Friday, April 6, 2012

ထွေရာ(၄)ပါး


(၁)ပါး

 မြေကွက်လေးတစ်ကွက် အလကားရတုန်းလေး ယူထားပြီး အိမ်တစ်လုံးဆောက်ထားပေမယ့် ကိုယ့်အိမ်ကိုယ် မကပ်ဖြစ်တာကြာတော့ ဖုန်တွေတောင်တက်နေပါပြီး)။အိမ်နီးချင်းတွေကို ကျေးဇူးတင်ပါတယ်။ရှိတာလေးတွေ ယူစားပြီး အိမ်ကိုလာကြည့်ပေးရှာတယ်း)။တစ်ခြားအိမ်တွေလည်း ဘယ်လိုအခြေနေရှိကြတယ်မသိ။(သိမ်းတဲ့ ထဲများ ပါသွားးပြီလားး)မြင်ရသလောက်ကတော့ အေးအေးနဲ့ ဆေးဆေးပါဘဲ :P။ဘလော့တွေနဲ့ ဝေးသွားတာ ဘာမှမဟုတ်ဘူးထင်ရပေမယ့် တော်တော် ကြာ သွား ပါ တယ်။(ဆောတီးပါ)ကိုရင် တင်ခိုင်ထားတဲ့ (မရမ်းချောင်း) အလှူ ပို့စ် လည်း မတင်ရသေးပါဘူး။ မီးပျက် တာကတစ်ကြောင်း၊ လိုင်းမကောင်းတာက တစ်ကြောင်း၊ မအားတာ က တစ် ကြောင်း ပေါင်း သုံး ကြောင်းနဲ့ ဆိုပါတော့….း)။အရင်ပို့စ် တင်တာ အဆင်မ ပြေလို့ ကိုရင့် ဆီက ကုဒ်တောင်းပြီး တင်ဖို့ လုပ် တာတောင် အလှူရှင်စာရင်းက ထိုင်ဝမ်နိုင်ငံ မှာတင် ရပ်နေပါတယ်။ အရင် တစ်ခေါက်တုန်းက မသိ ချင် ယောင်ဆောင်..တင်ပေးလိုက်ပေမယ့် ဒီတစ်ခေါက်ဆိုရင်တော့ သမီးစံ တုတ်စာ မိမယ့်ကိန်းပါ။ဒါကြောင့် အိမ်ကိုလာလည်တဲ့ အလှူရှင် များကို ပန်ကြားပါရစေ။တစ်ကူးတစ်က မဖြစ်စေချင် ပေမယ့် ကိုရင်နဲ့ အစ်မ ဒိုးကန်တို့ရဲ့ အိမ်လေးမှာ အလှူရှင် စာရင်းအပြည့်အစုံနဲ့နိုင်ငံအသီးသီးက ရရှိပြီး အလှူ ငွေစာ ရင်း ကိုရှု့ စား အားပေးပြီးသကာလ စိတ်အားထက်သန်စွာ သာဓုခေါ်နိုင်ကြစေဖို့ နှိုးဆော် ပေး ပါရစေ..။
(၂)ပါး 


