားပြီးသောက်ပြီးပြန်တော့ ဒီအတိုင်းပြန်သွားရင်လည်း မကောင်းပြန်ဘူးကွယ့်..
သူငယ်ချင်းမျက်နှာကလည်း ရှိသေးပြန်တော့အားနာစရာပေါ့း)

ဒီတော့ပန်းကန်ဝိုင်းဆေးပေးရင်း လုပ်အားပေးခဲ့ပါတယ်။
ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုအတွက် အမျှပေးပါတယ်။
ယူတော်မူကြပါကုန်း)

စားပြီးသောက်ပြီး၊လုပ်အားပေးပြီးပြန်တော့ အိမ်ပြန်ဖို့စောနေသေးတာမို့
ပွဲဈေးတန်းထဲ လျှောက်လည်ပါတယ်

အရင်ဆုံး မင်းသားစွမ်းကိုတွေ့ပါတယ်။မကြိုက်လှပါဘူး။ဆက်သွားပါမယ်း)

ကိုဖိုးချစ်ကိုတွေ့ပါတယ်။ဖားသားလန်းရဲ့ပံ့ပိုးမှုနဲ့အရမ်းလန်းနေတာတွေ့ခဲ့ပါတယ်။
သူ့လည်းမကြိုက်သေးပါဘူးး)။
သီးလေးသီးလည်းလာကပါတယ် မနေ့ကမှပြီးသွားတာပါ။
(ဂေါပကနဲ့ရှော့ဖြစ်တယ်ဆိုလား..)

ကိုဂျောက်ဂျက်တို့စာသားတွေပေါ့။ (အတုယူပုံမြန်ချက်ကတော့း)

ပန်းတနော်ကသင်ဖြူးဖျာတွေပါ။အမေတော့ တန်ရင်တန်သလို
တစ်နှစ်ကိုလေးချပ်လောက်အားပေးပါတယ်း)
ဖျာသည်ကတော့ အေးလို့နော်၊သူ့မိတ်နဲ့သူရှိပြီးသား၊အော်မရောင်းဘူး။
ဝယ်မယ့်သူမရှိရင်..ဖျာပေါ်အိပ်နေရုံပဲလေ

ဒါကတော့ အ၀တ်အစားတန်း။ဈေးသက်သာပါတယ်။
ပြောလို့ပြောတာဟုတ်ဘူးနော်။ပိုက်ဆံငါးရာတစ်ထောင်လောက်နဲ့တောင်
ကျိုက်ခေါက်ဘုရားပွဲလည်လို့ရပါတယ်။(စားပြီးပြန်ပေါ့း)

အညာသူ၊အညာသားများကတော့ စစ်မစစ် သိပါလိမ့်မယ်း)

ဘုရားအနောက်ဘက်မုခ်ပါ။ညဖက်ဆိုဒီနေရာက ကြက်ပျံမကျပေါ့။

အနောက်ဘက်မုခ်မှာပါပဲ။ခြင်းအလှခတ်တဲ့ပွဲပါ။

မိန်းကလေးတစ်ယောက်လည်းပါပါတယ်။ညရောက်ရင် ပုလင်းပေါ်ခြေတစ်ဖတ်တင်ပြီး
ခတ်ပြပါမယ်တဲ့။(ညဖက်မှလူစည်တာမို့ထင်ပါတယ်)စွမ်းရည်ကတော့အံ့မခန်းပဲနော်

သရဲအိမ်ပါ။ကိုယ်လောက်တောင်ကြောက်ဖို့မကောင်းပါဘူး။း)
(ပွဲဈေးတန်းတွေမြင်တော့  ကိုမြစ်ကျိုးအင်းရဲ့ဘလော့ဂါပွဲဈေးတန်းတွေ
သတိရမိပါသေးတယ်။း)

ဈေးတန်းပတ်ပြီးပြန်တော့လည်း အိမ်မပြန်သေးပါဘူး :P
"မိုးကြိုးငှက်ငယ်လေး" တွေဘယ်အခြေနေရှိလဲသိချင်ပါသေးတယ်။
(လိုက်ခဲ့ဦးနော်း)

ကြည့်ပျော်ပါတယ်။(တစ်ဦးမှ ငါးရာတည်းရယ်း)

နေ့ခင်းဘက်သွားကြည့်ရတာမို့စိတ်ချမ်းသာပါတယ်။
ညဖက်ဆို ယောင်္ကျားလေးပိတ်သတ်တွေက အတော်ဆိုးကြတာကလားး)

ကသွားတဲ့ကလေးမလေးတွေထဲမှာ သူရယ်နောက်တစ်ယောက်ရယ် အကြိုက်ဆုံးပါပဲ။

နောက်တစ်ယောက်က မိုးဟေကိုပါး)။
တူချက်ကတော့ မိန်းကလေးတွေထိုင်ငိုသွားလောက်တယ်နော်။

သူ့ကိုတော့ သိကြမှာပါ။ယောင်္ကျားလေးတွေ miss ရွေးတဲ့ပွဲမှာ"၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ"သီချင်းနဲ့
ကသွားတာလေ။တအားရယ်ရပါတယ်။(သမီးစံတော့ သဘောကျတယ်)

မိုးကြိုးငှက်ငယ်လေးများရဲ့ ခေါင်းဆောင် စောသန္တာပါ။သရုပ်ဆောင်သွားတဲ့သီချင်းက
ကမ္ဘာကျော်တဲ့စိတ်ကူးတဲ့။ကန်ဒီကဆို...သူကသရုပ်ဆောင်ပေါ့း)

dancer သီချင်းတစ်ပုဒ်နဲ့ ထပ်ကကြပါသေးတယ်။လေးနာရီထိုးခါနီးပြီမို့
အပြီးထိမကြည့်ပဲ အိမ်ပြန်ပါတယ်။(မဟုတ်ရင် တုတ်စာမိတော့မှား)

"ရွှေပွဲလာပိတ်သတ်များ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေရှင်"

ချစ်ခင်လေးစားလျှက်..