Friday, June 29, 2012

ရသာစုံ



အားနာလိုက်တာ...ပြောရမှာအားနားလွန်းလို့အသံသွင်းထားရမလိုပါဘဲး)
အားနာပါတယ်နော်.. (ပြောပြန်ပြီ..)

ဒီနေ့မှ ဖုံခါရင်းနဲ့အိမ်ဖက်ပြန်လှည့်ဖြစ်ပါတယ်။ပိုင်ရှင်မရှိတဲ့အိမ်တွေ(အဖွဲ့တစ်ဖွဲ့က)လိုက်ဖြိုနေတယ် ကြားလို့ပါ..။ ကိုယ့်အိမ်နေရာလေး သိမ်းတဲ့ထဲပါသွားမှဖြင့်ဆိုပြီး..စိုးရိမ်စိတ်လေးနဲ့ ရောက်လာဖြစ်တာပါ။ ဒီရောက်တော့...အမြဲတမ်းကာစတမ်ဘာ၊အမာခံပရိတ်သတ်ကြီးတွေက လာလာနေပေး လို့ ကျေးဇူး တင် ရပါသေးတယ်။ မကြာမကြာ လာခဲ့ပေးဖို့ဒီကနေ တောင်းဆိုပါရစေ..(အိမ်လခမပေး လဲကျေ နပ်ပါ တယ် ရှင်;)

တစ်လက်စတည်း..

အိမ်ရှင်းရင်းနဲ့..ဟင်းပါချက်ကျွေးမယ်နော်..။ပြီးတော့ ပေါက်တတ်ကရလည်းနည်းနည်းပြောပါမယ်... :)
(ပုံတွေကသုံးတော့သုံးပြီးသားပါ။ဒါပေမယ့်သုံးပြီးသားပါ..း)
ချက်နည်းတွေကတော်တော်ခက်လို့ အချိန်ယူပြီးရှင်းပြပေးထားပါတယ်..။ :D

ဟင်းအမည် - 
ပုဇွန်၊ချဉ်ပေါင်လျှာလည်ကြော်
ဆွေမျိုးမေ့အောင်ကြော်နည်း -
 ထောင်းထားသောငြုပ်သီးကိုဆီသတ်သည်။ပုဇွန်ထည့်သည်။ငရုတ်သီးစိမ်းထည့်သည်။
ချဉ်ပေါင်ရွက်ကိုစိမ်းစားငပိဖြင့်နယ်ကာ အပေါ်မှအုပ်သည်။သွေးတိုရှိသူများငပိမသုံးဘဲအုပ်နိုင်ပါသည်။
သွားကျိန်းပါကမိမိဘာသာဖြစ်သည်။း)


ဟင်းအမည် -
 ကန်ဇွန်းတောက်တောက်ကြော်
အရသာရှိအောင်ကြော်နည်း-
ကြက်သွန်နီ(အနည်းငယ်)အားဆီသတ်သည်။အနည်းငယ်ညိုလာသောအခါ
အငြိုးတကြီးသင်ထားသောကန်ဇွန်းအားအပေါ်မှအုပ်သည်။
(ချွေရ၊ဆိတ်ရသောအလုပ်အားစိတ်မရှည်၍ဖြစ်ပါသည်။)
အရသာမှုန့်ထည့်သည်။စားသုံးသူအား“အာ”သွက်စေချင်လျှင်ရွှေအပ်ငရုတ်သီးစိမ်းဖြင့်ကုသိုလ်ယူနိုင်ပါသည်။

