Posts

Showing posts from October, 2011

သမိုင်းမ၀င်ပေမယ့်..သမိုင်းတွင်နေမည့်..စကားများ

Image
ခေါင်းစဉ်ကိုတော့..ဆရာချစ်ဦးညိုရဲ့စာအုပ်ထဲက..ယူသုံးထားတာပါရှန်း) မိတ်ဆွေတစ်ယောက်က..သမီးစံဖတ်ဖို့..(လက်ဆောင်)ပေးထားတဲ့စာအုပ်လေးပါ။ အားလုံးကိုလည်း..ဖတ်စေချင်လို့..scan လုပ်ပြီး..တင်ပေးလိုက်ပါတယ်။


တစ်အုပ်လုံးကိုဒီမှာ ဒေါင်းသွားလိုက်ပါ။ (မှတ်မှတ်ရရ..ဒီလင့်ခ်လေးရဖို့..နှစ်ရက်ခွဲလောက်ကြာပါတယ်းP)
ဒီစာအုပ်ကို..သမီးစံလည်း..ဖတ်ပြီးသွားပါပြီ...သိတော့သိပါတယ် ဒါပေမယ့် သိပ်နားမလည်သေးဘူး...(ငယ်သေးလို့..ထင်တယ်နော်း)

ဒါကတော့....... သူငယ်ချင်းအားလုံးအတွက်သီချင်းလက်ဆောင် :P (လိုင်းမကောင်းလွန်းလို့..စိတ်နာနာနဲ့ တင်ပလိုက်တာ..း)



jennifer lopez papi mp3 download

ဒါက...
နောက်တစ်ပုဒ်  

ပျော်ရွှင်ချမ်းမြေ့ဖွယ်..နေ့လေးဖြစ်ကြပါစေရှင် ချစ်ခင်လေးစားစွာနဲ့...

ကောသလမင်းအိပ်မက်(၁၆)ချက်

Image
ဒီနေ့မနက်က..အိမ်ကအမတော်နှစ်ယောက် ကျောက်တန်းရေလယ်သွားကြတယ်လေ။ ပြန်လာတော့..''နင့်အတွက်.. ဓာတ်ပုံတွေရိုက်လာပေးတယ်" တဲ့...။ မုန့်ဖိုးသာတောင်းတိုင်းမရတာ ဒါမျိုးကျတော့ ချစ်ဖို့ကောင်းသားနော်..။း) ဓာတ်ပုံတွေထဲက ကောင်းရာကောင်းနိုးလေးတွေရှာကြည့်တော့ .. လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ (မှတ်သားမိသလောက်နှစ်ပေါင်း၁၀၀)ခန့်က..ကောသလမင်းကြီး.မက်ခဲ့တဲ့.အိပ်မက်တွေကို ပန်းချီကားတွေနဲ့ပုံဖော်ရေးဆွဲထားတာတွေတွေ့ပါတယ်။ အားလုံးသိပြီးကြပြီး..ဖြစ်ကြပေမယ့်..ဆွဲထားတဲ့ပန်းချီလက်ရာလေးတွေက တစ်နယ်နဲ့..တစ်နယ်(လက်ရာချင်း)မတူတော့..တင်ပေးလိုက်တာပါ။ တစ်ချို့..ဘုရားတွေမှာဆို..ဒီမင်းကြီးရဲ့အိပ်မက်ကို.အလကာင်္လေးတွေနဲ့ရေးထားတာ တွေ့ဖူးပါတယ်။ (အမတော်တွေရဲ့ပုံကိုတော့ ..မတင်တော့ပါဘူး။ တော်တော်ကြာ...ကိုယ့်အိမ် နောက်လာမလည်တော့ရင်ဘယ်နှယ့်လုပ်မတုန်းနော်။) :P






















သူငယ်ချင်းအိမ်က Depawali

Image
မနေ့က..ကျောင်းကသူငယ်ချင်းတစ်ယောက်က သမီးစံကို ဖုန်းဆက်တယ်။ နက်ဖြန်အိမ်ကိုလာခဲ့ပါလားတဲ့..။ ဘာလို့လဲ..သယ်ရင်းရယ်ဆိုတော့.... "နင်ပဲ....ငါ့အစ်ကိုတွေကို လူစုံတက်စုံတွေ့ချင်တယ်ဆို" တဲ့..း)။  ဟုတ်ပ ....

