Sunday, February 5, 2012

ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)


ဘာရေးရင်ကောင်းမလဲ စဉ်းစားနေတုန်း တက်စာမိပါတယ်။“ရေငတ်တုန်း ရေတွင်းထဲကျတယ်” ဆိုပါတော့။ တက်လာပေးသူကတော့ ဘလော့ဂါ(ပေါက်စလေး)မောင်နွေလပါ။လူငယ်ပါတယ်။သို့ပေမယ့် ပညာမ ငယ် ပါ ဘူး။(မြှောက်ပေးလိုက်ပြီနော်း)သူပေးတဲ့ခေါင်းစဉ်လေးကလည်း ရေးလို့ကောင်းမယ့် ခေါင်းစဉ် လေး ပါပဲ။ (ရေးမတတ်တာ ခက်ပါတယ်း) သတိတရ တက်စာကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်း)။ ခေါင်း စဉ် ကတော့“….ဘ၀ရဲ့ အမှတ်တရ နေ့စွဲများ”တဲ့။ဒီခေါင်းစဉ်နဲ့ရေးဖို့ နေ့စွဲတွေကိုတော့ စောစောကတည်းက Memory 1GB ပဲရှိတာကြောင့်ရော၊ အသက်အရွယ်ကြောင့်ပါ တဖြည်းဖြည်း မေ့တတ်လာတဲ့အတွက် ခုနှစ်၊ရက် အတိအကျမမှတ်မိတော့တာမို့ မှတ်မိတာလေးကို(ရက်အတိအကျ)ရေးပြီး မမှတ်မိတာကိုတော့ ဒီ အ တိုင်းလေးပဲ ဖော်လို လိုက်ထားပါတယ်။

ဘ၀ရဲ့အမှတ်တရ နေ့စွဲတွေကတော့ လူ့ဘ၀ရဲ့ သုံးပုံပုံတစ်ပုံကိုရောက်နေပြီဖြစ်တာမို့ (ဒီလိုရေး ရင် သောက်ညင်ကက်ကုန်မှာကို..ရိပ်စားမိပါတယ်;)သမီးစံမှာ အများ ကြီးပါပဲ။ပထမဦးဆုံး အ မှတ်ရေ နတဲ့ နေ့ က တော့ ကိုယ်မွေးတဲ့နေ့ပေါ့နော်း)။မွေးမွေးချင်း ကိုယ့်ဘာသာ မမှတ်နိုင်သေးပေမယ့် အဖေနဲ့ အမေက မှတ်ထား ပေးလို့ အဲ့ဒီ့နေ့ကိုအမှတ်ရနေပါတယ်။ အမေက ပြောပါတယ် “အဲ့ဒီ့နေ့က..လကြီးကို ထိန်ထိန်သာနေတာပဲ သမီးရယ်”တဲ့။“သမီးကို မွေးမွေးပြီးချင်း တစ်လနေတဲ့အထိ အမေ့ အသက် ကို သေ မင်းနဲ့ လွန်ဆွဲ နေခဲ့တာ”တဲ့။(ဒီလိုနဲ့ပဲ အငယ်ဆုံးသား သန်လျင်သားကို ထပ် မွေး ပါ တယ်။း) “ဒါကြောင့် အမေ့ကျေးဇူးကို ကျန်တဲ့သူတွေထပ် ပိုဆပ်သင့်တယ်နော်”တဲ့။(စိတ်ချပါ အမေ ဆို ပြီး တောင်း ကောင်းနေတဲ့မုန့်ဖိုးက ခုချိန်ထိပါပဲး)

