Friday, August 10, 2012

My Treasure (Tag)

နွေလပါ။ရေးခိုင်းတာ။My Treasure တဲ့..ခေါင်းစဉ်လေးက..။ သူ့ဘလော့လေး ရုတ် တရက် ပျောက် သွားလို့ပါ။ (အခုပြန်ရသွားပြီလို့သတင်းကောင်း ကြားရပါတယ်..)

အစ်မတော်လည်းမအားမအားနဲ့(ဖေ့ဘုတ်ပေါ်ချည်းလှိမ့်လှိမ့်တက်နေလို့)အခုမှဘဲရေးဖြစ်တော့တယ်နွေလရေ့...း)


 မေးခွန်းလေးတွေက(သူ့အနေနဲ့စိတ်မကောင်းစွာမေးနေပေမယ့်) စိတ်ဝင်စားစရာလေးတွေပါ။ ဒီလိုအမှတ် တရစာလေးတွေ ဘလော့တစ်ခုစီမှာ တစ်ပုဒ်တော့ရှိထားသင့်ပါတယ်။ (ဒါကြောင့်ကိုယ်တိုင်ရေးပြီးရင် လက်ဆင့်ကမ်းပါမယ်း)

(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?

2011 ရဲ့ဂျူလိုင်လထဲမှာ ဒီဘလော့လေးကိုစပြီးအသက်သွင်းဖြစ်ခဲ့ပါတယ်။မြင်ဆရာကတော့ ဘလော့ဂါ ကိုညီလင်းဆက်ပါ။ Google Search Box ထဲမှာ how to make myanmar blog ဆိုပြီးရှာလိုက်ရာက ကိုညီလင်းဆက်ရေးပေးထားတဲ့E-Bookလေးကိုဖတ်ဖြစ်ခဲ့ပါတယ်။ရှာဖြစ်တဲ့အကြောင်းကတော့... ဘလော့မရေး၊ရေးချင်အောင် ဆွဲဆောင်အားအင်မတန်ကောင်းတဲ့ စီနီယာဘလော့ ဂါကြီးတွေကြောင့်ပါ  ။ပျော်ပျော်နေတတ်ကြသလို ချစ်ခင်ဖို့လည်းကောင်းပါတယ်။ကိုယ့်ဘလော့ကိုယ် ကိုယ်တိုင်စပြီး အသက်သွင်းကာစကတော့အသားမည်းမည်း၊သွားကျဲကျဲလေးပါဘဲ(အခုလည်းမလှပါဘူးး) နောက်တော့မှ နေ့မနား၊ ညမနားကျေးဇူးနဲ့မအိပ်မနေ၊အသက်ရှည်ရာကနေခုလိုသင့်သင့်တင့်တင့်နဲ့ကြည့်ပျော်ရှုပျော်ဖြစ်လာခဲ့တာပါ။ဒါကြောင့် သမီးစံဘလော့လေးကို တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်ဖြစ်နေအောင် နည်းကောင်း၊လမ်းကောင်းလေး များရှိရင် ပေးသနားကြပါလို့...း)။

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?

အဓိက ကတော့..ရေးချင်တာလေးတွေရေးဖို့ပါ။ဒါကြောင့် ရေးကာစက ဘလော့နာမည်ကို “အရှုးလွယ်အိတ်” လို့ပေးမလို့ပါ။အရှုးလွယ်အိပ်လို့ပေးလိုက်ရင် ကောင်းတဲ့သူတွေမလာတော့မှာစိုးလို့ ဆယ့်ခြောက်နှစ် တစ် ရက်လျော့နေတဲ့ကိုယ်တိုင်ကသမီးသာသာရှိတာမို့နာမည်တစ်လုံးထည့်ပြီး“သမီးစံ”ဖြစ်သွားရတာပါ။ နောက်ပြီး ဒီဘလော့မှာတင်တဲ့ ပို့စ်တပုဒ်ဖတ်ပြီးရင် စိတ်ထဲတစ်ခုခု ကျန်ခဲ့စေချင်တဲ့ ရည်ရွယ်ချက်လေး လည်းရှိပါတယ်။နောက်ဆုံး ဘာမှမကျန်ခဲ့ဖူးဆိုရင်တောင် ဖတ်လို့ မကောင်းဘူး၊ ဘာတွေရေး ထားမှန်း မသိဘူး လေးတော့ကျန်ခဲ့မှာပါနော်း)။

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … 
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?