သူ့အိမ်ကိုသွားတာ..ချောင်းသာပေါက်တယ်..သူ့အစ်ကိုတွေနဲ့တစ်ခါမှမတွေ့မိတာခုမှသတိထားမိတယ်လေ။း) ဒါနဲ့ပဲ..."အေး..သယ်ရင်း..ငါလာခဲ့မယ်..ဘယ်အချိန်လဲ"ဆိုတော့...."ဆယ့်တစ်နာရီ၊ဆယ့်နှစ်နာရီလောက်ပေါ့" တဲ့။ကျန်တဲ့သူငယ်ချင်းတွေကိုလည်း..ဖုန်းဆက်ပြီးခေါ်ထားတယ်တဲ့လေ (နည်းနည်းတောင် မလိုနာ ဖြစ်သွား သေးတယ်း)အဲဒါ..နင်အိမ်မှာပဲစုပြီးခေါ်လာခဲ့ပါတဲ့။ ကိုယ်ကလည်း (သူ့အစ်ကိုတွေ. တွေ့ရမယ့် အရေး ဆိုတော့)..အေးအေးပေါ့း)။
ဖုန်းချပြီးမှစဉ်းစားမိတယ် သြော်..........ဟုတ်သားပဲ.. နက်ဖြန်.. သူတို့..Depawali ကိုး။(ဒီသူငယ်ချင်းနဲ့ ပေါင်းလာတာတော်တော်ကြာပါပီ..ထူးထူးဆန်းဆန်းဒီနှစ်မှ.ကိုယ့်ကိုဖိတ်တာလေ)..။သူခေါ်တာနဲ့ အံကိုက်ဖြစ်သွားတယ်..ကိုယ်က ကုန်ကြမ်းရှာနေတဲ့..ဘလော့ဂါကိုး။းP
သမီးစံ ပေါင်းဖြစ်တဲ့သူငယ်ချင်းတွေထဲမှာ..တော်တော်များများက လူမျိုးခြားတွေများပါတယ်။အထူးသဖြင့် ဟိန္ဒူလူမျိုးပေါ့။ဒါလည်းမရည်ရွယ်ပါဘူး..သူ့ဘာသူတိုက်ဆ…

တွေ့မိသမျှ...နက်ပေါ်ကး)

Image
သူ့သူငယ်ချင်းများ..အောင်းမေ့နေသလားမသိပါဘူးတော်း)




သူပြိုင်..ငါပြိုင်..အနိုင်မခံအရှုံးမပေး..ဆွဲပါတယ်ရှင်..ဆွဲပါတယ်  ပြီးတော့..သားမိနှစ်ယောက်.၀ိုင်းနင်းကြတယ်လေးP






ရာဇ၀င်ထဲက ဒဿဂီရိကို သနားတယ်တဲ့း)



ကြာပွတ်ရောင်စုံရမယ်နော်.. အိမ်မှာ အလှထားချင်ရင်ပြောပါး)




သန်မာထွားကျိုင်းတယ်...ကမ္ဘာသူအလယ် လျှောက်သွားမယ်.. အလွန်တင့်တယ်..သုံးတောင်ဝတ်အားမငယ်း)

ဒီပုံစံ ဆိုရင်လည်း ပြောရတာအဆင်ပြေပါတယ် မဆိုးပါဘူးနော်း) (အမြင့်ကြိုက်သူများအတွက် အံကိုက်ပဲပေါ့ )

သူလည်း မောက်စ်ပဲလေ


ခုတလော..အားလပ်ရက်က နည်းနေတော့ outdoor လည်းမထွက်ဖြစ်ပါဘူး။  ကျောင်းကလည်း ပိတ်ထားလေတော့(အားရင်တောင်) အကြောင်းပြချက်ပေးပြီးထွက်မရဘူးလေး) စာရေးဖို့ကျတော့လည်း..မဖြစ်နိုင်သေးပြန်တော့............(တစ်ပုဒ်ရေးတစ်ပုဒ်ဖျက်ကိုး) ပေါက်တီးပေါက်ရှာတွေပဲ..လိုက်ရှာပြီး တင်ဖြစ်နေပါတယ်ရှင် သည်းခံပြီး မျက်စိအစာကျွေးတော်မူကြတဲ့ ဘော်ဘော်ဒွေအားလုံးကို သာ

မဲလုံးသို့တမ်းခြင်း...

Image
သေမှာကြောက်ရင် မြေမှာမလျှောက်နဲ့ အိမ်သာအောက်ကို ကျွံနင်းမိမယ် သစ်ရွက်တွေကြွေရင်တောင်ခိုစရာမြေပြင်ရှိတယ် အချစ်ငတ်နေတဲ့ငါဟာ ငိုစရာရင်ခွင်မရှိဘူး ပြောပြမိရင် ဒေါသရှိမယ်... လောကကြီးရယ် ငါ့ကိုမှရက်စက်နိုင်လေခြင်း..
(ဒါက တစ်ချိန်တုန်းကပေါ့..) ခုချိန်မှာတော့ ငါဟာ … အားလုံးကိုလှောင်ပြောင်နေနိုင်ပြီလေ ငါ့ကိုဒဏ်ရာတွေပေးခဲ့တဲ့နင့်ကို ဘယ်တော့မှမမေ့ပါဘူး … လမ်းထိပ်က မဲလုံးရယ် ခုတော့လည်း.. နင်လည်းနင့်ဘ၀နဲ့နင်ဘယာကြော်ရောင်းလို့ ငါလည်းငါ့ဘ၀နဲ့ငါအခြေအနေကောင်းလို့… အားလုံးအဆင်ပြေပြေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီပဲ ခုတော့ပြီးသွားပါပြီလေ... ဒါပေမယ့်..နောက်ဆုံးအနေနဲ့ ပြောချင်တာလေးတစ်ခုတော့ရှိတယ်.. အဲဒါကတော့… ခုထိ..ငါ..အပျိုကြီးလုပ်နေတုန်းပါပဲ။
(ကိုယ်ပိုင်ကဗျာ မဟုတ်ပါ။ပိုင်ရှင်ရှိလျှင်ပြောထားပေးခဲ့စေချင်ပါသည်။)
ချစ်ခင်လေးစားစွာဖြင့်