အမှတ်ရနေတဲ့ နောက်တစ်ခုကတော့ လေးတန်းနှစ်မှာပါ။ကျောင်းသားခုနှစ်ယောက်ပဲရှိတဲ့ အတန်းထဲမှာ အဆင့် ၁၊၂၊၃ ကမဆင်းတဲ့နှစ်မို့ပါ။(ရှားရှားပါးပါး အဲ့ဒီ့တစ်နှစ်ပဲ ရခဲ့ဖူးတဲ့အဆင့်တွေပေါ့)“ကြက်ကန်း ဆန်အိုးတိုး”တဲ့နှစ်ဆိုပါတော့။ယောကျာင်္းလေးက ငါးယောက်၊မိန်းကလေးကနှစ်ယောက်ပဲရှိပါတယ်။ သုံး တန်း နှစ်စာမေးပွဲဖြေပြီးတော့ တစ်ခြားရွာမှာဆောက်လက်စ ကျောင်းတစ်ကျောင်း ပြီးသွားတဲ့အတွက် အိမ် နဲ့ နီးရာ ကျောင်းတွေကို ပြောင်းရွှေ့ကြရင်း နောက်ဆုံး ခုနှစ်ယောက်ပဲရှိတော့တာပါး) ။နှစ်ဝက်ေ ရာ က်ေ တာ့ ကျောင်းလက်ရွေးစင်တွေသာ ဖြေရတဲ့ ဥာဏ်စမ်းဗဟေဠိကို မြို့ထဲကျောင်းမှာ သွားဖြေရ ပါ တ ယ်။ သောက်သောက်လဲ၊ခွက်ခွက်လန်အောင် ကျောင်း ဂုဏ်ဆောင်နိုင်ခဲ့ပါတယ် ။ေ မးခွန်းေ တွ က နိုင် ငံ ရေးဦး တည် ချက်(၄)ရပ်၊ စီးပွားရေးဦးတည်ချက်(၄)ရပ်၊ လူမှုရေးဦးတည်ချက်(၄) ရပ်ကိြုေ ဖပါ တဲ့။ နိုင် ငံရေးက စီး ပွား ရေး ဖြစ်လိုဖြစ်၊ စီးပွားေ ရးက နိုင်ငံရေးဖြစ် လိုဖြစ်နဲ့ ရောသ မေ မွှ ပြီး ဖြေ လာ ခဲ့ပါ တယ်း)။ (ခုချိန်ထိလည်း ရော နေ တုန်းပါ) ဒီမှာ တင်တော်တာ လား ဆိုတော့ မဟုတ် ပါဘူး။ “စည်းနဲ့ဝါး” တီးပြီးဆို ရတဲ့ “တံ တြာ တေ ရှင်” သီချင်းမှာလည်း ပြိုင်ဘက် ကင်းခဲ့ပါတယ်။ ဆိုရ မယ့် သီချင်းက “စည်းနှ စ် ချက်၊ ၀ါးတစ်ချက်” ကိုယ်တီး လိုက် မိတာက “၀ါးနှစ်ချက်၊ စည်းတစ်ချက်” (သိပ်မ လွဲပါ ဘူးေ နာ်း)။ အဲ့ ဒီ့နေ့တွေကတော့ တွေးမိ တိုင်း ပြုံးရင်း အ မှတ်ရနေတဲ့နေ့တွေပါ။

၂၃-၉-၉၈ ခုနှစ်မှာ အဖေဆုံးပါတယ်။အမေ့အတွက်တော့ ရွှေတောင်ကြီးပြိုတယ်ပေါ့။ကိုယ့်အတွက်ကတော့ ပြိုရကောင်းမှန်းမသိခဲ့ပါဘူး။အမျိုးတွေစုံစုံလင်လင်တွေ့ရတာမို့ပျော်သလိုခံစားခဲ့ရပါတယ်။(ငယ်သေးတာလည်းပါတာပေါ့ကွယ်)အဖေ့ကျေးဇူးကို ညဖက်အိပ်ရာခင်းပေး၊မနက်မိုးလင်းအိပ်ရာသိမ်းပေး၊စားပြီးတဲ့ပန်းကန်ဆေး ပေးတာလောက်နဲ့ပဲ ဆပ် ခွင့်ရ ခဲ့ပါတယ်။ဖတဆိုးသမီး စဖြစ်ခွင့်ရတဲ့နေ့မို့ အမြဲအမှတ်ရနေပါတယ်။ (ရောက်ရာ အရပ်မှာ တတ်နိုင် သေ လာက် အဖေ့အတွက်အလှူဒါနပြုဖြစ်ပါတယ် အဖေကောင်းရာသုဂတိလားပါစေ။)

