Tuesday, February 14, 2012

ချစ်သူ..............



ချစ်သူ..............

မြန်မာပြည်မှာ H5N1 ဖြစ်တုန်းက

ငါဟာမကြောက်ရွံ့ခဲ့ပါဘူး ။ ။

ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................



ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း

စိတ်မပျက်ခဲ့ပါဘူး ။ ။

တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး

နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............



gtalk banned ခံရလို့ လည်း

နောက်မဆုတ်ခဲ့ပါဘူး ။ ။

ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 

chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................



chatting အမျိုးမျိုးနဲ့ 

နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို

ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 

လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................



 onlineမှာ နင် ရှိနေမယ်ဆို

power တွေတက်ခါးတွေမျက်နေလည်း

အငတ်ငတ်အပြတ်ပြတ်နဲ့ 

ဆက် chat နေပါ့မယ် ချစ်သူ.....................



မ chat ရင် မနေနိုင်တာကလွဲလို့ 

မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို 

နင့်ရဲ့ဘ၀ထဲက ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ.............. 


 chatting thesis နဲ့  Internet course မှာ 

solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို 

account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို 

ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................ 



 နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 

 နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့

 ငါ့ရဲ့နှလုံးသားကို

 ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................ 


 မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့ 

 ငါ့ရဲ့နှလုံးသားကို 

အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ............... 


 ငါ့ဟာငါ register လုပ်ခဲ့ပြီး

ငါ့ဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို

 နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................


 ကျေးဇူးရှင် chat senior များရဲ့

 သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့

 နင့်ရဲ့နှလုံးသားကိုလည်း

ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ.............. 


 ချစ်သူ..............

 တကယ်တော့..............

 ငါဟာနင့်ရဲ့ဘ၀ထဲကို

 လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။



(ကဗျာပိုင်ရှင်ကိုခရက်ဒစ်ပေးပါတယ်။)


''I' ll do anything

I'll give you my world

I'll wait forever to be your boy

Just call out my name

And I'll be there.

Just to show you how much I care.

I was born to make you happy."

(ကြိုက်တယ်ဆို ကူးသွားလိုက်ပါ။ လက်ဆောင်ရထားတား)



ဒီနှစ် result ကပုံပါအတိုင်းဘဲမို့..အေးအေးဆေးဆေးဘဲနေပါမယ်။း)
(ပုံကို face book ကယူပါတယ်)

ညီမ၀မ်းကွဲတစ်ယောက်နဲ့..သူငယ်ချင်းတစ်ယောက်မွေးနေ့လဲဖြစ်တာမို့
အပီအပြင်စားဖို့ပြင်ထားကြောင်းပါ...။ :D


ချစ်သူများနေ့မှာ...ချစ်တတ်သူတိုင်း..ပျော်ရွှင်ချမ်းမြေ့ကြပါစေ... :)


(လက်ဆောင်များနဲ့လန်းနေသူး)


ချစ်ခင်လေးစားလျှက်..


29 comments:

  1. ကော်ပီယူသွားတယ်နော် စံစံ ခံစားချက်ထင်ပါရဲ့..ကောင်းထှာ

    ReplyDelete
  2.့ လက်ထဲက ဘာကြီးကိုင်ထားတာလဲ.....???
    လက်ညိုးနှစ်ချောင်းထောင်ပြီး ရယ်ပြနေတာ ဘယ်ဒူ့ကိုလဲ မန်စိ??? အေးဆေးမနေလို့ ဘယ်လိုနေချင်သေးတာလဲနော...အပီအပြင်ဘာတွေဝါးမှာလဲ...

    ReplyDelete
  3. ဟေ သမန်းစီးလေးက ချစ်သူဆိုပါလားး)))
    ညေးတော့မသိဘူး ကျုပ်ကတော့ ချက်ကလောကိုမကြိုက်ဘူးအေ .
    ချောကလက်အစားမုန့်ဟင်းခါးကျွေးတဲ့အထိမ်းအမှတ်ဆိုသိပ်ကောင်းမှာဘဲလို့စဉ်းစားမိတယ်း)))

    ချစ်တဲ့

    အမ မဒိုးကန်

    ReplyDelete
  4. ချစ်သူသို့ ဆိုလို့ နာယောက်မလေးစွံသွားပြီလာလို့ :P

    ReplyDelete
  5. ကွေ့ပတ်ရှောင်ရှားပြီး ချက်တင်စွမ်းအားတွေ တက်နေတယ်ပေါ့လေ..။
    စလုံးရောက်နေတယ်သမီးစံရေ..။ မကြာမှီ မြန်မာပြည်ပြန်ရောက်မယ်..။ ကူညီရန် အသင့်ပြင်ထားတော့ သမီးစံရေ...။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  6. ကဗျာ ဖတ်ပြီး ရီလိုက်ရပါတယ် .... မ chat ရင် မနေနိုင်တာကလွဲလို့  တဲ့ ....

    ReplyDelete
  7. စံရေ... ရီရခက် သနားရခက်။

    နောက်ဆုံးတော့ အားရအောင်ပဲ ရီသွားခဲ့တယ်။

    ဒီနားလေး အကြိုက်ဆုံး။

    ကျေးဇူးရှင် chat senior များရဲ့


    သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့


    နင့်ရဲ့နှလုံးသားကိုလည်း


    ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ..............

