အပြင်မှာနှင်းဖွေးနေပေမယ့်...
ရင်မှာမအေးတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ
အအေးဒဏ်ကိုအံတုရင်း..
အဖော်မပါဘဲ တစ်ကိုယ်တည်းလျှောက်သွားဖူးခဲ့တယ်။
မထီမဲ့မြင်အပြုခံလိုက်ရတဲ့ ချစ်သူရဲ့အရက်စက်ဆုံးစကားကြောင့်
နာကျည်းချက်တွေ...ရင်မှာပိုက်
ကြေကွဲစွာ...ရူးသွပ်ရင်းနဲ့ပေါ့...။
သူ့ဘ၀မှာ ကိုယ်အမြတ်နိုးဆုံးအရာက
"ရိုးသားမှုနဲ့သစ္စာတရား"
ပြန်ရလိုက်တာ...
" အရောင်ဆိုးထားတဲ့ဟန်ဆောင်မှု"
ရက်စက်တော့မယ်ဆိုတာသိရက်နဲ့ မိုက်မဲခဲ့မိတယ်။
ကိုယ့်အတွက် ပေးခဲ့တဲ့သူ့ရဲ့လက်ဆောင်က...
ဒဏ်ရာအပြည့်နဲ့ပါကင်ပိတ် နှလုံးသားတစ်စုံရယ်...
မျက်ဝန်းမှာခိုတွဲ.. တသွင်သွင်စီးကျနေတဲ့အဆွေးမျက်ရည်တွေရယ်ပေါ့..။
ရာသီတွေပြောင်း နှစ်တွေဟောင်းသွားပေမယ့်
မမေ့ရက်ဆုံးက ချစ်သူရဲ့အပြုံးနဲ့ စကားသံတွေပါ....။
ပဲ့တင်သံပြန်ကြားရတဲ့နေရာဆိုတာ...
ဘယ်တော့မှအဖော်မရှိတတ်ပါဘူး။
ပြန်လာခဲ့ပါချစ်သူ....
မေ့တတ်တဲ့လောကကြီးက
နင့်ကို...အသစ်တစ်ဖန် ဆီးကြိုနေပါလိမ့်မယ်
ငါလည်း... ပန်းသီးတစ်လုံးပြင်ထားတယ်။
*****************
Pyaung Gyi (P.G) + မိစံ
(သူခြစ်၊ကိုယ်ခြစ်..နှစ်ယောက်ပေါင်းခြစ်ရင်း၊ရေးရင်းနဲ့ ကဗျာတစ်ပုဒ်ဖြစ်လာတာမို့
အမှတ်တရအနေနဲ့ သိမ်းထားလိုက်တာပါ။း)
ချစ်ခင်လေးစားလျှက်...
လောကကြီးရေ ..မှတ်မှတ် ရရ ပြန်ခေါ် ပေးလိုက်ပါ ...
ReplyDeleteဒါမှ ... ဒီအပျိုကြီးလည်း ... ကျွတ် မှာ ...လေ ... :D ....
တောင်ပြုန်းက..မောင်ဘုန်း
ReplyDeleteစားချင်နေပြီပေါ့။စောင့်ပါအုံးလေ
နောင်ဆယ်နှစ် :P
အပျိုကြီး ဟန်ဆောင်နေတာ..ပေါ်လာပြီ....ဆက်သွယ်ရေး လိုင်းမကောင်းသေးလို့ တဲ့ ၅ါးထောင်တန် ဖုန်းထွက်တာနဲ့  သူလည်း ကျွတ်ပီ...လုံခြည်းး..မှားလို့  အပျော်လွန်ပြီး ခိုးရာလိုက်မည်တဲ့...တိန်
ReplyDeleteလာပြန်ပြီနောက်တစ်ယောက်
Delete(မေတ္တာတရားကြီးမားကြပုံများ.အံ့သြလောက်ရဲ့း)
များလဲပန်းသီးပြင်ထားတယ်
ReplyDeleteမာမားမုန်လာထုပ်
ပန်းသီးဆို ဘလက်နဲ့မြည်းရင် အိုကေနိုင်တယ်ဟ..
ReplyDeleteလုပ်အုံး..:D
ဆုံနိုင်ခွင့်လေးရပါရစေ..ဒီအချိန်ငါအရမ်းတောင့်တနေ.. မင်းရဲ့အပြုံးတွေကို မှန်းဆ တမ်းတာကာနေ. လား ဟိဟိ.
ReplyDeleteအမယ် အမယ် ... ညလေးမီးစံတို့ တယ်ဟုတ်နေပါလား။
ReplyDeleteချစ်တဲ့
မမိုး
မဆုံသောလမ်းလေးကလျှောက်ချင်စရာလေးကွယ်
ReplyDeleteဓာတ်ပုံပြောပါတယ် :P
ကဗျာတွေထွက်လာပါရော့လား ငါ့ယောက်မလေးလဲ
ဟိုခြစ် ဒီခြစ်ကလည်း ဟုတ်သားဟ..