နွေလကပြောပါတယ် သူ့ဘလော့ကို Nick Name ပေးတယ်။ My Treasure တဲ့။သမီးစံကပေးပါတယ်။“ရင်နှင့်သည်းခြာ”လို့း)။ ဘလော့ဂါတိုင်း တုနှိုင်းမမှီတဲ့မေတ္တာနဲ့ ကိုယ့်ဘလော့လေးကို နာမည် တစ်ခုစီတော့ ပေးထားကြမှာ သေချာပါတယ်။ အမိ၊အဖလိုပေါ့..။ ကိုယ် တိုင် ကျွေး၊မွေးထားရပြီး ဘာမှ မျှော်လင့်မထားတာ...။ခုကတော့ အင်တာနက်ဖိုးနဲ့ မကျွေးရုံ တစ် မယ်ပါဘဲး)။မြတ်နိုး၊တန်ဖိုး ထားတာကတော့ ဘ၀ရဲ့“အိုအေစစ်”လေး တစ်ခုလိုပါဘဲ။ ၀မ်းနည်းစရာရှိလည်း အကူအညီတောင်းရင်း ၀မ်းနည်းလို့ရပါတယ်။ပေါက်ကွဲ စရာလေးတွေရှိလည်း (ပတ်ဝန်းကျင်ကြည့်ပြီး)ပေါက် ကွဲလို့ရပါတယ်။ဆူမယ့်သူ မရှိ၊အော်(ငေါက်)မယ့်သူမရှိ၊စာပေစိစစ်ရေးမရှိတဲ့ တကယ့်“အိုအေစစ်”လေးပါ ။မြတ်နိုး၊တန်ဖိုးထားပါတယ်။ ပျောက်သွားရင်တော့ သူ့ကံပေါ့လေ..း)

(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?

ဘလော့ရေးနေတဲ့ အီးမေလ်းအကောင့် ပျက်တယ်ဆိုတော့ ဘလော့ပျောက် သလိုဘဲပေါ့နော်။ ကြုံခဲ့ဖူးပါတယ်။အကောင့်က ၀င်နေရင်းနဲ့ သူ့အလိုလို Sign Out ပုံစံမျိုး ဖြစ်သွားတာပါ။နောက် Password ထည့်ပြီး ပြန်ဝင်တော့ Verification Code ဆိုပြီးတောင်းပါတယ်။မှတ်မှတ်ရရ April Fool ညမှာပါ။သုံးနေကျ အကောင့်မဟုတ်ဘဲ ဘလော့ရေးဖို့ သီးသန့်ဖွင့်ထားတဲ့အကောင့်ဖြစ်နေလို့ တော်ပါသေးတယ်။ဒါနဲ့ဘဲ သုံးနေကျ အကောင့်ထဲကိုဝင် G-Talkကနေ အစ်ကို၊အစ်မတွေကိုလှမ်းပြောတော့ ဘယ်သူမှ မယုံကြပါဘူးး)။ ကံကောင်းချင်တော့ မေခလာနတ်သမီးတစ်ပါးက ယုံသွားပါတယ် (မေခလာနဲ့နှိုင်းတော့ သဘော ကျပါ့ မလားမသိး)။“ခံစားမှုသံစဉ်”ဘလော့ကိုရေးတဲ့ အစ်မပစ်ပစ်ပါ။သူ့ရဲ့ဖုန်းနံပါတ်နဲ့ အိုကေမှာ စိုပြေသွား ပါ တယ်။ကံသီလို့ပါ..။မောင်နွေလကော..အဲဒီ့လိုဖြစ်သွားတာထင်ပါရဲ့..။ကလေးက ငယ်သေးတော့ စိုးရိမ် သွား ရှာတာပါး)

(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?

