Friday, October 26, 2012

ဒီနေ့အတွက်

ဝါလကင်းလွတ်တဲ့ မြန်မာတို့ရဲ့ သတင်းကျွတ်လ အခါသမကိုရောက်ခဲ့ပြန်ပြီဖြစ်ပါတယ်။ထုံးစံအတိုင်းပါဘဲ အပျံသင်ဖို့ ငှက်မောင်နှံတွေ အားယူနေကြတဲ့အချိန်ဆိုပါတော့..။ သူတို့ဘာသာ အပျံသင်ကြ ရင်း နောက် ကလိုက်ရတဲ့ အရင်းအနှီးကလည်း တယ်..မသေးလှပါဘူး။ဒီနှစ်အတွက်တော့ အမျိုးထဲက စုံတွဲ သုံးတွဲ ကံစမ်းမဲပေါက်ပါတယ်။ကိုယ့်အတွက်တော့“ညည်း..မင်္ဂလာဆောင်ရင် ရေခဲသေတ္တာတင်မဟုတ်ဘူး တီဗွီ တစ်စုံပါ အဆစ်ထည့်ပေးမယ်..” ဆိုပြီး အားပေး အားမြှောက် ပြုနေသူများ ရှိလာတာကြောင့် ကိုယ် တိုင် ပရိုမိုးရှင်း လုပ်ဖို့ ကြိုးစားကြည့်ပါမယ်း)။

သတိထားမိသလောက်တော့ မင်္ဂလာဆောင်ကြမယ့် စုံတွဲလေးတွေက တစ်နှစ်ထက်တစ်နှစ် အသက် ကလေးတွေ ငယ်..ငယ် လာကြသလားလို့ပါ။ဖြစ်ချင်တာ၊လုပ်ချင်တာလေးတွေ လုပ်နိုင်သေးတဲ့ အရွယ် အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်နေနိုင်သေးတဲ့အရွယ်မှာ ဖြတ်လတ် တတ်ကြွနေ ရမယ့် အစား အချစ်ကိုဦးစားပေးနေကြတာ စိတ်မကောင်းတော့ဖြစ်မိပါတယ်။ အိပ်ကပ်ထဲက ဘားချက်ကိုပါ ထိခိုက်လာတဲ့အတွက် ပိုပြီးဝမ်းနည်းရပါတယ်း)။သူတို့လေးတွေကဘဲ ခေတ်ရှေ့ပြေးနေကြတာလား၊ ကိုယ်တိုင်ကဘဲ ခေတ်နောက်ကျနေတာလား သမီးစံ တွေးမတတ်တော့ပါဘူး။ တွေးမတတ်တတ်တော့လို့ မတွေးဘဲထားရင် ခေတ်နောက်ကျရုံတင်မဟုတ်ဘူး။ပြတ်ပါ ကျန်ခဲ့မယ့်အနေအထားပါး)။ တစ်ချို့ ကျတော့လည်း ငယ်တုန်းမှာ မစဉ်းစားဘဲဥစ္စာပစ္စည်းအသင့်အတင့်နဲ့ ပညာစုံပြီ၊ ကြင်ယာ လည်း တွေ့ ထားပြီဆိုမှ ဂဟေဆက်ကြမယ်ဆိုတော့.. ပြောကြပြန်ပါတယ်။ မိုးလွန်မှ ထွန်ချ သတဲ့..။ တစ်ခါ တစ်လေ ပတ်ဝန်းကျင်ကဘဲ လူတွေရဲ့စိတ်ကိုပြုပြင်ပေးသလို ဒီပတ်ဝန်းကျင်ကဘဲ လူတွေ ကို ပျက် စီးစေ ပါတယ်။ ဒိတ်ဒိတ်ကျဲချမ်းသာနေတဲ့ သဌေးကြီးကအစ...ဟိုးလမ်းဘေးမှာ တောင်းစားနေတဲ့ သူ တစ်ယောက် အဆုံးပေါ့..။တရားရပြီး သီလရှင်ဝတ်ချင်ပါတယ်ဆိုတာတောင် ဇရပ်လုတဲ့အဖြစ်နဲ့ ကြုံနေကြတာ အများ ကြီးပါ။ တစ်ချို့လူတွေပြောကြပါတယ်။ တရားကျပြီး ဘုန်းကြီးဝတ်တော့မယ်၊ သီလရှင်လုပ်တော့ မယ်နဲ့..။ တကယ်တမ်းကျတော့ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ သာသနာ ၀န်ထမ်း ရတာ တော်တော် မလွယ် လှပါဘူး။မယုံဘူးဆို ကြုံဖူးမှ သိကြပါလိမ့်မယ်း)။

