Posts

Showing posts from January, 2012

Evening News

Image
ဖြစ်နိုင်ချေမရှိသေး(ဖြစ်နိုင်ချေမရှိသေး)ပါကြောင်း...တဲ့


“ရွှေပြည်တော်ရယ်...မျှော်နေလည်းဝေး”း)




ချစ်ခင်လေးစားလျှက်..

ဆုံဆည်းခွင့်

Image
“အစကောင်းမှ..အနှောင်းသေချာ”ဆိုစကားလိုပဲ
ငါတို့ရဲ့တွေ့ဆုံမှုက..အစကတည်းကမကောင်းခဲ့တာပါ
မေ့ဖို့အတွက် ချစ်ခဲ့တာမဟုတ်ပေမယ့်...
အချစ်တစ်ခုရဲ့ပျော်ရွှင်ခြင်းအတွက်
အပြစ်တစ်ခုနဲ့ငါ့ရင်ကို အဆုံးသတ်စေခဲ့တာပါ။
အရာရာ ရင်ဆိုင်ချင်ခဲ့ပေမယ့်...
မကြာခင်ကျောခိုင်းရမှာ သိနှင့်သူမို့
လမ်းခွဲခဲ့ရတာကို နားလည်ပေးပါ..
အခြေအနေဆိုတာ အပိုင်တွက်လို့မရကောင်းသလို
အချိန်ဆိုတာလည်း ပြန်လှည့်လို့မရနိုင်တော့ဘူးလေ...
အရာရာအသစ်က ပြန်စခွင့်ရှိမယ်ဆို
ငါဆုတောင်းမိပါရဲ့....
ချစ်နှစ်သက်သောသူနဲ့သာ
ဘ၀ဆက်တိုင်း ဆုံဆည်းခွင့်ရပါစေလို့....
 P.G (ဓာတ်ပုံ - မိစံ)

ချစ်ခင်လေးစားလျှက်

တရုတ်နှစ်ကူး

Image
အရင်တစ်ခါ..ဆူးလေဘုရား(ရာပြည့်)ပွဲတော်တုန်းကဘုရားပုံမပါလို့ကပ်ကျော်ဘုရားမဟုတ်ဘူး ကွက်ကျော်ဘုရားဖြစ်နေပြီ(အစ်ကိုနေ၀သန်က) ပြောလို့..တင်ပေးလိုက်ပါတယ်း) (သမံစီးတစ်ယောက်.တစ်ခါတစ်လေ.အဲလိုပါပဲ..နမော်နမဲ့နဲ့ပါအစ်ကိုရေ..း) ဒီပုံတောင်...ရိုက်ထားတာ.အတော်ကြာပါပြီး)။ပွဲဈေးတန်းခင်းထားတာက. အခုမြင်နေရတဲ့.လမ်းမကြီးပေါ်မှာပါ။
  တရုတ်တန်းဘက်ရောက်တော့..လူတွေစုရုံး..စုရုံးဖြစ်နေတာနဲ့ ၀င်ပြီးစပ်စုကြည့်ပါတယ်း)
 အနားရောက်တော့..(ကိုယ်ထင်သလိုမဟုတ်ပဲ)ဂလိုဖြစ်သွားပါတယ်း)
နှစ်ဆယ့်ခုနှစ်ရက်နေ့အထိ..အကပြိုင်မယ့်.အချိန်နဲ့.ပြိုင်ပွဲဝင်မယ့်..အဖွဲ့တွေရဲ့နာမည်ပါ။
 ကျွန်တော်တို့အဖွဲ့နာမည်ကတော့..မနှစ်က ဒုတိယဆုရခဲ့တဲ့ “Lion King” ဖြစ်ပါတယ်ခင်ဗျာတဲ့ (အဖွဲ့သက်တမ်းက ငါးနှစ်ရှိပါပြီတဲ့) 
မကခင်..တစ်ပတ်ပတ်ပါတယ်။
  အဲ့ဒီ့အချိန်ကိုရောက်ဖို့..တော်တော်စောင့်ယူရပါတယ်း) (ကိုယ်က ကြည့်ချင်တဲ့သူဆိုတော့လည်း သည်းခံရပါတယ်း)
 စပြီး..ခြေစွမ်းကော..လက်စွမ်းပါ..ပြပါတော့မယ်ရှင်။ တော်တော်လှတဲ့“ကဟန်”ပါပဲ။ ဘင်ခရာဆရာတို့..လင်းကွင်းဆရာတို့ကလည်း..တော်တော်လက်သံပြောင်ပါတယ်။ (ဆိုင်းသံ၊ဗုံသံ၊ဘင်ခရာသံကြားရင် သမီးစံတစ်ယောက်.မနေနိုင်ပါဘူး။ ဘီလူးဆိုင်းသံကြားရင်ပိုဆို…

