Thursday, February 16, 2012

မဆုံသောလမ်း..



အပြင်မှာနှင်းဖွေးနေပေမယ့်...

ရင်မှာမအေးတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ

အအေးဒဏ်ကိုအံတုရင်း..

အဖော်မပါဘဲ တစ်ကိုယ်တည်းလျှောက်သွားဖူးခဲ့တယ်။

မထီမဲ့မြင်အပြုခံလိုက်ရတဲ့  ချစ်သူရဲ့အရက်စက်ဆုံးစကားကြောင့်

နာကျည်းချက်တွေ...ရင်မှာပိုက်

ကြေကွဲစွာ...ရူးသွပ်ရင်းနဲ့ပေါ့...။

သူ့ဘ၀မှာ ကိုယ်အမြတ်နိုးဆုံးအရာက

"ရိုးသားမှုနဲ့သစ္စာတရား"

ပြန်ရလိုက်တာ...

" အရောင်ဆိုးထားတဲ့ဟန်ဆောင်မှု"

ရက်စက်တော့မယ်ဆိုတာသိရက်နဲ့ မိုက်မဲခဲ့မိတယ်။

ကိုယ့်အတွက် ပေးခဲ့တဲ့သူ့ရဲ့လက်ဆောင်က...

ဒဏ်ရာအပြည့်နဲ့ပါကင်ပိတ် နှလုံးသားတစ်စုံရယ်...

မျက်ဝန်းမှာခိုတွဲ.. တသွင်သွင်စီးကျနေတဲ့အဆွေးမျက်ရည်တွေရယ်ပေါ့..။

ရာသီတွေပြောင်း နှစ်တွေဟောင်းသွားပေမယ့်

မမေ့ရက်ဆုံးက  ချစ်သူရဲ့အပြုံးနဲ့ စကားသံတွေပါ....။

ပဲ့တင်သံပြန်ကြားရတဲ့နေရာဆိုတာ...

ဘယ်တော့မှအဖော်မရှိတတ်ပါဘူး။

ပြန်လာခဲ့ပါချစ်သူ....

မေ့တတ်တဲ့လောကကြီးက

နင့်ကို...အသစ်တစ်ဖန် ဆီးကြိုနေပါလိမ့်မယ်

ငါလည်း... ပန်းသီးတစ်လုံးပြင်ထားတယ်။

*****************

Pyaung Gyi (P.G) မိစံ

(သူခြစ်၊ကိုယ်ခြစ်..နှစ်ယောက်ပေါင်းခြစ်ရင်း၊ရေးရင်းနဲ့ ကဗျာတစ်ပုဒ်ဖြစ်လာတာမို့
အမှတ်တရအနေနဲ့ သိမ်းထားလိုက်တာပါ။း)


ချစ်ခင်လေးစားလျှက်...




30 comments:

  1. လောကကြီးရေ ..မှတ်မှတ် ရရ ပြန်ခေါ် ပေးလိုက်ပါ ...
    ဒါမှ ... ဒီအပျိုကြီးလည်း ... ကျွတ် မှာ ...လေ ... :D ....

    ReplyDelete
  2. တောင်ပြုန်းက..မောင်ဘုန်း
    စားချင်နေပြီပေါ့။စောင့်ပါအုံးလေ
    နောင်ဆယ်နှစ် :P

    ReplyDelete
  3. အပျိုကြီး ဟန်ဆောင်နေတာ..ပေါ်လာပြီ....ဆက်သွယ်ရေး လိုင်းမကောင်းသေးလို့ တဲ့ ၅ါးထောင်တန် ဖုန်းထွက်တာနဲ့  သူလည်း ကျွတ်ပီ...လုံခြည်းး..မှားလို့  အပျော်လွန်ပြီး ခိုးရာလိုက်မည်တဲ့...တိန်

    ReplyDelete
    Replies
    1. လာပြန်ပြီနောက်တစ်ယောက်
      (မေတ္တာတရားကြီးမားကြပုံများ.အံ့သြလောက်ရဲ့း)

      Delete
  4. များလဲပန်းသီးပြင်ထားတယ်
    မာမားမုန်လာထုပ်

    ReplyDelete
  5. ပန်းသီးဆို ဘလက်နဲ့မြည်းရင် အိုကေနိုင်တယ်ဟ..
    လုပ်အုံး..:D

    ReplyDelete
  6. ဆုံနိုင်ခွင့်လေးရပါရစေ..ဒီအချိန်ငါအရမ်းတောင့်တနေ.. မင်းရဲ့အပြုံးတွေကို မှန်းဆ တမ်းတာကာနေ. လား ဟိဟိ.

    ReplyDelete
  7. အမယ် အမယ် ... ညလေးမီးစံတို့ တယ်ဟုတ်နေပါလား။
    ချစ်တဲ့
    မမိုး

    ReplyDelete
  8. မဆုံသောလမ်းလေးကလျှောက်ချင်စရာလေးကွယ်
    ဓာတ်ပုံပြောပါတယ် :P
    ကဗျာတွေထွက်လာပါရော့လား ငါ့ယောက်မလေးလဲ

    ReplyDelete
  9. ဟိုခြစ် ဒီခြစ်ကလည်း ဟုတ်သားဟ..

