Wednesday, February 8, 2012
ဘုရားပွဲနဲ့သမီးစံ
ဒီနေ့ကတော့ သမံစီးတို့ တရားဝင် ကျောင်းပြေးတဲ့နေ့ဖြစ်ပါတယ်။း)
ရန်ကုန်တောင်ပိုင်းခရိုင်ရဲ့ အထင်ကရ ဖြစ်တဲ့ 
"ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး"ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို
ပါဝင်ဆင်နွှဲဖို့အတွက်ပါး)
နှစ်စဉ်နှစ်တိုင်းလက်လှမ်းမှီသမျှ.အနယ်နယ်အရပ်ရပ်က ရဟန်းရှင်လူမိဘပြည်သူများနဲ့
စည်စည်ကားကားကျင်းပတဲ့ပွဲပါ။
အရှေ့ဘက်မုခ်ကနေ လှေကားတက်ရင်း ကုသိုလ်ယူပါတယ်။
လိုအပ်သမျှပစ္စည်းမျိုးစုံကိုလည်း ဈေးနှုန်းချိုချိုသာသာနဲ့ရနိုင်ပါတယ်။
(ရွှေတစ်ကျပ်သားမှ နှစ်ရာတည်းရယ်း)
ဒါက ဓာတ်လှေကားရှိတဲ့ဘက်ပါ။ဖွင့်ပွဲအခမ်းအနားက ဒီနေ့မှဆိုပေမယ့်
ဘုရားပွဲကျင်းပတဲ့နောက်ဆုံးရက်က မနက်ဖြန်ပါ။ဇာတ်ပွဲတွေလည်းနက်ဖြန်နောက်ဆုံးပါ။
ဈေးသည်တွေနဲ့သနပ်ခါးသည်တွေတော့တစ်ပတ်လောက်ထပ်ရှိပါအုံးမယ်။
ဘုရားပေါ်ရောက်တော့ တစ်ပတ်ပြည့်အောင် ပတ်ပါတယ်။
ဘုရားရွှေချဖို့ ရွှေသင်္ကန်းတွေ ပို့ပေးတဲ့နေရာပါ။
အာရုံခံ တန်ဆောင်းတစ်ခုထဲမှ ရုပ်ပွားတော်များ...
ကကုသန္ဓမြတ်စွာဘုရား(အရှေ့ဘက်မုဒ်)
ကောဏာဂမနမြတ်စွာဘုရား (မြောက်ဘက်မုခ်)
ကဿဖမြတ်စွာဘုရား(အနောက်ဖက်မုခ်)
ဂေါတမမြတ်စွာဘုရား (တောင်ဘက်မုခ်)
စတုဒီသာအကျွေးအမွေးက ဘုရားရင်ပြင်ပေါ်မှာပါ။
ကျိတ်ကျိတ်တိုးပါပဲ။တက္ကသိုလ်ကျောင်းသားတွေများပါတယ်း)
(သန်လျင်မှာက တက္ကသိုလ်လေးခုတောင်ရှိတာကိုး)
ဘယ်ဘက်ကြည့်ကြည့် အကျွေးအမွေးတွေချည်းပါပဲး)
(တက္ကသိုလ်အသီးသီးက ကျောင်းသားတွေရဲ့အလှူပါ)
တို့များတောရွာလေးပါ ။လှမ်းမြင်နေရတာနဲ့ရိုက်တင်ပေးလိုက်တား)
ရှေ့တည့်တည့်ရေစင်ကြီးနောက်က သစ်ပင်တွေအုတ်ဆိုင်းဆိုင်းနဲ့နေရာလေးပါ။
သူ့နောက်မှာ လယ်ကွင်းတွေရှိပါတယ်။မိုးတွင်းဆိုရေတွေဖွေးဖွေးလှုပ်ပေါ့။
အားကြီးပျော်ဖို့ကောင်းတား)
သူငယ်ချင်းတစ်ယောက်က တွေ့တာနဲ့အတင်းလိုက်ဆွဲလို့
ရေဆာပြေ၊ရေငတ်ပြေ၊ဒါနမြောက်အောင် တစ်ဗူး.မ လာခဲ့ပါတယ်း)
ဘုရားဖူးရင်းတစ်ပတ်ပြည့်သွားတော့ စတုဒီသာကျွေးတဲ့စောင်းတန်းတစ်ခုထဲကိုဝင်ပါတယ်။
