Sunday, January 15, 2012

ကြုံရဆုံရ

(ကဲ...တစ်နေ့တာတက်ပို့ထဲက မင်းသမီးပုံလည်း ကြည့်လို့ဝသွားလောက်ပြီယူဆပါတယ်း) 


တစ်လောတုန်းကသမီးစံတစ်ယောက်အတော်မူးသွားပါတယ်။အကြောင်းကတော့..ဆယ်တန်းအောင်လက်မှတ် ပျောက်သွားလို့ပါ။(အံ့သြစရာနော်)ဘွဲ့လက်မှတ်တောင်မကိုင်ရသေးဘူး။အောင်လက်မှတ်ကပျောက်ပြီ။အဲဒါတောင် သင်တန်းတစ်ခုတက်ဖို့.အောင်လက်မှတ်လိုတယ်ဆိုလို့..ပြန်ရှာမှသိတာ။ဆိုးချက်က..တာတေကိုလန်ရောနော်။(ဘယ် သူမှမပြောခင်.အရင်ပြောထားရတား)။ပျောက်တယ်ဆိုတော့..အသည်းအသည်ပြန်ရှာရတာပေါ့။ဒေါင်းတောက်အောင် ရှာလည်းမတွေ့၊ဘယ်မှာထားမိတယ်..စဉ်းစားပြန်တော့လည်း အဖြေကထွက်မလာပါဘူး။ဒီတော့ အသစ် လျှောက်ရုံပဲရှိတော့တာပေါ့။(ကိုယ်က.အမြန်လိုနေပြီကိုး)အဲ့ဒီ့မှာ..စတွေ့တော့တာပဲး)

လက်မှတ်ပျောက်ပြီဆိုတော့ ထုံးစံအတိုင်း လသာစာစစ်ဌာနကို သွားရတာပေါ့။ဟိုရောက်တော့ ငွေ နှစ်  ရာ့ ငါးဆယ်နဲ့(လက်မှတ်ပျောက်လျှောက်ဖို့)ဖောင်တစ်စောင်ဝယ်ရပါတယ်။ပျောက်သွားတာကိုပြန်လျှောက် ရ တာဆိုတော့ သူများလို ဖောင်ဖြည့်ပြီး ပြန်တင်ခဲ့လို့မရပါဘူးတဲ့။ လိုအပ်တဲ့စာရွက်၊စာတမ်း တွေကို ဖြည့် ရ မယ့်ဖောင်ထဲမှာထည့်ပေးထားပါတယ်ဆိုလို့ဖတ်ကြည့်လိုက်တော့.(အောင်လက်မှတ်) အမှန်တကယ် ပျော က်ဆုံးကြောင်းကျမ်းကျိန်လွှာ၊ပြီးတော့(သက်ဆိုင်ရာ)ပညာရေးမှူးထောက်ခံစာ၊(အောင်လက်မှတ်)ပျောက်ဆုံးကြောင်းတိုင်ချက်ဖွင့်ထားတဲ့(ရဲစခန်းက)စာတဲ့။ဘယ်ကစလို့.ဘာလုပ်ရမှန်းတောင်မသိတော့အောင်ရှည်လျှား၊ ထွေပြားနေတော့(လူပျက်တွေပြောသလိုပါပဲ “ဟေး. . လို့တောင်.မအော်နိုင်တဲ့အဖြစ်”း)။

ဒီတော့..ကိစ္စမြန်မြန်ပြီးအောင်ရွာပြန်ရုံပေါ့။သန်လျင်ရောက်တော့ပညာရေးမှူးဆီအရင်ဝင်ပါတယ်။စာရေးမလေးနဲ့ပဲတွေ့ပါတယ်။ဘယ်နှခုနှစ်ကအောင်တာမို့ပျောက်ရတာလဲတဲ့ (မေးလည်းမေးချင်စရာပါ)။ကိုယ်လည်းထောက်ခံစာလေးရအောင်ရှဥ့်လည်းလျှောက်သာပျားလဲစွဲသာဖြေရတာပေါ့း)။ဒီတော့မှ(နည်းနည်း)ကြည်သွားပြီးတော့ကျမ်းကျိန်လွှာနဲ့ရဲစခန်းကစာပါရင်ထောက်ခံစာပေးမယ်ဆိုပါတယ်။