အသုပ်အမည်- 
အတိတ်မေ့မုန့်ဖတ်သုပ်
စားချင်စဖွယ်ပြုပြင်နည်း-
ခပ်ရွယ်ရွယ်ဇလုံထဲတွင်မုန့်ဖတ်ထည့်သည်။ငံပြာရည်(စိန်ခဲ၊ရွှေခဲ၊ငွေခဲသင့်တော်ရာ)အနည်းငယ်။
ငြုတ်သီးမှုန်(စားနိုင်သလောက်)၊ကြက်သွန်ဆီချက်၊အရသာမှုန့်ထည့်ကာရောသမမွှေသည်။
ဘဲဥ၊ငဖယ်၊ပဲကြော်၊နံနံပင်ထည့်ပါကပုံပါအတိုင်းရသည်။
သောကြာနေ့တိုင်းဗလီတက်..အဲလေ..(တစ်လနှစ်ကြိမ်ခန့်)သုပ်စားလေ့ရှိပါသည်။
သောကြာနေ့ဖြစ်သော်လည်းမိတ်ဆွေလာလည်၍မကြုံကြိုက်လျှင်ကျွန်ုပ်ရွှီးသည်ဟုမှတ်ပါလေ...း)
အကြော်အမည်-
လိုက်ပွဲမလောက်ထမင်းကြော်
မရှိကြော်ကြော်နည်း-
ကြော်မည့်အိုးထဲဆီထည့်သည်။ဆီပူလာလျှင်မုန့်ညှင်းထည့်သည်။ကြက်ဥဖောက်ထည့်သည်။
ခဏကြာလျှင်ထမင်းထည့်ကာကြော်သည်။အရောင်ကြိုက်လျှင်ဆီပူနေတုန်းနနွင်းမှုန့်သုံးပါ။
ထို့နောက်..မနေ့ကကျန်..အဲ(မှားလို့)ရယ်ဒီမိတ်ငြုတ်သီးကြော်နှင့်တွဲဖက်ပြင်ဆင်သည်။

အသုပ်အမည်-
လျှာဘရိတ်ပေါက်ကြက်သားသုပ်
လျှို့ဝှက်သုပ်နည်း-
အရွယ်တော်အိုးကြီးကြီးထဲတွင်ရေမြုပ်အောင်ထည့်၍ကြက်ကိုပြုတ်ပါ။မြန်မာကြက်စစ်စစ်ဖြစ်ရပါမည်။
ကျက်သွားလျှင်ဆယ်ကာအသားကိုနွှင်ပါ။ငြုတ်သီး(အပု(ခ)အရှည်)ကိုညက်အောင်ထောင်းပါ။
(ငြုတ်သီးထောင်းညက်လျှင်မိန်းမပီသသည်ဟုအဆိုရှိပါသည်။ချွေးမရွေးမည့်သူများ၊
ချွေးမဖြစ်မည့်သူများမှတ်ထားသင့်ပါသည်။)
ထောင်းထားသောငြုတ်သီးညက်သွားလျှင်ကြက်သွန်နီ(သင့်သလောက်)ထည့်ထောင်းပါ။
ဆား၊အချိုမှုန့်ထည့်ထောင်းပါ။(တစ်ခြားအမှုန့်ထည့်ပါကအရသာပျက်တတ်ပါသည်။)
နွှင်ထားသောကြက်သားနှင့်ရောနယ်ကာကြက်ပြုတ်ရည်နှင့်သုံးဆောင်နိုင်ပါသည်။

မြန်မာပြည်နေရာအနှံ့တွင်ရနိုင်သော(ဘဲဥအပါ)တစ်ပွဲငါးရာတန်မုန့်ဟင်းခါးဖြစ်သည်။
မိမိလက်ရာမဟုတ်ကြောင်းဝန်ခံပါသည်...း)

ဘဲသွေးအုန်းနို့ခေါက်ဆွဲ (အထက်ပါအတိုင်းပင်ဖြစ်သည်။)

သိထားသင့်ကာ..ရယ်ရသောဟာသဖြစ်ပါသည်။း)

စားပြီးသောက်ပြီး၊ရယ်ပြီးတော့.. ဘုရားဖူးကြစို့ကွယ်..
(ခံစားချက်ကလည်းအမျိုးမျိုးပါလားနော်း)

 ကဗျာဆန်သလားလို့ .. (ဘုရားပေါ်တောင်မရှောင်း)

 ဘုရားပစ္စည်းဖြစ်၍ပြစ်မှားခြင်းမှရှောင်ကျဉ်ပါရန်... 
(သို့သော်ပြစ်မှားမိပါသည်။)

 တစ်ခုမေ့သွားတယ်။ဘာပြောမလို့ပါလိမ့်...