လွန်ခဲ့တဲ့ဧပြီ(၁)ရက်နေ့တုန်းက အားလုံးနည်းတူ သမီးစံလည်း ပျော်ခဲ့ရပါတယ်။ပျော်ချင်လွန်းလို့ တစ်နေကုန် ဖေ့ဘုတ်ပေါ်တက်ပါတယ်။အခါကြီး၊ရက်ကြီးဆိုပေမယ့် လိုင်းကတော့ ကောင်းပါတယ်။မက်ဆေ့တစ်ခု တက် လာလိုက်(ဘယ်သူကတော့ဘယ်နှမဲနဲ့၊ဘယ်လောက်အပြတ်အသတ်နိုင်တယ်)၊ဖတ်လိုက်၊မနေနိုင်ရင် ၀င်မန်း လိုက်၊သူများမန်းထားတာလေးကြိုက်ရင် Like လိုက်နဲ့ တော်တော့်ကိုအဆင်ပြေနေပါတယ်။ အဲ့ဒီ့နေ့က သူငယ် ချင်းအသစ်တွေလည်း ထပ်ရပါတယ်။(အမြင်ချင်းတူကြလို့ထင်ပါရဲ့) ဘလော့ဂါ တွေလည်း များကြီးပါဘဲး)။ အိမ်ကလူတွေက အရင်ကဆို လိုင်းပေါ်တက်တာ၊နက်သုံးတာ တယ်.. မကြိုက်ချင်ကြပါဘူး။အဲ့ဒီ့နေ့တုန်းက များဆို ကိုယ့်နားမှာ လူတွေဝိုင်းလို့ပါဘဲ။ (ဘ၀င် တောင်မြင့် ချင် ချင်…)ဘယ်သူက ဘယ်နှမဲနဲ့ ဘယ်လိုအခြေနေ ကောင်းနေပြီ(ရသမျှ) သတင်းလေးတွေ အော်အော် ပေးရပါတယ်။မဲအခြေနေက တော်တော့်ကို ကွာနေပြီဆိုရင် အားလုံးဝိုင်းလာကြပါတယ်း)။ နောက်တီး နောက်တဲ့နဲ့”ဟယ်..NLDကပခုက္ကူမှာ ရှုံးသွားပြီတော့်..” ဆိုလိုက်ရင် ထပ်ပြီး ၀ိုင်းလာ ကြပေါ့..။ ဒီလို..ဒီလိုခပ်နောက်နောက်..အတည်လေးတွေနဲ့ ဇာတ်ရှိန် တက်လာပြန်ပြီဆို မြန်မာပြည်ရဲ့ မရှိမဖြစ် ၀ဘ်ဆိုဒ်တွေက တက်လာပြန်ပါတယ်။Problem Loading Page,Server Not Found,Network Error (Access Has Been Deniedတောင် မတွေ့ရတာတော်တော်ကြာနေပါပြီ)ဘသားချော တွေက တက် တက် လာပါတယ်။ သူတို့ တက်လာ တော့လည်း ထမင်းစားနားပေါ့း)။ ဧပြီ(၁)ရက်နေ့ကို အရူးတွေက သတ်မှတ်ကြပါတယ်း)။ ဧပရယ်ဖူးးတဲ့။ အဲ့ဒီ့နေ့မှာဘဲ မြန်မာပြည်မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့ အားလုံး ရင်ခုန် သွားကြတာပေါ့။ခုတော့ ဧပရယ်ဖူးးကို လက်ခံလိုက်ပါပြီး)။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ဧပြီ(၁)ရက်နေ့က အိမ်က အစ်မ တစ်ယောက် ရဲ့မွေးနေ့ပါ။အဝေးရောက်နေလို့ ဘက်ဒေးwish လှမ်း လုပ်ရင်း သာမီးက ဘယ်နှယောက်မြောက်လဲ မေးကြည့်တော့”ပထမဦးဆုံးပဲ”တဲ့။သိတော့ သိလိုက် ပါတယ်”ဒီနှစ်လည်း ကိုယ့်မ မစွံပြန်ဘူး”လို့း)။ အားလုံးနည်းတူ ပျော်ခဲ့ရတဲ့ နေ့တစ်နေ့ပါ။
(၃)ပါး


