Posts

Showing posts from September, 2011

ဘလော့ဂါသတင်းထောက် သမီးစံနှင့် အမှတ်ရဖွယ် Anniversary တစ်ခု (၂)

Image
ဝမ်းမြောက်ကြောင်းသ၀ဏ်လွှာ
"ဧရာဝတီ မြစ်ဆုံ ဆည်စီမံကိန်းအား နိုင်ငံတော် သမ္မတကြီးနှင့် အဖွဲ့က တည်ဆောက်ရန် ရပ်နားလိုက်သည်"ဟု ကြားသိရသည့်အတွက် ဘလော့ဂါ မောင်နှမ များနှင့်ထပ်တူ သမီးစံ မှ အတိုင်းမသိပျော်ရွှင်ဝမ်းမြောက် မိပါသည်။ ချစ်သော" ဧရာဝတီ" မြစ်ကြီး.. မြန်မာပြည်သားများနှင့်အတူ "ထာဝရ"..ပျော်ရွှင်စွာဆက်လက်စီးဆင်းနိုင်ပါစေကြောင်း.. တောင်းဆုချွေကာဆုတောင်းပေးလိုက်ပါတယ်ရှင်။
ဟုတ်ကဲ့ ဆက်လက်ပြီးတော့... အိမ်က "အင်တာပျက်"ကို ရွာသာကြီးက ပြန်ခေါ်လာပြီဖြစ်တဲ့အတွက် ကျန်နေသေးတဲ့ ဇာတ်သိမ်း ပိုင်း အဲလေ နောက်ဆုံးအပိုဒ်လေး ဆက်ရေးပါ့မယ်။း))

ဆက်လက်ပြီး..ပရိတ်သတ်တစ်ဦးမှ ကဗျာ လေးတစ်ပုဒ် ရွတ်ဆိုတာ
ပါဝင်ဆွေးနွေး သွားတာ တွေ့ရပါတယ်။ (အမှန်တကယ်တော့ ဓာတ်ပုံရှင်မှာ သမီးစံ မသိလိုက်တဲ့ စာရေးဆရာမတစ်ဦးဖြစ်ပါတယ်ရှင်။)
နောက်ထပ်ကဏ္ဍခွဲလေးတစ်ခုကတော့ “Positive Pages ”အမည်ရတဲ့ HIV ဝေဒနာရှင်တစ်ဦးရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးကို အသံထွက် ဖတ်ပြပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။

ဒီကဏ္ဍလေးကိုတော့ စာရေးဆရာမ  “သိသု” မှ ဝေဒနာသည် “မဗေဒါလှိုင်း”မကွယ်လွန်မီ ရေးပို့ခဲ့တဲ့ ၀တ္ထုလေးကို အသံထွက်ရွတ်ပြပြီး တင်ဆက်သွားပါတယ်။
ဆက်လက်ပြီး.…

Blogger သတင်းထောက် သမီးစံနှင့်အမှတ်ရဖွယ် Anniversary တစ်ခု

Image
ခေါင်းစဉ်ကြီးကတော့ ခန့်ခန့်ကြီးပဲနော်း)) (သတင်းထောက် ငှား ချင်တဲ့သူများရှိရင် ဆက်သွယ်နိုင်ပါတယ်း) 

တောင်းပန်လွှာ
အောက်ဖော်ပြပါ အချက်အလက်များထဲမှ တစ်စုံတစ်ခုသော်လည်းကောင်း အများစုသော်လည်းကောင်း မှားယွင်းမှုများ ရှိနေပါက သတင်းထောက် သမီးစံ၏ ပေါ့လျော့မှုကြောင့်ဟုသာ ယူဆပေးစေလိုပါသည်ရှင်။