ပွဲဈေးတန်း

Image
ဆူးလေစေတီ နှစ်တစ်ရာပြည့်ပွဲတော်ပါ။ တစ်နေ့က“စ”တယ်လို့သိရပါတယ်။ သိသိချင်း သတင်းသွားယူခဲ့ပါတယ်း)

ပုဇွန်ကြော်ငါးရာ ဂဏန်းကြော် တစ်ထောင်ပါတဲ့ (ပိုက်ဆံကို စက္ကူများအောင်းမေ့လေရော့သလားမသိး)
ကိုယ်က အစားသမားဆိုတော့...း)
ဗူးသီးကြော်(တစ်ပွဲခုနှစ်ရာပါတဲ့)
စားစရာတွေချည်း ရွေးရိုက်ခဲ့ပါတယ်း)
သိကြပြီးသား “ထမနဲ”ပါ။မြည်းခဲ့ပါတယ်း)။(သိပ်)မကောင်းပါဘူး (နှစ်ကျပ်ခွဲသားမရလို့ တစ်ဆယ်သားဝယ်ခဲ့ပါတယ်း)  ကင်မရာလည်းချိန်လိုက်ရော “ရိုက်ပြီဟေ့..ရိုက်ဟ” တဲ့း)
“အစ်မလေးနော် စားကြည့်နော်၊တစ်အားကောင်းတယ်နော်၊ တစ်ပွဲသုံးရာတည်းနော်” တဲ့ (အာလူး၊ပဲ၊ဆမူဆာ ပူရီပါ ...ဈေးချိုတာ သူပဲရှိပါတယ်း)
သူကတော့...ပွဲဈေးတန်းတိုင်း မပါမဖြစ်ပေါ့..(မစားဖြစ်ခဲ့ပါဘူး) (ထိုင်ပြီးရင် ပြန်မထချင်တော့လို့း)
“လေးစားတယ်၊မြတ်နိုးတယ်ဆို..၀ယ်ထားလိုက်ပါ” “တောင်းရင်ပေးမယ်၊၀ယ်ရင်ရောင်းပါမယ်”တဲ့း)
 ကြိတ်ကြိတ်တိုးအောင် ရောင်းအားကောင်းပါတယ်။ (ဒီပုံတွေနေရာတိုင်းမှာတွေ့နေရပါပြီ ၀မ်းသာစရာပါ)
 ကဲ..တစ်ယောက်တစ်ရုပ် ယူစေဗျားး)

ရာဇ၀င်တို့ရဲ့သူရဲကောင်းများသို့...

Image
ဒီမိုကရေစီ သူရဲကောင်းတွေ” 

ဒီမိုကရေစီ” သူတို့ လက်တွေကိုမြှောက် ရင်ကော့လျှောက်ကာ ကျည်ဆံအောက်မှာ ဒူးမထောက်ကြဘူး ....... သမိုင်းကပေး တာဝန်ကို ပွေ့ထွေးကာ တိုင်းပြည်ရာဇ၀င် ၀င်ရေးကြတဲ့ အမည်မသိသူရဲကောင်းတွေ ကမ္ဘာမြေက စောင့်ရှောက်ပါစေ... ........ ဒီနေ့တော့  တို့တွေ အောင်ကြပြီ သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ ကြယ်တွေ မစုံတော့တဲ့ညမှာ (ဒါဟာ တကယ်ဝမ်းနည်းစရာပါ) .......... တချို့က ငိုကြ၊ တချို့ကလည်း ရယ်ကြ ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရသလဲ ကျောင်းသားတွေက သင်လို့ပြ သြော်.... အမျှ...အမျှ....အမျှ မစားဘဲ စွန့်ခဲ့သူတွေအတွက် မျက်ရည်တွေနဲ့ ရေစက်ချ ***********

သန်လျင်သား
(ဒီကဗျာကို သူရေးပြီးစ..တုန်းက..အစ်မ ငါတင်ရင်ကောင်းမလားတဲ့...း)
ချစ်ခင်လေးစားလျှက်...