အထဲရောက်တော့ စောနေပါသေးတယ်။ဘုန်းကြီးဆွမ်းတောင်မကပ်ရသေးပါဘူး။း)
ဒီနေ့ကျွေးမယ့်စတုဒီသာက ငါးသလောက်ပေါင်းနဲ့သရက်ချဉ်သုတ်တဲ့း))
ဆွမ်းစားကြွရင်း..တရားချီးမြှင့်ပေးတဲ့ဆရာတော်က
သန်လျင်မြို့လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ဥက္ကဌဆရာတော်တစ်ပါးပါ။
"ဒီအချိန်က တရားတိုတိုဟောရမယ့်အချိန်ဆိုတာ ဘုန်းကြီးတို့သိပါတယ်"မိန့်ပြီး
ချီးမြှင့်ပေးသွားတဲ့တရားက တိုပေမယ့် အနှစ်သာရရှိတဲ့တရားလေးပါ။
နက်ဖြန်အာရုဏ်တက်မှာ ဘုရားကိုဆွမ်းတော်ကြီးတင်ဖို့အတွက် ပြင်ဆင်ထားတာတွေပါ။
အားလုံးတရားနာပြီးတော့ ထမင်းစကျွေးပါတယ်။
(ဗိုက်ဆာနေတာနဲ့အတော်ပဲပေါ့း)
စားပြီးသောက်ပြီးပြန်တော့ ဒီအတိုင်းပြန်သွားရင်လည်း မကောင်းပြန်ဘူးကွယ့်..
သူငယ်ချင်းမျက်နှာကလည်း ရှိသေးပြန်တော့အားနာစရာပေါ့း)
ဒီတော့ပန်းကန်ဝိုင်းဆေးပေးရင်း လုပ်အားပေးခဲ့ပါတယ်။
ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုအတွက် အမျှပေးပါတယ်။
ယူတော်မူကြပါကုန်း)
စားပြီးသောက်ပြီး၊လုပ်အားပေးပြီးပြန်တော့ အိမ်ပြန်ဖို့စောနေသေးတာမို့
ပွဲဈေးတန်းထဲ လျှောက်လည်ပါတယ်
အရင်ဆုံး မင်းသားစွမ်းကိုတွေ့ပါတယ်။မကြိုက်လှပါဘူး။ဆက်သွားပါမယ်း)
ကိုဖိုးချစ်ကိုတွေ့ပါတယ်။ဖားသားလန်းရဲ့ပံ့ပိုးမှုနဲ့အရမ်းလန်းနေတာတွေ့ခဲ့ပါတယ်။
သူ့လည်းမကြိုက်သေးပါဘူးး)။
သီးလေးသီးလည်းလာကပါတယ် မနေ့ကမှပြီးသွားတာပါ။
(ဂေါပကနဲ့ရှော့ဖြစ်တယ်ဆိုလား..)
ကိုဂျောက်ဂျက်တို့စာသားတွေပေါ့။ (အတုယူပုံမြန်ချက်ကတော့း)
ပန်းတနော်ကသင်ဖြူးဖျာတွေပါ။အမေတော့ တန်ရင်တန်သလို
တစ်နှစ်ကိုလေးချပ်လောက်အားပေးပါတယ်း)
ဖျာသည်ကတော့ အေးလို့နော်၊သူ့မိတ်နဲ့သူရှိပြီးသား၊အော်မရောင်းဘူး။
ဝယ်မယ့်သူမရှိရင်..ဖျာပေါ်အိပ်နေရုံပဲလေ
ဒါကတော့ အ၀တ်အစားတန်း။ဈေးသက်သာပါတယ်။
ပြောလို့ပြောတာဟုတ်ဘူးနော်။ပိုက်ဆံငါးရာတစ်ထောင်လောက်နဲ့တောင်
ကျိုက်ခေါက်ဘုရားပွဲလည်လို့ရပါတယ်။(စားပြီးပြန်ပေါ့း)
အညာသူ၊အညာသားများကတော့ စစ်မစစ် သိပါလိမ့်မယ်း)
ဘုရားအနောက်ဘက်မုခ်ပါ။ညဖက်ဆိုဒီနေရာက ကြက်ပျံမကျပေါ့။
အနောက်ဘက်မုခ်မှာပါပဲ။ခြင်းအလှခတ်တဲ့ပွဲပါ။