ပျောက်ဆုံးသွားတယ်လည်းမဟုတ်ဘဲနဲ့ နည်းနည်းလေးကံကောင်းသွားတာပေါ့။နှလုံးရောဂါမရှိတဲ့အတွက် ဘယ်လိုမှ မခံစားလိုက်ရပါဘူး။နောက်ပြီး မေလ်းအကောင့်ဒီလိုဖြစ်ရင် ဒီလိုပြန်လုပ်လို့ရတယ်ဆိုတာ သိထားနှင့်လို့ပါ။အကယ်၍ အဲ့ဒီ့ညက ကိုယ်ပြောတာ ဘယ်သူမှမယုံခဲ့လို့ အကောင့်ပြန်ဖြည်ဖို့မ မဖြစ်နိုင်ခဲ့ရင်တော့ အိပ်လို့ပျော်တော့မယ်မထင်ပါဘူး။

တစ်ရံသောအခါကတော့ စိုးရိမ်ကြောင့်ကြခဲ့ဖူးပါတယ်။ရခိုင်ပြည်မှာ ကိစ္စထူးဖြစ်ရာကနေ အိုင်တီသမား အချင်းချင်း ဟိုဘက်သည်ဘက် သူHack ငါHackနဲ့ ဘလော့ဂါတွေလည်း လှုပ်လှုပ်၊ လှုပ်လှုပ် ဖြစ် ကုန်ပါ တယ်။ဘာလုပ်ရင်ကောင်းမလဲ၊ဘယ်လိုလုပ်သင့်သလဲ တိတ်တိတ်ကလေး လိုက်ဖတ်၊လိုက်မှတ်နဲ့ နည်းနည်း ရှုတ်သွားရပါတယ်။တိုင်းတစ်ပါးသား Hack တာတော့မခံနိုင်ပါဘူး။အချင်းချင်းဆို တောင်းပန်လို့ ရနိုင် ပါသေး တယ်။နောက်ဆုံးတော့ “သမီးစံ”လေး ဘေးမသီ၊ရန်မခခဲ့ပါတယ်။(ညာဖက်အောက်ဆုံးနားက ၀က် ကလေးကြောင့်လည်းဖြစ်နိုင်ပါတယ်း)ကိုယ့်အိမ်က တောကျတဲ့ဘက်မှာ ဖြစ်နေတာလဲပါပါလိမ့်မယ်။

ပျောက်ဆုံးသွားခဲ့ရင် ဆိုတဲ့အတွေးတွေးမိတိုင်း Blog ကို Backup လုပ်ထားဖြစ်ပါတယ်။အတတ်နိုင်ဆုံး ၀ဲကင်းအောင်ထားပါတယ်။တစ်ပတ်တစ်ခါ ဆရာဝန်နဲ့ပြပါတယ်း)။ဒီကြားထဲကမှ ဖြစ်တောင့်၊ဖြစ်ခဲရင်း မတော်တဆ သွားခဲ့ရင်တော့ လက်လွှတ်ရတော့မှာပါ။


ဒီပို့စ်ကိုတဂ်လုပ်ပေးတဲ့ နွေလကို ကျေးဇူးတင်ပါတယ်။သူ့ဘလော့လေးပြန်ရတော့ သူလည်းပျော်နေပါတယ်။

ကဲ..အပျော်လေးတွေ ကူးဆက်လိုက်ကြရအောင်..


-အစ်မဒမ်ကိုး
-အစ်မခရစ္စတယ်
-မကြီးစန်းထွန်း
-အစ်မပစ်
-မိုးည
-မြတ်နိုး(MUFL)
-ထရီဆာ
-ကြည်ဖြူ
-ဘကြီးအောင်
-မမမ
-ဆတွတ်
-နေမင်း
-သီဟ(လုလင်)
-ကိုပဥာဏ်
-မောင်မောင်(မြစ်ဆုံ)
-ကိုတူး
-မောင်ဘုန်း

ဒီစာရင်းကို အလကားသက်သက် ပြုစုထားတာတော့ မဟုတ်ပါဘူးရှင်း) လေးစားသမှုနဲ့ Relay Tag Post ပါ..။




ချစ်ခင်လေးစားလျှက်

21 comments:

  1. ဖတ်ခဲ့ပါတယ် နာပထမလာဖတ်တာထင်တယ်..
    ဟုတ်ဟုတ်မဟုတ်ဟုတ် ဖတ်ခဲ့ပါတယ်..:P

    ReplyDelete
  2. ဖတ်သွားတယ် အမရေ တဂ်ပို့စ်လေး...:-)))

    ReplyDelete
  3. ဒီလိုနဲ့ သူချည်နှောင်တဲ့ ကြိုးလေးက တဖြည်းဖြည်း ရစ်ပတ်မှုတွေ များလာပြိး သူမှသူ ပါ....:):)(သူ=ဘလော့)

    ReplyDelete
  4. :).. အရင်ဦးဆုံးပြုံးပါရစေ.. ရေးထားတာလေးတွေက တကယ်ချစ်ဖို့လည်းကောင်း.. သဘောကျဖို့လည်းကောင်း.. အင်း.. ကြည်ဖြူလည်း ရေးရမှာပေါ့.. ဖတ်တဲ့သူအဆင်ပြေဖို့လည်း ကြိုးစားရေးရဦးမှာပဲ.. ခုထိတော့ သူများတွေရေးသမျှ တဂ်ပိုစ့်လေးတွေက အားလုံးဆင်ပြေတယ်..ကိုယ့်ကျရင်တော့ သိဘူးနော်.. သမီးစံပြောမှ.. ကြည်ဖြူတောင် ဘလော့ဂ်လေးကို ကိုယ့်နာမည်ပဲပေးထားပြီး တစ်ခြားနာမည် မမှည့်ထားမိပါလား တွေးမိသေးတယ်.. ဟုတ်သား.. သမီးစံရဲ့ ဘလောဂ့်လေး နောင်ရတုအဆက်ဆက်.. တည်တံ့ပါစေဖို့ ဆုတောင်းရင်း အမြဲတမ်းလည်း အားပေးနေပါ့မယ်.. ပျော်ရွှင်ပါစေ သမီးစံရေ... ။

    ချစ်ခင်စွာဖြင့်
    ကြည်ဖြူ

    ReplyDelete
  5. တဂ်ပို့စ်လေးဖတ်သွားတယ် သမီးစံရေ။
    ဘလော့ဂါတွေရဲ့ ခံယူချက် ခံစားချက်နဲ့ အမြင်လေးတွေက
    တစ်ယောက်တစ်မျိုး ဖတ်လို့ကောင်းတယ်း) အခြေခံလေးတွေတော့ တူကြတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဟင်း ဟင်းးးးး :)

    ReplyDelete
  7. တဂ်ပို့ စ်လေးအားပေးသွားတယ်...............

    ReplyDelete
  8. တဂ်ပို့စ်လေးကိုအားပေးသွားပါတယ်
    အတုယူစရာကောင်းတဲ့တဂ်ပို့စ်လေးပါပဲ

    ReplyDelete
  9. တူကလည်း နောက်မှ ရေးတေးတယ်.။ တများကို လာပီး လက်တို့နေတယ်.။
    ကားပေါ်မတက်ခင်ဖတ်သွားသည်...။ တာ့တာ.။ ပြန်လာမှ ပို့စ်တင်တော့မည်.။

    ReplyDelete
  10. အပျော်တွေ ကူးဆက်လာပါတယ်
    ဘလော့ပြန်ရတဲ့ အပျော်နဲ့
    အခုတဂ်စာလေးကို ဖတ်ရတဲ့ အပျော်
    အပျော်ချင်းဆင့်နေတယ်
    ရင့်နင့်သည်းခြာပိုင်ရှင် အစ်မသမီးစံရေ
    ရေးပေးတာ ကျေးဇူးပါဗျာ

    ReplyDelete
  11. မြတ်နိုးသူ(MUFL)August 11, 2012 at 11:34 AM

    လာရောက်ဖတ်ခဲ့ပါတယ်နော်
    အားပေးသွားပါတယ်သမီးစံရေးခိုင်းထားတဲ့တဂ်ပို့လေးလည်း
    ရေးလိုက်ပါ့မယ်နော်

    ReplyDelete
  12. ဟင်းးဟင်းးဟင်းး..တို့လာသွားတယ်..သိလား..

