ဒီနေ့ကတော့ သမံစီးတို့ တရားဝင် ကျောင်းပြေးတဲ့နေ့ဖြစ်ပါတယ်။း)
ရန်ကုန်တောင်ပိုင်းခရိုင်ရဲ့ အထင်ကရ ဖြစ်တဲ့
"ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး"ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို
ပါဝင်ဆင်နွှဲဖို့အတွက်ပါး)
နှစ်စဉ်နှစ်တိုင်းလက်လှမ်းမှီသမျှ.အနယ်နယ်အရပ်ရပ်က ရဟန်းရှင်လူမိဘပြည်သူများနဲ့
စည်စည်ကားကားကျင်းပတဲ့ပွဲပါ။
အရှေ့ဘက်မုခ်ကနေ လှေကားတက်ရင်း ကုသိုလ်ယူပါတယ်။
လိုအပ်သမျှပစ္စည်းမျိုးစုံကိုလည်း ဈေးနှုန်းချိုချိုသာသာနဲ့ရနိုင်ပါတယ်။
(ရွှေတစ်ကျပ်သားမှ နှစ်ရာတည်းရယ်း)
ဒါက ဓာတ်လှေကားရှိတဲ့ဘက်ပါ။ဖွင့်ပွဲအခမ်းအနားက ဒီနေ့မှဆိုပေမယ့်
ဘုရားပွဲကျင်းပတဲ့နောက်ဆုံးရက်က မနက်ဖြန်ပါ။ဇာတ်ပွဲတွေလည်းနက်ဖြန်နောက်ဆုံးပါ။
ဈေးသည်တွေနဲ့သနပ်ခါးသည်တွေတော့တစ်ပတ်လောက်ထပ်ရှိပါအုံးမယ်။
ဘုရားပေါ်ရောက်တော့ တစ်ပတ်ပြည့်အောင် ပတ်ပါတယ်။
ဘုရားရွှေချဖို့ ရွှေသင်္ကန်းတွေ ပို့ပေးတဲ့နေရာပါ။
အာရုံခံ တန်ဆောင်းတစ်ခုထဲမှ ရုပ်ပွားတော်များ...
ကကုသန္ဓမြတ်စွာဘုရား(အရှေ့ဘက်မုဒ်)
ကောဏာဂမနမြတ်စွာဘုရား (မြောက်ဘက်မုခ်)
ကဿဖမြတ်စွာဘုရား(အနောက်ဖက်မုခ်)
ဂေါတမမြတ်စွာဘုရား (တောင်ဘက်မုခ်)
စတုဒီသာအကျွေးအမွေးက ဘုရားရင်ပြင်ပေါ်မှာပါ။
ကျိတ်ကျိတ်တိုးပါပဲ။တက္ကသိုလ်ကျောင်းသားတွေများပါတယ်း)
(သန်လျင်မှာက တက္ကသိုလ်လေးခုတောင်ရှိတာကိုး)
ဘယ်ဘက်ကြည့်ကြည့် အကျွေးအမွေးတွေချည်းပါပဲး)
(တက္ကသိုလ်အသီးသီးက ကျောင်းသားတွေရဲ့အလှူပါ)
တို့များတောရွာလေးပါ ။လှမ်းမြင်နေရတာနဲ့ရိုက်တင်ပေးလိုက်တား)
ရှေ့တည့်တည့်ရေစင်ကြီးနောက်က သစ်ပင်တွေအုတ်ဆိုင်းဆိုင်းနဲ့နေရာလေးပါ။
သူ့နောက်မှာ လယ်ကွင်းတွေရှိပါတယ်။မိုးတွင်းဆိုရေတွေဖွေးဖွေးလှုပ်ပေါ့။