ဒီနေ့ပါနဲ့ဆို အလှည့်ကျစနစ်နဲ့ ရှင်သန်နေရတာ နည်းနည်းကြာနေပါပြီ။”ဟယ်..နက်ဖြန် တို့အလှည့် ဘယ်တော့လဲ၊ ဘယ်နှနာရီလဲ၊ဘယ်ချိန်ထိရမှာလဲ၊အချိန်စာရင်းစာရွက်လေး မိတ္တူကူးပြီး ကပ်ထား ကြပါအုံး” …ရယ်နဲ့ အလှည့် ကျစနစ်လေး အသက်ဝင်(လှပ)နေပါတယ်။ဘယ်ရပ်ကွက်ကဘယ်အုပ်စုနဲ့ ABCD ခွဲပြီး ဂိုဏ်ကွဲ ကုန်ပါတယ်။ အရင်နှစ်တွေကလည်း ဒီလိုချိန်ဆို ဒီတိုင်းကြုံနေကြပေမယ့် တစ်နှစ်နဲ့တစ်နှစ် ဒုံရင်းက ဒုံရင်းဖြစ်နေ တာကို စိတ်မချမ်းသာချင်တော့ပါဘူး။တစ်ရက်ခြားတစ်ခါ မနက်မိုးလင်းရင် မှောင်မှောင် မည်းမည်းနဲ့ စမ်းတစ်ဝါးဝါး သွားရတာလည်း သိပ်မ ကောင်း လှပါဘူး။တစ်ခါတစ်လေ EPC ရုံးတောင် မှောင်ချင် မှောင်နေ တတ် တာ။နေ့ခင်း၊နေ့လည် ရုံးချိန်တွေမှာ မီးမလာ ရင် မီးစက်ကြီး၊မီးစက်ငယ်၊တစ်နိုင်တစ်ပိုင်နဲ့ အုံးအုံးကြွက် ကြွက် ညံလို့ပါ။(ဒါလည်း မြို့ကျက် သရေ ထင်ရဲ့း)ဒီဇယ်၊ဓာတ်ဆီသည်တွေ ဦးမော့ လာ ကုန် ပြီပေါ့…။ လေထုတွေ လည်းမလိုအပ်ဘဲ ညစ်ညမ်းကုန်ပါပြီ။အရင်နှစ်တွေကမှ တော်ပါသေးတယ်။ဒီနှစ် အလှည့်ကျမီးပေးစနစ်က လေးလ တောင် တဲ့…။လူရွှင်တော်တွေ ပြောနည်းတိုင်းဆို.. ”ကိုမိုးဒီ…သွားပြီ”ပေါ့။ မဖြစ်မနေအလှည့်ကျ စနစ်နဲ့ မီးဖြတ် တယ် ဆိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မျှမျှတတ ဖြတ်ပါ။ တစ် ချို့..တစ်ချို့ နေရာတွေအတွက် ကွက်ကြားမိုးမရွာသင့်ဘူးထင်ပါတယ်... :P
(၄)ပါး


သင်္ကြန်နားလည်း တစ်ဖြည်းဖြည်းနဲ့ နီးလာပါပြီ။ဗုဒ္ဓဘာသာဝင် သူတော်စင်၊သူတော်ကောင်းအပေါင်းတို့ ဘာ လုပ်ကြမှာတုန်းး)။သင်္ကြန်ဖို့ သင်္ကြန်ဖို့နဲ့ စုစုထားတဲ့ စိတ်ကူးလေးတွေများ မရှိကြဘူးလားနော်း)။ အင်မတန် ပျော်ဖို့ကောင်းတဲ့ မြန်မာ့ရိုးရာပွဲတော်လေးတစ်ခုပါ။မြန်မာပြည်မှာ ဆယ့်နှစ်လရာသီအလျောက် ရိုးရာပွဲတွေ ဆယ့်နှစ်ပွဲတောင်ရှိပါတယ်။ဒါကြောင့် မြန်မာဖြစ်ရတာ ဂုဏ်ယူပါတယ်း)။ သင်္ကြန် နဲ့ပတ်သက် လို့ ဆရာတော် တစ်ပါး မိန့်တာ မှတ်သားဖူးပါတယ်။”သင်္ကြန်ပွဲကြောင့် ရေချိုတွေ ဆုံးရှုံးတယ်”တဲ့။ ဆရာတော်ပြော တာလည်း ဟုတ်ပါတယ်။ရိုးရာသင်္ကြန်ပွဲကြောင့် နှစ်စဉ် ရေဂါလံပေါင်း များစွာ ဆုံးရှုံး ရပါတယ်။ဟုတ်ဘူးလားနော် တွေး ကြည့်ကြည့်ပါး)။ပြုခဲ့သမျှ အကုသိုလ်(ပိစိ) သေးသေး လေးတွေကို အတာရေနဲ့ဆေးတယ်ဆိုပေမယ့် တစ် ချို့ တွေ သင်္ကြန်ရောက်မှအကုသိုလ်ပိဿချိန် တိုး သွားတာ လဲရှိ ပါတယ်။ဒီကြားထဲ မနှစ်ကသင်္ကြန် ဗုံးပေါက် လိုက် သေးတယ်နော် ။တစ်နှစ်လုံးနေမှတစ်ခါ ရက်ရှည် အားလပ်ရက်လဲဖြစ်တာမို့ ပျော်ပျော်ပါးပါးလေးနဲ့ ကုသိုလ် ရေးလေးတွေ လုပ်လိုက်ကြရင် ဘယ်လောက် ကောင်းမလဲနော်း)။(အဟမ်းးး) သမီးစံဆို ကြည့်ပါ ဘယ်လောက်လိမ်မာလိုက်သလဲနော် သင်္ကြန်တွင်း ဥပုဒ်၊သီလ စောင့်မတဲ့း)။လျှောက်လည် ကြဖို့ တစ်ကူးတစ်က လာခေါ်တာတောင် မလိုက်ပါဘူးတဲ့..။ ကုသိုလ်လေးတွေ ရသမျှ စုပါမယ်တဲ့။(နှစ်ဆန်း တစ်ရက်နေ့ ပရိတ်ရွတ်ရင် သူအရင်ဆုံး ရွာပြင်ရောက်မှား)သူများတွေက ပြောကြပါတယ်။သင်္ကြန်တွင်း ဘယ်နှစ်ရက်ကို၊ ဘယ်လောက်ပေးပြီး၊ ဘယ်လို လျှောက် လည်ပစ်လိုက်မှာ…နဲ့ ပြီးရင် ဘယ်လိုဆံပင်ပုံစံလေး ကို ဘယ်လိုလန်းလန်းလေးလုပ်ပြီး ဘယ်လိုဖက်ရှင် ထွင်ပစ်လိုက်မှာ..နဲ့..။ ကိုယ့်မှာ တော့ သူတို့လေး တွေကို ကြည့်ပြီးခေါင်း ညိမ့်မိပါတယ်။ (အမှန်ကတော့ ကိုယ်တိုင် ရေခမ်းနေလို့ပါး) ဒါကြောင့် ဒီနှစ်သင်္ကြန်ကို ခါတိုင်းနှစ်များလိုဘဲ ဥပုဒ်ယူရင် ယူ၊မယူရင် အိမ် တွင်းအောင်း၊မအောင်းရင် သီလရှင်ဝတ်၊ မ၀တ်ရင် စာကျက်ရင်း အချိန်ကုန် ပါမည်ဆိုတဲ့ အ ကြောင်း ပြောကြားရင်း..သူများဥပုဒ်ကျိုးလောက်အောင် အစီစဉ်ကောင်းကောင်းရှိထား သူများ ကိုမုဒိတာပွားရင်း ကျန်းမာကြပါ စေကြောင်း.. မေတ္တာ ပို့ပါတယ်။း))

