Sunday, July 29, 2012

တစ်နှစ်



သိပ်နောက်မကျသေးပါဘူးနော်..။ ဒီနေ့နဲ့ပါဆိုမှ တစ်ပတ်ဘဲရှိပါသေးတယ်း))

အဆိုပါနေ့က ရင်နှင့်သည်းချာလေး တစ်နှစ်ပြည့်ခဲ့ပါတယ်။အမျိုးမျိုးအကြောင်းတွေ၊ဆင်ခြေ၊ဆင်လက်၊ ဆင်တစ်ကိုယ်လုံးတွေနဲ့ အချိန်မှီမတင်ဖြစ်ခဲ့ပါဘူး။

ဒီနေ့၊ဒီချိန်ထိ ဒီဘလော့မှာ ကောင်းရာ၊ကောင်နိုးလေးတွေ တင်လာခဲ့ပြီးပါပြီ။ သို့သော် (အလှူကိစ္စတွေက လွဲလို့)ပေါက်တတ်ကရတွေများပါတယ်။စစချင်းတုန်းကတော့ ခပ်စိပ်စိပ်လေး အားသွန်ခွန်စိုက်လာလိုက်တာ နောက်တော့ တဖြည်းဖြည်းနဲ့အရှိန်မြှင့်လာရမယ့်အစား တစ်လတစ်ပုဒ်ဖြစ်သွားရပါတယ်။ဒီတော့လည်း အစ်ကို၊အစ်မတွေကို မချိသွားဖြဲပြရင်း“ဟဲဟဲ”လုပ်ရတာပေါ့နော်း)။

ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်ခဲ့ပါပြီ။တူရာတူရာစုစုလာတဲ့ အန်တီ၊အန်ကယ်၊အစ်ကို၊အစ်မ၊မောင်၊ ညီမလေးတွေကလည်း ချစ်ဖို့ကောင်းလိုက်တာ..။ချစ်ဖို့ကောင်းနေတော့လည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပြောပြော အပြစ်မမြင်ကြပါဘူး။

ခုချိန်ထိအောင် သမီးစံအနေနဲ့ကော မိစံအနေနဲ့ပါ စိတ်အနှောင့်ယှက်ဖြစ်အောင် ပြုခဲ့မိတာရှိရင် ခွင့်လွှတ်ပါ။မှားတာရှိရင် (Nick Name တွေအစား) တောင်းပန်ပါတယ်း)။ဒီနေ့၊ဒီရက်ကစပြီး ရင်နှင့် သည်းချာလေး ၀ဲစွဲခြင်းရန်မှ ကင်းဝေးပါစေ..။ ပြန်ပေးဆွဲခြင်း ရန်မှကင်းဝေးပါစေ..။ အနာ၊ ရောဂါ ကင်းရှင်းပါစေ..း)


ဒါက.. ရေးဘဲရေးတော့မလိုလို၊ပြီးဘဲပြီးတော့မလိုလို၊ခုဘဲတင်တော့မလိုလိုနဲ့
ဟိုလိုလို..သည်လိုလိုနဲ့... အပြီးမသတ်နိုင်သေးတဲ့ အမှိုက်ပုံထဲက ရှိစုမဲ့စုလေးတွေပါ..
(တော်တော်တော့ကြာနေပါပြီ..) 

ပြောင်းသင့်တာလေးတွေပြောင်းပြီး ဖြည်းဖြည်းချင်း အကြွေးဆပ်သွားပါရစေ..။
(မဆပ်နိုင်ခဲ့တော့လည်း မဆပ်နိုင်ခဲ့ဘူး သဘောထားပေးပေါ့နော်..း)


အမာခံပရိတ်သတ်ကြီးနဲ့ကာစတမ်ဘာကြီးများ..



ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၊ချမ်းမြေ့ကြပါစေကြောင်း..



ချစ်ခင်လေးစားလျှက်..

Saturday, July 28, 2012

ပန်းကလေးများ ပွင့်တော့မည်

သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းတွင် ကလေးငယ်များအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန် အတွက် နိုင်ငံအလိုက် လှုဒါန်းထား ကြသော ကျောင်းဒကာ၊ ကျောင်းအမများစာရင်း ဖြစ်ပါတယ်။ မကြာခင်အချိန်တွင် ကျောင်းဆောင်အား စတင်ဆောက်လုပ်တော့မည့်အကြောင်း သတင်းကောင်း ပါးအပ်တယ်..အလှုရှင်များနှင့် အလှုစာရင်း အားလုံးမှာ လက်ခံရရှိဆဲ ပမာဏများ ဖြစ်ပြီး ကျောင်းဒကာ၊ -ကျောင်းအမများအား လက်ခံပေးနေ ဆဲဖြစ်ကြောင်း ၀မ်းမြောက်စွာ ထပ်မံအသိပေး နှိုးဆော်အပ်ပါတယ်။ (Auto play အသံဖိုင်ပါဝင်သောကြောင့် အလုပ်ထဲမှ ဖတ်ရှုသူများ ဦးစွာအသံနည်းနည်းတိုးထားဖို့ လိုအပ်ပါလိမ့်မည်။)

Tuesday, July 17, 2012

ဥယျာဉ်မှူးများ အလိုရှိသည်

သင်တိုက်သည့် သွေး
သင်ပေးသည့် အား
သင့် သွေးဓါးကား
ထောင်လွှား တစ်ရက်
ကောင်းကင် ထက်၌ လွင့်တက် ၀ဲပျံ
ထောင်စု အလံ
ဦးမှာ ပန်၍ ။

ကမ္ဘာမကြေ
တေးကို စေကြ
လှိုင်းကြွ ဖြင်းဖြင်း
သွေးခင်း ဖြန့်ဖြန့်
သန့်သန့် ရဲနီ
ငါသည် မြန်မာ
သင် ကြွေးပါလော့။

ထိုမည် တစ်ရက်
အနာဂတ်၌
လွင့်တက် ၀ဲပျံ
ပြည့် အလံ ဆီ
ငါတို့ရည်လျှက်

ချွေးစက် ကိုလောင်း

ပင်ပေါင်း ပန်းဝေ
ကမ္ဘာ မကြေ
တေးချင်း မြေသို့
ကျွန်စေပို့၏...။

နွေတေးရှင်





သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းဆောင်အတွက် အလှုရှင်များစာရင်း 

မလေးရှားနိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ 




လေးစားစွာဖြင့်
ကိုရင်(http://madankoo.blogspot.com)
02:12(GMT)



Friday, July 13, 2012

ကျောင်းဒကာ ကျောင်းအမအဖြစ် ခံယူပွဲ (သို့) အလှုဖိတ်ကြားခြင်း

အားလုံးမင်္ဂလာပါခင်ဗျား...
လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလှုံဖို့ ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များ၊ ဘလော့ဂါ အကိုအမများကို ဒီပိုစ့်လေးနဲ့အတူ သတင်းကောင်းလေးတစ်ခု ပါးပါရစေခင်ဗျား..။မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်တဲ့ အလှုနှင့်အတူ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလှုဒါန်းလိုက်ရုံဖြင့် ရာသက်ပန် ကျောင်းဒကာ၊ ကျောင်းဒကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေပါရစေခင်ဗျား..။မင်္ဂလာတောင်ညွန့်၊ စက်ဆန်းကတို့ဆိပ်ပေါက်ကွဲမှုအလှု၊ မရမ်းချောင်းကျေးရွာ အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသလို့အလှုများဖြင့် အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ မြန်မာမုဒိတာ -လူငယ်များအဖွဲ့ (MMYG) ရဲ့ တတိယအကြိမ်မြောက်အလှုတစ်ခု စတင်ပြန်ပါပြီခင်ဗျား။