အသေးစိပ်ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ အစ်မ မြသွေးနီ ရဲ့ ဆိုဒ်မှာ ရှုစားအားပေးနိုင်ကြောင်းပါရှင်...
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က(အတိအကျပြောရရင်တော့ ၂၅-၉-၂၀၁၁ ရက်ပေါ့) သမီးစံပွဲနှစ်ပတ်လည်ပွဲ တစ် ခု ကို တက်ခွင့်ရခဲ့ပါတယ်။အထင်မကြီးပါနဲ့ရှင်... လူကြီးလူကောင်း တစ်ယောက် အနေနဲ့မဟုတ်ပါဘူး။ အစ်မ မြသွေးနီရဲ့ ဘလော့ စာမျက်နှာမှာတွေ့လို့ အစ်မကို(comment ထဲမှာ)မေးကြည့်တော့ “လာလို့ရ တယ်ညီမ လာခဲ့ပါ”..။ လူငယ်တွေ အတွက်ကျင်းပပေးတဲ့ပွဲလေးမို့ လာရောက် အားပေးစေ လိုကြောင်း အကြောင်းပြန်စာ ရလို့ အံ့သြ၀မ်းသာစွာ နဲ့သွားရောက်ခဲ့တဲ့ ပွဲလေးပဲဖြစ်ပါတယ်။ (ပရိတ်သတ်တစ်ဦးအနေနဲ့ပေါ့။) သမီးစံ ဒီပွဲကို တစ်ယောက်တည်းမသွားရဲပါဘူး။(သတ္တိခဲပဲနော်) ဒါ့ကြောင့် သူငယ်ချင်း သုံး ယောက်ကို နှစ်ရက်ကြိုတင် (လိုက်ခဲ့ပေးဖို့) ညှိထားခဲ့ပါတယ်။ ကံမကောင်း၊ မထောက်မစွာ နဲ့ပဲသူ…

ကဗျာ

အရွယ်ရောက်ခဲ့ပြီ
အချစ်ဆိုတာ မီးခြစ်ဆံတစ်လုံးဆို

မီးဆံကုန်ပေမဲ့ ကိုယ်ဟာ မီးမတောက်ခဲ့သူ

တစ်ယောက်ပါ ...

သူတစ်ယောက်တည်းအတွက်

ကိုယ်မြင်း ကိုယ်စိုင်းပြီးတော့လည်း

ဒုန်စိုင်း ထွက်ခဲ့ရသူပါ ..

အချစ်ရဲ့ သူရဲကောင်းရွေးပွဲမှာ

ပိရိသေသပ်စွာ လှည့်ဖြား

အသတ်ခံခဲ့ ရသူ ...တစ်ယောက်

စောင်းအိုတစ်လက် ပိုက်ကာ
တိုးတိတ်ငြိမ်သက်စွာ ဒူးထောက်ခဲ့ရပြီ

အခုတော့ လည်း

ဘာမှမရှိတဲ့ ကောင်းကင်အောက်မှာ

ဘာနဲ့မှ မငြိတွယ်အောင် ကိုယ် နေထိုင်တက်ပါပြီလေ ..။
ရေးသူ - ည
မှတ်ချက်။   ။ ကဗျာလေးနဲ့မဆီမဆိုင်..ခုတလော အပျိုကြီး အိမ်ကလူတွေကို ပေါက်ကွဲနေပါသည်။

မောင်နဲ့ကျမ...

Image
ဟုတ်ကဲ့..ခေါင်းစဉ်မြင်ပြီး “ဖျား”သွားကြပြီမှုတ်လား? ဆက်လက်ရှုစားအားပေးတော်မူကြဖို့ မေတ္တာရပ်ခံပါရစေ။ :D


