Tuesday, January 24, 2012

ဆုံဆည်းခွင့်


“အစကောင်းမှ..အနှောင်းသေချာ”ဆိုစကားလိုပဲ

ငါတို့ရဲ့တွေ့ဆုံမှုက..အစကတည်းကမကောင်းခဲ့တာပါ

မေ့ဖို့အတွက် ချစ်ခဲ့တာမဟုတ်ပေမယ့်...

အချစ်တစ်ခုရဲ့ပျော်ရွှင်ခြင်းအတွက်

အပြစ်တစ်ခုနဲ့ငါ့ရင်ကို အဆုံးသတ်စေခဲ့တာပါ။

အရာရာ ရင်ဆိုင်ချင်ခဲ့ပေမယ့်...

မကြာခင်ကျောခိုင်းရမှာ သိနှင့်သူမို့

လမ်းခွဲခဲ့ရတာကို နားလည်ပေးပါ..

အခြေအနေဆိုတာ အပိုင်တွက်လို့မရကောင်းသလို

အချိန်ဆိုတာလည်း ပြန်လှည့်လို့မရနိုင်တော့ဘူးလေ...

အရာရာအသစ်က ပြန်စခွင့်ရှိမယ်ဆို

ငါဆုတောင်းမိပါရဲ့....

ချစ်နှစ်သက်သောသူနဲ့သာ

ဘ၀ဆက်တိုင်း ဆုံဆည်းခွင့်ရပါစေလို့....

 
 
(ဓာတ်ပုံ - မိစံ)


ချစ်ခင်လေးစားလျှက်


21 comments:

  1. ဖျားဖျား ပြောချင်တဲ့အဓိပါယ်က ခုန်ချသွားဘီလို့ပြောချင်တာလားဟင်း)

    ReplyDelete
  2. တစ်ခုခုကျန်ခဲ့သလိုပဲ..၀ိုင်းစုရဲ့အလွမ်းဆုလာဘ် ကိုနားထောင်
    ပြီးတဲ့အချိန်နဲ့ နဲနဲဆင်တယ်...

    ReplyDelete
  3. ဓါတ်ပုံလေးက အသက်ဝင်လိုက်တာ.....သမီးစံ ရိုက်ကူးရေး ဘက်ပြောင်းတော့ မို့လား..:P
    ကဗျာလေး ခံစားရင်း ...လွမ်းတောင် လွမ်းသွားတယ် ...
    ခက်တာက ဘယ်သူကို လွမ်းမှန်း မသိတာ ...:D:D

    ReplyDelete
  4. ချစ်နှစ်သက်သောသူနဲ့သာ

    ဘ၀ဆက်တိုင်း ဆုံဆည်းခွင့်တွေ ပြည့်စုံပါစေ လို့ ဆုတောင်းဒပေးပါတယ်...!

    ReplyDelete
  5. မကြာခင်ကျောခိုင်းရမှာ သိနှင့်သူမို့

    လမ်းခွဲခဲ့ရတာကို နားလည်ပေးပါ..

    အခြေအနေဆိုတာ အပိုင်တွက်လို့မရကောင်းသလို

    အချိန်ဆိုတာလည်း ပြန်လှည့်လို့မရနိုင်တော့ဘူးလေ...

    အရာရာအသစ်က ပြန်စခွင့်ရှိမယ်ဆို

    ငါဆုတောင်းမိပါရဲ့....

    ချစ်နှစ်သက်သောသူနဲ့သာ

    ဘ၀ဆက်တိုင်း ဆုံဆည်းခွင့်ရပါစေလို့....

    တိုက်ဆိုင်မှုလေးနဲ့ ခံစားသွားပါတယ် နှမတော်

    လေးစားခင်မင်စွာဖြင့် (လွမ်း)

    ReplyDelete
  6. ကိုကိုမောင်(ပန်းရနံ့)January 25, 2012 at 4:19 AM

    ငံပြာရည်ဖြစ်ရင်တောင် တစ်ပုလင်းထဲမှာ တူတူ ဖြစ်ရပါလို၏ ပေါ့လေ။း)

    ReplyDelete
  7. ငါ့ယောက်မလေးကဗျာတွေတောင်ထွက်လာပါရောလာ
    ချစ်တဲ့သူနဲ့ပေါင်းနိုင်ဆုံနိုင်ပါစေကွယ်

    ReplyDelete
  8. တောင်းတဲ့ ဆုနဲ့  ပြည့်စေသတည်း ......

    ReplyDelete
  9. အပျိုကြီးဘ၀ ပြောင်းတော့မယ်ထင်ပ..ကားလာတွေစိမ်းပြီး လေစိမ်းတွေ တိုက်နေပါလား စံစံ..

    ReplyDelete
  10. တောင်းတဲ့ဆုနဲ့ ပြည့်ပါစေဗျား...။ ဒီဘ၀မှာတင် တကယ်ချစ်တဲ့ သူနဲ့ဆုံဆည်းရမှာပါ... :D

    ReplyDelete
  11. ငါ့ညီမလေး Heart ထဲကလာတဲ့ ကဗျာမှန်း သိသာတယ်... ဒီလိုခံစားနေရတုန်းရေးချလိုက်တော့ စာကောင်းတွေထွက်ပါတယ်... ဒါပေမဲ့ ကုန်လွန်သွားတဲ့ အချစ်တွေကလဲ အချိန်တန်ရင် အသစ်တဖန်ပြန်ပေါ်လာတာပါပဲ...

    ReplyDelete
  12. နောက်ဆိုရင် အစကတည်းက ကောင်းအောင်လုပ်ပါ မန်စိရယ်....အခုတော့ မတွေ့ရတော့ဘူးပေါ့နော.....နောက်တယောက်ဆိုရင် ဟုတ်ပေါင် နောက်တခေါက်ဆိုရင်တော့ ဆုံဆည်းခွင့် ရမှာပေါ့နော...အဟဲ ဟဲ

    ReplyDelete
  13. ကဗျာလေးကော ဓါတ်ပုံလေးကော ကောင်းမှကောင်း

    ReplyDelete
  14. အိုကွယ်... လမ်းခွဲတာ ဝမ်းနည်းစရာမှတ်လို့.. ကဗျာကောင်းကောင်းလေးတွေ
    မန်းမှုတ်ပြီး ကုသပလိုက် ညီမလေး။။။။ :)

    ReplyDelete
  15. သမန်စီးရေ တောင်းတဲ့ဆုနဲ့ ပြည့်ပါစေသား...

    ReplyDelete
  16. အရာရာ ရင်ဆိုင်ချင်ခဲ့ပေမယ့်...
    မကြာခင်ကျောခိုင်းရမှာ သိနှင့်သူမို့
    လမ်းခွဲခဲ့ရတာကို နားလည်ပေးပါ...

    မမကတော့ လုပ်ပြီဗျာ
    အစကတည်း ကျောခိုင်းရမယ်လည်း သိသား
    ဘာလို့လက်တွဲခဲ့တာလဲ
    အခုတော့ လမ်းခွဲရပြီ ဗျာ

    ReplyDelete
  17. http://lwinpyinhlaingngenge.blogspot.com/
    သမီးလေးရေ ပါပါးလင့်အသစ်လေးပြန်ချိတ်ပေးပါအုံး

    ReplyDelete
  18. သမံစီး၏ ဆုတောင်း အမြန်ဆုံး ပြည့်စေဗျား

    ReplyDelete
  19. ချစ်နှစ်သက်သောသူနဲ့သာ ဘ၀ဆက်တိုင်း ဆုံဆည်းခွင့်ရပါစေသောဝ် ...း)

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..