ငယ်တုန်းက အမှားလုပ်ပြီးရင် အမေရိုက်မှာ အဖေရိုက်မှာ အစ်ကိုတွေ၊အစ်မတွေရိုက်မှာ စိုးရိမ်တတ်သော စိတ်သည် သူ့အလိုလိုတတ်လာသော စိတ်ဖြစ်သည်။ ကြောက် စိတ်တစ်ချို့ဖြင့် (အချို့လူများက) ဘ၀အစပြုသည်။
ဟိုလည်းမမြည်၊ဒီလည်းမရောက်အရွယ်ရောက်လာသော် မှားတော့မှားကြည့်လိုက်မယ်။ မှန်သွားတော့ လည်း အမြတ် မမှန်သွားတော့လည်း အရိုက်ခံရုံ/အဆူခံရုံဟု မြင်တတ်လာကာ လုပ်ချင်တာလုပ်ရရင် ပျော် မွေ့ နေတတ် သော စိတ်ဖြင့်နေရသည်ကိုအချို့လူများက ပျော်စရာဟုထင်လာသည်။
ရှိသေးသည်..
ရှိသေးသည်..
ကိုယ်ထင်ရင်ကုတင်ရွှေနန်း၊မှားသည်မှန်သည်တိုင်ပင်စရာမလို။လျှောက်သင့်တယ်ထင်ရင် ရဲရဲဝံ့ဝံ့ လျှောက် ရမည်ဟု (ခပ်တည်တည်)သဘောပိုက်ကာ … ခလုတ်ထိမှအမိတကြရင်းဖြင့် ကယ်ပါ၊ယူပါ တစ်စာ စာနေ သူများပင်...။
လူ့ဘ၀ဟူသည်… မွေးလာကတည်းက ငိုချင်းနှင့်“စ”ကာ သေသော်လည်း ငိုချင်းနှင့် ဆုံး တတ် သော(ထိုနှစ်ခုကြားတွင် ထားတတ်လျှင်အမှတ်တရပေါင်းများစွာကျန်ခဲ့တတ်သည်မှအပ) ထူးမခြား နား ဘ၀ တစ်ခုသာဖြစ်သည်။
တစ်ချို့တွေက ထိုဘ၀တွင် ပျော်ရွှင်ခြင်းဖြင့်ရှင်သန်သည်။တစ်ချို့တွေက ငိုကြွေးခြင်းဖြင့်ရှင်သန်သည်။ တစ်ချို့ တွေက အချစ်ဖြင့်ရှင်သန်သည်။တစ်ချို့တွေက အမုန်းဖြင့်ရှင်သန်သည်။ တစ်ချို့တွေက အရာ အား လုံးလျစ်လျူရှုခြင်းဖြင့် ရှင်သန်ကြသည်။အချို့အချို့တွေကပြောမပြတတ်အောင်များပြားသော နည်း မျိုးစုံ ဖြင့်ရှင်သန် ကြသည်။
အရေအတွက် တော်တော်များများသည်..“ငါဆိုတာ ဘာမှမရှိ အရာအားလုံးသည် အနိစ္စ၊ဒုက္ခ၊အနတ္တ” ဟုပြော နေ တတ် ကြ သော် လည်း အတွင်းစိတ်ထဲ တွင်ငါမှငါကာ “ငါမရှိ လျှင် ဘာမှမဖြစ်နိုင်၊ငါမရှိမှ ငါ့အကြောင်း ကောင်းကောင်း သိကြလိမ့်မယ်” ဟူကာ ငါဠီကာ ချဲ့ရင်းမပြီးနိုင်သောအတ္တများကို လောင်စာ အဖြစ်သုံးကာ စိတ် အ မှောင်ထုထဲတွင်မြုပ်မှန်းမသိ..မြုပ်နေသောဘ၀ကို အဟုတ်ထင်နေသည်။
လူ့ဘ၀သည် တိုသာတို၏။အတ္တ၊မာန်၊မာနများကား မဆုံးနိုင်သော သံသရာထက်ပင် ရှည်နေသေးသည်။ အလှူတစ်ခုပြုလုပ်မိတိုင်း အတ္တ၊မာနများ ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သို့ လူ့ဘ၀တိုတိုဖြင့် ရလို၊ ရောက်လိုပါ စေကြောင်း ဆုတောင်းတတ်ကြသေးသည်။နိဗ္ဗာန်ရလို၍ လှူဒါန်းသည်ကလည်း ရယူလိုခြင်း အတ္တ ပင် မဟုတ်ပါလော..။“သွားမလားနိဗ္ဗာန် မနက်ဖြန်သေရမယ်”ဟု အပေးအယူပြုကြည့်ပါလျှင် မဖြတ်နိုင်သော သံယောဇဉ်များ အကြောင်းပြုသည်က တစ်မျိုး၊(မယုံသင်္ကာတတ်သူမှ)သေပြီးတာနဲ့ ချက်ချင်းရမယ် ဆိုတာ ကောဟုတ်ပမလားတစ်ဖုံ...အကြောင်းအမျိုးမျိုးပြရင်းငြင်းဆန်ကြမှာမြင်ယောင်မိသေးသည်။တစ်ကောင်ကြွက်၊တစ်မျက်နှာဟု အများက သတ်မှတ်ထားသူ ရှေ့ကြည့်ကျောကုန်း နောက်ကြည့်ရင် ဘတ် သမား များပင် အကြောင်းပြချက်နှင့်ဖြစ်သည်။
