Posts

Showing posts from August, 2012

ဟုတ်ကဲ့...ဒီလိုပါ

Image
လောင်းတဲ့ရွှေရည်
စာသင်ဖို့တို့ကျောင်း
အုတ်မြစ်တွေလောင်းလို့
လှပ၀င့်ချီ
ပန်းကလေးများပွင့်တော့မည် ။ အားလုံး မင်္ဂလာပါ... သာယာကုန်း ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အဆောက်အဦး ပုံကြမ်းအား တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ အစောပိုင်းတုန်းက အလှုငွေကို ကြည့်ပြီး ၁၅ပေ x ၃၀ ပေ ခပ်ကျဉ်းကျဉ်း အနေအထားသာ ထမင်းစားဆောင်အဖြစ် ဆောက်လုပ်မယ်လို့ ရည်ရွယ်ခဲ့ပေမဲ့ ရည်မှန်းထားတာထက် ပိုလျှံသော အလှုငွေ ပမာဏကြောင့် ၂၀ပေ x ၄၀ ပေ အထိ အတန်အသင့် ကျယ်ပြန်သပ်ရပ်တဲ့ အဆောက်အဦးကို ဆောက်လုပ်နိုင်ခဲ့တဲ့ ထမင်းစားဆောင်မှ စာသင်ဆောင်အဖြစ် လည်းကောင်း၊ နွေအခါ -ကျောင်းပိတ်ရက်များတွင် တရားစခန်းအတွက် ရိပ်သာအဆောင်အဖြစ်လည်းကောင်း လိုအပ်သလို အသုံးချနိုင်အောင် သေသပ်ခန့်ညားစွာ -ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ဆရာတော်ရဲ့ ညွှန်ကြားမှုနဲ့အတူ အဆောက်အဦး ဖောင်ဒေးရှင်းချမည့်နေ့အား အခုလာမဲ့ ဗုဒ္ဓဟူးနေ့ (၂၉.၈.၂၀၁၂)ရက်နေ့ မနက် ၁၀နာရီ မင်္ဂလာအချိန်မှာ ပြုလုပ်မှာဖြစ်ပြီး ၂၀ပေ x ၄၀ပေ အဆောက်အဦး မြေနေရာအား ကလေးများလက်ချိတ်ကာ စီတန်းပြီး “အို..အို..အိုးးး.. ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံ ၀င့်လို့ချီ” ဆိုတဲ့ “တို့ကေ…

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ မလဲ

အားလုံးမင်္ဂလာပါခင်ဗျား.. သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှုရှင်များကို -မေတ္တာရပ်ခံပြီး ၁၃.၇.၂၀၁၂ ရက်နေ့မှစတင်ကာ ၁၅.၈.၂၀၁၂ ရက်နေ့အထိ (၃၄) ရက်တိုင်တိုင် M.M.Y.G မှ အလှုခံခဲ့ပါတယ်။ အလှုခံပုဂ္ဂိုလ်တွေရဲ့ မြင့်မြတ်သောသီလတန်ခိုး၊ အလှုရှင်တွေရဲ့ ယုံကြည်မှုနဲ့ ထက်သန်သော သဒ္ဒါတရား၊ နိုင်ငံအသီးသီးမှ အကျိုးဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတို့ -ပေါင်းစပ်လိုက်တဲ့အခါ ယခုလှုအတွက်  ကျွန်တော်တို့ ရည်မှန်းထားတာထက် နှစ်ဆခန့်ပိုပြီးများပြားတဲ့ အလှုငွေပမာဏနဲ့ အလှုခံခြင်းကို ပိတ်သိမ်းနိုင်ခဲ့ပါပြီ။ ဗြိတိန်၊ ဆွစ်ဇာလန်၊ သြစတီးရီးယား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၊စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ မြန်မာနိုင်ငံ စတဲ့နိုင်ငံပေါင်းစုံမှ စုစုပေါင်းအလှုငွေ ကျပ်သိန်းပေါင်း ၁၁,၈၆၉,၃၀၀ တိတိ (တစ်ရာ တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း ကိုးထောင် သုံးရာကျပ်တိတိ) ရရှိခဲ့ပါတယ်။နိုင်ငံအလိုက် ရရှိခဲ့တဲ့ပမာဏမှာ

