Monday, August 26, 2013

အလှူငွေ စုစုပေါင်းအား အသိပေးခြင်းနှင့် စတင်ဆောက်လုပ်ခြင်း (၁)

မုဒိတာရဲ့ အလှုရှင်များအားလုံး မင်္ဂလာပါ..။
ပဲခူးတိုင်း၊ ဥဿမြို့သစ်၊ သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်း၊ ပေ (၇၀ x ၂၀) ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှ စတင်ပြီး အလှုခံခဲ့ပါတယ်။အလှုငွေများလက်ခံမှု မပိတ်သိမ်းခင် 28.7.2013၊ တနင်္ဂနွေနေ့မှာတော့ ကျွန်တော်တို့ အဖွဲ့သားများနှင့် အလှုရှင်အချို့  လိုက်ပါပြီး မိုးထဲရေထဲမှာပဲ ကျောင်းဆောက်မဲ့ ဒီနေရာမှာ မှာ ပနက်ချခဲ့ပါတယ်။ 1.8.2013မှာတော့ ဥဿမြို့သစ်အလှုအတွက် အလှုငွေ လက်ခံမှုအား ပိတ်သိမ်းခဲ့ပြီး ပိတ်သိမ်းချိန်အထိ  ရရှိသော နိုင်ငံအရပ်ရပ်မှ စုစုပေါင်း ပမာဏမှာ

Monday, August 12, 2013

Happy Vs Sad (Tag)



စာမရေးဖြစ်တဲ့အကြောင်း ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တွေမပေးတော့ပါဘူး။ ပြုတ်စားမှာစိုးလို့း)
မောင်နွေလရဲ့ Happy Vs  Sad တဂ်ပို့စ်လေးနဲ့ ဖုံခါလိုက်ပါပြီ။
ကိုယ့်စိတ် ကိုယ်စစ်တဲ့ ဒီပြိုင်ပွဲမှာ ဘယ်အသင်းက အားသာနေလဲ ဆိုတာ.. ပြန်စစ်ကြည့်လိုက်ပါဦးမယ်။
  
အပိုင်း(၁)
သင်သည် တစ်သက်လုံး အမြဲပျော်ရွှင်နေရသူဆိုလျှင် အောက်ပါမေးခွန်းများကို ဖြေဆိုပေးပါ

မေးခွန်း (၁)
လူတိုင်း အပျော်ချည်းသက်သက် ခံစားနေရလျှင် ဘေးထွက်ဆိုးကျိုးအနေနှင့် မည်ကဲ့သို့ ခံစားလာရသနည်း ?
ပျော်ရွှင်မှုနဲ့ပတ်သက်လို့ လူနှစ်မျိုးရှိနိုင်ပါတယ်။ အပျော်ချည်းသက်သက် ခံစားနိုင်ရအောင် အခြေအနေတွေ ဖန်တီးပေးခြင်း ခံထားရသူဆိုရင်တော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အလုပ်တစ်ခုခုလုပ်တဲ့အခါ အလေးအနက်မထားတာ၊ အာရုံစူးစိုက်တတ်တဲ့ အလေ့အထ မရှိတာ၊ ပေါ့ပေါ့ဆဆနိုင်တာမျိုးတွေကို အကျင့်ဖြစ်သွားတတ်ပါတယ်။ ရင်ဆိုင်ရသမျှ အကောင်း၊ အဆိုးတွေ အပေါ်  ပျော်ပျော်နေတတ်အောင် ကြိုးစားတတ်တဲ့သူ ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးမရှိနိုင်ဘူးလို့ ထင်မြင်မိပါတယ်။ 

မေးခွန်း (၂)
ပျော်ရွှင်ခြင်း (ဝါ) စိတ်ချမ်းသာခြင်းဆိုသည်မှာ လူတစ်ယောက်အဖို့ အမြဲတမ်း ဖြစ်တည်ခံစားနေရလျှင်
ကောင်းသည်ဟု ခံစားရပါသလား … ဆိုးသည်ဟု ခံစားရပါသလား ၊ အဘယ့်ကြောင့်နည်း ?
ကောင်းတာပေါ့ရှင်။ စကားပုံတောင်ရှိပါသေးတယ်။ “ပျော်ပျော်နေ သေခဲ” မဟုတ်လားး))
ပျော်ရွှင်ခြင်း (၀ါ) စိတ်ချမ်းသာခြင်းကို အမြဲတမ်း ဖြစ်တည်ခံစားနေဖို့ ဆိုရာမှာ မိမိစိတ်ကို မိမိသိရင်ရပါပြီ။