    ReplyDelete
  13. တမင်တဂါလာလာဒုတ်ခပေးဒယ်နော်...လို့ပဲ...ဟစ်ရတော့မှာလား...
    အသဲကောင်းလို့..ပွဲတောင်းတာလား..ဆိုပြီးပဲ.....လက်ခမောင်းခတ်ရမလားပဲ...
    ခုတလော..ကုန်ကြမ်းပြတ်..ကွန်မကောင်းတာမို့...ချစ်လေးကိုပစ်ထားတာကြာပေါ့(ချစ်လေး=မိုင်ဘလော့ ကျောက်မဲဒေါ်ကွန်း :P )
    ကဲ...ခုလို..လေးစားသမှုနဲ့ relay tag post နဲ့..တစ်ပွဲတစ်လမ်း.အကဲစမ်းခွင့်ရလာပြန်တော့လည်း..အများသူငှာ စိတ်မချမ်းမသာဖြစ်အောင်... (အယ်..မှားလို့)...လာရောက်ဖတ်ရှုလို့...ကျောက်မဲသားလေး..မောင်မောင်တွတ်ရဲ့ ချစ်လေး နဲ့တွေ့ဆုံခန်း၊ အနမ်းများနဲ့အသက်သွင်းခြင်း၊သူနဲ့သာဆိုရင်၊ နှစ်ကိုယ်တူချစ်သမျှ၊ စသည်ဖြင့်.ဝေေ၀ဆာဆာဖြစ်အောင်.လက်ကုန်ဖွင့်..ရေးသားသီကုံးပါ့မည်ဖြစ်ကြောင်း....ဒူ..ဝေ....ဝေ....

    ReplyDelete
  14. အန်တီလေးမေခင်August 11, 2012 at 4:02 PM

    သမီးစံတဂ်ပို.လေးအားပေသွားပါတယ်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  15. မမရဲ့တဂ်ပိုစ့်လေးဖတ်ရင်း အရေးအသားလေးတွေကို အရမ်းသဘောကျတာပဲ ... ကိုယ့်ဘလော့ဂ်လေးအပေါ် ကိုယ်ထားတဲ့သံယောဇဉ်အတိမ်အနက်ဘယ်လောက် ရှိတယ်ဆိုတာ ညလေးတို့တောင်မြင်လိုက်နိုင်ပါတယ် ... တဂ်ပိုစ့်လေးတစ်ပုဒ် အမြန်ဆုံးရေးရအုံးမယ် ... :)

    ReplyDelete
  16. ဖတ်သွားတယ် သမီးစံရေ.ရင်နှစ်သည်းခြာလေးအကြောင်း :D

    ReplyDelete
  17. ချင်းတွင်းမြစ်ကြီးထဲကနေ စာလာဖတ်သွားတယ် မီးစံရေ

    mgbakyaing

    ReplyDelete
  18. အင်းနော် အဲ့လိုဖြစ်မှာကိုတော့စိတ်ပူစရာပဲ
    တကယ်ကြုံလာရင်တော့ဘယ်လိုလုပ်ရမလဲ မသိသေးဘူး..

    ReplyDelete
  19. အောင်မငှီး..ညည်းက ကျူပ်ကို တဂ်ထားပါလား..ဂစ်..ဂစ်..(တက်စာကျွှေးလို့  တက်သွားရှာလေသည်..) အားတာနဲ့  ရေးမယ်နော် ယောက်မလေးရေ..သူ့ အစ်ကိုကို ပေးခြင်းမဟုတ် ကျူပ်မောင်လေးချောချောလေးကို ချောင်းတော်မူနေသော သမံစီးရေ သတိတရ တဂ်တဲ့အတွက် ကျေးဇူးပါရှင်

    ReplyDelete
  20. ဖတ်သွားပါတယ်သမီး

    ReplyDelete
  21. သမီးစံစတိုင် Tagအဖြေလေးတွေက ဖတ်တဲ့သူကို အပြုံးတွေ ကူးစက်လာရော...

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..