ကြုံရဆုံရ

Image
(ကဲ...တစ်နေ့တာတက်ပို့ထဲက မင်းသမီးပုံလည်း ကြည့်လို့ဝသွားလောက်ပြီယူဆပါတယ်း) 

တစ်လောတုန်းကသမီးစံတစ်ယောက်အတော်မူးသွားပါတယ်။အကြောင်းကတော့..ဆယ်တန်းအောင်လက်မှတ် ပျောက်သွားလို့ပါ။(အံ့သြစရာနော်)ဘွဲ့လက်မှတ်တောင်မကိုင်ရသေးဘူး။အောင်လက်မှတ်ကပျောက်ပြီ။အဲဒါတောင် သင်တန်းတစ်ခုတက်ဖို့.အောင်လက်မှတ်လိုတယ်ဆိုလို့..ပြန်ရှာမှသိတာ။ဆိုးချက်က..တာတေကိုလန်ရောနော်။(ဘယ် သူမှမပြောခင်.အရင်ပြောထားရတား)။ပျောက်တယ်ဆိုတော့..အသည်းအသည်ပြန်ရှာရတာပေါ့။ဒေါင်းတောက်အောင် ရှာလည်းမတွေ့၊ဘယ်မှာထားမိတယ်..စဉ်းစားပြန်တော့လည်း အဖြေကထွက်မလာပါဘူး။ဒီတော့ အသစ် လျှောက်ရုံပဲရှိတော့တာပေါ့။(ကိုယ်က.အမြန်လိုနေပြီကိုး)အဲ့ဒီ့မှာ..စတွေ့တော့တာပဲး)

လက်မှတ်ပျောက်ပြီဆိုတော့ ထုံးစံအတိုင်း လသာစာစစ်ဌာနကို သွားရတာပေါ့။ဟိုရောက်တော့ ငွေ နှစ်  ရာ့ ငါးဆယ်နဲ့(လက်မှတ်ပျောက်လျှောက်ဖို့)ဖောင်တစ်စောင်ဝယ်ရပါတယ်။ပျောက်သွားတာကိုပြန်လျှောက် ရ တာဆိုတော့ သူများလို ဖောင်ဖြည့်ပြီး ပြန်တင်ခဲ့လို့မရပါဘူးတဲ့။ လိုအပ်တဲ့စာရွက်၊စာတမ်း တွေကို ဖြည့် ရ မယ့်ဖောင်ထဲမှာထည့်ပေးထားပါတယ်ဆိုလို့ဖတ်ကြည့်လိုက်တော့.(အောင်လက်မှတ်) အမှန်တကယ် ပျော က်ဆုံးကြောင်းကျမ်းကျိန်လွှာ၊ပြီးတော့(သက်ဆိုင်ရာ…

တစ်နေ့တာ (Tag)

Image
ဟိုနေ့က..သမီးစံဆီကိုစာတစ်စောင်ရောက်လာပါတယ်။ရေးထားတဲ့စာအရတော့“ရာထူးတိုး.ပရိုမိုးရှင်း” ထင်ပါတယ်။း)  ဘယ်သူ့ဆီကလည်းကြည့်လိုက်တော့..“စီအိုင်အေ”ကတဲ့။ကြားတော့ကြားဖူးနေပါတယ်။(ဒီနာမည်း) တလောတုန်းက..ဗိုလ်တစ်ထောင်ဘုရားပွဲမှာ..တာဝန်ယူလုံခြုံရေးသွားတယ်ဆိုလားးး အခုတလော..ကိုယ့်ရာထူးကလည်း.လှုတ်တုတ်တုတ်ဆိုတော့..အခြေနေကြည့်ဖြေရမယ့်သဘောမှာရှိပါတယ်။ ပို့လိုက်တာက..မေးခွန်းတွေပါ။ ဒီတော့..မေးထားတဲ့မေးခွန်းလေးတွေဖြေကြည့်ပါ့မယ်။
♠အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
►နာရီကို.လှမ်းကြည့်တယ်။ပြီးတော့...တွေးမိတယ်..ဒီနေ့လည်းကျောင်းနောက်ကျပြန်ပြီလို့း)
♠မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ
►မြိန်ရာဟင်းကောင်း၊ခင်ရာဆွေမျိုးဆိုသလိုပါပဲ။မကြိုက်တတ်တာခပ်ရှားရှားဆိုတော့.ကြုံတာနဲ့ပဲစားတတ်ပါတယ်။

