Monday, January 2, 2012

နှစ်သက်သလိုခေါင်းစဉ်ပေးပါ

















Source

အာဖရိက နိုင်ငံတစ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်း စီမံချက် ဆွေးနွေးပဲကျင်းပသည်။ ဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်သူများအနက်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ ရှေ့နေတစ်ဦး၊ ကထိကတစ်ဦး၊ ဆရာဝန်တစ်ဦးနှင့် အုပ်ချုပ်ရေးအရာရှိတစ်ဦးတို့က အောက်ပါအတိုင်း ၀င်ရောက်ဆွေးနွေးကြသည်။
လုပ်ငန်းရှင်။   ။ ဆင်းရဲတာမရှိလို့ပါ။ နွမ်ပါးတာက ချို့တဲ့လို့ပါ။ စီမံချက်တွေအောင်မြင်ရေး ဘယ် လို ပါ ၀င် လှုပ်ရှားရမယ်ဆိုတာ ကျွန်တော်မစဉ်းစားတတ်ပါဘူး။
ရှေ့နေ။      ။ ချမ်းသာတဲ့သူတွေက အမှုပိုများတဲ့အတွက် စီမံချက်အောင်မြင်လာရင် အမှု တွေ ပို များ လာ မ လားလို့ တွေးမိပါတယ်။
ကထိက။     ။ အတွေးအခေါ်တွေတောင် ဆင်းရဲနေလို့ လောလောဆယ် ဘာမှအကြံမပေးနိုင်တာ စိတ် မ ကောင်းပါဘူး။
ဆရာဝန်။    ။ ပညာသင်ယူခဲ့ရတဲ့စရိတ်တွေ ပြန်ကြေပြီ ဆိုရင်တော့ စီမံချက်အောင်မြင်ရေးမှာ တက် တက် ကြွကြွ ပါဝင်ပါ့မယ်။
အရာရှိ။     ။ လုပ်ငန်းလမ်းညွှန်တွေချပေးပါ။ အဲဒါတွေမရှိရင် အလုပ်မလုပ်တတ်လို့ပါ။
(မှတ်ချက်။  ။ စေတနာဆင်းရဲခြင်းက အရင်းခံအုပ်မြစ်တစ်ခုဖြစ်၏)


အတော်ဆုံးလူ

လေယာဉ်ငယ်တစ်စင်းပေါ်တွင် လူလေးယောက်လိုက်ပါလာသည်။လေယာဉ်မှုး၊ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၊ ကမ္ဘာတွင် အတော်ဆုံး အတတ်ဆုံးလူသားနှင့် ပန့်လူငယ်တစ်ယောက်တို့ဖြစ်သည်။
(လေယာဉ်)ပျံသန်းနေရင်း မကြာခင်ပြဿနာပေါ်လာသောအခါလေယာဉ်ပျက်ကျတော့မည်ဖြစ်ကြောင်း သို့သော် လေယာဉ်ပေါ်တွင် လေထီးသုံးခုသာပါလာကြောင်း လေယာဉ်မှုးကပြောသည်။
ကမ္ဘာ့အချမ်းသာဆုံးလူသားက သူသာအသက်မရှင်လျှင် သူ၏ရှေ့နေများက ကျန်လူများအား တရား စွဲ ဆို လို့ ဆုံးမှာမဟုတ်တော့ဟု ဆိုကာ လေထီးတစ်ခုကိုယူပြီး ခုန်းဆင်းသွားသည်။
ကမ္ဘာ့အတော်ဆုံး အတတ်ဆုံးဆိုသူကလည်း သူမရှိလျှင် ကမ္ဘာသားများ ဒုက္ခရောက်ရချည်ရဲ့ဟု ပြောဆိုပြီး လေထီးတစ်ခုကိုယူ၍ လေယာဉ်ပေါ်မှ ခုန်ဆင်းသွားသည်။
ဤတွင်လေယာဉ်မှုးကပန့်လူငယ်အား“ကဲဒါဆိုမင်းနဲ့ငါနဲ့ပဲကျန်တဲ့လေထီးတစ်ခုကိုအသေအကျေလုရေ တာ့မပေါ့”ဟုဆိုလိုက်ရာလူငယ်က“အဲလိုမလုပ်ဖို့မလိုပါဘူး။လေယာဉ်မှုးကြီးရယ်။ကမ္ဘာ့အတော်ဆုံးဆိုတဲ့လူက ကျွန်တော့ကျောပိုးအိတ် ကိုယူပြီး ခုန်ချသွားတာ“ဟု..ဆိုပါတော့သည်။း)