ပြောသာပြောရတယ်ရဲစခန်းဆိုတာလဲသွားလို့ကောင်းတဲ့နေရာတော့မဟုတ်တဲ့ထဲမှာပါတယ်။ဟိုလည်း ရောက်ရောစခန်းမှူးကြီးကအော်ပါလေရောကွယ်။ကျုပ်တို့များကိုးဆယ်ခုနှစ်ကတည်းကဆယ်တန်းအောင်တာ အောင်လက်မှတ်ကခုထိရှိသေးတယ်တဲ့။ကြည့်လည်းလုပ်ဦးလက်မှတ်ပျောက်ရာကနေကြာရင်လူပါပျောက်ဦးမယ်တဲ့ ကောင်းချီးထောပနာပြုပါတယ်။မှားတဲ့သူဆိုတော့လည်း (ဘာပြောပြော) ငြိမ်ခံ နေရ တာ ပေါ့။ကိစ္စပြီးလို့ ကိုယ်လက်ထဲစာရွက်ရောက်တော့“ဆရာ..လက်ဘက်ရည်ဖိုးပါ”(ဆိုပြီး)ပေးတော့“ရတယ်.သွား. .သွား” တဲ့။ မယူဘူးတော်.(ဒါလည်းအံ့သြစရာ) အလကားလုပ်ပေးလိုက်ပါတယ်။

ရဲစခန်းကထွက်တော့ ကျမ်းကျိန်လွှာလုပ်ဖို့ တရားရုံးဘက်သွားရပါတယ်။(သူလည်းသွားလို့ကောင်းတဲ့ နေ ရာထဲမှာမပါပါဘူး)တရားရုံးမှာအစ်မသူငယ်ချင်းရှိတာဆိုတော့သူ့ဆီပဲတန်းသွားလိုက်ပါတယ်။ဘာကိစ္စလည်းညီမလေး မေးတော့ လာရင်းကိစ္စပြောပြလိုက်ပါတယ်။ ကျမ်းကျိန်လွှာကလုပ်ထုံးလုပ်နည်းအ တိုင်း ဆိုတစ် ရက် တည်း နဲ့မရဘူးညီမတဲ့။ပြီးတော့တရားသူကြီးကိုလည်းပေးရသလိုလက်နှိပ်စက်စာရေးကိုလည်းပေးရပါသတဲ့။ပိုကုန်မှာဆိုတော့ ရန်ကုန်က(ဘားလမ်းမှာ)ပဲလုပ်လိုက်ပါတဲ့။

တစ်နေ့တည်းနဲ့ကိစ္စမြန်မြန်ပြီးသွားချင်တာမို့ ရန်ကုန်ကိုပြန်သွားပါတယ်။ရန်ကုန်ရောက်တော့ အဆင် ပြေ သွားပါတယ်။ဒါပေမယ့် ကျမ်းကျိန်လွှာက ညနေမှ ရမယ်ဆိုတော့ နောက်တစ်နေ့မကူးချင်ပေမယ့်လည်း ကူး ရတာပေါ့။(အတော်ဆိုးပါတယ်)

နောက်တစ်နေ့ ကျမ်းကျိန်လွှာကော၊တိုင်စာပါ လက်ထဲရောက်တော့ ပညာရေးမှူးဆီ ပြန် သွား ရပါ တယ်။ ဟိုလည်းရောက်ရောပညာရေးမှူးနဲ့တိုးတော့(ရှယ်)ရစ်ပါတယ်။(စာရေးမဘက်စစ်ကူတောင်းတော့လည်းမသိသလိုနေပါတယ်) အောင်လက်မှတ်ဆိုတာပျောက်သွားရင်တစ်နှစ်နေမှရတာနားမလည်ဘူးလား၊ဘယ်သူကညည်းကိုထောက်ခံစာယူခိုင်းလိုက်တာလဲတဲ့။(သူ့စာရေးမကို)လသာကိုဖုန်းဆက်လိုက်စမ်း ဘာညာနဲ့ရစ်သကွယ်။ပထမတော့ကိုယ်လည်းရိုရိုသေသေပါပဲ။သူကပြောတော့ကိုယ်လည်းပြောတာပေါ့။သမီးစံတို့ စိတ်ကြီးတယ်နော်း)။(ပညာရေးမှူးဆိုတာတော့ဆယ်တန်းထိပဲသူပြောချင်သလိုပြောလို့ရတာလေ)ကိုယ်လည်းအေးဆေးပဲ တက္ကသိုလ်ကကျောင်းသားကဒ်ထုတ်ပြလိုက်တယ်။ကျောင်းကတောင်းတာမို့အမြန်လိုလို့တစ်နှစ်မစောင့်နိုင်ဘူးဆိုတဲ့အကြောင်း ပြောပြလိုက်ပါ တယ်။ (ခပ်တည်တည်ပါပဲး)