♠ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
► (စားတော်)ပဲပြုပ်နဲ့ထမင်းကြော်..(အဆင်ပြေတဲ့နေ့ဆို..ကြက်ဥအုပ်ပါတယ်း)

♠နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ 
►ကျောင်းသွားတော့..ကန်တင်းမှာပဲပေါ့၊ကျောင်းပိတ်ရင်တော့..အိမ်မှာပဲစားပါတယ်။ဘယ်နေရာစားစား    အဓိက..ထမင်းဝင်ဖို့ပဲ..မဟုတ်ပါလားရှင် :P

♠အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
► …

မွေးနေ့မင်္ဂလာ

Image
သားသမီးများများနဲ့စည်းစည်းလုံးလုံးနေရတာကို..သဘောကျနှစ်ခြိုက်သူနဲ့အကြောင်းပါခဲ့ပြီး ခလေးမချစ်တတ်ပေမယ့်..တစ်ဒါဇင်ထိအောင်..မွေးပြီး.တညင်သူပီပီ“ရှင်မွေးလွန်း”ဘွဲ့ကို.အလိုလိုပိုင်ဆိုင်ခဲ့တဲ့  အမေ...း) (အဖေ့ရဲ့)အစိုးရလစာ..မလောက်မငလေးနဲ့..စလယ်ဝင်အိုးကနေ..ရာဝင်အိုးထိအောင်.(ကြီးလာတဲ့ စားအိုး အတွက်).ခြိုးခြံချွေတာ..လောက်င အောင်နေပြီး.(မောင်တစ်ထမ်း၊ မယ်တစ်ရွက်နဲ့) အိမ်ရှင်မကောင်းပီသ ခဲ့တဲ့အမေ... ကျောင်းဖွင့်ချိန်ဆို(တိတ်တိတ်လေး)သက်ပြင်းချနေရပေမယ့် ကျောင်းအပ်အတိုင်း(အမြဲတမ်း) တစ် ယောက် ခ.လျှော့လျှော့ယူတတ်တဲ့ကျောင်းအုပ်ဆရာမကြီးရဲ့ဂရုဏာကြောင့်(တစ်ယောက်ခသက်သာလဲမနည်းဘူးဖြေသိမ့်တွေးရင်း)အသက်ရှုချောင်တတ်ခဲ့တဲ့အမေ... သားသမီးအလွန်ချစ်တဲ့..မိဘတွေဆီ..ကံကောင်းထောက်မစွာ.ရေစက်ဆုံ.ရောက်လာခဲ့ပေမယ့်.နှစ်ဆယ့် နှနှစ်အရွယ်နဲ့(တမလွန်ဘုံကို)ခွဲခွာသွားရှာတဲ့အစ်ကိုအကြီးဆုံးအတွက်နှလုံးရောဂါရတဲ့အထိ.ခံစားခဲ့ရရှာတဲ့အမေ...
(ဒီဓာတ်ပုံထဲမှာ..သမံစီးပါတယ်..ဘယ်နားမှာလဲ?သဲလွန်စက.သီလရှင်တွေထဲမှာပါး) သားသမီးတွေ..အချိန်တန်..အရွယ်ရောက်တော့မှ..အလှူရေစက်..လက်နဲ့မကွာလှူရင်းတန်းရင် (အေးအေးဆေးဆေးနဲ့)ဘ၀နေ၀င်ချိန်..ရင်ဆိုင်တော့မယ်ဆ…