သာသနာ့ဝန် ဆိုလို့ ကြုံတုန်းလေး လွှတ်တော်ကိုတစ်ခုတင်ပြချင်ပါတယ်။(မခံစားနိုင်တော့လို့ပါ) သာသနာကိုညှိုးနွမ်းအောင် ဖျက်စီးနေကြတဲ့အတုအယောင်ဆောင်တွေအကြောင်းပါ။ တွေ့နေရပါတယ်။ ဘုရားပုံအကြီးကြီးတွေလည်ပင်းမှာဆွဲပြီးတော့ ကိုယ့်ရှေ့လာရပ်တဲ့အဖြစ်မျိုးတွေ၊ (ကားပေါ်မှာ ) ဘယ်ကျောင်း၊ဘယ်တိုက်ကပါ၊မယုံလျှင်စုံစမ်းမေးမြန်းနိုင်ပါသည် ဆိုတာမျိုးတွေ..။ ဖိနပ်ပြတ်သွားလို့ အလှူ ခံပါတယ်။ တစ်ခါတစ်လေ နေရင်းထိုင်ရင်းနဲ့ကို(ပါးစပ်လှုပ်ရုံအသံဖြေးဖြေးထွက်ပြီး) ဆဲသွား တာမျိုးတွေ ကိုယ်တိုင်ကြုံရတာများလာတော့ သာသနာတော်အတွက် အရမ်းဝမ်းနည်းမိပါတယ်။ကိုယ်အပါအ၀င် လူတွေကလည်း မပြောကြပါဘူး။ ကိုယ်ချင်းလည်းစာပါတယ်။ လူတစ်ယောက်ကိုတိုင်ပြီ၊တောပြီဟေ့ဆို နားလည်ရသလောက်ကတော့ ခိုင်မာတဲ့သက်သေရှိမှရပါတယ်။အဲ့ဒီ့အတွက် ကိုယ့်အလုပ်လည်း ပျက်ပါတယ်။အသွားမတော်ရင် ကိုယ့်စီးပွားရေးပါ ထိခိုက်လာနိုင်တာဆိုတော့ ဘယ်သူမှလည်း အရေးတစ် ယူမရှိလှဘူးလို့ယူဆပါတယ်။ ဒါတွေကို လွှတ်တော်လူကြီးမင်းများ နဲ့ဆိုင်ရာလူကြီးမင်း များ က ဖြေရှင်းဆောင်ရွက်ပေးသင့်တယ်လို့ (စကားကြုံတုန်းလေး) ရင်ဖွင့်ပါတယ်။စာရေးပြီးတိုင်ဖို့ မဖြစ်နိုင် တာမို့ ကိုယ်ပိုင်တဲ့ ကိုယ့်စာမျက်နှာမှာဘဲ အကူအညီတောင်းပါတယ်။ဒီစာဖတ်နေတဲ့အထဲမှာ အမတ်လောင်းတွေ ပါနေတယ်ဆိုရင်လည်း မှတ်ထားပေးဖို့တောင်းဆိုပါတယ်း)။

ဒီစာရေးနေရင်းနဲ့ အမေကလှမ်းပြောပါတယ်။“ဟဲ့..ကလေးမလေး လူကြီးတွေကိစ္စ၀င်မပါနဲ့ ကိုယ့်ဘာ ကိုယ်နေစမ်း.. နှမ်းတစ်လုံးထဲနဲ့ဆီမဖြစ်ဘူးဟဲ့...”ပြောတော့... ဒီကိစ္စ ဒီမှာ တင်ရပ်ပါမယ်။ (ဒီ နှမ်းတစ်လုံး ထဲနဲ့ ဆီမဖြစ်ဘူးဆိုတဲ့ စကားပုံကလည်း ဘယ်တုန်းက တည်းက ပေါ်လာခဲ့သလဲမသိပါဘူး။)

ဒီနှစ်သတင်းကျွတ်ကိုတော့ခရီးတစ်ခုထွက်ဖြစ်မယ်ထင်ပါတယ်။ ဒီခရီးစဉ်က သေချာသွားရင်တော့ သွားမယ့်ရက်ထဲမှာ ကိုယ့်မွေးနေ့ပါ ပါသွားပါတယ်။ဒါကြောင့် အဆိုပါအရပ်မှာ ရှိနေကြတဲ့ ဘလော့ဂါတွေ အတွက်ကတော့ ကံကောင်းတာလား၊ကံမကောင်းတာလား...း)။မွေးနေ့ရှင်မို့ ကျွေးရတယ်လို့လည်း ဘယ်သူကမှ ပြောမထားခဲ့ပါဘူးနော်။

