Saturday, January 21, 2012

ပွဲဈေးတန်း


ဆူးလေစေတီ နှစ်တစ်ရာပြည့်ပွဲတော်ပါ။ တစ်နေ့က“စ”တယ်လို့သိရပါတယ်။
သိသိချင်း သတင်းသွားယူခဲ့ပါတယ်း)


ပုဇွန်ကြော်ငါးရာ ဂဏန်းကြော် တစ်ထောင်ပါတဲ့
(ပိုက်ဆံကို စက္ကူများအောင်းမေ့လေရော့သလားမသိး)

ကိုယ်က အစားသမားဆိုတော့...း)

ဗူးသီးကြော်(တစ်ပွဲခုနှစ်ရာပါတဲ့)

စားစရာတွေချည်း ရွေးရိုက်ခဲ့ပါတယ်း)

သိကြပြီးသား “ထမနဲ”ပါ။မြည်းခဲ့ပါတယ်း)။(သိပ်)မကောင်းပါဘူး
(နှစ်ကျပ်ခွဲသားမရလို့ တစ်ဆယ်သားဝယ်ခဲ့ပါတယ်း)
 ကင်မရာလည်းချိန်လိုက်ရော “ရိုက်ပြီဟေ့..ရိုက်ဟ” တဲ့း)

“အစ်မလေးနော် စားကြည့်နော်၊တစ်အားကောင်းတယ်နော်၊ တစ်ပွဲသုံးရာတည်းနော်” တဲ့
(အာလူး၊ပဲ၊ဆမူဆာ ပူရီပါ ...ဈေးချိုတာ သူပဲရှိပါတယ်း)

သူကတော့...ပွဲဈေးတန်းတိုင်း မပါမဖြစ်ပေါ့..(မစားဖြစ်ခဲ့ပါဘူး)
(ထိုင်ပြီးရင် ပြန်မထချင်တော့လို့း)

“လေးစားတယ်၊မြတ်နိုးတယ်ဆို..၀ယ်ထားလိုက်ပါ”
“တောင်းရင်ပေးမယ်၊၀ယ်ရင်ရောင်းပါမယ်”တဲ့း)

 ကြိတ်ကြိတ်တိုးအောင် ရောင်းအားကောင်းပါတယ်။
(ဒီပုံတွေနေရာတိုင်းမှာတွေ့နေရပါပြီ ၀မ်းသာစရာပါ)

 ကဲ..တစ်ယောက်တစ်ရုပ် ယူစေဗျားး)

 သူ့မြင်တော့လည်း မစီးပဲမနေနိုင်ပြန်း)

 မင်းသားမိုးမင်း..လာ“က”ပါတယ်။
သူလည်းကြိတ်ကြိတ်တိုးပါပဲ..

(ဘာကြောင့်ရယ်တော့မသိ ဓာတ်ပုံရိုက်ရင် တယ် မကြိုက်ချင်ကြပါဘူး)

23 ရက်နေ့ တရုတ်နှစ်ကူးမို့ (သွားရင်းလာရင်းကားလမ်းပိတ်တာနဲ့ကြုံရင်) ရိုက်ပြီး တင်ပေးလိုက်ပါ့မယ်း)။
တရုတ်တန်းမှာတော့ တော်တော်စည်ပါတယ်။

တရုတ်လူမျိုးအကြောင်း..ဗဟုသုတပြောပြမယ်နော်..
မြန်မာပြည်မှာ..တရုတ်လူမျိုးနှစ်မျိုးရှိပါတယ်တဲ့။လက်တိုရယ်၊လက်ရှည်ရယ်ပါ။
(နောက်ထပ်တိုးလာရင်တော့..လက်ဇက ဖြစ်မယ်ထင်ပါတယ်း)

“စကားလက်ဆောင်”