မိန်းကလေးတစ်ယောက်လည်းပါပါတယ်။ညရောက်ရင် ပုလင်းပေါ်ခြေတစ်ဖတ်တင်ပြီး
ခတ်ပြပါမယ်တဲ့။(ညဖက်မှလူစည်တာမို့ထင်ပါတယ်)စွမ်းရည်ကတော့အံ့မခန်းပဲနော်
သရဲအိမ်ပါ။ကိုယ်လောက်တောင်ကြောက်ဖို့မကောင်းပါဘူး။း)
(ပွဲဈေးတန်းတွေမြင်တော့  ကိုမြစ်ကျိုးအင်းရဲ့ဘလော့ဂါပွဲဈေးတန်းတွေ
သတိရမိပါသေးတယ်။း)
ဈေးတန်းပတ်ပြီးပြန်တော့လည်း အိမ်မပြန်သေးပါဘူး :P
"မိုးကြိုးငှက်ငယ်လေး" တွေဘယ်အခြေနေရှိလဲသိချင်ပါသေးတယ်။
(လိုက်ခဲ့ဦးနော်း)
ကြည့်ပျော်ပါတယ်။(တစ်ဦးမှ ငါးရာတည်းရယ်း)
နေ့ခင်းဘက်သွားကြည့်ရတာမို့စိတ်ချမ်းသာပါတယ်။
ညဖက်ဆို ယောင်္ကျားလေးပိတ်သတ်တွေက အတော်ဆိုးကြတာကလားး)
ကသွားတဲ့ကလေးမလေးတွေထဲမှာ သူရယ်နောက်တစ်ယောက်ရယ် အကြိုက်ဆုံးပါပဲ။
နောက်တစ်ယောက်က မိုးဟေကိုပါး)။
တူချက်ကတော့ မိန်းကလေးတွေထိုင်ငိုသွားလောက်တယ်နော်။
သူ့ကိုတော့ သိကြမှာပါ။ယောင်္ကျားလေးတွေ miss ရွေးတဲ့ပွဲမှာ"၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ"သီချင်းနဲ့
ကသွားတာလေ။တအားရယ်ရပါတယ်။(သမီးစံတော့ သဘောကျတယ်)
မိုးကြိုးငှက်ငယ်လေးများရဲ့ ခေါင်းဆောင် စောသန္တာပါ။သရုပ်ဆောင်သွားတဲ့သီချင်းက
ကမ္ဘာကျော်တဲ့စိတ်ကူးတဲ့။ကန်ဒီကဆို...သူကသရုပ်ဆောင်ပေါ့း)
dancer သီချင်းတစ်ပုဒ်နဲ့ ထပ်ကကြပါသေးတယ်။လေးနာရီထိုးခါနီးပြီမို့
အပြီးထိမကြည့်ပဲ အိမ်ပြန်ပါတယ်။(မဟုတ်ရင် တုတ်စာမိတော့မှား)
"ရွှေပွဲလာပိတ်သတ်များ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေရှင်"
ချစ်ခင်လေးစားလျှက်..
33 comments:
  1. မိုးကြိုးငှက်ငယ်လေးများကြည့်လိုက်ရတာနဲ့တင်
    တန်ပါတယ်ညမတော်...
    ပွဲဈေးတန်းတွေ့တော့မြန်မာကိုလွမ်းသားဟယ်..
    ReplyDelete
  2. သမီးရေ နောက်တစ်ခါ ဘယ်ဘုရားပွဲ သွားအုံးမှာလည်း...
    ReplyDelete
  3. အခုလိုဘုရားပွဲအကြောင်းလေးတွေ တင်သွားပေးတာ ကျေးဇူးပါ...
    ReplyDelete
  4. . ကျောင်းပြေးတဲ့ ရက်ချင်းတောင်လာတူနေတယ် ခိခိ..
    မြင်ယောင်နေပါတယ်.. စားချင်ရာစားပြီး.လုပ်ချင်ရာလုပ်ခဲ့ရလို့
    ပျော်နေတဲ့မျက်နှာကြီးကို..