မေးခွန်း(၃)
မိမိကိုယ်ကိုယ် စိတ်ချမ်းသာအောင် ပြူမူနေထိုင်ကြည့်ဖူးပါသလား
ထိုကဲ့သို့ နေထိုင်ဖူးလျှင် မည်သည့်ရလဒ်ကို ရရှိခဲ့သနည်း ?
အတတ်နိုင်ဆုံးတော့ စိတ်ချမ်းသာအောင် ကြိုးစားနေထိုင်ပါတယ်။ ကြိုးစားနေစဉ်ခဏတော့ ဘာဘဲလုပ်လုပ် ငြိမ်းချမ်းနေတာပေါ့။ စိတ်ချမ်းသာဖို့ကြိုးစားရာမှာ အကောင်းမြင်တတ်ခြင်းကလည်း တစ်တပ်တစ်အား ကူညီပေးနိုင်တယ်လို့ မြင်မိပါတယ်။ (အကောင်းမြင်တတ်သူမဟုတ်သေးပါ။း)
မေးခွန်း(၄)
နှစ်ဆယ့်လေးနာရီအတွင်း သင် အပျော်ရဆုံးသော အချိန်အပိုင်းအခြားကာလတစ်ခုကို ဖြေပေးပါ
တစ်နေ့နဲ့တစ်နေ့ ဖြစ်၊ပျက်ပုံချင်း မတူတဲ့အတွက် အပျော်ရဆုံးအချိန်ကလည်း အချိန်အပိုင်းအခြားအနေနဲ့ အတိအကျ မရှိပါဘူး။ တစ်ခါတစ်လေ မနက်စောစော မင်္ဂလာသတင်းကြားရတာမျိုး... ၊ တစ်ခါတစ်လေ ညဘက် ခုနှစ်နာရီ ရှစ်နာရီလောက်နဲ့ MPT က အရမ်းသဘောကောင်းနေတာမျိုးတွေ ပေါ့နော်..း) ကျွန်မကတော့ အချိန်ပြည့်၊ နှစ်ဆယ့်လေးနာရီ ၊ အမြဲတမ်း ပျော်ချင်နေသူ တစ်ယောက်ပါ..း)

မေးခွန်း (၅)
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း မည်သည့်အကြောင်းအရင်းသည် သင့်ကို ပျော်ရွှင်စေခဲ့သနည်း ?
ဥပမာတစ်ခုပေး၍ ဖြေဆိုပေးပါ
ပြည်ပရောက် အစ်မတစ်ယောက်ရဲ့ ဖြစ်ချင်နေတဲ့ဆန္ဒလေးတစ်ခုကို လိုက်လိုက်လျောလျော ကူညီပေးလိုက်မိတာကိုပါ။

မေးခွန်း (၆)
သင့်အား ပျော်ရွှင်စေသူသည် မည်သူနည်း ?
( ဥပမာ- အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ အစ်ကို၊ အစ်မ၊  ညီ၊ ညီမ၊ တူ၊ တူမ၊ သူငယ်ချင်း၊ ချစ်သူ )
တစ်မျိုးကိုသာဖြေဆိုပါ
ဒီမေးခွန်းက ရန်တိုက်ပေးနေတာများလား မသိ..း)) တစ်ယောက်ကိုဖြေလို့ တစ်ယောက်က စိတ်မကောင်းဖြစ်သွားရင် ဘယ့်နှယ့်လုပ်ရပါ့။ :D ကျွန်မမှာ ပျော်ရွင်စေတတ်သူရယ်လို့ သီးသီးခြားခြား သတ်မှတ်ထားတာမျိုးမရှိပါဘူး။ (တစ်စုံတစ်ယောက် ရယ်ပါလို့ အသေအချာ သတ်မှတ်ထားတဲ့အခါ တစ်ချိန်ချိန်မှာ သူက ကိုယ့်အပေါ် မပျော်ရွှင်စေဘူးဆိုရင် ဘယ်လိုနေမလဲ စိတ်ကူး မိရင်းနဲ့ပါ။ )

