Posts

Showing posts from November, 2011

စိတ်

Image
အရေးမလှ၊ တွေးသမျှ၊ ဆွေးရတာလည်း၊ ဒီစိတ်ပဲ။
တရားမ၀င်၊ အများပင်၊ မှားချင်တာလည်း၊ ဒီစိတ်ပဲ။
နှလုံးဘ၀င်၊ မပြုံးရွှင်၊ မုန်းချင်တာလည်း၊ ဒီစိတ်ပဲ။
အပြစ်မမြင်၊ အနှစ်ထင်ချစ်ခင်တာလည်း၊ ဒီစိတ်ပဲ။
ကာမဂုဏ်တွင်၊ အာရုံဝင်၊ ပျော်ရွှင်တာလည်း၊ ဒီစိတ်ပဲ။
အကန်းအသွင်၊ အရမ်းနှင်၊ ကြမ်းချင်တာလည်း၊ ဒီစိတ်ပဲ။
ချစ်စရာကောင်း၊ မုန်းဖို့ကောင်း၊ ပြောင်းချင်တာလည်း၊ ဒီစိတ်ပဲ။
အပြုအပြင်၊ လူ့တခွင်၊ နုချင်တာလည်း၊ ဒီစိတ်ပဲ။
သတိဥာဏ်ယှဉ်၊ သမ္ပဇဉ်၊ သိမြင်တာလည်း၊ ဒီစိတ်ပဲ။
ဒါန သီလ သမထ၊ ပြုကြတာလည်း၊ ဒီစိတ်ပဲ။
သာသနာကို၊ မကြည်ညို တွန့်တိုတာလည်း၊ ဒီစိတ်ပဲ။
အနေမကျ၊ အခြေမကျ၊ သေရတာလည်း၊ ဒီစိတ်ပဲ။
ဘာဝနာရုပ်နာမ်၊ အမြင်သန်၊ ကျင့်ကြံတာလည်း၊ ဒီစိတ်ပဲ။
တစ်မဂ်တစ်ဖိုလ်၊ ရက်တိုတို၊ ရောက်လိုတာလည်း၊ ဒီစိတ်ပဲ။
အရှင်မုနိန္ဒ (သာသနဓဇဓမ္မာစရိယ) B.A (Eng),M.A(Buddhism) Magadh University,Bodh Gaya India.

(အီးမေလ်းထဲမှ... share ပေးလိုက်ပါသည်။)  အသစ်မတင်နိုင်သည်မှာ..သမီးစံ..မအား၍မဟုတ်..(ကိုရင်ပြောသလို)..အပျင်းထူနေ၍ဖြစ်ပါသည်။ ထို့အတွက်ကြောင့်..(ဂျင်ဆန်းမီအား) ခွေးလွှတ်ကြပါကုန်းP။


လေးစားလျှက် 

သမီးစံမှတစ်ဆင့်..ဘလော့ဂါအားလုံးသို့ပေးစာ

Image
မနက်ခင်း တစ်ခုမှာပေါ့။ အွန်လိုင်းပေါ်တက်ရင်း “ဂိုင်းပင်ရွာ (ဂူပင်ရွာ) ဘုန်းတော်ကြီးသင်စာသင်ကျောင်း” ဆိုတဲ့ ပိုစ့်လေးကို ဆိုဒ်မှာတွေ့ ခဲ့ရတယ်ဗျ။ ပိုစ့်လေးကိုဖတ်ပြီး တော်တော်လေးလည်း စိတ်မကောင်းဖြစ် မိတယ်ဗျာ။ အဲ့ပိုစ့်လေး ဖတ်ပြီးပြီးချင်း ကတည်းက သွားလှူဖို့ ဆန္ဒကလည်း ထက်သန်ခဲ့တယ်။ ဒါပေမယ့် အထ မမြောက်သေးဘူး။

တစ်နေ့ကျတော့ ကျွန်တော် အဲ့သတင်းလေးကို ပို့ပေးတဲ့ ကိုဖိုးကျော်နဲ ဖုန်းအဆက် အသွယ်ရခဲ့တယ်။ ဘယ်တတ်နိုင် မလဲဗျာ။ ကျွန်တော်လည်း ကိုဖိုးကျော်ကို မေးမြန်းရတာပေါ့ဗျာ။ ကိုဖိုးကျော်ခမျာ လည်းသူတတ်နိုင်တဲ့ဖက်ကနေ လုပ်ပေး ရှာပါတယ်ဗျာ။ သူ့ အလုပ်တွေကြားထဲကနေ (၁၂.၁၁.၂၀၁၁) မှာ ကျွန်တော့်ကို ၈ မိုင် Lucky Seven မှာချိန်းတယ်ဗျ။ ဘိုင်ပင်ရွာလေးနဲ့  ပက်သက်ပြီး တော့ အောက်ပါ အတိုင်းရှင်းပြ ပေးခဲ့ပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြိုနယ်၊ မင်းကန်ကျေးရွာ အုပ်စုအတွင်းရှိ၊ တောစုကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ ရွာလေးနာမည်က ဘိုင်ပင် ရွာလေးဖြစ်ပါတယ်ဗျ။ခ ရီးစဉ်ကတော့ ကျွန်တော်တို့ ပထမဆုံးအနေဖြင့် မန္တလေးကိုသွားအဲ့ကမှကြာနီကန် လမ်းအတိုင်းသွားရပြီး တောစုရွာလေးကို ရောက်မှာဖြစ်ပါတယ်။