သြော်…ဘာတွေများစိတ်ညစ်နေမည်လည်း၊“ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာကြီးပါ”။ ပျော်ပျော် နေ လိုက်ပါ။ ဘာမှမတွေးပါနဲ့။နေသာသလို နေပါ ပြောနေ တတ် သူများ ရှိနေပါသော်လည်း ထိုသူများ ကိုယ် တိုင် အားပေးခံရသူထက် ထက်ပိုသော အပူကိစ္စ များနှင့်ရှင်သန်နေသူများဖြစ် နေတတ်သေးသည်။ သို့သော် မိမိခံစား ချက်ကို ပစ် ပယ် ကာ တစ်ပါးသူအား အေးချမ်း စေလိုသောစိတ် “ထားနိုင်”နေသည်မှာ မြင့်မြတ် ကောင်း မွန်သော စိတ် ထား တစ် ခု ပင် မဟုတ် ပါလော…။ထိုထိုသောစိတ်ထားများ လူတိုင်း၊ လူ တိုင်းတွင် (အများကြီး မဟုတ်မိသော်လည်း) နည်း နည်းစီ မွေးမြူထားနိုင်ပါက (အလေးခံကာ) ထမ်း ထား ရ သော မြေကြီးသည်ပင် (ခံစားတတ်သူဖြစ်လျှင်) “ထမ်းရကျိုးနပ်သည်” သဘောပိုက်နိုင်မည်။
တစ်ခါတစ်ရံ..ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်ကာ ဆင်တစ်ကောင်လုံးနှင့်နေသူများရှိသည်။ သုံးကောင်း တိုင်းသာ သုံးနေကြသည်။တစ်နေ့နေ့ တစ် ချိန်ချိန် မိမိအသက်အန္တရာယ်ကိုပင် အနှောင့် အ ယှက်ပြု လာ နိုင်သောထို “အင်္ဂါနံ” အကြောင်း ကိုမူသူတို့မသိ..။
မည်သို့ပင်ဆိုစေကာမူ.. အရာအားလုံးသည် မဆုံးနိုင်သော ခရီးရှည်တစ်ခုတွင် ခေတ္တတွေ့ဆုံရသော မမြဲခြင်းဘူတာရုံတွေမျှသာဖြစ်သည်။(နားမလည်နိုင်ခြင်း၊သည်းမခံနိုင်ခြင်း၊ မစောင့်ဆည်းနိုင်ခြင်းတို့သည် ဘူတာ ရုံ အမှိုက်ပုံးထဲတွင်ရှိ၏။)
တစ်ခါတစ်ရံ..ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်ကာ ဆင်တစ်ကောင်လုံးနှင့်နေသူများရှိသည်။ သုံးကောင်း တိုင်းသာ သုံးနေကြသည်။တစ်နေ့နေ့ တစ် ချိန်ချိန် မိမိအသက်အန္တရာယ်ကိုပင် အနှောင့် အ ယှက်ပြု လာ နိုင်သောထို “အင်္ဂါနံ” အကြောင်း ကိုမူသူတို့မသိ..။
မည်သို့ပင်ဆိုစေကာမူ.. အရာအားလုံးသည် မဆုံးနိုင်သော ခရီးရှည်တစ်ခုတွင် ခေတ္တတွေ့ဆုံရသော မမြဲခြင်းဘူတာရုံတွေမျှသာဖြစ်သည်။(နားမလည်နိုင်ခြင်း၊သည်းမခံနိုင်ခြင်း၊ မစောင့်ဆည်းနိုင်ခြင်းတို့သည် ဘူတာ ရုံ အမှိုက်ပုံးထဲတွင်ရှိ၏။)
ကြောင်တောင်တောင်၊ပြားကိုးဆယ်ခြစ်ထားသောစာမျှသာ...။
☺☺☺☺☺☺☺☺☺
တစ်လလုံးလုံး ပျက်ရက်တွေများထားတော့ လစာလဲ မထုတ်ရဲတော့ပါဘူး ...း))
ချစ်ခင်လေးစားလျှက်
သမီးစံ