ကိုသစ္စာ…
သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။
ရှင် ရောက်နေတဲ့အရပ်မှာ အဆင်ကော ပြေပါရဲ့လား ?
လူကြီး၊လူငယ်၊လူလတ်၊တန်းတူ၊ရွယ်တူမရွေး အဆင်ပြေအောင် တည့်အောင်ပေါင်းပါ ကိုသစ္စာ။ကျမတို့ ဆီမှတော့ လူကြီးတွေနဲ့တည့်ရင်တင်ဘဲ အဆင်တော်တော်ပြေပါတယ်။ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ အခု တလော ရောဂါတွေကလည်း အမျိုးမျိုး တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်ကြဘူးလေ။ ခေတ်စားနေတဲ့ရောဂါ ကတော့ “ငြိမ်းချမ်းရေး”တဲ့။(အဆန်းသားနော်း)ဒီရောဂါကို ကုမယ့်ဆရာဝန်တွေကလည်း အများသားလား။ အားလုံး ကလည်း ကိုယ်စီအရည်ချင်းတွေနဲ့ကိုး(ကောင်းတာရော မကောင်းတာရောပေါ့)။ကျမ အနေနဲ့ကတော့ ကုကြည့် ရမှာဘဲလေ…။ကုတာချင်း၊ဆေးချင်းတူပေမယ့် ဆေးလိုက်တဲ့ဆရာဝန်ရယ်ဆိုပြီး သက်သက်ရှိ သေးတယ် မဟုတ်လား။တစ်ချို့ဆရာဝန်တွေရှိတတ်တယ်လေ.. အပြောလေးနဲ့တင် ရောဂါတစ်ဝက်လောက် သက် သာ သွားတာမျိုးပေါ့…။
“ငြိမ်းချမ်းရေး”ဆိုလို့(ဆိုင်၊မဆိုင်တော့မသိ)အခုတလော သီချင်းလေးတစ်ပုဒ် နားထောင်ဖြစ် နေတယ်။ သီချင်းနာမည်က“ဇာတိမာန်”တဲ့။ရှင့်အတွက် စာသားတစ်ချို့ ရွေးပေးထားတယ်။
“ရိုးရာအခြေ မငြိုးပါသလေ မျိုးသာကီနွယ်ဆင်းသက်ပေ။ ဒါတို့ရွှေထီး၊ဒါတို့မြေကြီး စည်ထီး ခရိုင် ကိုယ်ပိုင်မြန်မာပြည်….”၊“တက်လူတွေ တက်လူတွေ၊ လုံးလ ၀ီရိယ ရှိကြစေ… အမျိုးဂုဏ်တက်အောင် ရွက်ဆောင်လေတို့တာဝန်အမှန်ပေ…”၊“မြန်မာချင်း ရိုင်းပင်းစေ၊ ဘုန်းတန်ခိုး တက်ကြဖို့ ခေတ်ကောင်း ရောက်ပေါ့လေ..”၊“တိုင်း..ပြည်လုံးဘဲ နယ်လုံးဘဲ ညီညွှတ်ကြစေ..”တဲ့။ကဲ….ရှင်ကော..ဘာလုပ်နေလဲ ကိုသစ္စာ..။
စကားမစပ်…
တလောတုန်းက ရှင်ပို့ပေးလိုက်တဲ့ လက်ဆောင်ကိုလည်းရပါတယ်။ပန်းတွေ ကြည့်လိုက်တာနဲ့တင် တော် တော်နောက်ကျမှ ရောက်လာတာသိနေပေမယ့်…ကြံဖန်ပြီး ဖြေသိမ့်လိုက်ပါတယ်။ရှင့်ကိုလည်း အပြစ်မ တင်ပါဘူး။အမြန် ချောပို့တာတောင် တစ်ပတ်နီးပါးကြာတတ်တာကိုး။မမေ့မလျော့နဲ့ တာဝန်သိ၊စိတ်ဓာတ်လေး ရှိလို့ ကျေးဇူးတင်ရပါတယ်။ပို့သော မေတ္တာ ရပါစေ…. ကိုသစ္စာ…။
သိပ်မကြာခင်တုန်းက ပွဲလေးတစ်ပွဲ ကိုယ်တိုင်တက်ခဲ့ရတယ်။ အလှူရေစက်ချတဲ့ပွဲလေးပါ။ “ဘက ကျောင်းတစ်ဖြစ်လည်းယဉ်ကျေးလိမ္မာ ကျောင်းလေးတစ်ကျောင်း”ကိုလေ..။မဝေးလွန်း၊မနီးလွန်းတဲ့ ခရီးလေး တစ်ခုပေါ့။လူအားစိုက်ရတဲ့ ကိုယ်တိုင် တောင်အတိုင်းမသိ ပျော်နေမိရင်.. ငွေအားကော၊လူအားပါ ကိုယ်တိုင်စိုက်ထုတ် အားပြုထားတဲ့ အလှူရှင် တွေဆို ရင်တော့ ဆိုဖွယ်ရာမရှိတော့ဘူးပေါ့..။ခရီးကအပြန် နေပူ၊မိုးရွာလိုက် ဖြစ်သွားတာမို့ ကျမ နှာတွေစီး၊ ချောင်းတွေဆိုးလိုက်ပါသေးတယ်။ကျမတောင် ဒီလောက်ဖြစ် နေရင်အဖွဲ့ဦးဆောင် ဆရာတော်အပါအ၀င် အတူတူ လိုက်လာတဲ့ အစ် ကို၊ အစ်မ တွေဆို ဘယ်လောက်တောင် ပင်ပန်းကြမ လဲနော်..။ (ကိုယ်ချင်း စာမိ ပါရဲ့) ဒါပေမယ့် (ဦးဆောင် ဆရာတော် အပါ အ၀င်)သူတို့ ကိုယ် တိုင် ကော၊ ကျမပါဘာမှမဖြစ်သလိုနဲ့ ပျော်ပျော်ပါးပါးပါဘဲ။ကိုယ့် အိမ်ကိုယ် ပြန် ရောက် ကြတော့ အားလုံး ဘုန်းဘုန်းလဲဘဲပေါ့ J။ကျမရဲ့ပထမဦးဆုံးနဲ့ အပျော်ဆုံး အလှူ တစ်ခုဖြစ်တာမို့ ဦးဦးဖျားဖျား(အားလုံးပြီးတော့)ရှင့်ကိုအမျှပေးပါတယ်း)။သာဓုခေါ်ပါ..ကိုသစ္စာ။
ကျမကပွဲဆက်များတတ်တဲ့လာဘ်ရှိတယ်နဲ့တူရဲ့း)။တစ်ခုပြီးပြီဆို နောက်တစ်ခု ရောက်လာတော့တာဘဲ :D။
သေးသေးကွေးကွေးပွဲလေးတွေအကြောင်းလဲ ရှင့်ကိုပြောရအုံးမယ်။မလိုအပ်ဘဲစာတော့ရှည်မယ်။သည်းခံပေးပါ ကိုသစ္စာ။ရှင်က ချောပါတယ်..း)။
အ၀ါပေါ်မှာ အပြာရိုက်ထားတော့ ဘာမှမမြင်ရဘူးပေါ့။ဒီကြားထဲ အပြာက နုနေပြန်တော့ သာလို့ ဆိုးပြန် သွား တာပေါ့။အဆင်ပြေသလိုသာ ကြည့်လိုက်တော့ ကိုသစ္စာရေ…။“မြန်မာ့ရိုးရာယဉ်ကျေးမှု၊၀တ်စား ဆင်ယင်မှု ပြပွဲ”တဲ့..။(လူနည်းတယ်မထင်နဲ့နော် ပွဲက စတောင်မစသေးဘူး)
ဒီလူကြီးက ကွယ်ဘဲကွယ်နိုင်လွန်းလို့ ပြောလိုက်တာ ကြားသွားသလားတော့မသိ လှည့်ကြည့်ရှာပါတယ်။ တတ်နိုင်ဘူးလေ..။ကျမအကြောင်းလဲ ရှင်သိသားနဲ့။အဲ့ဒီ့ပွဲက ဆုပေးပါတယ်။ဒီတစ်ယောက်က မှန်းထားတဲ့ထဲက..တစ်ယောက်ပါ။ဒါပေမယ့် သူမရသွားဘူး။နှစ်သိမ့်ဆုတဲ့။ထင်ထားတဲ့အတိုင်းလဲ ဖြစ်မလာတတ်ဘူး နော်။
အကဲဖြတ်ဒိုင်တောင် ဓာတ်ပုံလှမ်းရိုက်တယ်ဆိုတော့ တော်တော်လှလို့ပေါ့။ဒိုင်စိမ်းဘေးနားက ဒိုင်နီက အန်တီ ဒေါ်နွဲ့နွဲ့စန်းပါ။ပထမဆု(ငွေသားရှစ်သောင်းနဲ့ဆုတံဆိပ်)ကို ဒီကလေးမလေးက ရသွားတယ်လေ။မြန်မာအဆန် ဆုံးပါဘဲ။နာမည်လေးကလည်း လှမှလှ “ခင်မြန်မာကျော်ဇော”တဲ့။ကျမတို့ မေဂျာပထမနှစ်ကပေါ့း)။ရှင် လူရွေး တော် တယ်ပြောရမယ်…။
လူ့စိတ်ဆိုတာလည်း ပြောရခက်သား ကိုသစ္စာရဲ့ တစ်ခါတစ်လေ တောင်တွေးရင်း မြောက်ကို ရောက်ရောက် သွားတတ်တယ်လေ..။အဲ့ဒီ့အတွေးတွေ အဆုံးသတ်ရင် တွေ့ကရာ မှတ်တမ်းတင်တတ်တဲ့အကျင့် ကျမ မှာရှိတယ်။ရှင်မသိသေးတဲ့ အကျင့်တွေထဲက တစ်ခုပေါ့။မှတ်ထားပေးပါ။း)
ကဲ… ပြောချင်တာလည်း..ကုန်သွားပြီမို့ အဆုံးသတ်လိုက်ပါရစေ…။
ဒီစာက ရှင့်အတွက် ပထမဦးဆုံးလည်းဖြစ်နိုင်သလို နောက်ဆုံးလည်းဖြစ်သွားနိုင်ပါတယ်။
“တိမ်ပြာပြာ ဆန်းဒေးတစ်ရက်မှာ ပြန်ဆုံကြပါစို့ ကိုသစ္စာ”
ရှင့်ရဲ့….
ထွေးညို
တောင်စဉ်ရေမရ အတွေးတွေအတွက် ကိုသစ္စာနဲ့ ထွေးညိုကို ထည့်သုံးလိုက်ရပါတယ်။
နာမည်တူ ရှိသူများ ၀မ်းသာ အဲလေ သည်းခံကြပါကုန်…း)။
ဝေဖန်၊အကြံပြုစာများကို (ဆန့်သလောက်) လက်ခံပါသည်။