(ဓာတ်ပုံတော်တော်များများကို ဖေ့ဘုတ်နဲ့googleကခဏ ငှားသုံးထားပါတယ်။)


နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့သော နေ့ပေါင်းများစွာ ပိုင်ဆိုင်ကြပါစေ...။
ချစ်ခင်လေးစားလျှက်
သမီးစံ

14 comments:

  1. ရေးသွားလိုက်တာလည်းစုံရောပဲ
    ဖတ်သွားပါတယ်...သူပဲအဆိုတော်ဌားထားပြီတော့ ပိုက်ပိုက်မရှိကျောတယ်:D

    ReplyDelete
  2. နာ့သမီးလေးပျောက်နေတယ်မှတ်တယ် လက်စတတ်တော့ ဒါတွေကြောင့်မအားတာကို
    ကျန်းမာရေးလဲ ဂရုစိုက်ဦး

    ReplyDelete
  3. ;) ထွေရာ လေးပါးတည်းမို့ပေါ့း)း)
    စုံစိနေတာပဲ


    မောင်ဘကြိုင်

    ReplyDelete
  4. ထွေရာလေးပါး လာအားပေးကြောင်း
    သာစေမာစေ ကျွတ်စေလွတ်စေ ....း)
    ရွှေမိုး

    ReplyDelete
  5. ရေးတတ်လိုက်တာ
    အစုံအလင်ပါပဲ သင်္ကြန်မလည်တာကောင်းပါတယ်
    ဥပုဒ်ယူလို့ရရင်ယူပေါ့သူများတွေများ ကျန်းမာရေးမကောင်းတာနဲ့
    အလုပ်မအားတာနဲ့ မယူနိုင်ကြဘူးလေ
    သင်္ကြန်တွင်းကုသိုလ်တွေအများကြီးရပါစေလို့

    ReplyDelete
  6. အမပဲရေးတတ်တယ်နော်...
    စုံနေတာပဲဗျာ...:)