အားကြီးပျော်ဖို့ကောင်းတား)
သူငယ်ချင်းတစ်ယောက်က တွေ့တာနဲ့အတင်းလိုက်ဆွဲလို့
ရေဆာပြေ၊ရေငတ်ပြေ၊ဒါနမြောက်အောင် တစ်ဗူး.မ လာခဲ့ပါတယ်း)
ဘုရားဖူးရင်းတစ်ပတ်ပြည့်သွားတော့ စတုဒီသာကျွေးတဲ့စောင်းတန်းတစ်ခုထဲကိုဝင်ပါတယ်။
အထဲရောက်တော့ စောနေပါသေးတယ်။ဘုန်းကြီးဆွမ်းတောင်မကပ်ရသေးပါဘူး။း)
ဒီနေ့ကျွေးမယ့်စတုဒီသာက ငါးသလောက်ပေါင်းနဲ့သရက်ချဉ်သုတ်တဲ့း))
ဆွမ်းစားကြွရင်း..တရားချီးမြှင့်ပေးတဲ့ဆရာတော်က
သန်လျင်မြို့လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ဥက္ကဌဆရာတော်တစ်ပါးပါ။
"ဒီအချိန်က တရားတိုတိုဟောရမယ့်အချိန်ဆိုတာ ဘုန်းကြီးတို့သိပါတယ်"မိန့်ပြီး
ချီးမြှင့်ပေးသွားတဲ့တရားက တိုပေမယ့် အနှစ်သာရရှိတဲ့တရားလေးပါ။
နက်ဖြန်အာရုဏ်တက်မှာ ဘုရားကိုဆွမ်းတော်ကြီးတင်ဖို့အတွက် ပြင်ဆင်ထားတာတွေပါ။
အားလုံးတရားနာပြီးတော့ ထမင်းစကျွေးပါတယ်။
(ဗိုက်ဆာနေတာနဲ့အတော်ပဲပေါ့း)
စားပြီးသောက်ပြီးပြန်တော့ ဒီအတိုင်းပြန်သွားရင်လည်း မကောင်းပြန်ဘူးကွယ့်..
သူငယ်ချင်းမျက်နှာကလည်း ရှိသေးပြန်တော့အားနာစရာပေါ့း)
ဒီတော့ပန်းကန်ဝိုင်းဆေးပေးရင်း လုပ်အားပေးခဲ့ပါတယ်။
ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုအတွက် အမျှပေးပါတယ်။
ယူတော်မူကြပါကုန်း)
စားပြီးသောက်ပြီး၊လုပ်အားပေးပြီးပြန်တော့ အိမ်ပြန်ဖို့စောနေသေးတာမို့
ပွဲဈေးတန်းထဲ လျှောက်လည်ပါတယ်
အရင်ဆုံး မင်းသားစွမ်းကိုတွေ့ပါတယ်။မကြိုက်လှပါဘူး။ဆက်သွားပါမယ်း)
ကိုဖိုးချစ်ကိုတွေ့ပါတယ်။ဖားသားလန်းရဲ့ပံ့ပိုးမှုနဲ့အရမ်းလန်းနေတာတွေ့ခဲ့ပါတယ်။
သူ့လည်းမကြိုက်သေးပါဘူးး)။
သီးလေးသီးလည်းလာကပါတယ် မနေ့ကမှပြီးသွားတာပါ။
(ဂေါပကနဲ့ရှော့ဖြစ်တယ်ဆိုလား..)