အဲ့တော့မှ..နည်းနည်းလျှော့သွားတယ်။(အစကတည်းက ရေးပေးလိုက်ရင်ပြီးတဲ့ဥစ္စာ) ပျောက်သွား တယ် ဆို တဲ့ အကြောင်းစာရေးပြီးလက်မှတ်ထိုးလာခဲ့တဲ့(ထပ်ရစ်ပါသေးတယ်။)လက်ရေးနဲ့မရဘူးကွန်ပျူတာစာစီမှတဲ့ တော်တော်ရစ်တဲ့ပညာရေးမှူးပါ။ကွန်ပျူတာဆိုင်ရောက်တော့မီးကလာပေမယ့်လူကမလာသေးပါတဲ့ရှင်။ကိုယ်တိုင်ဝင်ရိုက်မယ် ပြောလိုက်ရင် တော်တော်မယဉ် ကျေးရာရောက်မှာမို့ (နာရီဝက်လောက်)စောင့်လိုက်ရပါတယ်။စာစီ ပြီးလို့ ရုံးပြန်ရောက်တော့ဘိုးတော်ဘုရားကအပြင်ပြန်ထွက်သွားပါသတဲ့။(စိတ်မရှည်တော့ဘူးအဲလိုပဲခေါ်လိုက်တော့မယ်း)ထပ်ပြီးစောင့်ရပြန်ပါတယ်။(တော်တော်ကြာစောင့် ပြီးလို့)ပြန်ရောက်လာတော့(ကြည်ကြည်ဖြူဖြူပါပဲ)ပျောက်သွားတယ်ဆိုတဲ့အကြောင်းထောက်ခံစာမှာလက်မှတ်ထိုးပေးပါတယ်။ကိစ္စပြီးတော့ ကိုယ်လည်းအကျင့်ပါနေတာမို့(စာရေးမလေးကို)လက်ဖက်ရည်သောက်ဖို့ဆိုပြီးပေးတော့မကြားသလိုနေပါတယ်။ (အဲ့လိုမျိုးတွေများများမြင်လာရတော့စိတ်ချမ်းသာပါတယ်။)ဒီတော့ဒီထောက်ခံစာလည်းဖရီးရခဲ့တယ်ဆိုပါတော့..း)။(ပညာရေးမှူးရုံးတော့ နော က် ဆုံးအကြိမ်ရောက်ခဲ့ခြင်းပါ။သူ့လည်း မသွားသင့်တဲ့နေရာထဲ စာရင်းထည့်ထားလိုက်ပါတယ်။

အားလုံးအဆင်ပြေသွားတော့လသာကိုဖောင်သွားပြင်အဲလေတင်ရပါတယ်း)။တစ်ပတ်နဲ့အမြန်လိုချင်ရင်စာရေးပြီးတင်ပါတဲ့။သူကျတော့ လက်ရေးနဲ့ပဲတင်ပါတဲ့။အဆင်ပြေပါတယ်ကိုယ့်ဘာသာသင့်သလိုရေးပြီးလက်မှတ်မြန်မြန်လိုချင်ပါတယ်ဆိုတဲ့အကြောင်း ရေးပြီး တင်ခဲ့လိုက်ပါတယ်။
တစ်ပတ်ပြည့်လို့လက်မှတ် (မိတ္တူ)ထုတ်ပြီး တော့ အစ်ကိုတော်က မေးတယ် “နင် ကဘာ လို့အောင် လက် မှတ်နှစ်ခုဖြစ်တာလဲ”တဲ့။ပျောက်သွားလို့ပါဆိုတော့“နင့်အောင်လက်မှတ်ငါ့ဆီမှာလေ”တဲ့။ဟောတော်..ကလေးတုန်းကလိုပဲ မြေကြီးပေါ်အားရပါးရထိုင်ပြီးဗြဲဗြဲလို့သာအော်ငိုပလိုက်ချင်ပါတော့တယ်(မငိုတတ်လို့သာ.း)ကိုယ်ပဲပေးထားပြီး ကိုယ်ပဲမေ့နေတာလေ။တစ်ယောက်မကျန်လိုက်မေးမိရင်ကောင်းသား။ခုတော့..အချိန်လည်းကုန်လူလည်းပန်း၊အောင်လက်မှတ်နှစ်ခုနဲ့အရူးစံဖြစ်နေပြီ:P။ဒီကြားထဲမ ကိုင်လိုက်ရတဲ့ကျမ်းကြီးစူးသွားရင်တော့..(ဖလား..ဖလား)မတွေးရဲစရာနော်။(ငွေနဲ့ပေးဝယ်လိုက်ရတဲ့အတွေ့အကြုံဆိုပါတော့)

