Sunday, July 29, 2012

တစ်နှစ်



သိပ်နောက်မကျသေးပါဘူးနော်..။ ဒီနေ့နဲ့ပါဆိုမှ တစ်ပတ်ဘဲရှိပါသေးတယ်း))

အဆိုပါနေ့က ရင်နှင့်သည်းချာလေး တစ်နှစ်ပြည့်ခဲ့ပါတယ်။အမျိုးမျိုးအကြောင်းတွေ၊ဆင်ခြေ၊ဆင်လက်၊ ဆင်တစ်ကိုယ်လုံးတွေနဲ့ အချိန်မှီမတင်ဖြစ်ခဲ့ပါဘူး။

ဒီနေ့၊ဒီချိန်ထိ ဒီဘလော့မှာ ကောင်းရာ၊ကောင်နိုးလေးတွေ တင်လာခဲ့ပြီးပါပြီ။ သို့သော် (အလှူကိစ္စတွေက လွဲလို့)ပေါက်တတ်ကရတွေများပါတယ်။စစချင်းတုန်းကတော့ ခပ်စိပ်စိပ်လေး အားသွန်ခွန်စိုက်လာလိုက်တာ နောက်တော့ တဖြည်းဖြည်းနဲ့အရှိန်မြှင့်လာရမယ့်အစား တစ်လတစ်ပုဒ်ဖြစ်သွားရပါတယ်။ဒီတော့လည်း အစ်ကို၊အစ်မတွေကို မချိသွားဖြဲပြရင်း“ဟဲဟဲ”လုပ်ရတာပေါ့နော်း)။

ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်ခဲ့ပါပြီ။တူရာတူရာစုစုလာတဲ့ အန်တီ၊အန်ကယ်၊အစ်ကို၊အစ်မ၊မောင်၊ ညီမလေးတွေကလည်း ချစ်ဖို့ကောင်းလိုက်တာ..။ချစ်ဖို့ကောင်းနေတော့လည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပြောပြော အပြစ်မမြင်ကြပါဘူး။

ခုချိန်ထိအောင် သမီးစံအနေနဲ့ကော မိစံအနေနဲ့ပါ စိတ်အနှောင့်ယှက်ဖြစ်အောင် ပြုခဲ့မိတာရှိရင် ခွင့်လွှတ်ပါ။မှားတာရှိရင် (Nick Name တွေအစား) တောင်းပန်ပါတယ်း)။ဒီနေ့၊ဒီရက်ကစပြီး ရင်နှင့် သည်းချာလေး ၀ဲစွဲခြင်းရန်မှ ကင်းဝေးပါစေ..။ ပြန်ပေးဆွဲခြင်း ရန်မှကင်းဝေးပါစေ..။ အနာ၊ ရောဂါ ကင်းရှင်းပါစေ..း)


ဒါက.. ရေးဘဲရေးတော့မလိုလို၊ပြီးဘဲပြီးတော့မလိုလို၊ခုဘဲတင်တော့မလိုလိုနဲ့
ဟိုလိုလို..သည်လိုလိုနဲ့... အပြီးမသတ်နိုင်သေးတဲ့ အမှိုက်ပုံထဲက ရှိစုမဲ့စုလေးတွေပါ..
(တော်တော်တော့ကြာနေပါပြီ..) 

ပြောင်းသင့်တာလေးတွေပြောင်းပြီး ဖြည်းဖြည်းချင်း အကြွေးဆပ်သွားပါရစေ..။
(မဆပ်နိုင်ခဲ့တော့လည်း မဆပ်နိုင်ခဲ့ဘူး သဘောထားပေးပေါ့နော်..း)


အမာခံပရိတ်သတ်ကြီးနဲ့ကာစတမ်ဘာကြီးများ..



ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၊ချမ်းမြေ့ကြပါစေကြောင်း..



ချစ်ခင်လေးစားလျှက်..

18 comments:

  1. တစ်နှစ်ပြည့်မှာလဲ ဘာဧည်ခံပွဲမှ မပါဘူး။
    စားစရာပါလည်း ကိုယ့်အိမ်ကိုယ်ပြန်ချားမှာပေါ့။
    ဒါပေမဲ့ စေတနာတွေဦးဆောင် မေတ္တာတွေသယ်လာပြီး
    ပထမဆုံး လာရောက် ချီးမြှောက်သွားတယ်။

    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. သမီးစံ ရဲ့ ရင်နှစ်သည်းချာလေး တနှစ်ပြည့်မှ နှစ်ပေါင်းများစွာ ကျန်းမာရွှင်လန်းစွာဖြင့် မာရသွန် ခရီး မမောမပန်း ပြေးနိုင်ပါစေ ။

    ချစ်တဲ့ အမ ။

    ReplyDelete
  3. စာအုပ်တစ်အုပ်နဲ့ မှတ်တမ်းတစ်ခု
    အိမ်ကနတ်

    တို့ကို အရမ်းဖတ်ချင်ပါတယ်။ အမြန်ဆုံး အဆုံးသတ်ပြီး တင်ပါ စံရေ...
    ကျန်တာလေးတွေကော အဆင်ပြေရင် ရေးပြီး တင်ပါ။ ရေးလက်စလေးတွေကို အမှိုက်ပုံထဲမှာ မထားပါနဲ့ကွယ်။ :)

    ချစ်တဲ့
    မြတ်

    ReplyDelete
  4. စကားမပြောတတ်သေးတဲ့သမီးစံပေါ့..
    နှစ်တွေအများကြီးစားတွေရေးနိုင်ပါစေ..