ဖြေပါ

-လွပ်လပ်စွာပြောဆိုခွင့်ကို အလေးထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဘာဖြစ်လို့ ဖုန်းခေါ်ခတွေ ဈေးကြီးရတာလဲ။
-အလင်းနှစ်တစ်နှစ်မှာ ရက်သတ္တပတ်ပေါင်း မည်မျှရှိသလဲ။
-လေယာဉ်ထိုင်ခုံမှာ လေထီးတွေအစား ဘာဖြစ်လို့ ရေပေါ်ပေါ်နိုင်တဲ့ပစ္စည်းတွေ ထည့်ထားတာလဲ။
-တစ်နှစ်မှာ 365 ရက် 24 နာရီဖွင့်တယ်ဆိုတဲ့ ဆိုင်တွေမှာ ဘာဖြစ်လို့ သော့ဂလောက်တွေ ရှိနေရတာလဲ။
-အရက်သောက်ပြီးကားမောင်းလို့မရပေမယ့် ဘာဖြစ်လို့အရက်ဝယ်ဖို့ကားလိုင်စင်ပြရတာလဲ။

--------------------------------------



အမှိုက်ပုံထဲ..ခေါင်းနှစ်နေရတာမို့..မိတ်ဆွေများနဲ့အနေဝေးသလိုဖြစ်နေတာကို
သည်းခံပေးကြပါရှင်။
(အမှိုက်ပုံ=ကျောင်းစာ/တစ်ခြားကိစ္စအထွေထွေ)

ချစ်ခင်လေးစားလျှက်..

14 comments:

  1. ဖြေပါဆိုတဲ့မေးခွန်းကို မမလဲသိချင်တယ် ဖြေပေးပါ :D

    ReplyDelete
  2. စကားလုံးမရှိသော ခေါင်းစဉ်

    ReplyDelete
  3. အကြောင်းပြတယ်ပေါ့လေ သမန်စီးလေးး)

    ReplyDelete
  4. ပုံလေးသုံးပုံတာ့မသွားပြီ..
    ရယ်စရာဟာသ လေးတွေအတွက် ကျေးဇူး ပါ..
    (ဖြေကြ့ည်တာပေါ့နော်)
    .၁.။.ဆန်ဈေးကြီးလို့ပါ.
    ၂.။.ရှေ့အလယ်.အနောက်..ဆုံး ဂဏန်တွေမေ့.နေလို့.
    ၃.။.ဂျပိုး.ကိုက်လို့လေ..
    ၄.။. ရက်ထက်နှစ်တွေမှာ..ဆိုင်ပိတ်လို့လေ
    ၅.။.အရက်မ၀ယ်ဘူးသေးတော့..မသိပါဘူး..ခင်ညာ...း )p

    (ဒုတိယ)

    ReplyDelete
  5. ကျောင်းစာကတော.ဟုတ်ပါတယ်။ တစ်ခြားကိစ္စအထွေထွေဆိုတာက ဘာတွေများလည်း မသိဘူးနော် ဟဲဟဲ အပျိုကြီးနော်

    ReplyDelete
  6. ပုံလေးတွေလှတယ်
    စံစံနဲ့တူလို့

    ReplyDelete
  7. ကယ် ပေးလိုက်ပြီနော် ခေါင်းစဉ် "စိတ်ကူးတည့်ရာ"တဲ့။

    ReplyDelete
  8. ဘယ်လိုခေါင်းစဉ်ပေးရမလဲကိုမတွေးတတ်တော့ပါဘူး သမန်စီးရယ်..........:)

    ReplyDelete
  9. -လွပ်လပ်စွာပြောဆိုခွင့်ကို အလေးထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဘာဖြစ်လို့ ဖုန်းခေါ်ခတွေ ဈေးကြီးရတာလဲ။