မောင်..အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချစ်တွေကို
ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...
သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....။
အဲဒီနေ့က သူအကျီင်္အဖြူလေးကို
ဝတ်ထားတာလေးကနိုင်းနိုင်းတို့သန့်သလို ချောသလိုသူကသန့်သန့်ချော ချောလေးနဲ့မို့ကျမရင်ထဲ“ဟတ်ထိ”သွားရတာပေါ့။ကျမနဲ့ကမေဂျာပါတူတာဆိုတော့တက်ရတဲ့အခန်းချင်း လည်းတူတယ်။ကျမလေဆရာတွေစာသင်ချိန်မှာတောင်သူ့ကိုငေးကြည့်ရင်းရင်ထဲတိုးတိုးချစ်လာရသူပါ....။ သူကတော့ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ကျမကိုမှမဟုတ်ပါဘူး။ဘယ်မိန်းကလေးကိုမှရှိတယ်လို့ မထင်တာ။ ကျမ လည်း ဒါလေးကိုပဲ ချစ်နေရတာ။သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေး တယ်။ မြွေမြွေချင်း ဆိုတော့ ခြေမြင် တာပေါ့။ သူတို့က လည်း ကျမရင်ထဲက မောင်ရဲ့အချစ်ကို လိုချင်နေ ကြတာ လေ...ကျမ မသိဘူးများ ထင်နေကြလား။ ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမ ဘယ်လိုလုပ် ရမလဲ။ အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့သ…

တို့ကျောင်း..

Image
ဘလော့ဂါမိတ်ဆွေ..အစ်ကို၊အစ်မများ မောင်ညီမလေးများတို့ရေ..။စာမေးပွဲနောက်ဆုံးနေ့က
သမီးစံကျောင်းမှာဘာလုပ်ခဲလဲသိချင်ကြဘူးလားဟင် ..! အဲဒီ့နေ့က သမီးစံ ကျောင်းမှာ “ပိုကာဆွဲ”.. အဲလေ
ကျောင်းကိုတစ်ဝက်ပြည့်အောင်ပတ်ပြီး...ဓာတ်ပုံရိုက်ခဲ့ကြောင်းပါရှင်။(တပတ်လုံးတော့မပတ်နိုင်ပါဘူး..မောလို့း)
တစ်ချို့ကျောင်းသားများကတော့ထင်ကြမှာပဲ..ဒီအစ်မကြီး..စာမေးပွဲမဖြေနိုင်လို့..နှုတ်ဆက်တဲ့အနေနဲ့
ကျောင်းကြီး ကို ဓာတ်ပုံ ပတ် ရိုက်နေ တယ် လို့လေ..တ ကယ်တော့ ကိုယ် လည်းကိုယ့်အကြောင်းနဲ့ကိုယ် ကုန်ကြမ်း ရှာနေရတာ သူတို့လေးတွေမှ မသိကြတာကိုး နော..။ လျှောက်ရိုက်တုန်းကတော့ ဟိုလူကကြည့် ဒီ လူ ကကြည့်နဲ့ တော်တော်လေးအနေ ခက် ပါတယ်ရှင်။(ဘလော့ဂါလုပ်ရတာ အဲဒီ့အခက်အခဲလေးတော့ရှိလေ ရဲ့ နောက်တော့နေသားကျ သွားမှာ ပါလေ နော်)။သူငယ်ချင်းတွေကလည်းမေးကြတယ်..နင်က လူတွေ မရိုက်ပဲ ကျောင်းကိုပဲ ရိုက်နေတယ်..ဘာလုပ်ဖို့လဲတဲ့...။ပြောလိုက်ချင်ရဲ့.“.ငါကဘလော့ဂါလေလို့” အဲ လိုပြောရင်.. သူတို့က နားလည် မှာမ ဟုတ်ဘူး...။မျောက်ကို အုန်းသီးကျွေးသလို ပဲဖြစ်နေ မှာလေ..ဟီးးးးး။(အမှန်ကတော့ သူတို့ကောင်း လို့ ဒီ လိုရိုက်ခွင့် ရခဲ့တာပါ။ ဟိုဟာကလှတယ် ဒီမြင်ကွင်း က မကောင်းဘူးနဲ့ အြ…