နောက်နေ့စွဲတစ်ခုက ရှစ်တန်းနှစ်မှာပါ။ ကလေးပဲရှိသေးတော့. အဆော့ သန်တဲ့ အရွယ်ပေါ့နော်။ (ငါးမူး၊တစ်ကျပ်၊ တစ်ကျပ်ခွဲ၊နှစ်ကျပ်နဲ့ ငါးကျပ်ပြည့်ရင် ဥတစ်လုံးရတဲ့ကစားနည်းမှာ ဥဖမ်းကောင်း တဲ့အကြောင်းတော့ ထည့်မရေးတော့ပါဘူး။)ပြောချင်တာက ကြိုး အခုန်ကောင်း တဲ့ အကြောင်း ပါး)။အဲ့ဒီ့တုန်းက သရေကြိုး နက်နက် လေးတွေပေါ်ပါတယ်။ တစ်ကြိုးကို တစ်ဆယ်ပေး ရပါတယ် ။နှစ်ကြိုးသုံးကြိုးဆက်လိုက်ရင် ကောင်း ကောင်း ဆော့လို့ရနေပါပြီ။ပထမဆုံးအဆင့်အနေနဲ့.ကြိုးကိုခြေဖျားအောက်မှာဖိပြီး စခုန်ရပါတယ်။ပြီးတော့ဒူး၊ဒူးပြီးတော့ ခါး၊ခါးပြီးတော့ခေါင်း၊ခေါင်းပြီးတော့ လက်တစ်ဆန့်၊ လက်တစ် ဆန့်ေ ရာက်တော့ မမှီတော့ပါဘူး။မမှီတော့ ကျွမ်းထိုးပါတယ်း)။ကြိုးခုန်တဲ့နေရာမှာ သမီးစံတို့ ပရော် ဖက်ရှင် နယ် ဆိုပေမယ့် အသွားမတော်တစ်လှမ်း ဆိုသလို ကျွမ်းထိုးကောင်းတာ အရှိန် လွ န်ပြီး ကျောင်းသားတွေထိုင်တဲ့ခုံတန်းရှည်အပေါ် ခြေထောက် ရောက် သွားပါတယ်။ (ကျွမ်းထိုးရင်.. တစ်လှမ်း၊နှစ်လှမ်းလောက်.အရှိန်ယူပြီးထိုးမှ ဟိုဘက် ရောက်ပါတယ် ..အရပ် ပုလို့ပါး) ဒီေ တာ့ ခြေေ ထာက်မှာ ဒဏ်ရာနည်းနည်းရသွားပါတယ်။အသက်ကြီးလာရင် ခြေထောက် လှလှ လေးနဲ့ (ရုပ်လေးက လှပြီးသားဆိုတော့;) မင်းသမီးလုပ် မယ်ဆိုတဲ့ အိမ်မက်လေး ..စပျက်တဲ့ နေ့မို့.. အမှတ် ရ နေပါတယ်း)။

ကိုးတန်းနှစ်မှာလည်းနေ့စွဲတစ်ခုရှိပါသေးတယ်။(ပြောပြီးပါသော်ကော အမှတ်တရတွေက အများကြီးပါလို့း) တစ်နေ့တော့ မြန်မာစာကော ဘိုင်အိုပါ သင်တဲ့အတန်းပိုင်ဆရာမက လူမှုရေး ကိစ္စရှိ လို့ နေ့ တစ် ၀က်ခွင့် ယူပြီးပြန်ပါတယ်။ ဒီ တော့ ကိုးတန်းစီခန်းကို အတန်းပိုင်ကိုင်တဲ့ အီကို ဆရာ မက မြန်မာစာ အစား ၀င်သင်ပေးပါတယ် ။ ကဗျာ လေး တစ်ပုဒ် သင်ပေး တာပါ။ “ဗုံတော်သား” တဲ့။ အစား ၀င်သင် တဲ့ဆရာမ က..စာမသင်ခင် ကဗျာအ ကြောင်း အရင် ပြောပါတယ်။ “ကဗျာဖတ်တယ်ဆိုတာ စာဖတ်သလို ဖတ် လို့မ ရပါဘူး”တဲ့။“စာဖတ်သလို ဖတ်လိုက်ရင် မူရင်းအရသာ ပျက်သွားတတ်ပါတယ်”တဲ့။ဒီတော့ ကဗျာ ဖတ် ရင် ရေးထားတဲ့အဓိပ္ပာယ်ပေါ်အောင် ဌာန် က ရိုဏ်းကျကျ ဖတ်ရပါမယ်တဲ့။ကဗ်ာထဲက စာသားေ တြ ကေ တာ့…

မောင့်ဗုံသံပတ်စာကောင်းလို့
မောင်းသံလိုဟည်း
ချစ်ကြိုးသီတဲ့ပင်ကိုယ်လှရယ်
ချစ်ကြိုးသီတဲ့ပင်ကိုယ်လှရယ်
မင်းကြွခဲ့အုံး… တဲ့
(မှတ်မိသလောက်ပြန်ရေးထားတာပါ)