    ပြောတတ်ပေါင်

    -အလင်းနှစ်တစ်နှစ်မှာ ရက်သတ္တပတ်ပေါင်း မည်မျှရှိသလဲ။

    တွက်တတ်ဖူးဝူးးး

    -လေယာဉ်ထိုင်ခုံမှာ လေထီးတွေအစား ဘာဖြစ်လို့ ရေပေါ်ပေါ်နိုင်တဲ့ပစ္စည်းတွေ ထည့်ထားတာလဲ။

    လေထီးထည့်ပေးထားလည်း အလေ့ကျင့်မရှိပဲ လေထီးနဲ့ခုန်ချရင် သေကြမှာပဲလေ ဒါကြောင့်ထင်ပါရဲ့း)

    -တစ်နှစ်မှာ 365 ရက် 24 နာရီဖွင့်တယ်ဆိုတဲ့ ဆိုင်တွေမှာ ဘာဖြစ်လို့ သော့ဂလောက်တွေ ရှိနေရတာလဲ။

    ရောင်းဖို့ဖြစ်မှာပေါ့လေ...

    -အရက်သောက်ပြီးကားမောင်းလို့မရပေမယ့် ဘာဖြစ်လို့အရက်ဝယ်ဖို့ကားလိုင်စင်ပြရတာလဲ။

    အသက်ပြည့်မပြည့်သိချင်လို့ထင်တယ်


    မောင်ဘချိုင် အဲ မောင်ဘကြိုင်

    ReplyDelete
  10. နှမတော် သမံစီးရယ် ၊ ဘလော့ဂါတွေကို ခေါင်းရှုပ်အောင်မလုပ်နှင့်ကွယ် ၊ မောင်တော်ဘုရားတော့ ခေါင်းတွေကိုမူးနောက်ပီး ဖလပ်ပြသွားတယ် ပုံကြည့်ရတာနှင့်

    ReplyDelete
  11. ဘယ်လို ခေါင်းစဉ်တပ်ရင်ကောင်းမလဲ Food Art.. :P :P
    မမသမီးစံရေ Happy New Year :D

    ReplyDelete
  12. ပန်းပွင့်တွေနဲ့ လုပ်ထားတဲ့ အရုပ်လေးက ချစ်စရာလေးတော့
    သမီးစံနဲ့တောင် တူသလိုလိုဘဲ ခိခိ
    ချစ်ဖို့ကောင်းတယ်လို့ ပြောတာပါကွယ်..
    မေးခွန်းတွေတော့ ဘယ်သူတွေဖြေနိုင်လဲလို့ စောင့်ကြည့်လိုက်ပါဦးမယ်
    ကိုယ်တိုင်လဲ မဖြေတတ်လို့ပါ.း)
    နှစ်သစ်မှာ ပျော်ရွှင် အေးချမ်းပါစေ

    ReplyDelete
  13. သမီးစံ လေးရေ
    မင်္ဂလာရှိသော ပျော်ရွှင်စရာကောင်းသော လိုအင်ဆန္ဒတွေ ပြည့်စုံစေသော 2012 ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။
    အမ ဘလော့ လေး ကို အမြဲ လာအားပေးတာရော လိုအပ်တာလေးတွေ အတွက် အကြံပေး သင်ပြတာရော အတွက် ထပ်ဆင့် ကျေးဇူးပါ လို့ ။ အလုပ်ရှူပ်နေလို့ ခုမှဘဲ ရေးရတယ်။

    ReplyDelete
  14. မီးမီးအဲတာတွေမသိဘူး
    ဘာဆိုဘာမှမသိဘူး
    မီးမီးသိတာ ဖုန်းခေါ်တိုင်း လူကြီးမင်း နဲ့
    မတွေ့ဖို့ရယ်..
    ဖုန်းခတွေသက်သာလာဖို့ရယ်..

    လိမ်ပျံထိုင်ခုံတွေရေပေါ်..မပေါ်ထက် လိမ်ပျံကြီးနဲ့
    ရန်ကုန်မြန်မြန်ပြန်ရဖို့ရယ်..
    ဒါဘဲသိတယ်..

    ညမတော် အဲလောက်ခေါင်းစားစရာတွေမပေးပါနဲ့ကွယ်..
    အမတော် မစ်ရှင်ဝမ်းအဆင်ပြေအောင်လုပ်နေရတာနဲ့တင်
    ခေါင်းတော်တော်စားထားလို့ပါကွယ်.. :P

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..