စာလည်းမရေးတာကြာလို့ မရေးတတ်တော့ပါဘူး။ ဖေ့ဘုတ်ကြီးကိုဘဲ တမ်းတမ်းစွဲနေတော့ ခက်တော့ လည်းခက်ပါတယ်။ ဘလော့ဂါတွေဖေ့ဘုတ်ပေါ်ဘဲနေကြတော့မလား? ဘလော့မရေးတော့ ဘူးလားနဲ့ သို့လော..သို့လော....။ ဖေ့ဘုတ်ကလည်း ဖေ့ဘုတ်ပါဘဲ status တစ်ခုတက် ရင် နောက်ကလိုက်လာတဲ့ comment တွေကလည်း မြန်မှမြန်ဆိုတော့.. စည်စည် ကား ကား၊ ပျော်ပျော် ပါးပါးနဲ့ အပြန် အလှန် ချက်ချင်းသိရတဲ့အနေအထားလေးဆိုတော့ လူတွေစွဲလမ်းကြတာ မ လွန်ဘူး လို့ယူဆမိပါတယ်။ဒါပေမယ့်.. ကိုယ့်အိမ်ကိုတော့ အချိန်မှန်မှန် ပြန်လာဖို့လိုပါတယ်။(သူ့ကျ တစ်လလုံးနေမှ တစ်ပုဒ်လောက်ရေးပြီး သူ များလိုက်ပြောတယ်မပြောကြေးနော်း)

နောက်ဆုံးပြောချင်တာလေးက ဘလော့ဂါတွေထဲမှာ စုံတွဲပြီးသူတွေကော၊မတွဲရသေးတဲ့သူတွေရဲ့ သီတင်းကျွတ်အစီစဉ်လေးကိုလည်း သိချင်ပါတယ်။အောက်က comment box မှာရေးထားပေးခဲ့ပါ။ ကံစမ်းမဲ..“မဖောက်ပါဘူး” ။Lucky Draw အစီစဉ်လည်း... “မရှိပါဘူး”း)။တိုက်ဆိုင်၊ တူညီ တာလေးတွေ ရှိရင် ပျော်ပျော် ပါးပါး ဖြစ်သွားစေ ချင်တဲ့သဘောပါ။ အကျွေးအမွေးရှိတယ် ဆိုရင်တော့ အချိန်၊လိပ်စာ အတိအကျနဲ့ message ပေးခဲ့နိုင် ပါတယ်။(ရေးပြီးမှသတိရတယ် ကိုယ့်ဘက်က အရမ်းများ နစ်နာ သွား သ လားလို့..း)

ချစ်ခင်လေးစားလျှက်

10 comments:

  1. မမကတော့ ဒီနှစ်သီတင်းကျွတ် အစီအစဉ်မရှိသေးဘူးညမတော်ရယ်..ဟင်းးဟင်းးဟင်းးး

    ReplyDelete
  2. ဆေးဖြစ်ဝါးဖြစ်လာဖတ်တယ်ကွယ်...မရေးတာကြာတော့ ဖတ်ရကောင်းတယ်

    ReplyDelete
  3. ရေခဲသေတ္တာနဲ့ တီဗီတစ်စုံပါမက.....အဝတ်လျှော်စက်ပါ ထပ်တိုးတယ်ဟာ...... :P

    ReplyDelete
  4. အင်း .... အပျိုကြီးတော့ ဒီနှစ်လဲ ...ဒီအတိုင်းပဲပေါ့ ... ။

    ReplyDelete
  5. ဟုတ်တယ် သမီးစံရေ ..ခေတ်နောက်မကျပါဘူး ကိုယ့်အိမ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ခွင့်ရတဲ့အချိန်မှာ အရွယ်မတိုင်ခင် ထောင်သေးသေးလေးထဲကို ခြေစုံပစ်ဝင်သွားသူတွေတော့ အချစ်ကို ဦးစားပေးလွန်းတယ်လို့မြင်တယ်..
    မွေးနေ့ကို ကြိုပြီး နှုတ်ဆက်လိုက်တယ် ..ပျော်ရွှင်ဖွယ် မွေးနေ့အချိန်လေး ကြုံပါစေ သမီးစံရေ..ဒါနဲ့ စကားမစပ် အသက်တစ်နှစ်ကြီးလာပြီဆိုတော့ ..ဆိုတော့ပေါ့လေ..း))