လူ့ဘ၀ဆိုတာ ဆီးဆော့ပေါ် လမ်းလျှောက်နေတာနဲ့တူတယ်။
အမြဲပဲနိမ့်ရာကနေ မြင့်ရာကို စလျှောက်ရတယ်။
ခြေတစ်လှမ်း လှမ်းတိုင်း နောက်တစ်လှမ်းက အရင်တစ်လှမ်းထက်
ပိုခက်ခဲနေတယ်။
အမြင့်ကိုရောက်လေ တည်ငြိမ်ဖို့ ခက်လေဖြစ်တယ်။
သင့်ကိုသင် အမြင့်ကိုရောက်နေပြီလို့ ထင်တဲ့အချိန်ဟာ
ကုန်းဆင်းကို သင်စ ဆင်းနေပြီဖြစ်တယ်။
ဒါကြောင့် သင်ရောက်ချင်တဲ့အမြင့်မှာ ဘယ်တော့မှ
သင်အမြဲမရပ်နိုင်ဘူးဆိုတာကို သင်သတိပြုမိလိမ့်မယ်။
တည်ငြိမ်မှတ်ကို သင်ရှာမတွေ့မချင်း အမြင့်မှာ ရပ်နိုင်ဖို့ဆိုတာ
ဘယ်လောက်ခက်ခဲကြောင်း သင်အကြိမ်ကြိမ် တွေဝေပြီးမှ
သတိပြုမိလိမ့်မယ်။
ဘ၀ရဲ့ တည်ငြိမ်မှတ်ကို ရှာတွေ့မှ အဲဒီနေရာသာလျှင်
အမြင့်ဆုံးဆိုတာကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
သင်ခံစားမိလိမ့်မယ်။
အဲဒီ့လို အမြင့်ဆုံးမှာ ရပ်နိုင်ဖို့ သင့်မှာ တခြားနည်းတစ်ခု
ရှိသေးတယ်။အဲဒါကတော့ ဆီးတော့ရဲ့တစ်ဖက်မှာ
သင့်ကိုတောင့်ခံ(အားပေး)တဲ့လူရှိဖို့ပါပဲ..
အဲဒီ့လူတွေက သင့်မိသားစု၊သင့်ချစ်သူ ဒါမှမဟုတ်
သင့်ရဲပြိုင်ဖက်လဲဖြစ်နိုင်ပါတယ်။

( နိုင်းနိုင်းစနေ ဘာသာပြန်သည်။)

သမီးစံအတွက် ဟိုတစ်ဖက်မှာတော့ ...
လောလောဆယ် ...
ကွန်ကရစ်တုံးကြီးကြီးတစ်တုံးရှိနေပါတယ်း)



ချစ်ခင်လေးစားလျှက်..

26 comments:

  1. ညည်းတို့တိုင်းပြည်က အစားအသောက်တွေက ဈေးကြီးလှချည်လားအေ :P

    ReplyDelete
  2. ပွဲဈေးတန်းကို မရောက်ရသေးဘူး။ ခုတော့ ဒီကနေ ရောက်သွားလိုက်ရသလိုပါပဲ။ :)

    ReplyDelete
  3. ကိုကိုမောင်(ပန်းရနံ့)January 21, 2012 at 10:36 PM

    မံစိ တစ်ယောက် ချားပေါ်မှာ ငုတ်ငုတ်ကြီး။ ချားစီးနေတာနဲ့တူတယ်။း)

    အဲဒီလို ပွဲဈေးခင်းမျိုး လျှောက်မလည်ရတာ ကြာရောပေါ့။

    ReplyDelete
  4. အစ်မခရစ်စတယ်..အဲဒါပွဲတော်ရက်မို့ထင်တယ်အစ်မ
    ပုံမှန်ချိန်လာရောင်းရင်တော့ဝိုင်းရိုက်ခံရနိုင်ပါတယ်း)
    ကိုသီဟ..သွားထပ်လည်ပါ။ဈေးတန်းကအရှည်ကြီးပါပဲ။
    မိုးမင်းလာကတော့ မောင်ကျူးပစ်ပါခေါ်သွားပေါ့း)
    သူကြီးမင်း..ချားမှုတ်ဘူးဗျ.အဲဒါ.ရဟတ်.ရဟတ် :P

    ReplyDelete
  5. ရဟတ်ကြီးစီးချင်တယ် တန်ဆောင်တိုင်ဆိုရင်တောင်ကြီးမှာ အမြဲစီးနေကျပါ
    သတိရနေတယ် အဲဒီလိုပွဲတွေ