ဒါကကြုံရတဲ့တစ်ခုပါ။ဆုံရတဲ့နောက်တစ်ခုက..

လွန်ခဲ့တဲ့ရက်အနည်းငယ်က(အတိအကျပြောရရင်ဗုဒ္ဓဟူးနေ့ကပါ)သမီးစံရဲ့(ရှစ်တန်းထိခင်ခဲ့ဖူးတဲ့)သူငယ်ချင်းတစ်ယောက် ကားမတော်တဆဖြစ်ပြီးရုတ်တရက်ကွယ်လွန်သွားပါတယ်။အရင်တုန်းကတည်းကဒီလိုမျိုးအဖြစ်တွေခဏခဏကြားနေရပေမယ့်ကိုယ်မသိတဲ့အသိုင်းဝိုင်းကဆိုတော့ဘာသိဘာသာပါပဲ။ခုတော့အနေနီးရုံမက သက်တူရွယ်တူသူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားရင်းကြားလိုက်ရတဲ့သတင်းဆိုတော့(သိသိသာသာကို)တုန်လှုပ်သွားပါတယ်။စာရေးလို့ညာညောင်းရင်ဘယ်နဲ့ရေး ဘယ်ညောင်းရင်ညာနဲ့ပြန်ရေး၊တစ်ခါတစ်လေဘယ်ရော၊ညာပါပြိုင်ရေးနိုင်အောင်ထူးခြားတဲ့သူငယ်ချင်းမ.လေးပါ။ပြောရင်းနဲ့တောင်သူ့မျက်နှာလေး မြင်ယောင်လာပြီကွယ်း(။သုံးမိနစ်ပဲခြားတဲ့အမွှာမောင်လေးတစ်ယောက်နဲ့စုစုပေါင်းနှစ်ယောက်တည်းရှိတဲ့တစ်ဦးတည်းသောသမီးပါ။ကိုယ်တောင် စိတ်မကောင်းတော်တော်ဖြစ်နေတာသူ့မိဘတွေဆိုရင်တော့ဆိုဖွယ်ရာမရှိတော့ပါဘူး။သူငယ်ချင်းသတင်းကြားပြီးမှ သမီးစံလည်းအပြင်သွားတိုင်းကိုယ့်ကိုယ်ကိုယ်သရဏဂုံမတင်ဖြစ်တာတော်တော်ကြာပြီမှန်းသတိထားမိပါတယ်။ အချိန်မရွေး၊နေရာမရွေး(မထင်ရင်မထင်သလို)ခေါ်တတ်တဲ့“သေမင်း”ကိုမမြင်ဖူးပေမယ့်ကြောက်သလိုလိုရှိလာပါပြီ။ဒီတော့ ဘုရားပုံမှန်မရှိခိုးနိုင်၊တရားဘာဝနာများများအားမထုတ်နိုင်ပေမယ့်(ကြုံရင်ကြုံသလို)ဒါန၊သီလ၊ဘာဝနာရိက္ခာလေးများများစုဖြစ်ပါတယ်။အလှူခံလာရင်လည်းခေါင်းမခါပါဘူး:P။တရားပြပေးသွားတဲ့သူငယ်ချင်း ကိုလည်း ကျေးဇူးတင်ပါတယ်။သူငယ်ချင်းကောင်းရာသုဂတိ လာပါစေ။

တစ်ခါတစ်လေစဉ်းစားမိပါတယ်။ကိုယ်သေသွားလို့ဘယ်ဘ၀ရောက်မလဲကြိုသိရရင်သိပ်ကောင်းမှာပဲလို့။ အမေတို့ပြောတာတော့အသက်ထွက်ခါနီးရင်မြင်တယ်တဲ့။ဘုန်းဘုန်းတို့ကိုမေးကြည့်ရပါအုံးမယ်။
စဉ်းစားမိရင်းတမလွန်လောကနဲ့ပတ်သက်တဲ့ပုံပြင်လေးတစ်ပုဒ် သတိရသွားပါပြီး)။