ReplyDeleteအဟမ်းး အဟမ်း အဟမ်း
ReplyDeleteအဲပန်းသီးလေးယူသွားလို့ရမလားဟမ်း))
ချစ်တဲ့အမဂျီး
ဂျာရစ်
ကဗျာလေးက ချစ်စရာလေး... ပန်းသီးက တစ်လုံးထဲလားခင်ဗျ.. :P..
ReplyDeleteမဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းက အဝေးတစ်နေရာမှာ ဆုံသတဲ့
ReplyDeleteသင်္ချာဆရာတစ်ယောက် စာသင်ရင်း ပြောဖူးတယ် ... :P
ဟိဟိ ပန်းသီးက ဘယ်လိုပြင်ထားတာတုန်းဂျ။ အခွံခွါပြီး ပြင်ထားတာလား။ အစိပ်လေးတွေလုပ် ပြီး ပြင်ထားတာလား၊ ဆားနဲ့တို့ပြီး အလုံးလိုက်မြိုခိုင်းမှာလားဟင်။ တိန်! နောက်ဆုံး တစ်ခုဖြစ်နိုင်တယ်။ ဟီး နောက်တာ ကဗျာလေးကောင်းတယ်။
ReplyDeleteနာ့ သမီးလေးတောင် ခြစ်တတ်နေပြီကို
ReplyDeleteလောကကြီးလည်း အစ်မလိုပဲ
ReplyDeleteမှတ်ဥာဏ် 1 GB ပဲ ရှိတယ်နဲ့ တူပါတယ်ဗျာ
သူက မေ့တတ်တယ် တဲ့
မေ့တတ်တဲ့ လောကကြီး ပါလား
း) အချစ်ဆိုတာ အရက်နာလိုပါပဲ သမန်းစီးရယ်း)း)
ReplyDeleteသမီးရေ...နာလည်းမဆုံသောလမ်း ရောက်နေတယ်...ဆုံရအောင်လို့ ပြန်တော့မယ်
ReplyDeleteသမီးရေ..နာလည်းမဆုံသောလမ်းရောက်နေတာ....ဆုံရအောင်လို့ပြန်တော့မယ်
ReplyDeleteဘာမှ ဟိုခြစ်ဒီခြစ်မလုပ်နဲ့ ..ရင်တွင်းဖြစ် လုပ်စမ်းပါ ...:):)
ReplyDeleteကဗျာလေး ကောင်းတယ် သမီးစံရေ...
ခံစားအားပေးလျှက်ပါလို့..
သူခြစ်ကိုယ်ခြစ်ကလဲ မဆုံသောလမ်းကြီးပါလား..။ မဆုံးသောလမ်းလေးလဲ ခြစ်ဦးလေ...။
ReplyDeleteသမီးစံရေ...ကန်ဒီတို့စလုံးကိုရောက်ပြီး စလုံးကိုဝေဖန်လိုက်တယ်..။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
သမီးစံရဲ့
ReplyDeleteရင်မှာ မအေးတဲ့ဆောင်းမနက်ခင်း
ကဗျာကို အားပေးဖတ်ရှုသွားပါတယ်...
ဒါဆို collaboration ပေါ့နော်မမ
ReplyDeleteဆောင်းကိုလွမ်းတယ် မမရယ် :(
အလဲ့ .. ပန်းသီးတစ်လုံးပြင်ထားမယ်တဲ့။။ မိုက်တယ်။။
ReplyDeleteနေဦး.. အဲ့ပန်းသီးကို တစ်ကိုက်တော့ ကိုက်ထားဥိးနော.. :P
ပန်းသီးတစ်လုံးထဲ ဘယ်လို စားမလဲ။း)
ReplyDeleteဖက်စပ်ကဗျာကို ဖတ်ပြီးတော့ဆက်စပ်ရင်ကောင်းမလား စဉ်းစားလိုက်မိတယ်း)
ReplyDeleteနှစ်ယောက်တစ်အိမ်မက် မဟုတ်ဘဲ
ReplyDeleteနှစ်ယောက်တစ်ပုဒ် ရေးတဲ့ ကဗျာလေးပါလား
မိစံရေ
ဒီလိုလည်း ကဗျာတွေရေးတတ်တယ်ပေါ့
အားတောင်ကျသွားတယ်း)
ရက်စက်သူကိုမေ့ပစ်ပလိုက်ပါ။
ReplyDeleteလက်တွေ့ဘ၀ထဲမှာတော့ ပြန်မလာတာကောင်းတယ်
:D
ိချစ်တဲ့
အမ
ပန်းသီးဆိုတော့
ReplyDeleteပန်းသီးတံဆိပ် အိုင်ပက်လား အိုင်ဖုန်းလား အိုင်ပေါ့ လားး))
ရင်တွင်းဖြစ်လား .. ဒီပုံနဲ့တော့ ဟုတ်လောက်ဘူးထင်ရဲ့ :P
ခံစားရပါတယ်ဗျာ...ပြင်ထားတဲ့ ပန်းသီးလေးကို ပေးလိုက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...
ReplyDelete