    ReplyDelete
  6. ဂဏန်းကြော်စားချင်ထှာအေ ဒီလိုပွဲမျိုးလွတ်တာနာသဟ .သမန်းစီးရေ သွားရေတွေကျသွားတယ်အေ


    ချစ်တဲ့

    အမ မဒိုးကန်

    ReplyDelete
  7. လွမ်းတယ် ရန်ကုန်ရယ်....:(

    ReplyDelete
  8. ပွဲဈေးတန်းကိုသွားရင်း ချားစီး..လာတာပေါ့...(နံတယ်..နံတယ်)စတာနော်...!သမီး..စံ

    ReplyDelete
  9. ပွဲဈေးတန်းသွားရင်း ချားစီးလာတာလား...(နံတယ်..နံတယ်)စတာနော်...

    ReplyDelete
  10. စားချင်စဖွယ်တွေချည်းပါဘဲလားကွယ်..
    ဈေးကလဲကြီးပါ့နော်..

    ReplyDelete
  11. မြန်မာပြည်က အစားအသောက်တွေ အတော်ဈေးကြီးသွားတယ်နော်..ပွဲဈေးမလျှောက်ရတာ ၅နှစ်တောင် ရှိတော့မယ်..ကိုင်း မိစံဆီကနေပဲ ပွဲဈေးလျှောက်လိုက်စမ်းမယ်..နှစ်ကူးဓာတ်ပုံတွေ တင်ပါဦး..အလွမ်းပြေ ကြည့်ချင်တယ်..

    ReplyDelete
  12. ပွဲဈေးတန်းလေးကိုမြင်တော့
    သတိရနေမိတယ်

    ReplyDelete
  13. သမီးစံနဲ့အတူပွဲဈေးတန်းကအကြော်ဆိုင် မုန့်ဆိုင်တွေကို
    လေ့လာရေးဆင်းခဲ့ပြီး)။ စမူဆာ၊ဘယာကြော်၊အာလူးကို
    ဂေါ်ဖီ၊ခရမ်းချဉ်သီး၊ပူစီနံ၊ပဲရည်တို့နဲ့ချဉ်စပ်ငံသုပ်တာငယ်ငယ်ထဲကကြိုက်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. ဆူးလေဘုရားဈေးပွဲက ဆူးလေဘုရားပျောက်နေတယ်ကော... ကပ်ကျော်ဘုရားတင်မဟုတ်တော့ပဲ.. ကပ်ပျောက်ဘုရားဖြစ်သွားပြီလေလား... :P... ပွဲဈေးထဲက အကြော်တွေကိုစားချင်ပေမယ့် မစားဖြစ်တာများတယ်... အေးနေလို့လား.. ဖုန်ထူနေလို့လားမသိဘူး... မြင်ရင်တော့စားချင်သား..း))).. ဟိုချားကြီးသွားမစီးခဲ့ဘူးလား... :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  15. မီးမီးလေးရေ ပို့အတွက်ကျေးဇူးပါ
    ပွဲဈေးတန်းတွေမမြင်ရတာကြာပေါ့

    ReplyDelete
  16. သွားရေကျသွားပါတယ်။ မြန်မာပြည်ပြန်တုန်းက ဗိုက်မကောင်းလို့ မစားလိုက်ရတာတွေးရင်း စိတ်တိုလိုက်တာလွန်ရော။ မြန်မာပြည်က အစားအသောက်တွေလည်း ဈေးတက်သွားလိုက်တာ မယုံနိုင်စရာပါတော်။

    ReplyDelete
  17. ကိုရင်ငယ်ဘ၀တုန်းက စာသင်တိုက်ကခိုးထွက်ပြီး ပွဲဈေးတမ်းသွား ဇာတ်ပွဲတွေ ခိုးကြည့်ခဲ့ဖူးပါ၏..သမီးစံရေ..
    အောင့်မေ့မိတယ်..။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  18. ပွဲဈေးရှိတယ်လားအမ
    ပြေးလိုက်ဦးမယ်..ပီားးပီားးး

    ReplyDelete
  19. အသက်ကြီးမှဟုတ်ဖူးရယ် ငယ်ငယ်ကတည်းက လူစည်ကားနဲ့နေရာဆိုရင် ခေါင်းရှုပ်မျက်စိရှုပ်မို့ မလွဲသာရောက်တဲ့အခါကလွဲရင် သွားတာရှားတယ် အခုမှပုံတွေအစုံမြင်ရတယ်း)