    ReplyDelete
  7. စီအိုင်အေ ပစ်ပစ်April 7, 2012 at 12:29 AM

    ကဲ..သင်္ကြန်တွင်းဘုရားတ၇ားဦးစားပေးမဲ့
    ညမတော်ရေ
    သာဓုသာဓုသာဓုပါတော်..
    အမတော်ကတော့ သင်္ကြန်တွင်း
    အလုပ်တက်ရမယ်လေ..အမတော်တို့စီမှာ
    သင်္ကြန်က 15ရက်နေ့လုပ်မှာဆန်းဒေးပေါ့
    ဒါရှင်းကျဲဆိုတဲ့လမ်းကြီးမှာ..ဟိုဘက်ထိပ်
    ဒီဘက်ထိပ် ရေပိုက်လုံးတွေနဲ့ရေပေးပြီး..ကလေးလူကြီး
    အုံးအုံးကျွတ်ကျွတ် ညံအောင် ရေဆော့ကြမှာလေ..
    မြန်မာဆိုင်တွေကလည်းစတုဒီတာကျွေးနေကြလေ..
    အမတော်ကတော့ ဥပုပ်သီလလည်းမယူနိုင်မဲ့အတူတူ
    စတုဒီတာဘဲသွားကစ်မလားလို့..ဟင်းးဟင်းးဟင်းး
    ရေတော့မပက်တော့ပါဘူး..အသက်ကြီးပြီလေ..ဟင်းးဟင်းးဟင်းးး
    ဒါတ်ပုံအဆင်ပြေရင်တင်ပေးမယ်နော်...

    ReplyDelete
  8. ဥပုသ်စောင့်နေတယ်ပေါ့လေ. သာဓုသာဓု နှာနုမှာ အနာဖုပေါက်ပါစေ..(ဟီး..နောက်တာနော် အစ်မ.)

    ReplyDelete
  9. တို့အစ်မများ လိမ္မာလိုက်ပါဘိ
    နော်တို့များတော့ မလိမ္မာနိုင်ပေါင်
    ကဲဦးမယ် . . . အဟဲ

    ReplyDelete
  10. သာဓု သာဓု သာဓု ပါ မမသမီးစံရေ..
    မရမ်းချောင်းအလှူဓာတ်ပုံမှာလည်း တွေ့လိုက်တယ်.. ရေလည်လန်း ငါ့အစ်မက ဟိဟိ
    ခုလည်း သင်္ကြန်တွင်းကုသိုလ်ယူမယ်ဆိုတော့ သာဓုခေါ်လိုက်တယ်နော် :D :D

    ReplyDelete
  11. သင်္ကြန် ဥပုဇ် စောင့်မယ်ဆိုလို့ တယ် လိမ္မာပါလား။ မီးမလာတော့ လည်း ယပ်ခပ်ပေါ့ကွယ်။

    ReplyDelete
  12. သတင်းစုံ အတင်းစုံ အဲလေ ပလင်းစုံပါလား..
    တော်တော်စုံတဲ့ ငါ့ညီမ
    သင်္ကြန်မှာ ဥပုသ်စောင့်မယ် ဟုတ်လား
    ဂယ်ဂျီးလား
    မျက်စိနောက် သက်သာဦးတော့မှာပေါ့ အဲလေ
    လွမ်းနေရဦးတော့မှာပေါ့..
    တရားထူးတွေနဲ့ အသိထူးတွေရတဲ့ အခါသမယဖြစ်ပါစေ ငါ့ညီမ မိစံလေးရေ..း)

    ReplyDelete
  13. သင်္ကြန်တွင်း ဥပုသ်ယူ (သီလရှင် ဝတ်ချင်ဝတ်) မယ့် သမီးစံလေး. တရားဘွာဝနာပွားရင်း သစ္စာတရားကို သိမြင်လွယ်တဲ့သူ ဖြစ်ပါစေ.။
    နှစ်သစ်ကူးမှာ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပျော်ရွှင်ပါစေ..။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  14. စံရေ.. မြတ် ဖတ်သွားတယ်။

    အပိုင်း ၂ က အိမ်ကလူတွေက အရင်ကဆို လိုင်းပေါ်တက်တာ၊နက်သုံးတာ တယ်.. မကြိုက်ချင်ကြပါဘူး။အဲ့ဒီ့နေ့တုန်းက များဆို ကိုယ့်နားမှာ လူတွေဝိုင်းလို့ပါဘဲ။ (ဘ၀င် တောင်မြင့် ချင် ချင်…) ဆိုတာလေးရယ်၊ တရားထိုင်နေတဲ့ ကာတွန်းပုံလေးရယ်ကို ကြည့်ပြီး ရီလိုက်ရတာ။

    ခင်တဲ့
    မြတ်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..