အဲ့ဒီ့ကဗျာကို ဆရာမက (ရက်ပ်စာသားနဲ့)အမြန်ဖတ်ပြပါတယ်း)။ ဆရာမတိုင်ပေးသလို. ဖတ်ရင်းဖတ်ရင်းနဲ့ ကျောင်းသားတွေလည်း အားပါလာပြီး ခုံတွေပါ တီးတဲ့အဆင့် ထိဖြစ်လာပါတယ်။ (ဒါကြောင့် ဒီကဗျာထဲ က စာ သားတစ်ချို့ကို အလွတ်ရနေတာပါး)အတန်းပိုင်ဆရာမ ပြန်ရောက်လာတော့ ကျမကျောင်းသားတွေကို ဒီ လို သင်ရပါရောလားဆိုပြီး ဒေါသအိုးကွဲပါတယ်။ ဆရာ မနှ စ်ေ ယာက် ဒေါ သအိုးကွဲတာ (ကျောင်းသား တွေ ရှေ့ မှာ ပါ)ဗိုက်နှိပ်ပြီး ကြိတ်ရယ်ရတာမို့ အထက်တန်းေ ကျာင်းသားဘ၀ ရှားရှားပါးပါး အားရပါးရ ရယ်ခဲ့ရတဲ့နေ့မို့ အမှတ်ရနေပါတယ်။

ဆယ်တန်းမှာလည်းအမှတ်ရတဲ့နေ့စွဲရှိပါတယ်။(ရက်၊လ၊သာအတိအကျမသိရတာပါ) ၂၀၀၉ ခုနှစ်ထင် ပါ တယ်း)။ ခုနှစ် ဆယ့် ငါးမှတ်နဲ့ဂန်ထူးပေးတဲ့ဘာသာကို ခုနှစ်ဆယ့်ငါးမှတ်နဲ့ ရခဲ့တာပါ။ မုန့်ဖိုး တစ်သောင်း နဲ့ လက် ကျွတ် တစ်ကွင်း ရပါတယ်။အင်မတန်ပျော်ပါတယ်း)။(သများကြွားလို့ လိုက်ကြွားတယ်မှတ်ပါ :P)

နောက်တစ်ခုက တက္ကသိုလ်ပထမနှစ်မှာပါ။ ခရစ်စမတ်နေ့ပါ။တစ်နေ့တာတဂ်ထဲမှာလည်း ထည့် ရေးခဲ့ ဖူး ပါ တယ်။“စာလေးတစ်စောင်ရတယ်၊မေးကြည့်တော့ ငါကနောက်တာပါဟ”ဆိုပြီးတော့လေ :P။အဲ့ဒီ့တုန်းက အစ် မချော(အစိမ်းရောင်လွင်ပြင်)က မေးပါသေးတယ်။စာထဲမှာ ဘာရေးထားတာလဲတဲ့။ မပြောပါ ဘူးအမတော်  ညမတော်ကိုသာ..အသေသတ်ချင်သတ်လိုက်ပါ :D။အထက်ပါနေ့စွဲကလည်း အမှတ် တ ရ ပါပဲ။

နှစ်ဆယ်ရက်၊ဇူလိုင်၊နှစ်ထောင့်ဆယ့်တစ်ခုနှစ်မှာ အပျော်တမ်းစာမျက်နှာလေးတစ်ခုကို ဖန်တီး၊ ပိုင်ဆိုင် ခွင့် ရခဲ့ ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မိုင်ပေါင်းထောင်ချီဝေးနေကြတဲ့ သူငယ်ချင်း၊မိတ်ဆွေ၊ ချစ်သူ၊ ခင် သူ တို့ ရဲ့ ရင်ဘက်ထဲကို နီးနီးကပ်ကပ်ကြည့်ခွင့်ရတဲ့ စာမျက်နှာလေးပါ။အမေစံရဲ့သမီးဆိုတော့ “သမီးစံ”လို့ နာ မည် ပေးထားပါတယ်။ သမီးလေးကိုသိပ်ချစ်ပါတယ်း)။ သူ့ကိုတစ်နေ့တစ်ခါမကြည့်ရရင် စားမ၀င်အိပ် မပျော်ပါဘူး။အန်တီတင့်ပြောသလိုပဲ အိပ်မက်ထဲတောင်ထည့် မက်ပါတယ်း)။သူမရှိခင်တုန်းကတော့ မရှိတုန်းမို့ ဘယ် လိုမှ မနေပါဘူး။သူရှိလာတော့အားလပ်ချိန်ထဲက ရသမျှ ဖဲ့ပေးမိပါတယ်။အားလုံးအတွက် တန်ဖိုးရှိတဲ့သူလေး ဖြစ်စေချင်ပါတယ်။(မိဘမေတ္တာပေါ့လေး) ဒီစာမျက်နှာလေးရှိနေရင် တစ်ကိုယ် တည်း အပျိုကြီးပဲလုပ်ရလုပ်ရ နေပျော်ပါတယ် :D။