    မောင်ဘကြိုင်

    ReplyDelete
  20. ဟိုတစ်ဖက်က ကွန်ကရစ်တုံးကြီးဆိုတာ တကယ်တော့ သက်မဲ့ပါ သမီးစံရေ..
    အိမ်မက်တို့ သက်ရှိတွေက သက်မဲ့ကို ဘာကြောက်စရာ ရှိလဲနော့..
    အချိန်ရယ် ကြိုးစားမှုရယ် တော့ ရင်းနှီးပြီး တွန်းရမှာပေါ့နော်..
    အဲ့ဒီ ကွန်ကရစ်တုံးကြီး မသွေ မုချ ရွေ့သွားမှာပါ...း)
    ချစ်တဲ့
    အိမ်မက်

    ReplyDelete
  21. တုတ်ထိုးစားချင်တယ်.. အစ်မ..နောက်တစ်ခါ ၀ယ်လာခဲ့နော်..

    ReplyDelete
  22. ဖျားဖျားသမီးစံရေ.....ဘူးတီးကြော်တစ်ပွဲခုနှစ်ရာ ဟုတ်လား.....၊နာတို့ဟိုမှာရှိနေတုန်းက ၁၀ခုပါတစ်ပွဲ ၂၀၀ထဲကို...၊
    တို့ချွေပြည်ဂျီးက ကုန်ဈေးနှုန်းတွေက ကြောက်ခမန်းလိလိပါလားအေ.....:(
    ကဲရှိစေတော့.....ဘုရားပွဲလေးကိုအလွမ်းပြေအောင်တင်ပေးလိုက်တဲ့ သမံစီး.....သမီးစံကို ကျေးကျေးတင်ရတယ်ဗျိုး....။
    တီလုပ်နှစ်ကူး ညန်မာပြည်တရုတ်တန်းပုံတွေတင်ပေးအူးနော့.........၊လိုင်းအချေအနေကောင်းရင်ပြောပါတယ်....:)))

    ReplyDelete
  23. အွန်........ခုတင်ရေးလိုက်တဲ့ ကွန်မန့်ဘယ်ရောက်သွားပါလိမ့်နော်..၊ကဲစိတ်ကြီးတယ်...ထပ်မန့်မယ်....:)))
    ဘူးတီးကြော်တစ်ပွဲ ခုနှစ်ရာတောင်လားကွယ်....၊နာတို့အဲ့မှာရှိတုန်းက တစ်ပွဲ ၂၀၀ရှိသေး...။ချွေပြည်ဂျီးက ကုန်ဈေးနှုန်း
    တွေက ကြောက်ခမန်းလိလိပါလား သမီးစံရယ်......။ဘာပဲပြောပြော ဘုရာပွဲဈေးတန်းလေးကို အလွမ်းပြေကြည့်ခွင့်ရတဲ့
    အတွက် ကျေးကျေးပါ သမီးစံရေ........။

    ReplyDelete
  24. သမီးစံရေ... မတွေ့တာတောင် အတော်ကြာပေါ့နော်။ မတွေ့တာ ကြာဆို သမီးစံက သတင်းထောက်လုပ်နေရတော့ အိမ်မကပ်ဖြစ်ဘူးကိုး...... ဒါကြောင့်မတွေ့တာ နေမှာနော်။ သမီးစံပြောမှပဲ သိတယ်တော့တယ်။ တရုတ်လူမျိုးနှစ်မျိုးက လက်တိုနဲ့ လက်ရှည်ဆိုတာလေ....

    :P

    အန်ကယ်ဇော်

    ReplyDelete
  25. သားတောင်မသွားခဲ့ဘူး မျက်စိေ၇ာနားရောရှုပ်လို့ အိမ်မှာပဲနှပ်နေလိုက်တယ် ဟဲဟဲ

    ReplyDelete
  26. ကျတော်လာတာနောက်ကျနေတယ် မုန်တွေကိုနည်းတာမဟုတ်ဘူး “ဟိ.....ကလေးတွေအတွက်ရော....

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..