ကိုဂျောက်ဂျက်တို့စာသားတွေပေါ့။ (အတုယူပုံမြန်ချက်ကတော့း)
ပန်းတနော်ကသင်ဖြူးဖျာတွေပါ။အမေတော့ တန်ရင်တန်သလို
တစ်နှစ်ကိုလေးချပ်လောက်အားပေးပါတယ်း)
ဖျာသည်ကတော့ အေးလို့နော်၊သူ့မိတ်နဲ့သူရှိပြီးသား၊အော်မရောင်းဘူး။
ဝယ်မယ့်သူမရှိရင်..ဖျာပေါ်အိပ်နေရုံပဲလေ
ဒါကတော့ အ၀တ်အစားတန်း။ဈေးသက်သာပါတယ်။
ပြောလို့ပြောတာဟုတ်ဘူးနော်။ပိုက်ဆံငါးရာတစ်ထောင်လောက်နဲ့တောင်
ကျိုက်ခေါက်ဘုရားပွဲလည်လို့ရပါတယ်။(စားပြီးပြန်ပေါ့း)
အညာသူ၊အညာသားများကတော့ စစ်မစစ် သိပါလိမ့်မယ်း)
ဘုရားအနောက်ဘက်မုခ်ပါ။ညဖက်ဆိုဒီနေရာက ကြက်ပျံမကျပေါ့။
အနောက်ဘက်မုခ်မှာပါပဲ။ခြင်းအလှခတ်တဲ့ပွဲပါ။
မိန်းကလေးတစ်ယောက်လည်းပါပါတယ်။ညရောက်ရင် ပုလင်းပေါ်ခြေတစ်ဖတ်တင်ပြီး
ခတ်ပြပါမယ်တဲ့။(ညဖက်မှလူစည်တာမို့ထင်ပါတယ်)စွမ်းရည်ကတော့အံ့မခန်းပဲနော်
သရဲအိမ်ပါ။ကိုယ်လောက်တောင်ကြောက်ဖို့မကောင်းပါဘူး။း)
(ပွဲဈေးတန်းတွေမြင်တော့ ကိုမြစ်ကျိုးအင်းရဲ့ဘလော့ဂါပွဲဈေးတန်းတွေ
သတိရမိပါသေးတယ်။း)
ဈေးတန်းပတ်ပြီးပြန်တော့လည်း အိမ်မပြန်သေးပါဘူး :P
"မိုးကြိုးငှက်ငယ်လေး" တွေဘယ်အခြေနေရှိလဲသိချင်ပါသေးတယ်။
(လိုက်ခဲ့ဦးနော်း)
ကြည့်ပျော်ပါတယ်။(တစ်ဦးမှ ငါးရာတည်းရယ်း)
နေ့ခင်းဘက်သွားကြည့်ရတာမို့စိတ်ချမ်းသာပါတယ်။
ညဖက်ဆို ယောင်္ကျားလေးပိတ်သတ်တွေက အတော်ဆိုးကြတာကလားး)
ကသွားတဲ့ကလေးမလေးတွေထဲမှာ သူရယ်နောက်တစ်ယောက်ရယ် အကြိုက်ဆုံးပါပဲ။
နောက်တစ်ယောက်က မိုးဟေကိုပါး)။
တူချက်ကတော့ မိန်းကလေးတွေထိုင်ငိုသွားလောက်တယ်နော်။
သူ့ကိုတော့ သိကြမှာပါ။ယောင်္ကျားလေးတွေ miss ရွေးတဲ့ပွဲမှာ"၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ"သီချင်းနဲ့
ကသွားတာလေ။တအားရယ်ရပါတယ်။(သမီးစံတော့ သဘောကျတယ်)
မိုးကြိုးငှက်ငယ်လေးများရဲ့ ခေါင်းဆောင် စောသန္တာပါ။သရုပ်ဆောင်သွားတဲ့သီချင်းက
ကမ္ဘာကျော်တဲ့စိတ်ကူးတဲ့။ကန်ဒီကဆို...သူကသရုပ်ဆောင်ပေါ့း)
dancer သီချင်းတစ်ပုဒ်နဲ့ ထပ်ကကြပါသေးတယ်။လေးနာရီထိုးခါနီးပြီမို့
အပြီးထိမကြည့်ပဲ အိမ်ပြန်ပါတယ်။(မဟုတ်ရင် တုတ်စာမိတော့မှား)
"ရွှေပွဲလာပိတ်သတ်များ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေရှင်"
ချစ်ခင်လေးစားလျှက်..