    ReplyDelete
  5. မန်စီးတို့များ ကျောင်းပြေးပြီး ပွဲဈေးတန်းလျှောက်လည်ရလို့ထင်ပါရဲ့
    မျက်နှာလေးကပြုံးဖြီးလို့း)
    ခင်တဲ့ camomilla
    ReplyDelete
  6. ဒီကလေးမ နာကို နယ်ပြန်ချင်အောင်လုပ်နေပါပြီ
    လွမ်းတယ်ကွယ် ဘုရားပွဲပြောပါတယ်:P
    ReplyDelete
  7. ကိုယ်တိုင်ရောက်သွားရသလိုပဲ...
    ငါးသလောက်ပေါင်းနဲ့ သရက်ချဉ်သုတ်တဲ့ ..ဂလု...:D
    ရခဲ့တဲ့ ကုသိုလ်ထဲက တစ်ဝက်ခွဲပေး...သမီးစံ..
    အလှူဓါးမြတိုက်ရင် ကောင်းမလားလို့....:):)
    သာဓုပါ လို့.....
    ReplyDelete
  8. သရုပ်ဆောင်သွားတဲ့သီချင်းက
    ကမ္ဘာကျော်တဲ့စိတ်ကူးတဲ့။ကန်ဒီကဆို...သူကသရုပ်ဆောင်ပေါ့း) << hee hee :P Myat kyi
    ReplyDelete
  9.း)
    အားမနာတော့ဘူးနော်။
    ရွှေတစ်ပိသာ၊ ရှင်မတောင်သနပ်ခါး ၃တုံး၊ ကျောက်ပြင်တစ်ချပ်၊ သင်ဖျူးလေး နှစ်ချပ်လောက်ဆို ရပါပြီ စံလေးရဲ့။ ဟို အဝတ်အစားတွေ၊ အိတ်တွေနဲ့ စောင်တွေတော့ မယူတော့ဘူးနော်။ စံ သယ်ရတာ သိပ်လေးနေမှာစိုးလို့။ :D
    ReplyDelete
  10. ကျောင်းဝတ်စုံကြီးနှင့်ကျောင်းပြေးသည် ဒန်တန်တန်
    မိုးကြိုးငှက်ငယ်ကြည့်ဖူးချင်တယ်အေ
    ချစ်တဲ့
    အမ မဒိုးကန်
    ReplyDelete
  11. ငယ်ငယ်တုန်းက ရွှေမန်းသဘင်ပွဲမှာ အိပ်ပျော်လို့ အဖေက ချီပြီး ပြန်ခဲ့ရတာတွေ သတိရသွားတယ်။ လွမ်းလိုက်တာနော်။
    ReplyDelete
  12. ကျိုက်ခေါက်ဘုရားပွဲက နာမည်ကြီးပေမဲ့ တခါမှ မရောက်ဖူးဘူး..ခု သမံစီးဆီကနေတဆင့် ပွဲဈေးလျှောက်လိုက်စမ်းမယ်..သင်းဖြူးဖျာချောချောတွေမြင်တော့ ဖျာလေးတွေပေါ် လှဲအိပ်ချင်မိတယ်..သနပ်ခါးတုံးတွေ မြင်တော့ လိမ်းချင်မိတယ်..
    ReplyDelete
  13. ပျော်စရာတွေ ကုသိုလ်တွေနဲ့ပြည့်နေတဲ့ဘုရားပွဲပဲနော်
    တခါမှမရောက်ဖူးပါဘူး ပင်းတယ တပေါင်ပွဲတို့ဖောင်တော်ဦးတို့ပဲ
    ရောက်ဖူးတာလေ- သနပ်ခါးတွေဝယ်ချင်လိုက်တာနော်ကျေးဇူးတင်မိပါတယ်သမီးရေ
    ReplyDelete
  14. မိုးကြိုးပစ်ငှက်ငယ်လေးတွေကိုကြည့်သွားတယ်အမ
    ReplyDelete
  15. ကျောင်းသားဘ၀ကို လွမ်းသွားပြီ.. သမီးစံရေ... ကျိုက်ခေါက်ဘုရားပွဲကို နှစ်နှစ်လောက် လည်ဖြစ်တယ်... နေလည်းပူတယ်နော်....