မေးခွန်း(၇)
သင့်မိသားစုကြောင့် သင် ပျော်ရွှင်ခဲ့ဖူးသည်ဆိုလျှင် မည်သို့ ခံစားခဲ့ရဖူးသနည်း ?
(က) ပျော်တယ်ဆိုရုံလေး (ခ)  ပျော်ပါတယ်(ဂ)  တော်တော်လေး ပျော်ပါတယ် (ဃ) အပျော်ဆုံး
မိသားစုဆိုတာ လူတိုင်းရဲ့ အရင်းနှီးဆုံးနဲ့ အနွေးထွေးဆုံး အသိုက်အမြုံတစ်ခုဘဲလေ..။ အပျော်ဆုံးပါဘဲ..။

မေးခွန်း (၈)
သင့်ဘဝ၌ ကြီးကြီးမားမား ပျော်ရွှင်ခဲ့ဖူးသော အကြောင်းအရာသုံးခုကို ဖြေဆိုပေးပါ
၁) ဆယ်တန်းအောင်စာရင်းထွက်တုန်းကပါ။
၂) ကျွန်မနာမည်ဘေးမှာ * လေးတွေ့လိုက်ရလို့..။
၃)  ဒီနှစ်ရဲ့ ကိုးလပိုင်းမှာ ရောက်လာပါလိမ့်မယ်။

အပိုင်း (၂)
သင်သည် အမြဲတမ်းလိုလို စိတ်ညစ်နေရသည်ဆိုလျှင် အောက်ပါမေးခွန်းများကို ဖြေဆိုပေးပါ
မေးခွန်း (၁)
သင် စိတ်ညစ်နေရသည့် အကြောင်းအရင်းသည် မည်သို့နည်း ?
နည်းနည်းများတယ်ပြောရမယ်း)
-ကိုယ့်ကိုယ်ကိုယ် (မတော်တဆ) သူများနဲ့နှိုင်းယှဉ်မိတဲ့အခါ....
-အရေးမဟုတ်တာကို အရေးလုပ်မိတဲ့အခါ..
-အားနာတတ်တာကလည်း (တစ်ခါတစ်လေ) စိတ်ညစ်ဖို့ အကြောင်းဖြစ်လာတတ်ပါတယ်။း)

မေးခွန်း(၂)
သင် စိတ်ညစ်နေရသည့်အခါ မည်သည်အချိန်အထိ ခံစားနေရတတ်သနည်း ?
( ဥပမာ - တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ တစ်လ )
စိတ်က ညစ်လွယ် ပြေလွယ်တော့ ...
တစ်ရက်ပါဘဲ။ (တစ်ခါတစ်လေ နာရီပိုင်းလောက်ဘဲ)

မေးခွန်း(၃)
နှစ်ဆယ့်လေးနာရီအတွင်း သင့်စိတ် အညစ်ရဆုံး အချိန်ရှိပါသလား
ရှိလျှင် မည်သည့်အကြောင်းအရာ ဖြစ်သည်ကို ဖြေဆိုပေးပါ
နှစ်ဆယ့်လေးနာရီအတွင်း..
ကိုယ်မနှစ်သက်တဲ့သူတွေနဲ့ (အခြေအနေအရ) ဟန်လုပ်ပြီး ပြောဆို၊ တွေ့ဆုံ ၊ စကားပြောရတဲ့အချိန်...

မေးခွန်း(၄)
သင် စိတ်ညစ်နေရသော အကြောင်းများစွာအနက်မှ မည်သည့်အကြောင်းသည့် သင့်ကို ပိုမို၍ စိတ်ညစ်စေသနည်း ?
( ဥပမာ- စီးပွားရေး၊ လူမူရေး၊ ကိုယ်ရေးကိုယ်တာခံစားချက်၊ မိသားစုအတွင်းရေး )
လူမှုရေးပါ။ လျှာရှည်တတ်လို့..း)

မေးခွန်း(၅)
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း မည်သည့်အကြောင်းအရင်းသည် သင့်အား စိတ်ညစ်စေခဲ့သနည်း ?
ဥပမာတစ်ခုပေး၍ ဖြေဆိုပါ
ပြောပြလို့ မဖြစ်ပါဘူး။း))