ဘာပန်းတွေလဲမသိတော့ပါ... :)

ဟိုလိုလိုသည်လိုလို..ဘာလိုလို၊ညာလိုလိုနဲ့ တစ်လလုံးမှပို့စ်တစ်ပုဒ်သာတာဝန်ကျေပါသေးသည်။ ခွင့်ပြုပါ၊ ခွင့်လွှတ်ပါ(အာဇာနည်လေသံပေါ့)

အခုတလောကံဇာတာတက်တယ်ဘဲဆိုရလေမလား “လာနေပြီဟေ့၊၀င်လာပြီဟေ့ ကလေးတွေဝင်ဆွဲနေပြီ” ဆိုလို့ တုတ်ဘဲဆွဲ ရတော့မလို၊ ဓားဘဲကိုင် ရတော့မလိုဖြစ်သွားတာကြောင့်ပါ..။တကယ်တမ်း လက်ထဲရှိ တဲ့လက်နက်က ယက်တောင်တစ်ချောင်းတည်း...။  :)

လမ်းထိပ်ကမုန့်ဟင်းခါးသည်လေးကလည်း (တစ်နေ့လောက် နေရာမရှိလို့သူ့ရှေ့ထိုင်စားမိပါတယ်)တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်ဆိုလိုဆို.. နဖူးကခြေဖျားထိလှတယ်ပြောလိုပြောနဲ့ “အိမ်း..ဆရာလေးလည်းဒီသံသရာထဲမှာ တ၀ဲလည် လည် ပါဘဲ လားနော်..” :)



ချစ်ခင်လေးစားလျှက်..


21 comments:

mstint said...

အစားအသောက်လည်းကျွေး ဘုရားလည်းဖူးခိုင်း ပန်းတွေလည်း လက်ဆောင်ပေးတဲ့အတွက် ခွင့်ပြုတယ် ခွင့်လွှတ်တယ် သမီးစံရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော (အစိမ်းရောင်လင်ပြင်) said...

နေကြာပန်းလေ သိဘူးလားး)
ဟင်းတွေကတော့ စုံပါ့ကွယ်
နာမည်ကလဲ အမျိုးမျိုးဘဲ ပေးတတ်တယ်..
မိစံလက်ရာမဟုတ်လောက်ဘူး ထင်တော့ထင်သား :P
အိမ်ကလေး သူခိုးခိုးသွားမှာစိုးလို့ လာချောင်းကြည့်တာ..း)

လွင်ပြင်လှိုင်းငယ် said...

မီးမီးလေးရေ ပါပါးလာရောက် သရည်ကျသွားပါတယ် တကယ်လဲစားရဘူး။အိမ်ရောက်မှ
မာမားကို ချက်ခိုင်းရမယ်

Angelhlaing(May everybody be happy and healthy! said...

သမိးစံတစ်ယောက် အဝေးရောက် ဘလော့ဂါတွေကို အနုနည်းနဲ့ နှိပ်စက်နေပါတယ်...ဗျို့..:):)

နွေလ said...

ဝါးတီးဖွင့်သွားတယ်
ကျေးကျေးနော်
အစ်မက မတွေ့တာကြာလို့
ပိုတောင်လှလာသလိုပဲ

အလွမ်းမြို့ said...

ညီမလေးရေ မကြီးလွမ်းလာရောက် အားပေးတွားတယ်။
ချက်ထားတာလေးတွေက သရေကျစရာတွေ။
အဟင့်။
သများကတော့ စားချင်ပေမဲ့ (ဦးမိုးဒီလို တားတားချားချင်တာ ချားလို့ရတေးဝူး)


ခင်တဲ့
မကြီးလွမ်း

နေမင်း said...

တော်တော်စားလို့ကောင်းတယ် အမ ....
စားပြီးတော့ ဘုရားတွေလည်း ဖူးလိုက်တယ်လေ...
ပြီးတော့ စိတ်အေးချမ်းဖို့ကောင်းတဲ့ ပန်းခင်းလေးတွေထဲ လမ်းလျှောက်ခဲ့ပါတယ် အမရေ....:)))

ပစ်ပစ် said...

ဘာဘဲဖြစ်ဖြစ်အေ....ယပ်တောင်တချောင်းနဲ့
အေးရာအေးကြောင်းနေပါအေးဂျင့်ရေ..

camomile said...