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  16. ဘုရားပွဲ တစ်ပတ် ပတ်ပြီး လည်ခဲ့ပါတယ်
    ReplyDelete
  17. သမီးစံရေ
    ဘုရားက စည်လိုက်တာအေ
    ရောင်းနေတာတွေကလည်း လိုချင်စရာတွေကြီးဘဲ
    ဟိုသနပ်ခါးပင်တစ်ပင်လောက်လက်ဆောင်ဝယ်ပေးပါလားနော်..း)
    အများကြီးမဟုတ်ပါဘူး တစ်ပင်ဆို ရပါပြီ။
    မင်းသားဖိုးချစ်ရဲ့ ဇာတ်သဘင်က လန်းလှချည်လား
    တစ်ခါမှတော့ မကြည့်ဖူးဘူးရယ်..
    ပွဲခင်းကြီးထဲ သမီးစံနဲ့ လိုက်ကြည့်ရတာ မောလိုက်တာ
    ငါးသလောက်နဲ့ သရက်ချဉ်သုပ်နဲ့ ထမင်းစားချင်လာပြီး)
    ReplyDelete
  18. ကျောင်းပြေးပြီး ကုသိုလ်ရ၊ မိုကြီုးငှက်ငယ်ကြည့်ခဲ့..၊
    တော်လိုက်တဲ့ သမီးစံ.....။
    ReplyDelete
  19. မိုးကြိုးငှက်ငယ်အဖွဲ့ကို မကြည့်ရတာကြာပေါ့၊
    သနပ်ခါးတုံးတွေကလည်း သွားရည်ကျစရာ..၊
    တဖက်တလမ်းကနေ ကုသိုလ်ယူနေတာတွေ့ရတော့လည်း သာဓုမခေါ်ပဲ မနေနိုင်ပြန်ဘူး..၊
    တော်လိုက်တဲ့သမီးစံ..
    (လင့်လေးချိတ်ထားတယ်နော်)
    ReplyDelete
  20. ပျော်စရာကြီး သမီးစံ ရေ ဘုရားပွဲ ကို သမီးစံ နဲ့ အတူ လိုက်ချင်တယ် မီးမီး ကို မုံဝယ်ကျွေးနော်
    ချစ်အမကြီး
    ရွှေစင်ဦး
    ReplyDelete
  21. ကြည်နှုးစရာပဲ သမန်စီးရေ တခါမှသွားဖူးဘူး ဘုရားပွဲစည်တယ်နော်
    ဓတ်ပုံတွေဝေဝေဆာဆာနဲ့ ဘလော့ger ပီသပါပေတယ်
    ReplyDelete
  22. ဒါပြီးတော့ အိမ်မပြန်သေးပါဘူး တွေ များနေတာနဲ့ သမန်စီးတို့ ဘယ်အချိန်အိမ်ပြန်မလဲ ဆိုပြီး ဖတ်ရင်း နဲ့ စဉ်းစားနေတာ.. တော်သေးတာပေါ့ နောက်ဆုံး တုတ်စာကြောက်လို့ အိမ်ပြန်သွားတယ်ပေါ့..
    ပွဲဈေးတန်းမှာပဲ မိုးလင်းတော့မယ်ထင်နေတာ..
    ပုံလေးတွေကြည့် ပြီး တို့အမိမြေ သတိရတယ်ကွဲ့...ဟင့် ရွှတ်
    နောက်လဲဘယ်သွားသွား ဓါတ်ပုံ ပြန်တင်ပေးနော်.. သမီးစံ ပုံလေးပါ တွဲပြီးတင်ပေး တော့ ပိုကြည့်လို့ကောင်းတယ်..
    ဒါနဲ့ စကားမစပ် ဘူနဲ့ သွားတာပါလိမ့်....??????
    ချစ်တဲ့
    အိမ်မက်စေရာ
    ReplyDelete
  23. ဘုရား ဘုရား .... မိုးကြိုးငှက်ငယ်လေးများ ဝင်ကြည့်တာ တစ်ဦး ၅၀၀ ဆိုတာ ကြည့်ပျော် တယ် ... ဟုတ်လား
    ကလေးမတော့ အလိမ်ခံ ရလိုက်ပြီး ... အဘ တို့  ငယ်ငယ် တုန်းက လည်း ကြည့်ဖူးပါ တယ် တစ်ဦး မှ ၅၀ ပါ
    ကလေးမ ရယ် .... မှားရေး မိ တာလားကွယ် ...