မေးခွန်း (၆)
သင့်အား စိတ်ညစ်စေသူမှာ မည်သူနည်း ?
( ဥပမာ- အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ တူ၊ တူမ၊ သူငယ်ချင်း၊ ချစ်သူ )
တစ်မျိုးကိုသာဖြေဆိုပါ
ဘယ်သူမပြု မိမိမှုပါဘဲ.. ။
း)

မေးခွန်း(၇)
သင့်မိသားစုကြောင့် သင့် စိတ်ညစ်ခဲ့ဖူးသည်ဆိုလျှင် မည်သို့ ခံစားခဲ့ရဖူးသနည်း ?
(က) စိတ်ညစ်တယ်ဆိုရုံလေး (ခ)  စိတ်ညစ်တယ် (ဂ)  တော်တော်လေးစိတ်ညစ်ပါတယ် (ဃ) စိတ်အရမ်းညစ်တယ် 
စိတ်ညစ်တယ်ဆိုရုံလေးပါ။ တစ်ခါတစ်ခါ (တွေများစွာ) နားလည်မှုလေးတွေ လွဲသွားတတ်တဲ့အခါမျိုးပေါ့..း)
မေးခွန်း(၈)
သင့်ဘဝ၌ ကြီးကြီးမားမား စိတ်ညစ်ခဲ့ဖူးသော အကြောင်းအရာသုံးခုကို ဖြေဆိုပေးပါ
၁) ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတဲ့အခါ..
၂) ထင်ထားတာနဲ့ ဖြစ်လာတာ တက်တက်စင်အောင် လွဲသွားတဲ့အခါ..
လောလောဆယ်တော့ နှစ်ခုဘဲရှိပါသေးတယ်။
-------------☺☺☺☺☺---------------

“စကားလက်ဆောင်  ”

စိတ်ညစ်ရင် ရေချိုးပါ။


♦♦♦♦♦♦♦♦ 



ကျွန်မကတော့ စိတ်ညစ်ရင် အိမ်ရှင်းပါတယ်။ ☺☺
------------------------------ 

တဂ်ပို့စ်တစ်ပုဒ် ဖြစ်လာဖို့ဆိုတာလဲ မလွယ်ပါဘူး။ ဒါကြောင့် မေးခွန်းတွေရဲ့ ပိုင်ရှင် ကိုသော်ဇင်နဲ့ တကန်တက တဂ်လာပေး တဲ့ မောင်နွေလကို ကျေးဇူးတင်ပါတယ်။ စိတ်ပညာနဲ့ဆိုင်တဲ့ မေးခွန်းတွေဖြစ်တဲ့အတွက် လတ်တလော အခြေအနေပေါ် မူတည်ပြီး အတတ်နိုင်ဆုံးတော့ ရိုးသားပေး ထားပါ တယ်။ စစ်တမ်းကောက်နေတာမျိုးဆိုရင်လည်း အဆင်ပြေ ချောမွေ့ပါစေလို့ ဆန္ဒပြု ပါတယ်...း))

မှတ်ချက်။      မေးခွန်းကူးရန် နွေလ ဘလော့ကို ဖွင့်ချိန် - ၁၅မိနစ်
www.blogger.com ပွင့်ချိန် - တဂ်ပို့ကို word ထဲမှာ ရေးပြီးချိန်အထိ တက်မလာပါဘူး။း)
(ဒီပို့စ်ကို ညမှာရေးပြီး မနက်စောစောမှဘဲ တင်ဖြစ်ပါတယ်။)
ကျွန်မ ငယ်ငယ်တုန်းက အမေတို့ပြောတာကြားဖူးပါတယ်။ ကိုယ့်အ၀တ်အစားတွေကို ကြွက်ကိုက်သွားရင် ကြွက်ကို မကျိန်ဆဲရဘူး။ ကျိန်ဆဲရင် ပိုကိုက်တယ်တဲ့။ အခုလည်း MPT ကို “လိပ်” MPT လို့ ဖေ့ဘုတ်မှာ ပြောင်၊နောက် မိလိုက်တာ.. ကြွက် ပုံပြင်ထဲကလို ဖြစ်နေလေသလားမသိ..။ တက်ကိုမလာတော့ပါဘူး။ နောက်ဆို ပြောင်းခေါ်အုန်းမှဘဲ cute MPT (ခရု MPT) လို့.. :D


အပျော်ရွှင်ဆုံးလူသားများ ဖြစ်နိုင်ကြပါစေ...
ချစ်ခြင်းအားဖြင့်
သမီးစံ