၁-၁၂-၂၀၁၁ကတော့..အတန်းတစ်တန်းမှာ နှနှစ်နေရင် ဘယ်လိုခံစားရသလဲဆိုတာ လက်တွေ့ သိခွင့် ရတဲ့ နေ့ ပါ။ ပြိတ္တာ တို့မျက်ရည် မြေမကျကောင်းဘူးဆိုပေမယ့်လည်း စပါးပဲရှားရှား ဆန်ပဲရှားရှားဆိုပြီး ကျခဲ့ ဖူး ပါ တယ်။ချစ်ဖို့ကောင်းတဲ့ဘလော့ဂါမောင်နှမတွေအများကြီးရှိတယ် ဆိုတာတအံ့ တသြသိရ ရင်းနဲ့ အမှတ်ရနေတဲ့နေ့ပါ။

ရေးရင်းရေးရင်းနဲ့ အမှတ်တရနေ့စွဲတွေလည်း (မှတ်မိသမျှထဲက)ကုန်သလောက်ဖြစ်နေပါပြီး)။ ''လူ့ ဘ၀ ဆိုတာ တိုတောင်း လွန်းပါတယ်"  ဆိုတာ လူတိုင်းလက်ခံထားတဲ့ ၀ိသေသ တစ်ခုပါ။ တိုတောင်း လွန်းတဲ့ လူ့ ဘ၀မှာ တန် ဖိုးရှိတဲ့ အမှတ်တရ နေ့ရက်များစွာကိုရှာဖွေစုဆောင်းရင်း ချစ်ခင်ရတဲ့ အစ် ကို အစ်မ ၊မောင်ညီမလေးတို့နဲ့ ဆက်ပြီး ဘလော့ဂင်းချင်ပါသေးတယ် :P


 ကဲ...အားလုံးပဲ နေ့စွဲလေးတွေ ဖလှယ်ကြရအောင်နော်း)

ဘုန်းဘုန်းရွှေဝန်း၊ဘုန်းဘုန်းတောက်ပ၊ဘုန်းဘုန်းချက်၊ဘုန်းဘုန်းစတား၊ဘုန်းဘုန်းလပြည့်ဝန်း

အစ်မရွှေစင်ဦး၊အစ်မချော(အစိမ်းရောင်လွင်ပြင်)၊မစ္စတာကိုရင်နဲ့မဒမ်ဂျာရစ်၊(ကိုရီးယားစတား)အစ်မဗေဒါ၊ (အမှတ်တရနေရာလေးတစ်ခုက)အစ်မရို့စ်၊(ကြောင်အတွင်းရေးမှူး)မာမီဂျက်၊(ကဗျာဆရာ)ဒယ်ဒီလှိုင်း၊
(စီအိုင်အေက)အစ်မပစ်၊(စစ်ကိုင်းတောင်ရိုးက)အန်ကယ်ဇော်၊အစ်မမယ်သံ၊အစ်မခရစ်စတယ်၊
အစ်မမြသွေးနီ၊အစ်မအိန်ဂျယ်လှိုင်း၊အစ်မသဒ္ဓါလှိုင်း၊အစ်မမြတ်ပန်းနွယ်
ကိုအလင်းသစ်၊(အန်ကယ်)ဘကြိုင်၊သူကြီးမင်း၊ကိုပဥာဏ်၊ကိုဇင်မျိုး၊
(သနပ်ခါး)မြတ်ကြည်၊(၀တ်မှုံ)ကန်ဒီ၊ကို(စည်သူ)ညီရဲ၊(တောင်ပြုန်းကဘလော့ဂါ)မောင်ဘုန်း၊
(ဂုရုပေါက်စ) မောင်ကျူးပစ်၊(လမ်းသုံးဆယ်)ကဗျာဆရာကိုမိုးဇက်၊(မတော်ရသေးတဲ့ယောင်းမလောင်း)မီရှဲလ်၊
(ချစ်စံအိမ်က)အွန်စောငယ်၊မောင်တလုံး(kss)၊မောင်နှလုံး(မြစ်ဆုံ)၊(ဗီတာမင်ဆရာ)ကိုနိုင်းတူးဖိုက်၊
(အလွမ်းဆရာ)ကိုလွမ်းပိုင်ရှင်၊(ကာရံသစ်ကဗျာဆရာ)လေလွင့်လူ၊(ကဗျာဆရာ)ကိုစောနေသွေး
(angry bird game ကျေးဇူးပြုထားသူ)အောင်အောင်၊လုလင်သီဟ၊ညီမနန္ဒာ၊
မောင်မိုး(မေမြို့မိုး)၊အစ်မမိုး (camomilla)
ကိုအိပ်ရာ၊(အမတော်)စန်းထွန်း၊အိပ်မက်စေရာ၊(အန်ကယ်)သက်ဝင်း