    အဘ ဘုန်း
    ReplyDelete
  24. ကျိုက်ခေါက်စေတီကို ရောက်လေတိုင်း အတိတ်မြေကို မြင်ယောင်မိတယ်လေ...
    ဟေဟေ့.. တိန်တိန့် စုန်းအောင် သီချင်းနော်...
    ReplyDelete
  25. ဂွတ်တယ်ဗျို. အစ်မစံ။ ပွဲဓျေးတန်းလျှောက်လည်ရတာလောက်ပျော်ဖို.ကောင်းတာမရှိဘူး။ ကုသိုလ်လည်းရ ၀မ်းလည်းဝ ဆိုသလိုဘဲ တို.အစ်မစံက ဒါနမြောက်အောင်လုပ်ပေးခဲ.တာ ။
    ReplyDelete
  26. ကျိုက်ခေါက်ဘုရားပွဲကစည်လိုက်တာ သန်လျင်ဘက်ဆိုနီးနီးလေးပဲး)
    ကျောင်းသားဘဝမှာပဲ ကျောင်းပြေးလို့ရတာ ရတုန်းပြေးထားသမီးစံရေ :P
    တီတင့်တို့ တက္ကသိုလ်တက်တုန်းက တစ်တန်းလုံးညှိပြီး လစ်တား))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  27. မြန်မာပြည်က ဘုရားပွဲကို သတိရလိုက်တာ :(
    ReplyDelete
  28. မရောက်ဖူးသေးဘူးစံစံရေ
    ပုံတွေကြည့်ပြီးသွားချင်တယ်
    ReplyDelete
  29. ပျော်နေကြပါလားဗျာ
    ကျောင်းပြေးရတာလည်း တော်တော် အရသာရှိမှာပဲ
    ( နော်လည်း လစ်ဖူးတယ် )
    ဒါပေမယ့် သွားစရာနေရာမရှိလို့ အဆောင်မှာပဲ အိပ်နေလိုက်တယ်
    ( တစ်ခါအိပ် တစ်ခါ အားဖြည့်တယ် ... လူကတော့ အခုထိပိန်တုန်းပဲ :P )
    ReplyDelete
  30. ပွဲတော်ကြီး ဒီလောက်ဟီးနေမှတော့ ကျောင်းသူကျောင်းသားတင်မကဘူး ဆရာဆရာမတွေပါ တရားဝင် ကျောင်းပြေးလောက်တယ်။
    ဒါနဲ့.. မြောက်ဘက်စောင်းတန်းက နတ်သျှင်နောင် အုတ်ဂူနား ရောက်ခဲ့သေးလား မသိဘူး။
    အဲဒီအနားမှာ သူကြီးမင်း ခြေရာတွေ ဗွက်ပေါက်ခဲ့ဖူးတယ်။း)
    ReplyDelete
  31. ကျောင်းပြေးတာဆိုတော့တော်သေးတာပေါ့ ဆရာပါ ခေါ်ပြီး အစားကျွေးမလို့ ဆိုပြီးခေါ်သွားဖို့ အထိ မတတ်သေးလို့ တော်သေးတာပေါ့...
    ReplyDelete
  32. အမီးစံရေ..
    မမလည်း နယ်ပြန် ဘုရားပွဲလည်ချင်လာပြီနော်။ ဟွန့်...သူကျတော့ အစုံသွားပြီး
    မျက်မမြင် ကိုချန်ထားတယ်။ အဟဲ... လိုက်ချင်တာ။။ .
    နေ့ခင်းဘက်သွားကြည့်ရတာမို့စိတ်ချမ်းသာပါတယ်။
    ညဖက်ဆို ယောင်္ကျားလေးပိတ်သတ်တွေက အတော်ဆိုးကြတာကလားး) အမီးစံက
    အဖော်ခေါ်လိုက်တာ ဟုတ်ဘူး...နောက်ဆို ဘုရားပွဲဆို လက်တို့ဦးနော်။
    ခင်မင်လျှက်
    အလွမ်းမြို့
    ReplyDelete
  33. ဟဲ ဓါတ်ပုံတွေကြည့်ပြီး သဘောကျသြွးပါတယ်နော်
    ဒီတိုင်းပဲ ရေးတတ်တယ်,အားနာစရာတော့ ကောင်းသား :)
    ReplyDelete
တံခါးဖွင့်ထားပါတယ် ..