    ခင်တဲ့
    အိမ်မက်

    ReplyDelete
  6. တစ်နေ့နေ့တစ်ချိန်ချိန်မှာ ..ကျွန်တော်အဲဒီကိစ္စတွေကို ထိန်းသိမ်းချင်တယ်..
    ရင်ထဲမှာထားရတာ ကြာပါပြီ..။ မနေနိုင်ရင်ဝင်ပြောချင်တဲ့စိတ်က ထိန်းမရဘူး.။
    တစ်ခါက တပ်ကနေ ပြန်လာတော့.လမ်းမှာကိုယ်တော်ငါးပါး..ရထားပေါ်မှာဆုံတယ်..။
    ညကြီးသန်းခေါင် လက်ဖက်ရည်တွေသောက်၊ နေကြာစေ့တွေစား.၊ အခွံတွေလမ်းပေါ်ကိုပစ်နဲ့.
    (စီးလာတာကလဲ အထူးအမြန်ရထား Upper ပါ.တော်တော်သန့်ပါတယ်)ကျိန်းတဲ့ကိုယ်တော်တွေကလည်း ပိုးလိုးပက်လက်တွေ.ပေါ့.။
    ရထားပေါ်မှာဆိုတော့ ဘာသာခြားတွေရှိမှာပဲဆိုပြီး မပြောပဲစိတ်ထဲမှာပဲထားလိုက်တယ်.။အိမ်သာသွားတော့ အဲဒီကိုယ်တော်တွေထဲကတစ်ပါးနဲ့ဆုံရော.။ မနေနိုင်တော့ လျှောက်မိတယ်.။
    မဖြစ်သင့်ပါဘုရားဆိုတော့.. ။ မိုက်ကြည့်ကြည့်ပြီး. မင်းကဆရာကြီးလားတဲ့...။
    ဘာပြောရမှန်းမသိတော့ဘူး.။လက်အုပ်လေးချီပြီးတော့ပဲ...ကိုယ့်နေရာကိုတိတ်တိတ်လေးပြန်လာခဲ့တော့တယ်.။ ရင်ထဲမှာတော့ မကောင်းဘူး..။ တစ်ချိန်ကျရင် အဲဒီကိစ္စတွေထိန်းနိုင်သလောက်ထိန်းချင်တယ်.။ရင်ထဲကဆန္ဒပါ.။

    ReplyDelete
  7. သမံစီး မွေးနေ့ က ဘယ်နေ့ တုန်း..တို့ များလည်း ဖိတ်ဦးနော်

    ReplyDelete
  8. သမီးစံရေ... ဘာသာရေးဘုန်းကြီးအလှူခံတာတွေနဲ့ပတ်သက်ပြီး အမြင်လေးတင်ပြထားတာ သဘောကျမိတယ်..။ အမတ်လောင်းနေရာကနေပြောရရင် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်ဖြစ်အောင် ရေးစေချင်တယ်..။ ဘုန်းကြီးတွေဖက်ကအမြင်မဟုတ်ပဲ ဘာသာသာသနာကို ရိုသေကိုင်းရှိုင်းတဲ့ဒါယကာ ဒါယိကာမတွေရဲ့ အမြင်ကိုသဘောမျိုးကို တင်ပြပေးချင်တယ်..။ FBမှာ အချိန်လျော့.. စဉ်းစားရေးပါဦးလို့ တိုက်တွန်းချင်တယ် သမီးစံရေ

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  9. ၀ါလကင်းလွတ်သီတင်းကျွတ်အစီစဉ်လေး
    လာဖတ်သွားပါတယ်။
    အမစံရေကြီးစဉ်ငယ်လိုက်ပဲနော်
    နာကညေးအလှည့်ပီးမှနာ့အလှည့်ရောက်မှာလေ
    ညေးအလှည့်တောင်မရောက်သေးဘူးဆိုတော့နာကအဝေးကြီးလိုသေးတာပေါ့နော်ဟီးနောက်တာပါ
    ခရီးထွက်ဖြစ်လို့မန်းလေးေ၇ာက်ခဲ့မယ်ဆိုအလည်လာခဲ့ပါ။.

    ReplyDelete
  10. အရေးအသားလေး ကောင်းပါ့...
    ဘာအစီအစဉ်မှ ရှိပါဘူး...
    ခုလောလောဆယ် အရှင်လတ်လတ်ကြီး
    အသဲကွဲနေတယ်..
    ကြော်ငြာဝင်ခဲ့ပါတယ်
    ခင်တဲ့ မိုးနတ်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..