    ခင်တဲ့
    မြတ်

    ReplyDelete
  8. သမီးစံရေ....ကဗျာဖတ်ပြီး သဘောတွေကျလို့.... :D

    Mathematical Proof ကလည်း မှတ်သားလောက်တယ်။ :)

    ReplyDelete
  9. အမယ်အမယ်၊ လန်းနေပါလား? ကဗျာက လက်ဆောင်ရထားတယ်ဆိုတော့ ဟင်းဟင်း။ စကားမစပ်၊ မြတ်ကြည် ဖြစ်လို့ ဆေးရုံတက်ဖူးသေးတယ်။ ဟီဟိ။ နေမမြင်ရတာ ၂ပတ်။

    ReplyDelete
  10. ကဗျာလေးကောင်းတယ်လိုမှလာယူမယ်နော်
    ရိုးရိုးလေးနဲ့ချစ်ဖို့ကောင်းတဲ့ သမီးရေ
    ရီးစားတွေမထားနဲ့နော်မားမားရှာပေးမယ်

    ReplyDelete
  11. ညီမသမီးစံတို့ကတော့ လက်သွက်တယ်နော်း)

    ReplyDelete
  12. ဖတ်ခဲ့ပါတယ်နော်
    ခင်မင်စွာဖြင့် (လွမ်း)

    ReplyDelete
  13. ကဗျာလေးက အမိုက်စာလေးပါလား...ကူးထားမှ..:)

    ReplyDelete
  14. သမီးစံလည်း ထပ်တူပျော်ရွှင်ပါစေ။ ကဗျာလေးတွေ အားပေးသွားပါတယ်ဗျို့.. :)

    ReplyDelete
  15. ဘယ်ကရလဲ မသိပေမယ့်ကဗျာလေးအရမ်းကောင်းပါတယ်

    ReplyDelete
  16. ကျုပ်တို့ကတော့ ဒါမျိုးတွေ orientation ပြန်လုပ်ရအုံးမယ်အေ့ :P
    ကဗျာလေးက ရီရတယ် ခွိ

    ReplyDelete
  17. မကြာမီမှာ အပျိုကြီးဘဝကကျွတ်ပြီး ချစ်သူတွေ့ပါစေကွယ်။ power တွေတက်ခါးတွေမျက်နေလည်း
    အငတ်ငတ်အပြတ်ပြတ်နဲ့ ဆက် chat မနေနဲ့နော်။ ယောင်းယောင်းလည်း အွန်းလိုင်းတနေကုန်ထိုင်လွန်းလို့ ပါဝါတွေထူပြီး ခါးနာနေလို့ ခဏနားထားပါတယ်။ ;-)

    ReplyDelete
  18. ချောကလက်များစားရမလားလို့လာတား)
    လက်လေးနှစ်ချောင်းက လက်ဆောင်နှစ်ခုတောင်ရတယ်ဆိုတဲ့သဘောလားး))
    ပျော်ရွှင်ပါစေ
    မမိုး

    ReplyDelete
  19. သမီးစံက ၈တန်းကျောင်းသူလေးနဲ့တူတယ် :P
    ကဗျာလေးကလည်းကောင်းပါ့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  20. ချက်နိုင်သူကြီး ဂျင်ဆန်းမီတယောက် ပြုံးပျော်နေပါလားဟေ့

    ReplyDelete
  21. ကောင်းလိုက်တဲ့ ကဗျာ...ခေတ်ကို ဟပ်နေတာပါကလား...

    ဓာတ်ပုံမှာ လက်နှစ်ချောင်းထောင်ထားတော့ နှစ်ခုလား နှစ်ယောက်လား နှစ်နှစ်လား စဉ်းစားမိပြီး ခေါင်းကုတ်မိပါကြောင်းဗျား...

    ReplyDelete
  22. သမီးစံကဗျာက ရှယ်ပါလား
    ရေးတဲ့သူကို ချီးကျူးပါတယ်လို့ ပြောလိုက်ပါ...
    သူ့နှလုံးသားလေး Delete လုပ်မခံရအောင် ပလပ်စတစ်နဲ့ လုံလုံခြုံခြုံထုတ်ထားပါလို့ ပြောလိုက်နော်..
    ဒါနဲ့ ဘာလက်ဆောင်တွေ ရသတုန်း...
    များနေရင် နည်းနည်းလောက်နော်း)

    ReplyDelete
  23. လုပ်လိုက်မှ ဖြင့်ဒီလိုချည်းပဲ.. ဟဟ.. မိုက်တယ်.

    ReplyDelete
  24. လုပ်လိုက်မှဖြင့်ဒီလိုချည်းပဲ.. ဟဟ .. မိုက်တယ်.။

    ReplyDelete
  25. ကဗျာလေးက အရမ်းမိုက်တယ်ဗျာ
    ကြိုက်တယ်
    register လုပ်ပြီး password မေ့တတ်တဲ့
    1 GB သာ ရှိတဲ့ မှတ်ဥာဏ်လေးလည်း တိုးပါစေဗျာ
    ဆုတောင်းပေးသွားပါတယ်

    ReplyDelete
  26. လွှတ်..လန်းကွာ။ ကြက်သားကိုရှောင်ဆေးစစ်အောင်တဲ့..

    ReplyDelete
  27. လွှတ်ကောင်းကွာ... ကြက်သားရှောင်ဆေးစစ်အောင်တယ်တဲ့...ဟယ်

    ReplyDelete
  28. မေလေးက တော့အမေ၇းထားတာလေးကြိုက်တယ် အခုမှဖတ်မိလို့ တောင်းပန်ပါတယ် မေလေး ကအခုမှထိုင်ဖြစ်လို့ပါ

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..