Saturday, August 25, 2012

ဟုတ်ကဲ့...ဒီလိုပါ

လောင်းတဲ့ရွှေရည်
စာသင်ဖို့တို့ကျောင်း
အုတ်မြစ်တွေလောင်းလို့
လှပ၀င့်ချီ
ပန်းကလေးများပွင့်တော့မည် ။
အားလုံး မင်္ဂလာပါ...
သာယာကုန်း ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အဆောက်အဦး ပုံကြမ်းအား တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ အစောပိုင်းတုန်းက အလှုငွေကို ကြည့်ပြီး ၁၅ပေ x ၃၀ ပေ ခပ်ကျဉ်းကျဉ်း အနေအထားသာ ထမင်းစားဆောင်အဖြစ် ဆောက်လုပ်မယ်လို့ ရည်ရွယ်ခဲ့ပေမဲ့ ရည်မှန်းထားတာထက် ပိုလျှံသော အလှုငွေ ပမာဏကြောင့် ၂၀ပေ x ၄၀ ပေ အထိ အတန်အသင့် ကျယ်ပြန်သပ်ရပ်တဲ့ အဆောက်အဦးကို ဆောက်လုပ်နိုင်ခဲ့တဲ့ ထမင်းစားဆောင်မှ စာသင်ဆောင်အဖြစ် လည်းကောင်း၊ နွေအခါ -ကျောင်းပိတ်ရက်များတွင် တရားစခန်းအတွက် ရိပ်သာအဆောင်အဖြစ်လည်းကောင်း လိုအပ်သလို အသုံးချနိုင်အောင် သေသပ်ခန့်ညားစွာ -ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ဆရာတော်ရဲ့ ညွှန်ကြားမှုနဲ့အတူ အဆောက်အဦး ဖောင်ဒေးရှင်းချမည့်နေ့အား အခုလာမဲ့ ဗုဒ္ဓဟူးနေ့ (၂၉.၈.၂၀၁၂)ရက်နေ့ မနက် ၁၀နာရီ မင်္ဂလာအချိန်မှာ ပြုလုပ်မှာဖြစ်ပြီး ၂၀ပေ x ၄၀ပေ အဆောက်အဦး မြေနေရာအား ကလေးများလက်ချိတ်ကာ စီတန်းပြီး “အို..အို..အိုးးး.. ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံ ၀င့်လို့ချီ” ဆိုတဲ့ “တို့ကျောင်း” ကဗျာလေးကို သံပြိုင်ရွတ်ဆိုကာ အဆောက်အဦး -ဆောက်လုပ်ခြင်းအား စတင်မှာ ဖြစ်ပါတယ်။

မိုးတွင်းကာလဖြစ်တာကြောင့် ဆောက်လုပ်မဲ့အချိန်ကို ၄၅ရက် (တစ်လခွဲ) အဖြစ် သတ်မှတ်ထားပါတယ်။ ဖောင်ဒေးရှင်းချမဲ့နေ့ကိုတော့ မြန်မာနိုင်ငံမှ မုဒိတာအဖွဲ့သားများနဲ့ ဆောက်လုပ်ပေးမဲ့ အင်ဂျီနီယာအဖွဲ့သာ သွားရောက်မှာ ဖြစ်ပြီး အလှုရှင်များအတွက်တော့ ဓါတ်ပုံဖိုင်များ၊ ဗွီဒီယိုဖိုင်များကို ပြန်လည် တင်ပြပေးမှာဖြစ်ပါပြီး လုံးဝပြီးစီးတဲ့အချိန်မှာတော့ အလှုရှင်များကို ကိုယ်တိုင်ရေစက်ချစေမှာ ဖြစ်ပါတယ်။ အဆောက်အဦး ဆောက်လုပ်ဆဲ ကာလမှာလည်း တိုးတက်လာပုံအဆင့်ဆင့်ကို အစဉ်အမြဲ update လုပ်ပေးမှာ ဖြစ်ပါတယ်။ ၂၉.၈.၂၀၁၂၊ ဗုဒ္ဓဟူးနေ့မှာ စတင်ဆောက်လုပ်မဲ့ အဆောက်အဦး ပုံစံငယ်အား အောက်တွင် ကြည့်ရှုနိုင်ပါတယ်ခင်ဗျား.. (စကေးကိုပါ တပါတည်း ဖော်ပြပေးထားပါတယ်)..


 FRONT VIEW ဖြစ်ပါတယ်။
BACK VIEW ဖြစ်ပါတယ်..
 RIGHT SIDE VIEW အနေအထား ဖြစ်ပါတယ်။
LEFT SIDE VIEW မှ မြင်ရတဲ့ ပုံစံငယ်ပါ။

 ROOTING PLAN ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းချမဲ့ အနေအထား ဖြစ်ပါတယ်။


လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ ( M.M.Y.G) ကိုယ်စား
ကိုရင်
8:49 ( GMT)

မြန်မာမုဒိတာရဲ့တတိယမြောက်ခြေလှမ်း တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ် အသက်ဝင်လာပြီဖြစ်ပါတယ်...။

ချစ်လေးစားလျှက်

သမီးစံ


4 comments:

  1. ဝမ်းသာ ပီတိ ဖြစ်ရပါတယ် .... ဗျာ ..

    ReplyDelete
  2. မြတ်နိုးသူ(MUFL)August 27, 2012 at 3:16 PM

    ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက်
    လှူဒါန်းပေးနေသောအလှူရှင်များရောမုဒိတာအဖွဲ့သားများ
    အားလုံးအတွက်ကောဂုဏ်ယူဝမ်းသာမိပါတယ်
    အားပေးသွားပါတယ်သမီးစံေ၇

    ReplyDelete
  3. ၀မ်းသာပီတိ ဖြစ်ရပါတယ်

    ReplyDelete
  4. လေးစား လိုက်နာဖို့ ကောင်းတဲ့ အလုပ်နော်...။

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..