Tuesday, January 17, 2012

ရာဇ၀င်တို့ရဲ့သူရဲကောင်းများသို့...

ဒီမိုကရေစီ သူရဲကောင်းတွေ” 


ဒီမိုကရေစီ
သူတို့ လက်တွေကိုမြှောက်
ရင်ကော့လျှောက်ကာ
ကျည်ဆံအောက်မှာ ဒူးမထောက်ကြဘူး
.......
သမိုင်းကပေး
တာဝန်ကို ပွေ့ထွေးကာ
တိုင်းပြည်ရာဇ၀င် ၀င်ရေးကြတဲ့ အမည်မသိသူရဲကောင်းတွေ
ကမ္ဘာမြေက စောင့်ရှောက်ပါစေ...
........
ဒီနေ့တော့ 
တို့တွေ အောင်ကြပြီ
သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ
အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ
ကြယ်တွေ မစုံတော့တဲ့ညမှာ
(ဒါဟာ တကယ်ဝမ်းနည်းစရာပါ)
..........
တချို့က ငိုကြ၊ တချို့ကလည်း ရယ်ကြ
ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရသလဲ
ကျောင်းသားတွေက သင်လို့ပြ
သြော်....
အမျှ...အမျှ....အမျှ
မစားဘဲ စွန့်ခဲ့သူတွေအတွက်
မျက်ရည်တွေနဲ့ ရေစက်ချ
***********



(ဒီကဗျာကို သူရေးပြီးစ..တုန်းက..အစ်မ ငါတင်ရင်ကောင်းမလားတဲ့...း)

ချစ်ခင်လေးစားလျှက်...


21 comments:

  1. ကဗျာကောင်းလေးအားပေးခဲ့ပါတယ်နော်
    ခင်မင်စွာဖြင့် (လွမ်း)

    ReplyDelete
  2. သမီးစံရေ..
    မစားပဲ စွန့်ခဲ့ကြသူတွေအတွက် အမျှ အမျှ အမျှပါ..။
    သွေးတွေနဲ့စိုက်ခဲ့တဲ့ ဒီမိုကရေစီအပင်က အသီးတွေ မှဲ့ခါနီးနေပါပြီ..။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  3. ကဗျာတော့ မရေးတတ်ဘူး....ဖတ်တော့ ဖတ်တတ်တယ် :D

    ReplyDelete
  4. သမီးစံရဲ့မောင်လေးလို့မပြောရဘူး
    ဇာတိပြတယ် တော်လိုက်တာဟယ်

    ReplyDelete
  5. ကဗျာလေးဖတ်ပြီးကြက်သီးတောင်ထမိတယ် ညမတော်

    ReplyDelete
  6. သန်လျင်သားကို ပြောလိုက် နင် မတင်နဲ့  ငါတင်မယ်လို့ ...:P

    ReplyDelete
  7. ကဗျာလေး ဖတ်သွားတယ် စံ။
    အလံလေးမြင်ပြန်တော့ အရင်တုန်းကအလံလေးကို လွမ်းသလိုလို...

    ကြယ်တွေ မစုံတော့တဲ့ညမှာ
    (ဒါဟာ တကယ်ဝမ်းနည်းစရာပါ) တဲ့။ ဟုတ်တယ်။ တကယ် ဝမ်းနည်းဖို့ ကောင်းတယ် စံရယ်။

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete
  8. ရင်ကို တကယ်ထိတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ သမာန်စီးရေ...

    ReplyDelete
  9. ခုတလေ ဒါမျိုးလေး အမြဲတွေးနေမိတယ်
    သွားလေသူတွေလည်း အမြန်ကျွတ်လွတ်နိုင်ကြပါစေလို့...
    (ကဗျာလေး အရမ်းကောင်းတယ်)

    ReplyDelete
  10. ကောင်းလိုက်တဲ့ ကဗျာလေး ဖတ်ရလို့ ကျေးဇူးပါ မီးမီးလေးရေ

    ReplyDelete
  11. တိုင်းပြည်ကောင်းကျိုးအတွက်ရာဇ၀င်ကိုဝင်ရေးခဲ့ကြတဲ့အမည်မသိသူရဲကောင်းတွေအများကြီးပါဘဲ
    သန်လျင်သားကသမီးစံရဲ့မောင်လေးလား
    မောင်နှမနှစ်ယောက်တက်ညီလက်ညီရှိတာကောင်းတာပေါ့

    ခင်တဲ့အကို
    ဆဲလ်မိုး

    ReplyDelete
  12. သန်လျင်သား ကို ချစ်ခင်လေးစားလျှက်........

    ReplyDelete
  13. ကောင်းလိုက်တဲ့ ကဗျာလေး

    ReplyDelete
  14. ကောင်းပါ့  ကောင်းပါ့ ကဗျာကောင်းလေးကိုဖတ်ရှု့အားပေးသွားတယ် သမန်စီးလေးရေး)

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  15. ကဗျာကောင်းလေ ဖတ်သွားပါတယ်

    ReplyDelete
  16. ခံစားအားပေးလျှက်ပါ သမိးစံလေးရေ...:):)

    ReplyDelete
  17. ဒီနေ့တော့
    တို့တွေ အောင်ကြပြီ
    သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ
    အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ
    ကြယ်တွေ မစုံတော့တဲ့ညမှာ
    (ဒါဟာ တကယ်ဝမ်းနည်းစရာပါ)

    ဒီအပိုဒ်ကို ဖတ်ပြီး ခံစားချက်တွေ တက်လာတာ . . ဆက်ဖတ်နေရင်း နောက်ဆုံးကျမှ သမီးစံတို့ အမျှပါဝေသွားတယ် ဒုက္ခပါလားနော်း)))

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  18. ဒီတစ်ခါ အဲဒီကဗျာကိုအကြိုက်ဆုံးပါပဲ
    တစ်ကယ်တော်ပါတယ်

    ReplyDelete
  19. ဖတ်ပြီးစီဘောက်မှာအော်နေတား)

    မောင်ဘကြိုင်

    ReplyDelete
  20. ကိုကိုမောင်(ပန်းရနံ့)January 20, 2012 at 1:47 AM

    နောက်တစ်ခါဆို ကိုယ်တိုင်ရေးးး။း)

    ReplyDelete
  21. တိုတိုလေး၊ ထိထိမိမိလေးနဲ့ ကောင်းတဲ့ ကဗျာတစ်ပုဒ်....။

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..