ကျွန်တော် အခုပြော…

ကျိုက်ထီးရိုးသွား.တောလား

Image
နောက်နေ့မနက်..လေးနာရီထိုးတော့..(မနေ့ကပင်ပန်းထားတဲ့ဒဏ်ကြောင့်)အိပ်ချင်မပြေသေးပေမယ့် အိပ်ရာ.ထရတယ်။ဘုရားပေါ်ရောက်တော့လည်း..လန်းဆန်းသွားတာပါပဲ။
နောင်နှစ်များမှာလည်း..ထပ်ပြီးဖူးမြော်နိုင်အောင်.ဆုတောင်းရင်း..
ဆွမ်းတော်ကပ်၊ဘုရားရှိခိုးကြပါတယ်။
မြူတွေတော့မဟုတ်..အမွှေးတိုင်ငွေ့တွေပါ။
ဘုရားရွှေချခွင့်ကို..မနက်ငါးနာရီကနေ ည ကိုးနာရီထိပဲ.ကပ်ခွင့်ပေးထားပါတယ်။
ဘုရားရွှေချဖို့.၀င်တဲ့..အပေါက်ဝ.နားမှ..
သဒ္ဒါပေါက်လျှင်..သွားရောက်လှူဒါန်းနိုင်ပါသည်။
အိမ်ပြန်ကြတော့မယ့်သူတွေနဲ့.. မနက်.ငါးနာရီ(ခွဲလောက်)မြင်ကွင်း..
ဘုရားမှာ..ဆုတောင်းခဲ့ပါသေးတယ်။  ပြုသမျှ ကုသိုလ်ကောင်းမှု.အစုစုတို့ကြောင့်..(ဒီတစ်ပတ်ထဲ)ကျောင်းမှာကပ်မယ့်အောင်စာရင်းမှာ သမီးစံနာမည်..ပါ.ပါစေဘုရားလို့.. (အကျိုးလိုလို့..ညောင်ရေလောင်းတယ်.မထင်ကြပါနဲ့ရှင်း) ရေတံခွန်သွားတဲ့လမ်းရဲ့...လက်ဝဲဘက်မှာရှိတာပါ။ကိုယ်ရိုက်ပြီး.ကိုယ်မသိပြန်တဲ့ သမီးစံအတွက်..ဖြေသွားပေးကြပါရှင်။
မြစိမ်းတောင်
ရသေ့တောင်
ဇော်ဂျီတောင်ထင်ရဲ့ (memory error တက်နေလို့ပါး)
ပြန်ခါနီးထိအောင် ..း)

အပြန်လမ်းမှာ..စီးလာတဲ့ကားက..ကျိုက်ထိုမြို့ရဲ့အထင်ကရဖြစ်တဲ့ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကို လိုက်ပို့ပေးပါတယ်။ ခုပုံကတော့…

ကျိုက်ထီးရိုးသွား..တောလား(၅)

Image
လမ်းညွှန်ဆိုင်းဘုတ်နဲ့..ခရီးတစ်လျှောက်စေတီများ
အောင်ချမ်းသာ..လိုဏ်ဂူတော်
လိုဏ်အတွင်းက..ဆင်းတုတော် ရဟတ်ယာဉ်များ..ဆင်းဖို့နေရာပါ..နောက်တစ်ခါလာရင်..ဘယ်နေရာဆင်းရမလဲ လိုက် show နေတား))
ကျောက်ထပ်ကြီး.ခရီးအစ ကင်မရာမန်းက..ကရင်ဦးလေးကြီးတစ်ယောက်.။
တစ်ချောင်း..တစ်ရာပါတဲ့.။ဆတ်သားခြောက်လို့ပြောပါတယ် (အစစ်မဟုတ်တော့.ဈေးနှုန်းသက်သာတာပေါ့.။)
ဆရာဇီဝကပါတဲ့ရှင်..နာမည်မြင်တာနဲ့တင်.ရောဂါတစ်ဝက်သက်သာလောက်ပါတယ်။

ဆရာ့ဆိုင်က..ဖြူးဆူးတွေပါ။ဘယ်မှာသုံးတယ်မသိရ..း)

ဆင်းတော့မယ်..ရယ်ဒီ...၀မ်း.တူး ..း)

သွားရင်းလာရင်း..နားနေဖို့..နေရာလေးတွေပေါ့
နှစ်လုံးထီလည်း.ထိုးလို့ရတယ်နော်။သမီးစံတို့တောင်.သုညနှစ်လုံး R ထားခဲ့သေးတယ်း)။
ပေါက်တာလဲဟုတ်ဘူး..ဘာလို့ထိုးတာလဲ.စပ်စုကြည့်တော့
အပျင်းပြေပါညီမရယ်တဲ့း)။

 ဘာပဲဖြစ်ဖြစ်..ကြော်ငြာကောင်းရင်..လူတွေက.စိတ်ဝင်စားတတ်ကြတယ်မှုတ်လား။

လမ်းပြင်ဖို့အတွက်.ကုသိုလ်ယူသွားလို့ရပါတယ်။
သဒ္ဒါဓာတ်အား.နည်း၊များမဆို..ပါဝင်ကုသိုလ်ယူနိုင်ပါကြောင်း....

ချစ်စရာလေးတွေနော်..ပြုံးပြုံးရွှင်ရွှင်နဲ့..ပူပင်သောက.ကင်းတဲ့.ကလေးဘဝ
ဘယ်လောက်များ.အေးချမ်းလိုက်သလဲနော်။

ခရီးတော်တော်ရောက်နေပါပြီ

ကျောက်လှုပ်စေတီ

ဂေါပက.ကပြောပါတယ်.ကျိုက်ထီးရိုး…