တစ်ခါတုန်းကရွာတစ်ရွာမှာအလွန်ချစ်ခင်ကြတဲ့လယ်သမားကြီးတို့ဇနီးမောင်နှံနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့ လယ်သမားကြီးကလယ်ထဲသွားရင်းပိုးထိပြီးကွယ်လွန်သွားပါတယ်။ဒီတော့သူ့ကိုအင်မတန်ချစ်တဲ့သူ့ဇနီးခများ ပူဆွေးဝမ်းနည်းရတာပေါ့။ပြီးတော့သူအင်မတန်ချစ်တဲ့တမလွန်ဘ၀ကလယ်သမားကြီးကိုဘယ်ဘ၀၊ဘယ်အခြေနေရောက်နေလဲဆိုတာ အရမ်းသိချင်နေရှာပါတယ်။ဒီလိုနဲ့နေလာတာတစ်နှစ်လောက်နေတော့သူ့ဆန္ဒလေးပြည့်သွားပါတယ်။သူတို့ရွာကို ရောက်လာတဲ့နတ်ဆရာကြီးတစ်ယောက်ကြောင့်ပါ။ဒီနတ်ဆရာကြီးက တမလွန်ဘ၀ကို ကူးပြောင်း သွားတဲ့ သူမှန်သမျှခေါ်ပေးနိုင်တဲ့အစွမ်းရှိလို့ပါတဲ့။လယ်သမားကြီးရဲ့ဇနီးလည်းအားကိုးတကြီးသွားမေးတာပေါ့ကွယ်။

ဟိုလည်းရောက်ရောနတ်ဆရာကြီးကလယ်သမားကြီးဇနီးမေးတာကိုအာရုံခံပြီးကြည့်ပါတယ်ခဏနေတော့ခေါင်းကို(တွင်တွင်)ရမ်းပါတယ်(သူမပြောဘူးပေါ့ကွယ်)ပြီးတော့ လယ် သမားကြီးရဲ့ဇနီးကို လယ် သမားကြီး ဘယ်ဘ၀၊ ဘယ်အခြေနေ ရောက်နေတယ် ဆိုတာ “မသိချင် ပါနဲ့တော့”လို့ဆိုသတဲ့။ဒီလိုပြောတော့ဇနီးသည်ခမျာလယ်သမားကြီးအခြေအနေတော်တော်ဆိုးတယ်ထင်ပြီး ၀မ်းနည်းသွားပါတယ်။ပြီးတော့နတ်ဆရာကြီးကိုလည်းတောင်းပန်တယ်။ဘယ်လိုအခြေနေမျိုးပဲရှိရှိသူစိတ်ခိုင်ပါတယ်။ ပြောသာပြောပါပေါ့။နတ်ဆရာကြီးကလည်းအကြိမ်ကြိမ်ငြင်းပါတယ်။မပြောပါရစေနဲ့ပေါ့။လယ်သမားကြီးရဲ့ဇနီး ကလည်းအကြိမ်ကြိမ်တောင်းဆိုပါတယ်(ဟိုသူနဲ့ဟိုသူတို့လိုပေါ့း)။နောက်ဆုံးတော့နတ်ဆရာကြီးလည်းလက်လျှော့သွားပြီး လယ်သမားကြီးရဲ့ဇနီးသည်သိချင်တဲ့လယ်သမားကြီးရဲ့ဘ၀ကိုပြောပြလိုက်ပါတယ်။
“ညည်းယောင်္ကျားကဟိုဘ၀မှာကလေးနှစ်ယောက်တောင်ရနေပြီ၊ညည်းကိုလည်းမသိဘူးပြောနေတယ်”တဲ့း)။ပုံပြင်လေးကတော့ဒါပါပဲရှင်။အင်မတန်ချစ်တဲ့သူကိုတောင်ဟိုဘ၀ရောက်ရင်..မေ့သွားတတ်တဲ့သဘောပါ။
ပုံပြင်အရဆိုရင်တော့အပျိုကြီးဘ၀နဲ့ဟိုဘက်ရောက်သွားရင်ပိုပြီးစန်းပွင့်မယ့်သဘောမှာရှိပါတယ်။း))