"ပခုံးပြောင်း လွှဲပေးလိုက်ပါပြီ ၊ တာဝန်တစ်ခုလိုသဘောမထားစေချင်ပါ"း))


ချစ်ခင်လေးစားလျှက်... 

28 comments:

  1. သမံစီးနဲ့  အမနဲ့  တူတယ်တော့..လေးတန်းတုန်းက ၇ယောက်ပဲရှိတဲ့ အတန်းမှာ ပထမရတာရယ်..ကြိုးခုန်ကောင်းလို့  ဒဏ်ရာရတာရယ်..ကိုင်း..ပခုံးပြောင်းတာဝန် လှမ်းယူရတာပ...

    ReplyDelete
  2. ယောက်မပိုစ့်လေးဖတ်ရတိုင်းပြုံးမိပါတယ်
    လူတွေကိုပြုံးအောင်ရီအောင်လုပ်နိုင်တာလည်း
    သမီးစံရဲ့ အရည်အချင်းထင်ပါတယ်
    ငယ်ဘ၀ပြန်ရောက်သွားသလိုခံစားမိပါတယ်
    မမလည်းကြိုးခုန်တာကျွမ်းတယ်နော် :D
    ပြန်လာရင်ခုန်ကြတာပေါ့

    ReplyDelete
  3. ညီမရဲ့ အမှတ်တရလေးတွေကို လာဖတ်ပါတယ်... ညီမဆရာမလို အစ်ကိုလဲ ရက်ပ်စာသားနဲ့ အမြန်ဖတ်သွားပါတယ်...

    ReplyDelete
  4. အစ်မဂျီးသမံစီးရေ့
    အမှတ်တရနေ့စွဲလေးတွေအကြောင်းဖတ်သွားတယ်
    ဖေဖေဆုံးသွားပြီကိုး
    ကျွန်တော်နဲ့ဘ၀တူတယ်..:(

    ReplyDelete
  5. ဟရို့  .. မောင်တလုံး (kss ) ဆို ဘီသူလဲဟ ငါသိတော့ သိသလိုပဲ မိအေး 2ခါနာပြီးသွားပြီ ဒီနှစ်ကျလို့ ကတော့ အမီးဆွဲ ကိုင်ပေါက်မည်..သက်ဆိုင်သူ
    ကိုကို ရဲ့ ကိုယ်စား တစ်ဝက်တပျက်ဆိုင်သူ...အိုပါး (kss) ဆို နာမသိဝူးနော်

    ReplyDelete
  6. သမီးစံရဲ့ အမှတ်တရ..လေးတွေ ဖတ်သွားတယ်
    ပို့စ်လေးဖတ်ရင်း အပြုံးတွေ ဝေအောင်ပါပဲ...
    မဝေပဲ မရအောင် အရေးကလည်း ....ကြည့်လေ..:):)
    ပြိတ္တာ တို့မျက်ရည် မြေမကျကောင်းဘူးဆိုပေမယ့်လည်း စပါးပဲရှားရှား ဆန်ပဲရှားရှားဆိုပြီး ကျခဲ့ ဖူး ပါ တယ်။..:P:P
    အင်း.... ရေးစရာ မရှိ ပျင်းနေတာ ..
    အတော်ပဲ ..:D

    ReplyDelete
  7. အမှတ်တရနေ့စွဲလေးတွေအကြောင်းလာဖတ်သွားပါတယ်

    camomilla

    ReplyDelete
  8. (Tag) လေးကိုလာရောက်အားပေးသွားပါတယ်...ဘယ်ကနေစရေးရမှန်းတောင်မသိဘူး အမှတ်တရတွေက...ဟဲ..ဟဲ

    ReplyDelete
  9. ရေးချင်တာနဲ့ အတော်ပဲ။ ဘယ်သူများ တဂ် မလဲချောင်းနေတာ။ ဟိဟိ

    ReplyDelete
  10. လူဇိုးမလေးသမန်စီးး)

    ReplyDelete
  11. အမှတ်တရတွေ ပြန်လည်တုးဆွခွင့်ပြုတဲ့ ညီမရေ ကျေးဇူးပါနော်။
    လေးစားခင်မင်လျှက် (လွမ်း)

    ReplyDelete
  12. ဒီစာမျက်နှာလေးရှိနေရင် တစ်ကိုယ် တည်း အပျိုကြီးပဲလုပ်ရလုပ်ရ နေပျော်ပါတယ် လို့ စံ ပြောတာနော်။ မြတ် သေသေချာချာ မှတ်သွားပြီ။ :P

    "ပခုံးပြောင်း လွှဲပေးလိုက်ပါပြီ ၊ တာဝန်တစ်ခုလိုသဘောမထားစေချင်ပါ" တဲ့။ စံ တကယ် အပြောကောင်းတယ်။

    ခင်တဲ့
    မြတ်

    ReplyDelete
  13. သမီးရေ
    မိုးဇက်ဆေးရုံတက်နေရပါတယ် လာကြည့်ပါအုန်းတဲ့
    မာမီကတော့ အားတာနဲ့ ရောက်သွားပါတယ်
    ကြည့်ရတဲ့လူနာတွေများတော့သူ့ဆီ အမြဲမရောက်ပါဘူး
    Tag ထားတာကိုလဲအားတဲ့အခါရေးပေးပါ့မယ်
    မိုးဇက်ကိုသာမေးကြည့်တော့မာမီ အားမအား
    သမီးလေးရဲ့ အမှတ်တရနေ့စွဲလေးကစိတ်ဝင်စားစရာကောင်းလှတယ်နော်
    ချစ်တဲ့ မာမီဂျက်

    ReplyDelete
  14. ဘဝရဲ့အမှတ်တရနေ့စွဲလေးတွေဖတ်သွားတယ် သမီးစံရေ။
    သူလေးရှိလာတော့ ဘလော့ရွာကြီးကိုအိပ်မက်မက်မဲ့အချိန်ထဲက
    သူလေးအတွက်ဖဲ့ပေးရတာ သဘာဝကျပါတယ်ကွယ်။
    သမီးစံရဲ့တဂ်စာ အကျွေးခံရသူတို့ရဲ့တဂ်ပို့စ်လေးတွေကို
    တီတင့်ဖတ်ဘို့အတွက် ပျော်ရွှင်စွာနဲ့စောင့်နေပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. သမံစီး.....))0
    လင့်..ကိုတွေ့နေရပေမယ့် မရောက်ဖြစ်လှဘူး
    ရောက်မယ့်ရောက်တော့လည်း တစ်ခေါက်ဆို တစ်ခေါက်ပါဘဲ
    ဗျာ။

    ဘ၀ရဲ့ အမှတ်တရနေ့တွေမှာ စာဖတ်သူကို
    ပျော်ရွှင်ရယ်မောသွားစေအတွက် ကျေနပ်နေလျှက်ပါ။

    ReplyDelete
  16. သမီးစံရေ အမှတ်တရတွေ ရေးနေတုန်းပါပဲ။ Feeling က ခုထိ မ၀င်နိုင်ဘူး ဖြစ်နေလို့...
    ခင်မင်စွာဖြင့်

    ReplyDelete
  17. အမှတ်တရလေးတွေ လာဖတ်သွားတယ် .. ပြုံးပျော်လွမ်းဆွေး ရသစုံ ..း)

    ReplyDelete
  18. ခုမှ လာမချော့နဲ့ ခေါ်ဘူး...အစ်မကို..း(

    ReplyDelete
  19. မနေ့တည်းက ဖတ်ပြီးသွားတာ... ပြန်ရေးနေလို့ မန့်ဖို့မေ့သွားတယ်...
    ညီမလေးရေ.. တစ်ဖက်စီပဲ့နေတာဆိုတော့ အဖေမတူ..အမေကွဲ မောင်နှမ
    တော်ကြမယ်ဟေ့... ဘယ်လိုလဲ.. :D

    ReplyDelete
  20. ကုန်ပြီလား ရက်စွဲတွေက..။ ချန်ထားတဲ့ အမှတ်တရ ရက်စွဲတွေရှိဦးမှာပါ...။

    အင်း.. သမီးစံတက်တာနဲ့တော့ ဘုန်းဘုန်းတွေလဲ လှိုးဝှက်ချက်တွေ ပေါ်ကုန်တော့မှာပဲ...။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  21. ရသစုံ ပါပဲလား။
    ကိုးတန်းဆရာမ ကိုတော့ သဘောကျတယ်။
    ကြည့်ဖူးတဲ့ အိန္ဒိယ ရုပ်ရှင်ကားတစ်ကားကိုတောင် သတိရမိတယ်။
    http://www.youtube.com/watch?v=NwLf_i_TYsU&list=UU2OP2Avn8x55suoPgTnoxFA&index=38&feature=plcp

    ReplyDelete
  22. ဟဟဟ မမသမီးစံကတော့ လုပ်ပြီ။ ၀တ်မှုံကန်ဒီဆိုလို့ မနည်းစဉ်းစားလိုက်ရတယ်။ ကိုစည်သူ ညီရဲဆိုမှ ဘာပြောချင်မှန်းသိတော့တယ် ဟဟ။ အော်.. လက်စသတ်တော့ အမေစံသမီးမို့ သမီးစံဖြစ်တာကို.. သမန်စီးလို့ နောက်တော့ဘူးနော် ဟိဟိ :D :P

    ReplyDelete
  23. ဖေဖေ ဆုံးတာချင်းတူလို့ ဖတ်ရင်း ဝမ်းနည်းရတယ်။ :'(

    ReplyDelete
  24. တော်တော်ကိုစုံလင်စွာရေးထားတဲ့ အမှတ်တရလေးအား အားပါတရဖတ်ရှု့ ပီးသကာလ(လနဲ့ ကိုမလွတ်ပါနော်:P)
    ကျွန်တော်အလှည့်ရောက်လာပီမို့ (ရွာစားရေ...ပတ်မကြီးသာ တီးလိုက်ပါတော့ အဲ..ယောင်ကုန်ပီ:) )
    ရေးစရာနဲ့  အတွေးကမ္ဘာချဲ့ လိုက်ပါအုံးမယ်ခင်ဗျ....

    ခင်မင်လေးစားလျက်-လေလွင့်လူ

    ReplyDelete
  25. ညီမငယ်လေးစံရေ... အလုပ်တွေရှုပ်နေတာနဲ့ ဘလော့ဂ်တွေ လိုက်မလည်ဖြစ်တာ အစ်မကို တက်ဂ်ထားတာ မတွေ့လိုက်ဘူး။ တက်ဂ်ပို့စ် နှစ်ခု ရေးစရာ ရှိတာ ညီမ တက်ဂ်လေးပါ ပေါင်းရေးလိုက်မယ်နော်း)အချိန် နည်းနည်းတော့ စောင့်ပါနော်။

    ReplyDelete
  26. အစ်အကတော့ အမြဲတမ်းပျော်နေတာချည်းပဲ
    အားကျရပါ၏ ...........
    ရွှေတောင်ကြီးပြိုတာတောင် မသိနားမလည်ဘဲ
    ပျော်ရွှင်ခွင့်ရခဲ့သူဆိုတော့ အစ်မက တော်တော်ကံကောင်းတဲ့သူပဲ အစ်မရေ

    ReplyDelete
  27. ဒီပိုစ့်ကို comment ပေးတာ ငါးခါရှိပြီ
    ကွန်ကျလို့ တစ်ခုမှမရဘူး
    ဓာတ်ပျက်တယ်ဗျာ
    ရေးထားတဲ့ အတွေးတွေလည်း သွားပြီ
    ဖတ်သွားတယ်ပဲ ပြောနိုင်တော့တယ်
    နောက်ပြီး မြှောက်တဲ့အတွက်လည်း မြောက်သွားပါတယ်လို့
    ချစ်ခင်ရင်နှီးရပါသော - မောင်နွေလ

    ReplyDelete
  28. ဟီးနောက်ကျသွားတယ် ချောတီး သမံစီးရေ။ ဖတ်ရင်းရီရသလို၊ စိတ်မကောင်းစရာလည်းတွေ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် "ရင်ဘက်ထဲကို နီးနီးကပ်ကပ်ကြည့်ခွင့်ရတဲ့ စာမျက်နှာလေးပါ။ " ဆိုတာတော့ အကြိုက်ဆုံးပဲ။ :)

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..