    ReplyDelete
  10. အဟမ်းး အဟမ်း အဟမ်း

    အဲပန်းသီးလေးယူသွားလို့ရမလားဟမ်း))


    ချစ်တဲ့အမဂျီး

    ဂျာရစ်

    ReplyDelete
  11. ကဗျာလေးက ချစ်စရာလေး... ပန်းသီးက တစ်လုံးထဲလားခင်ဗျ.. :P..

    ReplyDelete
  12. ခရစ္စတလ်February 17, 2012 at 9:17 AM

    မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းက အဝေးတစ်နေရာမှာ ဆုံသတဲ့
    သင်္ချာဆရာတစ်ယောက် စာသင်ရင်း ပြောဖူးတယ် ... :P

    ReplyDelete
  13. ဟိဟိ ပန်းသီးက ဘယ်လိုပြင်ထားတာတုန်းဂျ။ အခွံခွါပြီး ပြင်ထားတာလား။ အစိပ်လေးတွေလုပ် ပြီး ပြင်ထားတာလား၊ ဆားနဲ့တို့ပြီး အလုံးလိုက်မြိုခိုင်းမှာလားဟင်။ တိန်! နောက်ဆုံး တစ်ခုဖြစ်နိုင်တယ်။ ဟီး နောက်တာ ကဗျာလေးကောင်းတယ်။

    ReplyDelete
  14. နာ့ သမီးလေးတောင် ခြစ်တတ်နေပြီကို

    ReplyDelete
  15. လောကကြီးလည်း အစ်မလိုပဲ
    မှတ်ဥာဏ် 1 GB ပဲ ရှိတယ်နဲ့ တူပါတယ်ဗျာ
    သူက မေ့တတ်တယ် တဲ့
    မေ့တတ်တဲ့ လောကကြီး ပါလား

    ReplyDelete
  16.း) အချစ်ဆိုတာ အရက်နာလိုပါပဲ သမန်းစီးရယ်း)း)

    ReplyDelete
  17. သမီးရေ...နာလည်းမဆုံသောလမ်း ရောက်နေတယ်...ဆုံရအောင်လို့ ပြန်တော့မယ်

    ReplyDelete
  18. သမီးရေ..နာလည်းမဆုံသောလမ်းရောက်နေတာ....ဆုံရအောင်လို့ပြန်တော့မယ်

    ReplyDelete
  19. ဘာမှ ဟိုခြစ်ဒီခြစ်မလုပ်နဲ့ ..ရင်တွင်းဖြစ် လုပ်စမ်းပါ ...:):)
    ကဗျာလေး ကောင်းတယ် သမီးစံရေ...
    ခံစားအားပေးလျှက်ပါလို့..

    ReplyDelete
  20. သူခြစ်ကိုယ်ခြစ်ကလဲ မဆုံသောလမ်းကြီးပါလား..။ မဆုံးသောလမ်းလေးလဲ ခြစ်ဦးလေ...။
    သမီးစံရေ...ကန်ဒီတို့စလုံးကိုရောက်ပြီး စလုံးကိုဝေဖန်လိုက်တယ်..။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  21. သမီးစံရဲ့
    ရင်မှာ မအေးတဲ့ဆောင်းမနက်ခင်း
    ကဗျာကို အားပေးဖတ်ရှုသွားပါတယ်...

    ReplyDelete
  22. ဒါဆို collaboration ပေါ့နော်မမ
    ဆောင်းကိုလွမ်းတယ် မမရယ် :(

    ReplyDelete
  23. အလဲ့ .. ပန်းသီးတစ်လုံးပြင်ထားမယ်တဲ့။။ မိုက်တယ်။။
    နေဦး.. အဲ့ပန်းသီးကို တစ်ကိုက်တော့ ကိုက်ထားဥိးနော.. :P

    ReplyDelete
  24. ကိုကိုမောင်(ပန်းရနံ့)February 20, 2012 at 6:53 AM

    ပန်းသီးတစ်လုံးထဲ ဘယ်လို စားမလဲ။း)

    ReplyDelete
  25. ဟန်ကြည်February 20, 2012 at 11:24 AM

    ဖက်စပ်ကဗျာကို ဖတ်ပြီးတော့ဆက်စပ်ရင်ကောင်းမလား စဉ်းစားလိုက်မိတယ်း)

    ReplyDelete
  26. နှစ်ယောက်တစ်အိမ်မက် မဟုတ်ဘဲ
    နှစ်ယောက်တစ်ပုဒ် ရေးတဲ့ ကဗျာလေးပါလား
    မိစံရေ
    ဒီလိုလည်း ကဗျာတွေရေးတတ်တယ်ပေါ့
    အားတောင်ကျသွားတယ်း)

    ReplyDelete
  27. ရက်စက်သူကိုမေ့ပစ်ပလိုက်ပါ။
    လက်တွေ့ဘ၀ထဲမှာတော့ ပြန်မလာတာကောင်းတယ်
    :D
ိချစ်တဲ့
    အမ

    ReplyDelete
  28. ပန်းသီးဆိုတော့

    ပန်းသီးတံဆိပ် အိုင်ပက်လား အိုင်ဖုန်းလား အိုင်ပေါ့ လားး))

    ရင်တွင်းဖြစ်လား .. ဒီပုံနဲ့တော့ ဟုတ်လောက်ဘူးထင်ရဲ့ :P

    ReplyDelete
  29. ခံစားရပါတယ်ဗျာ...ပြင်ထားတဲ့ ပန်းသီးလေးကို ပေးလိုက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..