Posts

Showing posts from July, 2013

ဥဿမြို့က မုဒိတာအလှ (သို့) မိုးရေထဲက ပနက်ချပွဲ (၁)

Image
အားလုံးမင်္ဂလာပါ..။ မြန်မာ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ သြစတေးလျ၊ ကိုရီးယားနိုင်ငံတို့မှ အလှုရှင်များရဲ့ စုပေါင်းအင်အားဖြင့် ကျွန်တော်တို့ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ပဉ္စမမြောက်ခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပြန်ပါပြီ။ အမှတ် (၅/၁၉(အေ))၊ ၃လမ်း၊ ဥသာမြိုသစ်၊ ပဲခူးတိုင်း သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်းတိုက် စာသင်ကျောင်းဆောင် ပေ (70 x 20 ) ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှာ စတင်ပြီး အလှုခံခဲ့ရာ အလှုမပိတ်သိမ်းခင် 1.08.2013 ရက်မတိုင်မီအထိ အလှုငွေစုစုပေါင်း သိန်း(၃၈၀) ကျော်ရရှိခဲ့ပြီး 28.07.2013၊ တနင်္ဂနွေနေ့မှာ ကျောင်းပနက်ချပွဲနှင့် ပင့်သံဃာ(၁၀)တို့အား ၀ါဆိုသင်္ကန်းကပ်လှုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။