ခုတလော..ပို့စ်အသစ်မတင်နိုင်အောင် ဘီးဇီးနေတဲ့အတွက်လည်း..အားလုံးကို.တောင်ပံပါတယ်ရှင်။


အင်မတန် မအားမလပ်ဖြစ်နေတယ်ဆိုတာ ဒီပုံက သက်သေပါး)


မနေ့က(ဆယ့်သုံးရက်နေ့သောကြာနေ့)နိုင်ငံရေးအကျဉ်းသားတွေအများကြီးလွှတ်ပေးတယ်လို့သိရပါ တယ်။သမီးစံလည်း အားလုံးနည်းတူ ၀မ်သာပျော်ရွှင်ရပါတယ်။ဘလော့ဂါ ကိုနေဘုန်းလတ်လည်း ပါတယ် လို့သိရတဲ့အတွက် ထပ်ပြီးပျော်ရပါတယ်။လူကိုတော့ မနေ့ကမှ မြင်ဖူးတာပါ။ ကိုယ်နေတဲ့လမ်းထဲက ဓမ္မာ ရုံ နားမှာနေတယ် ကြားရတော့ တစ်နေ့လောက်သွားဗျူးရင်ကောင်းမလားလို့း)


အစ်မခရစ်စတယ်..အိမ်မှာတွေ့ပြီး..အရမ်းကြိုက်(လွန်း)လို့.“မ”လာပါတယ်။း)
ကိုယ်တိုင်လည်း..ခလေးစီးဖြစ်တဲ့..အမျိုးသမီး rocker တွေပါ။
“ပထမခြေလှမ်း”အမည်ရပါတယ်။
တူတူနားထောင်ရအောင်နော်။

(ပို့စ်ကလည်း ဘယ်လိုမှ justify လုပ်လို့မရပါဘူး။ဒါကြောင့် တစ်စစီကျိုးပဲ့နေတဲ့ 
စာပိုဒ်တွေအတွက် သည်းခံပြီး ဖတ်ပေးစေချင်ပါတယ်ရှင်။)

ချစ်ခင်လေးစားလျှက်..


15 comments:

အလင်းသစ် said...

ကြုံရ၊ဆုံရ ဘုံဘဝကို ဖတ်သွားပါသည် ညီမငယ်.. :) :)

Angelhlaing(May everybody be happy and healthy! said...

ကိုနေဘုန်းလတ်နဲ့ နီးတယ်ဆိုတော့ ..သမီးစံတော့ အလုပ်ရပြီပေါ့.. နောက်ဆက်တွဲလေးတွေလည်း တင်နော် ...:):)
သတိလည်းထားအုံး... လူလဲ ကျပျောက်နေအုံးမယ် ...:D

ကိုကိုမောင်(ပန်းရနံ့) said...

ကြုံရတာလေးဖတ်ပြီး ပြုံးမယ်မယ် မကြံသေးဘူး။ ဆုံရတာလေး ဖတ်ပြီး စိတ်မကောင်း ဖြစ်သွားတယ်။ ဒါနဲ့... စကားမစပ် ဟို ...သုံးလပဲခြားတဲ့အမွှာမောင်လေးတစ်ယောက်နဲ့စုစုပေါင်းနှစ်ယောက်တည်းရှိတဲ့တစ်ဦးတည်းသောသမီးပါ။.. ဆိုတာက တကယ်ကို သုံးလခြားမွေးတဲ့ အမွှာ မောင်နှမလား။း(

၁၃ သောကြာအတွက်တော့ အတော်လေးကို ၀မ်းသာကြည်နူးဖြစ်မိပါတယ်။
မံစိလဲ ပျော်ရွှင် ကြည်နူးနိုင်ပါစေ။

blackroze said...

ညမတော် ဂျင်ဆန်းမီ
အောင်လက်မှတ်ပျောက်ဆုံးမှု့လေးကိုတောင်
ရအောင် မဖော်ထုတ်နိုင်ပါလားနော် ညံပါအေ
အေးဂျင့်တို့တတ်အပ်ရမဲ့ ပညာတွေသင်ထားတာ
ဘယ်ရောက်သွားပြီလဲအေ..
သိက္ခာကျထှာအေ

camomilla said...

ကြုံရဆုံရ ကလဲစုံစီနဖာပါဘဲလားမီးစံလေးရေ...
ပို့စ်အစကနေအဆုံးထိထပ်တုခံစားသွားပါတယ်.

မဒမ်ကိုး said...