ပုဇွန်ချဉ်ပေါင်လျှာလည်ကြော်လေး မသွားတယ်း)

ညိမ်းနိုင် said...

အိမ်း......အဲ့လို မစားရ၊အညှော်တောင်မခံရ၊ပုံကြည့်ပြီး သွားရည်တောက်တောက်ကျအောင်လုပ်သူတွေ
မွင်းဂါးသည် ရဲဇားစာပေးတာခံရပါစေဗျာ.....၊ချဉ်ပေါင်ကြော်စားချင်စိတ်က ထိန်းမရတော့ဘူး...နက်ဖြန်
ပန်နစူလာကို ခေါင်းပေါင်းဂျီးနဲ့သွားဝယ်စားတော့မယ်.....:))))

Mishell said...

ယောင်းယောင်းရေ-- စပ်မိစပ်ရာကွိစိကွစ--မျက်စိအရသာခံကာ သွားရေကျသွားပါသည်။ အိမ်အလည်လာလို့ ဧည့်ဝတ်မကျေ၊ မချက်တတ်ပါက ယောင်းယောင်းအဖြစ်မှ ပြတ်စဲမည်ဖြစ်ကြောင်း အတိအလင်းကြေညာအပ်ပါသည်။ ဖြောင်းဖြောင်းဖြောင်း-----ရွှီး---ရွှီး---ရွှီး

ကိုကိုမောင်(ပန်းရနံ့) said...

ဟင်းတွေကတော့ အကြိုက်တွေချည်းဘဲ။
မြန်မာပြန်ရောက်မှ လာစားဦးမယ်။
(ဖိတ်ကျွေးမှာကျနေတာဘဲ။း)

Anonymous said...

ကညိမ်းနိုင်ရဲ့ ဆုတောင်းကိုထပ်ကွန့်ဆုတောင်းပေးခဲ့ရမားးဟမ်းးးး
ချဉ်ပေါင်ခြံပိုင်ရှည်ကိုယ်တိုင်လည်း သွားရည်တတောက်တောက်ကျမတပ်ငတ်ကြီးကျမိသွားဒယ်

စိတ်နာဒယ်
အစားသောက်ပုံတွေနဲ့ နှိပ်စက်ကြတဲ့ ဘလော့ဂါတွေကို စိတ်နာဒယ် ဒါဗြဲ
မောင်ဘကြိုင်

...အလင်းစက်များ said...

အရဿာ မရှိအောင် ကြော်နည်း ချက်နည်းလေးတွေ တင်ပါ့လား :D

တွတ်တွတ် said...

လက်စသတ်တော့.စံစံက.ဆားချက်တာကိုး...ဟိ (ဒီအကြံလေးလဲကောင်းပါတယ်...အဟောင်းပြန်နွေးရတာပေါ့) :P

တတိယမြောက်သမီးတော် said...

ပုဇွန်ချင်ပေါင်ကြော်လေးဖတ်ရင်း ပါးတွေကျင်လာတယ်..
ရေးလဲရေးတတ်ပါ့တော် ..

san htun said...

ချဉ်ပေါင်ကြော်ကို သတိတရ ဖေ့ဘွတ်မှာ တဂ်တဲ့အတွက် ယောက်မတော်လိုက်မယ်..:P

မောင်ဘုန်း said...

သြော် ... ငါ့ နဲ့  .... ဗိုက်ဆာပါတယ် နေရာမှားလာပြီ ...

Iora said...

ဟင်းတွေကစုံနေတာဘဲ။
ယပ်တောင်လေးတော့မပျောက်စေနဲ့ နော်။း)
အို်င်အိုရာ

မြသွေးနီ said...

တစ်လတစ်ပုဒ်ဆို ဆိုသလောက်ပဲ စုံစုံစေ့စေ့ ရှိပါပေတယ် သမီးစံရေ..။ ဟင်းတွေလည်း ချက်တတ်တယ် တော်လိုက်တာ။ စစချင်း ချဉ်ပေါင်ကြော်လေးကို အကြိုက်ဆုံးပဲ။ ဟာသလေးကို အပြန်အလှန် ဖတ်ပြီးလည်း ရယ်မောမိရကြောင်းပါ။

ဝိ၀ိ said...

ပာင်းတွေ.သရေကျသွားတယ်..

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes