Friday, March 9, 2012

နှိုးဆော်လွှာ.. ၊ ပရဟိတဟူသည်..နှင့်ပုဂ္ဂိုလ် ၄ ယောက်..

မရမ်းချောင်း အနာကြီးရောဂါ ဂေဟာအတွက် အလှူရှင်များ ဖိတ်ခေါ်ခြင်း...
 
(  မြန်မာမုဒိတာ လူငယ်များအဖွဲ့ (ဆိုဒ်)မှ ကူးယူဖော်ပြပါသည်။ )
 
အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှူအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး
၁။ငွေသားအလှူ

၂။ဆေး၊ ဆန်အလှူ

၃။အ၀တ်အထည်

၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။
ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။

နေ့စဉ် လူနေမှုဘဝ

ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဖူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ

အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။  ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။

ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှူဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com

+၄၄ ၇၇၄၀ ၉၈၃၉ ၄၂


(Barclays Bank account) 

 MR U JANAKA
Sort Code: 20-42-73    10039764
 

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com

+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com

+၆၅ ၉၀၂၂ ၁၈၀၇

+၆၅ ၉၈၈၂ ၉၀၇၈


၂။ကိုရင် + မဒမ်ကိုး

celestial.whiteangle@gmail.com

+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀

jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com

+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com

+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com

+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

အလှူရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)


 ပရဟိတဟူသည်...

ပရဟိတ (Philanthropy) ဆိုသော ဝေါဟာရသည် "လူထုကို ချစ်သော" ဟု..တိုက်ရိုက်အနက်ရပြီး အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှု့အတွက် ရင်းနှီးမြှုပ်နှံမှုဟု ပြန်ဆိုပါသည်။ အများပြည်သူအတွက် အချိန်၊ ငွေကြေးနှင့် အကူအညီပေးခြင်းပင် ဖြစ်သည်။

ပရဟိတ စိတ်ရှိဖို့ ဆိုသည်မှာ မလွယ်ကူပါ။ ကိုယ့်အကျိုးထက် အများအကျိုး ကို ဆောင် ရွက် ပေးနိုင်ဖို့ဆိုတာ တော်ရုံစိတ်နှင့် မဖြစ်နိုင်သည့်အတွက် ဖြစ်သည်။ ပရဟိတစိတ်နှင့် ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်နိုင်ဖို့ ဆိုသည်မှာလည်း တော်ရုံတန်ရုံ စိတ်ခွန်အားနှင့် မရနိုင်ပါ။ ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်၊ ကိုယ်ပိုင် ပစ္စည်းတွေကို ခွဲဝေပေးနိုင်မှသာ ပရဟိတလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။


ပုဂ္ဂိုလ် ၄ ယောက်...

  1. ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ၊
  2. ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ၊
  3. ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ၊
  4. ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ၊ 
(အထက်ပါလေးဦးတွင်အားလုံးဖြစ်လိုသော/ဖြစ်ချင်သောလူသား တစ်မျိုးတည်းသာ ရှိမည်ထင်ပါသည်။)

ကမ္ဘာကြီးထဲရှိ လူသား သန်း ၆ ထောင်ကျော်ကို တူရာတူရာ စုလျှင်
ဤလေးမျိုးသာ ရကြောင်းမြတ်ဗုဒ္ဓကဟောပြတော်မူပါသည်။ 
ထို လေးဦးထဲတွင် ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတ လည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓက သတ်မှတ်တော်မူခဲ့ပါသည်။
(ကိုးကား - wiki myanmar

 ပရဟိတ မွန်မြတ်လှ...
  • နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
  • မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
  • မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။
  • မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
  • ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
  • ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
  • ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။
( မင်းယုဝေ )




တစ်ယောက်တစ်လက် ၀ိုင်းဝန်းကူညီကာ အုပ်တစ်ချပ်၊သဲတစ်ပွင့်အနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြစေရန်
 နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း.........။ 


ချစ်ခင်လေးစားလျှက်...


16 comments:

  1. တမှီးချန် နိရဲ့နှိုးဆော်လွှာကို လာဖတ်သွားတယ်...