သမန်စီးလေးရယ် ဖတ်ရင်းနဲ့တောင်မူးသွားတယ် လုပ်ရိုးလုပ်စဉ်တွေကလဲ ရှုပ်ထာအေ
အဲဒါကြောင့် ရုံးတွေကိုမသွားချင်ဘူးစိတ်ညစ်တယ်
သွားလေရာ ၂၄ ပစ္စည်းလေးရွတ် .

ချစ်တဲ့

အမ
မဒိုးကန်

san htun said...

သမံစီးကတော့လေ ဖြစ်ရမယ်..
တခါတလေ သေခြင်းတရားကို မေ့နေတာ ခုလို ကိုယ်ချစ်ခင်ရသူတွေ ခွဲခွာသွားမှ သေခြင်းတရားကို သတိရမိတယ်..
သီချင်းလေးကိုလည်း ခံစားသွားတယ်

လမင်းငယ် said...

ညီမရေ ပိုစ့်လေးနဲ့ သီချင်းအရမ်းလိုက်တယ်ကွယ်
အဆင်ပြေပါစေနှမတော်

မြတ်ကြည် said...

မြတ်ကြည်လည်း အခုတလော ဘာတွေဖြစ်နေမှန်းမသိပါ။ သူငယ်ချင်းတစ်ယောက်လည်း နယူးရီးယားမတိုင်ခင်လေးတင် ကားအက်ဆီးဒန့်နဲ့ ဆုံးပါးသွားရှာတယ်။ ပြီးတော့ ဆေးရုံက ဆရာဝန်၊ ဆေးရုံရှေ့မှာပဲ။ ကားတိုက်လို့ ဆုံးပြန်တယ်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သမန်စီး ပို့စ်ဖတ်ရင်း ပညာရေးမူးကိုလည်းဒေါကန်မိတယ် အောင်လက်မှတ်ပြန်ထုတ်ဖို့ကျမ်းကြိမ်ရပုံကိုမြင်ယောင်ရင်း သြော်လမ်းနောက်ပြန်ပြန်လျှောက်နေသူတို့ကိုသွားသတိရမိတယ် သူငယ်ချင်းဆုံးသွားတာ သနားရတယ် အလုပ်မအားရှာတာကိုလည်းသိလိုက်ရတယ် နောက်ဆုံးသီချင်းတင်ထားတာတွေ့လိုက်ရတယ် ဒါပေမယ့် နားမထောင်တော့ပါဖူး အခုတလော စင်ပေါ်မှာ ပရိတ်သတ်ကိုလေးစားပါတယ်ပြောပြီး သောက်တလွဲလုပ်နေတဲ့ အနုပညာသမားအမည်ခံသူတချို့ကို သောက်မြင်ကပ်လို့အေရယ်.....
း)း)

Kyaw Hnin Se Lwin said...

သမီးစံလည်းလက်မှတ်တစောင်ပျောက်တာ အတော်အလုပ်ရှုပ်သွားတာပဲနော်
ကျန်းမာအောင်နေ သွားရေးလာရေးလည်း ဂရုစိုက်နော်
:))

CellMoe said...

သမီးစံလေးရဲ့ဟာသနှောပြီးရေးထားတဲ့အရေးလေးကုတဖတ်သွားပါတယ်
အကိုလည်းမအားတာနဲ့နောက်မှဘဲအေးအေးဆေးဆေးစာလာဖတ်မယ်နော်-
ညီမငယ်လေးကျန်းမာချမ်းသာပျော်ရွှင်ပြီးအောင်မြင်မှု့များရနိုင်ပါစေကွာ
ခင်တဲ့ပကို
ဆဲလ်မိုး

jasmine(တောင်ကြီး) said...

ဖတ်ပြီးခေါင်းတောင်ချာချာလည်သွားသလိုပါပဲ
ပြုံးလဲပြုံးမိပါရဲ့နော်
ဘယ်သွားသွားသတိရှိနော်

မောင်မောင် said...

သီချင်းတော. ကြိုက်တယ်ဗျာ။ အစ်မစံကတော. ဖြစ်ရမယ်။

Crystal said...

အောင်လက်မှတ်လေး တစ်စောင်ပျောက်တာ တော်တော်အလုပ်ရှုပ်သွားမှာပဲ
ဒီလိုမှန်းသိရင် ဆယ်တန်းပဲ ပြန်ဖြေလိုက်တာ ဟုတ်ဘူးးးးး :P

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes