Posts

Showing posts from May, 2012

ကြောင်ခြစ်

Image
ငယ်တုန်းက အမှားလုပ်ပြီးရင် အမေရိုက်မှာ အဖေရိုက်မှာ အစ်ကိုတွေ၊အစ်မတွေရိုက်မှာ စိုးရိမ်တတ်သော စိတ်သည် သူ့အလိုလိုတတ်လာသော စိတ်ဖြစ်သည်။ ကြောက် စိတ်တစ်ချို့ဖြင့် (အချို့လူများက) ဘ၀အစပြုသည်။ ဟိုလည်းမမြည်၊ဒီလည်းမရောက်အရွယ်ရောက်လာသော် မှားတော့မှားကြည့်လိုက်မယ်။ မှန်သွားတော့ လည်း အမြတ် မမှန်သွားတော့လည်း အရိုက်ခံရုံ/အဆူခံရုံဟု မြင်တတ်လာကာ လုပ်ချင်တာလုပ်ရရင် ပျော် မွေ့ နေတတ် သော စိတ်ဖြင့်နေရသည်ကိုအချို့လူများက ပျော်စရာဟုထင်လာသည်။

ရှိသေးသည်.. ကိုယ်ထင်ရင်ကုတင်ရွှေနန်း၊မှားသည်မှန်သည်တိုင်ပင်စရာမလို။လျှောက်သင့်တယ်ထင်ရင် ရဲရဲဝံ့ဝံ့ လျှောက် ရမည်ဟု (ခပ်တည်တည်)သဘောပိုက်ကာ … ခလုတ်ထိမှအမိတကြရင်းဖြင့် ကယ်ပါ၊ယူပါ တစ်စာ စာနေ သူများပင်...။

လူ့ဘ၀ဟူသည်… မွေးလာကတည်းက ငိုချင်းနှင့်“စ”ကာ သေသော်လည်း ငိုချင်းနှင့် ဆုံး တတ် သော(ထိုနှစ်ခုကြားတွင် ထားတတ်လျှင်အမှတ်တရပေါင်းများစွာကျန်ခဲ့တတ်သည်မှအပ) ထူးမခြား နား ဘ၀ တစ်ခုသာဖြစ်သည်။

တစ်ချို့တွေက ထိုဘ၀တွင် ပျော်ရွှင်ခြင်းဖြင့်ရှင်သန်သည်။တစ်ချို့တွေက ငိုကြွေးခြင်းဖြင့်ရှင်သန်သည်။ တစ်ချို့ တွေက အချစ်ဖြင့်ရှင်သန်သည်။တစ်ချို့တွေက အမုန်းဖြင့်ရှင်သန်သည်။ တစ်ချို့တွေက အရာ အား လုံးလျစ်လျူရ…

Candle Case

Image
(ဘာရယ်ဟုတ်ပါဘူး..။ဒီပုံလေး ကြိုက်တယ်ဆိုလို့ ထပ်တင်ပေးလိုက်တား)
ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် စာရေးမလို့ပါဘဲ..။ မရေးဖြစ်တဲ့အကြောင်းကို...ဟိုကြောင့်၊ဒီကြောင့် အကြောင်းပြချက်တွေ မပေးတော့ ပါဘူး။ကိုယ်တိုင် အားမထုတ်ဖြစ်တာလည်းပါပါတယ်။တောင်းရော ဇကောပါ ပန်ပါတယ်။လွှတ်ချင်ရာ လွှတ်ကြပါ :D။
ဒီကနေ့မှာ လူကြီးမင်းတစ်ယောက်က ကိုယ့်ဘ၀အစကို မှတ်မိစေပါတယ်။“သတင်းထောက်” တဲ့း)။ မှန်ပါတယ်။ သတင်းထောက်ရင်း ဒီလောကထဲ ရောက်လာတဲ့ ကိုယ့်ဘ၀ ကိုယ်မေ့နေတာအပြစ်ပါ။ ဘကြီးအောင် ကို ကျေးဇူးတင်ပါတယ်။သူပြောလို့ ခန်းမနားကို(သွားပြီး) စနည်းနာဖြစ်တာပါး)။ပထမနေ့ ကလည်း သွားပါတယ်။ကိုက်နှစ်ရာလောက်အကွာတင်.. ပြန်လှည့်လာခဲ့တာပါ။( သတ္တိမရှိဘူးလေ...း))
မြို့လယ်ခေါင်ရဲ့ တစ်ဖက်တစ်ခြမ်းမှာ ဈေးဝယ်သူ၊ အိမ်ပြန်သူ၊ဘတ်(စ်)ကားစောင့်သူတွေနဲ့ ပုံမှန် စည်ကား သွားလာနေကြသလို..နောက်တစ်ခြမ်းမှာတော့ ယုံကြည်ချက်ကြောင့် ဖယောင်းတိုင်မီးထွန်းရင်း အသံတိတ် ဆန္ဒဖော်ထုတ်နေသူတွေနဲ့ ပြည့်ကြပ်နေပါတယ်။မြင်ကွင်းတစ်ခုက နေ့စဉ်မြင်တွေ့နေကျ  မြင်ကွင်းဖြစ်နေတာ မို့သမရိုးကျမဟုတ်တဲ့ နောက်ထပ်မြင်ကွင်းတစ်ခုဆီကို စနည်းနာဖို့ (တောင်ကြည့်၊မြောက်ကြည့်ရင်း) သွားခဲ့ ပါ…