    ReplyDelete
  5. တစ်နှစ်ပြည့်ပွဲလေးကလည်း တိတ်တိတ်ဆိတ်ဆိတ်လေးပါလား သမီးစံရေ။
    လာရောက်အားပေးသွားပါတယ်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. မမမီးစံ တနှစ်ပြည့်ပြီ ရေးးးးးးးးးးးးးးး
    :D :D

    ReplyDelete
  7. သာမီးလေးတောင် တစ်နှစ်ပြည့်သွားပြီကို . . .နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ စာပေကောင်းတွေရေးနိုင်ပါစေလို့ ပါပါးဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  8. တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘလော့ဂင်းနိုင်ပါစေသော်ဝ်ဗျားးးးးးးးး

    ReplyDelete
  9. တစ်နှစ်ပြည့်ကုန်ကြပီ..။ တားတို့ပဲ ကျန်တော့တယ်.။ အိ..။

    ReplyDelete
  10. မိတ်ဆွေဟောင်းကြီးကလည်း သမီးစံလေး ကျန်းမာချမ်းသာစွာနဲ့ စာတွေအများကြီးရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်..

    ReplyDelete
  11. ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျာ

    ထိုဆုနှင့် ထပ်တူ သမီးစံလေးလည်း ပြည့်ပါစေဗျာ။

    ReplyDelete
  12. တနှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင်ပါစေ
    အေးဂျင့်ညမတော်...

    ချစ်တဲ့အမ
    ပစ်ပစ်

    ReplyDelete
  13. တစ်နှစ်ပြည့်သမီးလေး သိပ်စကားတက်တာပဲ....:))))

    ReplyDelete
  14. ဟက်ပီဘတ်ဒေးပါ ၀ဲစွဲလေး အဲလေ၀ဲမစွဲပါစေနဲ့
    ဟက်ပီဘတ်ဒေးပါ ပြန်ပေးလဲအစွဲမခံရပါစေနဲ့
    ဘလော့သာပြန်ပေးမစွဲကြပါနဲ့ လူကိုဆွဲကြပါး))
    ချစ်ခင်သောအကိုအမများနဲ့အတူ

    နှစ်ပေါင်းများစွာဘလော့ဂင်နိုင်ပါစေ ဆရာလေးမန်စီးရေး))

    ReplyDelete
  15. တစ်နှစ်ပြည့်မှာ အလည်ရောက်လာတယ် ..စာတွေအများကြီးဆက်ရေးပြီး အမြဲပျော်ရွှင်ပါစေ

    ReplyDelete
  16. မာရသွန်ပြေးပွဲလိုပေါ့..စံစံရယ်...တာထွက်မှာအားစိုက်ပြီးပြေးမိရင်..ပန်းတိုင်မရောက်ခင်..ခြေကုန်လက်ပမ်းကျသွားတော့တာပဲ။ဖြေးဖြေးနဲ့မှန်မှန်ပြေးတဲ့သူကတော့....အချိန်တန်ရင်..ပန်းတိုင်ကို ရောက်သွားတာပါပဲ။ စံစံကမှ.တစ်နှစ်အတွင်း..အရေးကောင်းကောင်း၊ ပို့စ်လန်းလန်းတွေနဲ့..မိတ်ဆွေ သူငယ်ချင်းအများကြီးရခဲ့တာကလည်း..ကြိုးစားမှုရဲ့ဆုလာဘ်တစ်ခုပေါ့။ ကျွန်တော့်လို.... ခြောက်ကပ်ကပ်..အထီးကျန်စာမျက်နှာပိုင်ရှင်ကိုလည်း..တချက်တော့ငဲ့ကြည့် လိုက်ပါဦးနော်.....(စံစံဒေါ်ကွန်းအဖြစ်ပြောင်းလဲနိုင်ပြီး..နှစ်ပေါင်းများစွာ..တည်တံ့အောင်မြင် ပါစေလို့..ဆုမွန်ကောင်းတောင်းပေးရင်း..အားပေးတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ)...

    ReplyDelete
  17. အော် နှမတော်သမံစီးက တစ်နှစ်ကိုခုမှပြည့်တာလား ငယ်သေးတာပဲ ၊ မောင်တော်က နှမတော် အသက် ၃၀ ကျော်ပီမှတ်နေတာ ........ :P

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..