    ReplyDelete
  2. မနေ့ကညီမတစ်ယောက်က အဆင်မပြေတဲ့နေရာတွေမှာ လှူချင်တယ်ဆိုလို သမီးစံနာမည်နဲ့ဖုန်းကို အမပေးလိုက်တယ်...ရှမ်းမလေးတစ်ယောက်ပါ နန်းဟွမ်တဲ့...သူဖုန်းဆက်ရင် သူသိချင်တာလေးတွေကို သမီးပြောပြပေးလိုက်ပါနော်...။

    ReplyDelete
  3. အစ်မမိုးငွေ့..ဟုတ်ကဲ့ပါ။ကျေးဇူးပါနော်အစ်မး)
    မောင်အောင်.. ဖတ်ပြီးပြီဆို အလှူငွေထည့်ပါ :P

    ReplyDelete
  4. အလှုငွေကို ဘယ်လိုထည့်ရမလဲ
    မေးကြည့်တာ ကျွန်တော် တတ်နိုင်လို့မဟုတ်ပါဘူး
    ဒါပေမယ့် ဒိုင်ခံပြီး အလှုခံပေးချင်ပါတယ်
    ကောက်ပြီးရင် ကျွန်တော် ဘယ်ကို ပို့ပေးရမလဲ
    အစ်မသမီးစံခင်ဗျား
    ကျွန်တော်လည်း ကူညီချင်လို့ပါ

    ReplyDelete
  5. ဟုတ်ပါတယ် ပရဟိတဆိုတာ ရှိသင့်ပါတယ် :)

    ReplyDelete
  6. ဟုတ်ပါတယ် ပရဟိတဆိုတာ ရှိသင့်ပါတယ် :)

    ReplyDelete
  7. သမီစံတို့ပါဝင်လာတာ အရမ်းဝမ်းသာအားတတ်ရတယ်.....သမီးရေ....၊ဝမ်းသာကြိုဆို၊ဂုဏ်ယူပါတယ်ဗျာ....

    ReplyDelete
  8. တတ်အားသရွှေ့ပေါ့နော်
    လှူသင့်ပါတယ်

    ReplyDelete
  9. သမီးရေ..သားလည်လှုချင်တာ..အိပ်လိပ်စာနဲ့  ဖုန်းနံပတ်ပေးပါလားဟင်..လာလှုချင်တယ်..ခိခိ

    ReplyDelete
  10. အစ်မသမီးစံရေ လာလည်သွားပါတယ်နော်။ ထီထိုးထားတယ်ဗျို.။ ပေါက်လို.ကတော. နော် အကုန်လှူပစ်လိုက်မယ်**:DDDD

    ReplyDelete
  11.ွှအမလာသွားတယ်..ညမတော်..

    ReplyDelete
  12. နိဗ္ဗာန်ဆော်လေး သမံစီးရေ လာလည်တယ်ဗျို့ 

    ReplyDelete
  13. ပရဟိတကို စိတ်ဝင်စားစွာ နိုးဆော်တဲ့ ညီမလေးမိစံကို လေးစားပါတယ်..
    အများအကျိုးဆောင် ကိုယ့်အကျိုးလည်း အောင်တတ်တယ်လေ ဟုတ်ဘူးလား
    နောင်ကိုလည်း ပရိဟိတအကျိုးကိုဆောင်နိုင်ပါစေလို့

    ReplyDelete
  14. ဒို့ သမီးစံ က မိုက်တယ် အင်း အမလည်း တတ်နိုင်သလောက်လှူဒါန်း မယ်နော် ညီမ

    ချစ်အမကြီး
    ရွှေစင်ဦး

    ReplyDelete
  15. သမီးစံပါလာတာ အရမ်းအားတက်တယ်း)

    ချစ်တဲ့

    အမဒိုးကန်

    ReplyDelete
  16. ကောင်းပ အပျိုကြီးရေ .... မဒိုး ပြောသလိုပဲ အရမ်းအားတက်မိ ပါတယ် ...

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..