Posts

Showing posts from June, 2012

ရသာစုံ

Image
အားနာလိုက်တာ...ပြောရမှာအားနားလွန်းလို့အသံသွင်းထားရမလိုပါဘဲး) အားနာပါတယ်နော်.. (ပြောပြန်ပြီ..)
ဒီနေ့မှ ဖုံခါရင်းနဲ့အိမ်ဖက်ပြန်လှည့်ဖြစ်ပါတယ်။ပိုင်ရှင်မရှိတဲ့အိမ်တွေ(အဖွဲ့တစ်ဖွဲ့က)လိုက်ဖြိုနေတယ် ကြားလို့ပါ..။ ကိုယ့်အိမ်နေရာလေး သိမ်းတဲ့ထဲပါသွားမှဖြင့်ဆိုပြီး..စိုးရိမ်စိတ်လေးနဲ့ ရောက်လာဖြစ်တာပါ။ ဒီရောက်တော့...အမြဲတမ်းကာစတမ်ဘာ၊အမာခံပရိတ်သတ်ကြီးတွေက လာလာနေပေး လို့ ကျေးဇူး တင် ရပါသေးတယ်။ မကြာမကြာ လာခဲ့ပေးဖို့ဒီကနေ တောင်းဆိုပါရစေ..(အိမ်လခမပေး လဲကျေ နပ်ပါ တယ် ရှင်;)
တစ်လက်စတည်း..
အိမ်ရှင်းရင်းနဲ့..ဟင်းပါချက်ကျွေးမယ်နော်..။ပြီးတော့ ပေါက်တတ်ကရလည်းနည်းနည်းပြောပါမယ်... :) (ပုံတွေကသုံးတော့သုံးပြီးသားပါ။ဒါပေမယ့်သုံးပြီးသားပါ..း) ချက်နည်းတွေကတော်တော်ခက်လို့ အချိန်ယူပြီးရှင်းပြပေးထားပါတယ်..။ :D
ဟင်းအမည် -  ပုဇွန်၊ချဉ်ပေါင်လျှာလည်ကြော် ဆွေမျိုးမေ့အောင်ကြော်နည်း -  ထောင်းထားသောငြုပ်သီးကိုဆီသတ်သည်။ပုဇွန်ထည့်သည်။ငရုတ်သီးစိမ်းထည့်သည်။ ချဉ်ပေါင်ရွက်ကိုစိမ်းစားငပိဖြင့်နယ်ကာ အပေါ်မှအုပ်သည်။သွေးတိုရှိသူများငပိမသုံးဘဲအုပ်နိုင်ပါသည်။ သွားကျိန်းပါကမိမိဘာသာဖြစ်သည်။း)

ဟင်းအမည် -  ကန်ဇွန်းတောက်တောက်ကြော် အရသာရှိအောင်ကြော်နည်း- ကြ…