My Treasure (Tag)

Image
နွေလပါ။ရေးခိုင်းတာ။My Treasure တဲ့..ခေါင်းစဉ်လေးက..။ သူ့ဘလော့လေး ရုတ် တရက် ပျောက် သွားလို့ပါ။ (အခုပြန်ရသွားပြီလို့သတင်းကောင်း ကြားရပါတယ်..)
အစ်မတော်လည်းမအားမအားနဲ့(ဖေ့ဘုတ်ပေါ်ချည်းလှိမ့်လှိမ့်တက်နေလို့)အခုမှဘဲရေးဖြစ်တော့တယ်နွေလရေ့...း)

 မေးခွန်းလေးတွေက(သူ့အနေနဲ့စိတ်မကောင်းစွာမေးနေပေမယ့်) စိတ်ဝင်စားစရာလေးတွေပါ။ ဒီလိုအမှတ် တရစာလေးတွေ ဘလော့တစ်ခုစီမှာ တစ်ပုဒ်တော့ရှိထားသင့်ပါတယ်။ (ဒါကြောင့်ကိုယ်တိုင်ရေးပြီးရင် လက်ဆင့်ကမ်းပါမယ်း)
(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
2011 ရဲ့ဂျူလိုင်လထဲမှာ ဒီဘလော့လေးကိုစပြီးအသက်သွင်းဖြစ်ခဲ့ပါတယ်။မြင်ဆရာကတော့ ဘလော့ဂါ ကိုညီလင်းဆက်ပါ။ Google Search Box ထဲမှာ how to make myanmar blog ဆိုပြီးရှာလိုက်ရာက ကိုညီလင်းဆက်ရေးပေးထားတဲ့E-Bookလေးကိုဖတ်ဖြစ်ခဲ့ပါတယ်။ရှာဖြစ်တဲ့အကြောင်းကတော့... ဘလော့မရေး၊ရေးချင်အောင် ဆွဲဆောင်အားအင်မတန်ကောင်းတဲ့ စီနီယာဘလော့ ဂါကြီးတွေကြောင့်ပါ  ။ပျော်ပျော်နေတတ်ကြသလို ချစ်ခင်ဖို့လည်းကောင်းပါတယ်။ကိုယ့်ဘလော့ကိုယ် ကိုယ်တိုင်စပြီး အသက်သွင်းကာစကတော့အသားမည်းမည်း၊သွားကျဲကျဲလေးပါဘဲ(အခုလည်းမလှပါဘူးး) နောက်တော့မှေ…

ကာတွန်းပြပွဲ

Image
အဓိပ္ပာယ်ကိုယ်စီနှင့်မို့.. label ထိုးပေးရန် လိုအပ်မည်မထင်း)) ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကာတွန်းပြပွဲမှဖြစ်ပါတယ်။ ပန်းဆိုးတန်း၊လောကနတ်ပြခန်းမှာ..၃၁-၇-၂၀၁၂ နေ့အထိပြသွားတဲ့ကာတွန်းတွေပါ။  မကြည့်ရသေးရင် တူတူကြည့်မယ်နော်း)











ဒါကတော့ ..ကြော်ငြာပါ..း)

ကာတွန်းဆရာများရဲ့ အော်တို...











ပြပွဲအတွက် ရိုက်ထားတဲ့အင်္ကျီလေးတော်တော်လှပါတယ်..  ၀တ်ပြလိုက်ရင်တော့ ဘယ့်နှယ့်နေမယ် မသိရပါး)

ချစ်ခင်လေးစားလျှက်